
(နောက်ခံ အခင်းအကျင်း : အသက် ၅၇ နှစ်အရွယ် မာရီယွန် အန်းန် ပါရင်း “မာရိန်’” လီပင်း ဟာ ပြင်သစ် ရှေ့နေ တစ်ဦးဖြစ်ပြီး ပြင်သစ် လက်ယျာစွန်း ပါတီ တစ်ခုဖြစ်တဲ့ အမျိုးသားမဟာမိတ် National Rally (RN) ပါတီ ရဲ့ ပါတီဝင် နိုင်ငံရေးသမား တစ်ဦး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပါတီ အထွေထွေ ညီလာခံမှာ ပါတီ ခေါင်းဆောင် ဖြစ်လာပါတယ်။ အဲဒီ နှစ်မှာပဲ ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ရာ ပထမ အကြိမ် မဲရလာဒ်အရ လက်ရှိသမ္မတ အီမန်နျူရယ် မာခရွန်က ပထမ၊ လီပင်း က ဒုတိယ လိုက်တာကြောင်း ရွေးကောက်ပွဲ စနစ်အရ ဒုတိယ အကြိမ် ဆက်လက် ယှဥ်ပြိုင်ရာမှာတော့ မဲရလာဒ် ၄၁.၅% နဲ့ပဲ မာခရွန်ကို ရှုံးနိမ့်သွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ လီပင်းကို ဥရောပ ပါလီမန် ရန်ပုံငွေများကို အလွဲသုံးစား လုပ်မှုနဲ့ တရားစွဲ ခံရပြီး ထောင်ဒဏ် လေး နှစ်၊ ဒဏ်ငွေ ယူရိုငွေ တစ်သိန်းနဲ့ နိုင်ငံရေး လုပ်ခွင့် ငါးနှစ် အပိတ်ခံခဲ့ရပါတယ်။ ဒီလိုသာ နိုင်ငံရေးလုပ်ခွင့် ငါးနှစ် အပိတ်ခံရမယ်ဆိုရင် လီပင်း အနေနဲ့ ၂၀၂၇ မှာ ကျင်းပမဲ့ ပြင်သစ် သမ္မတ ရွေးကောက်ပွဲနဲ့ လွဲဖို့ရှိပါတယ်။ အောက်ပါ ဆောင်းပါးကတော့ လီပင်းရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အမှု အခြေအနေနဲ့ လာမဲ့ ရွေးကောက်ပွဲအတွက် အတားအဆီးများပဲ ဖြစ်ပါတယ်။ မှတ်ချက် – စာရေးသူ)
မာရိန်းလီပင်းဟာ “သူ့ပါတီရဲ့ နိုင်ငံရေး ၀န်ထမ်း တွေဟာ ဥရောပပါလီမန်မှာ တာဝန် ထမ်းဆောင် နေကြတဲ့ အရာရှိတွေရဲ့ လက်ထောက်တွေအဖြစ် တာဝန်ယူ ကြရတယ် လို့ မဟုတ်မမှန် ပြောဆိုကာ ၂၀၀၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် အတွင်းမှာ ထိုသူတွေထံ ဥရောပသမဂ္ဂ ရန်ပုံငွေတွေကို လွှဲပြောင်းပေးခဲ့တယ်”လို့ စွဲဆိုခံခဲ့ရပါတယ်။
ထို့ကြောင့်ပဲ ပဲရစ်မြို့မှာရှိတဲ့ တရားရုံးတော်တစ်ရုံးက မတ်လ (၃၁) ရက်နေ့မှာ မစ္စလီပင်းနဲ့ သူ့ရဲ့ လက်ယာစွန်း အမျိုးသားမဟာမိတ် (RN) ပါတီမှ အခြားအရာရှိ ၂၃ ဦးတို့ကို တရားစွဲဆိုခဲ့ပါတယ်။ အကယ်၍ မစ္စလီပင်းနဲ့ သူ့လူတွေဟာ ထိုအမှုမှာ ရှုံးနိမ့်ခဲ့ရင် ငွေဒဏ်၊ ထောင်ဒဏ်နဲ့ ရွေးကောက်ပွဲ စည်းရုံး လှုံ့ဆော်မှုမှ တားမြစ်ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်တွေကို ရောပြွမ်းချမှတ်ခံရမှာပါ။
ထိုဆုံးဖြတ်ချက်ဟာ ပြင်သစ်နိုင်ငံရေးလောကမှာ ဗုံးတစ်လုံး ပေါက်ကွဲသလို ဖြစ်ခဲ့တယ်။ မစ္စလီပင်းအပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ရဲ့ ချက်ချင်းလက်ငင်း သက်ရောက်မှု တစ်ခုကတော့ သူ့အနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုမှ ငါးနှစ်ပိတ်ပင်ခံရဖို့ ရှိနေပါတယ်။ ထိုပြစ်ဒဏ်ချမှတ်မှုဟာ မစ္စလီပင်း ဝင်ရောက်မယ့် ၂၀၂၇ သမ္မတ ရွေးကောက်ပွဲ မှာလည်း အကျုံးဝင်ပါတယ်။ ထိုရွေးကောက်ပွဲမှာ သူဟာ ရှေ့ဆုံးက ပြေးနေသူပါ။
မစ္စလီပင်းနဲ့ သူ့ရဲ့ မဟာမိတ်တွေက တရားရုံး ဆုံးဖြတ်ချက်ကို “နိုင်ငံရေးအရ ထိန်းချုပ်ခြင်း” ဖြစ်တယ်လို့ ပြောဆိုကာ တိုက်ခိုက်ခဲ့ကြတယ်။ တကယ်တော့ ထိုသို့ ပြောဆိုမှုဟာ မမှန်ကန်တဲ့အပြင် တရားဥပဒေ စိုးမိုးရေးအပေါ် ယုံကြည်မှုကို ဖျက်လိုဖျက်ဆီးလုပ်ရာ ရောက်နေပါတယ်။ တရားရုံးရဲ့ အဆုံး အဖြတ်ဟာ မမှန်ကန်ဘူးလို့ ယူဆစရာအကြောင်း မရှိပါဘူး။
သို့ပေမယ့်လည်း ထိုသို့ ပြုလုပ်ခြင်းဟာ မဲဆန္ဒရှင်အများအပြားကို သူတို့ ဦးစားပေးတဲ့ ကိုယ်စား လှယ်လောင်းကို ထောက်ခံမဲပေးမယ့် အခြေအနေမှ နောက်ဆုတ် သွားနိုင်တာကြောင့် လာမယ့် ရွေးကောက်ပွဲရဲ့ တွေ့မြင်နေရတဲ့ တရားဝင်ဖြစ်မှုကို ပျက်စီးစေနိုင်တဲ့အန္တရာယ် ရှိနေပါတယ်။ ထိုအဖြစ်ဟာ ပြင်သစ်နိုင်ငံအတွက် ဆိုးရွားပါတယ်။ အကယ်၍ အယူခံလွှာကို လက်ခံတဲ့ တရားရုံးက တားမြစ် ပိတ်ပင်မှုကာလကို လျှော့ချလိုက်ပြီး ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲမှာ သူ့ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုမယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။
မစ္စလီပင်းကို သမ္မတရွေးပွဲဝင်ခွင့်ဆိုင်းငံ့ထားမှုက မေးခွန်းနှစ်ခုကို ပေါ်ပေါက်စေပါတယ်။ ပထမ မေးခွန်းကတော့ “ဘယ်လိုအခြေအနေတွေမှာ ဒီမိုကရေစီက ရွေးကောက်ပွဲဝင် သမ္မတလောင်းတစ်ဦးကို ပိတ်ပင်ခွင့် ရှိသလဲ”ဆိုတဲ့ မေးခွန်းပါ။ မစ္စလီပင်းကို တရားစီရင်တဲ့ ဥပဒေဟာ ၂၀၁၆ ခုနှစ်တုန်းက ပြင်သစ် မှာ သမ္မတဟောင်း ဂျက်ရှီရက် အပါအဝင် အကျင့်ပျက်နိုင်ငံရေးသမားတွေအပေါ် တရားစီရင်ချက်မချိနိုင်ဘဲ သက်သက်ညှာညှာ ကြာရှည် ဆွဲနေမှုကို ကျော်လွှားဖို့ အတွက် ချမှတ်ခဲ့တဲ့ ဥပဒေပါ။
ထိုဥပဒေအရ အကျင့်ပျက်နေသူတွေဟာ နိုင်ငံရေး ရာထူးတစ်ခုခုကို ဝင်ရောက်ယှဉ်ပြိုင်မှုမှ ချက်ချင်း တားမြစ် ပိတ်ပင်ခံရပါတယ်။ ထိုစဉ်က မစ္စလီပင်းဟာ ယင်းဥပဒေ ပြဋ္ဌာန်းမှုကို ထောက်ခံခဲ့ပါတယ်။ ထိုဥပဒေရဲ့ ပြစ်ဒဏ်တွေဟာ သူ့အပေါ် ကျရောက်လာချိန်မှာတော့ သူ့အနေနဲ့ “ဒါဟာ ဒီမိုကရေစီကို တိုက်ခိုက်တာပဲ”လို့ ပြန်ပြောစရာ စကားတွေ သူ့မှာ များစွာရှိခဲ့ပါတယ်။
နိုင်ငံအများစုမှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တွေကို ပိတ်ပင်နိုင်တဲ့ ဥပဒေတွေ အများအပြား ရှိပါတယ်။ သို့ပေမယ့် အဓိကအားဖြင့် ဒီမိုကရေစီအပေါ် ဆိုးဆိုးရွားရွား ကျူးလွန်မှသာ ပိတ်ပင်တာ ပါ။ ယူကရိန်းမှာ မေဒင် (Maiden) တော်လှန်ရေးပြီးနောက် ရုရှားအစိုးရ ကျောထောက်နောက်ခံပြုတဲ့ ကိုဗစ်ချ်ရဲ့ အကျင့်ပျက်အရာရှိတွေကို ရွေးကောက်ပွဲဝင်မှုမှ ပိတ်ပင် ခဲ့တယ်။ အမေရိကန်ပြည်တွင်းစစ် ပြီးဆုံးပြီးနောက်မှာလည်း လက်နက်ကိုင်တော်လှန်မှုမှာ ပါဝင်သူတွေကို ရွေးကောက်ပွဲ ဝင်ခြင်းမှ ပိတ်ပင်ခဲ့တယ်။
ဘရာဇီး သမ္မတဟောင်း ဂျဲအာဘော်လ်ဆိုနာရိုဟာ “ရွေးကောက်ပွဲ မဲဆန္ဒပေးတဲ့စနစ်ဟာ ဖြောင့်မတ် မှန်ကန်မှု ရှိတယ်”လို့ လိမ္မာစွာပြောဆိုခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ်မှာ ရာထူးမှ ဖယ်ရှားခံခဲ့ရတယ်။ (သူဟာ အာဏာသိမ်းဖို့ ကြိုးပမ်း ခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။)
မစ္စလီပင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ ဆိုးရွားပါတယ်။ သို့ပေမဲ့ အထက်ပါအမှုတွေနဲ့တော့ ပုံစံ မတူပါဘူး။ ပြင်သစ်မဲဆန္ဒရှင်တွေကို မိမိတို့ ဘယ်သူ့ကို မဲပေးရမယ်ဆိုတာကို ဆုံးဖြတ်ချက်မချနိုင် လောက်တဲ့ အထိ မဖြစ်စေနိုင်ပါဘူး။
အထက်တန်းလွှာတွေရဲ့ သံသယဖြစ်မှုအပေါ်မှာ ထူထောင်ထားတဲ့ ပါတီတစ်ခုက အထူးသဖြင့် မစ္စလီပင်းလို နိုင်ငံရေးသမားမျိုးအတွက်ဆိုရင် ဥပဒေက လုပ်ကြံမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှု တွေကို အားပေးပြီး နိုင်ငံရေးသမားတွေကို ကော်မတီအဖွဲ့ဝင်က ရွေးချယ်တဲ့ ယန္တရားတစ်ခုရှိဖို့ လိုပါတယ်။
ဒုတိယပြဿနာကတော့ နိုင်ငံရေးနဲ့ တရားစီရင်ရေး တို့ အကြား ဆက်ဆံရေးပါ။ “နိုင်ငံရေး သမားတွေကိုလည်း အခြားနိုင်ငံသားတွေလိုပဲ ဆက်ဆံရမယ်”လို့ တရားဥပဒေ စိုးမိုးရေးဘက်က တောင်းဆိုကြပါတယ်။ အပြစ်ရှိလို့ ဆုံးဖြတ်တဲ့ အခါမှာတော့ ဖြောင့်မှန်ကြပါတယ်။ သို့ပေမယ့် ပြစ်ဒဏ်ချမှတ်မှုတွေဟာ “နိုင်ငံရေး သို့မဟုတ် အုပ်ချုပ်ရေးတို့ နဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေကို ထည့်သွင်းတွက်ချက်ခြင်းမရှိစေရ”ဆိုတဲ့ သဘောထား အမြင်အတိုင်း မဆောင်ရွက်တာတွေ ရှိပါတယ်။
တရားရုံးတွေဟာ ရွေးကောက်ပွဲတွေအပါအဝင် အဖွဲ့အစည်း စတဲ့ အင်စတီကျူရှင်းတွေအပေါ် ယင်းတို့ရဲ့ သက်ရောက်မှုတွေကို အကြောင်းအချက်တွေ အများအပြား ကို ချင့်ချိန် လုပ်ဆောင်သင့်ပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလ အတွင်းက ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်မှုကြီးပေါင်း များစွာနဲ့ စွဲဆိုခံခဲ့ရပေမယ့် အဆိုပါ စွပ်စွဲချက်တွေအတွက် သူဟာ ပြစ်ဒဏ်ချမှတ်ခြင်း မခံခဲ့ရပါဘူး။ ထိုသို့ ဖြစ်ရတာဟာ အမေရိကန် ပြည်သူတွေအနေနဲ့ ဝန်ပိမနေတဲ့ သမ္မတတစ်ယောက် ကိုသာ ရွေးချယ်ခွင့်ရှိတယ်လို့ မှတ်ယူတဲ့ အတွက်ပဲ ဖြစ်ပါတယ်။
မစ္စလီပင်းနဲ့ပတ်သက်လို့ကတော့ ပြင်သစ် တရားရုံး ဟာ တစ်ဘာသာ ဆုံးဖြတ်ခဲ့တယ်။ သူ့အနေနဲ့ အမြင့်ဆုံး ရာထူးကြီးကို ရရှိသွားခဲ့ရင် ဘေးအန္တရာယ် ပြုနိုင်တဲ့ အနေအထားကြောင့် ကာလရှည်ပြစ်ဒဏ် စီရင်ခဲ့တယ်။
နိုင်ငံရေးသမားတွေအပေါ် ရန်ငြိုးနဲ့ ပြစ်ဒဏ် စီရင်ခြင်း ကြောင့် တရားရုံးတွေအပေါ်မှာ ဘက်လိုက် မှုရှိတယ်လို့ မြင်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ တရားစီရင်ရေး စနစ်ဟာ နိုင်ငံသားတွေအနေနဲ့ သူတို့ သဘောမတူတဲ့ တရားစီရင်မှုကို လက်ခံနိုင်မှုအပေါ် မူတည်နေတယ်။ အစိုးရသစ်တစ်ရပ်အတွက် သဘော တူညီမှုရရှိ ဖို့ ရွေးကောက်ပွဲတွေလုပ်ဖို့ လိုပါတယ်။
မစ္စလီပင်းအပေါ် ပြစ်ဒဏ်ချမှတ်ပြီးနောက် လူထုဆန္ဒ သဘောထား ကောက်ယူမှုပြုလုပ်ခဲ့ရာမှာ ပြင်သစ်ပြည်သူ ၅၄ ရာခိုင်နှုန်းက “မစ္စလီပင်းဟာ အခြားစွပ်စွဲခံရသူတွေလိုပဲ ပြုမူခြင်းခံရတယ်”လို့ သဘောထားပါတယ်။ တရားစီရင်မှုကို ယုံကြည်သူက ရာခိုင်နှုန်း အနည်းငယ်သာ ရှိပါတယ်။ အမျိုးသား မဟာမိတ်တပ်ပေါင်းစုရဲ့ မဲဆန္ဒရှင်တွေထဲက ၈၉ ရာခိုင်နှုန်းက “သူမက နိုင်ငံရေးရည်ရွယ်ကြောင့် အပြစ် ပေးခံရတာ”လို့ ဆန္ဒသဘောထား ထုတ်ဖော်ခဲ့တယ်။
တရားရုံးရဲ့ စီရင်ချက်ကို ထောက်ခံကြ သူတွေကတော့ “ပြင်သစ်နိုင်ငံရဲ့တရားစီရင်ရေးကို မယုံ ကြည်ခြင်းဟာ မစ္စလီပင်းရဲ့ သူ့ပါတီရဲ့ မှားယွင်းမှုကြောင့်က များတယ်”လို့ ဆိုပါတယ်။ အမျိုးသား မဟာ မိတ်ပါတီ (RN) က ပြင်သစ်နိုင်ငံဟာ ဌာနအဖွဲ့အစည်းတွေကို ဘာအာဏာမှ မရှိအောင် ထိန်းချုပ်ထားတဲ့ ပြတ်ပြတ်သားသားမရှိတဲ့ ကိုယ်ကျိုးရှာ ရေပေါ်ဆီ လူတန်းစားက အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်တယ်”လို့ ဆယ်စုနှစ်ပေါင်းများစွာ စွပ်စွဲခဲ့ပါတယ်။
မစ္စလီပင်းဟာ ဥရောပရဲ့ သဘောထားတင်းမာတဲ့ လက်ယာဝါဒီ (ဟန်ဂေရီနိုင်ငံမှ ဗစ်တာအော်ဘန်)လို လူတွေထံမှ သာမကဘဲ ပြင်သစ်နိုင်ငံရဲ့ အမာခံလက်ဝဲဝါဒီ၊ အနိုင်မခံအရှုံးမပေး ပြင်သစ်ပါတီရဲ့ ခေါင်းဆောင် ယွန်း-လုပ်ခ် မယ်လီချွန်လို လူတွေရဲ့ ထောက်ခံမှုကိုပါ ရရှိနေပါတယ်။ ယွန်း-လုပ်ခ် မယ်လီချွန် က “ရွေးကောက်ခံ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကို ပြည်သူတွေကသာ ဆုံးဖြတ်သင့်ပါတယ်”လို့ ပြောခဲ့တယ်။

တကယ်တော့ မစ္စလီပင်းဟာ ၂၀၂၇ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိဖွယ် ရှိပါ တယ်။ ထုံးတမ်းစဉ်လာအားဖြင့်ဆိုရင်တော့ သူမရဲ့ အယူခံလွှာကို စီရင်ဆုံးဖြတ်မယ့် ကာလဟာ နှစ်နှစ် အထိ ကြာနိုင်ပါတယ်။ သို့ပေမယ့် အယူခံခုံရုံးက မစ္စလီပင်းရဲ့ အယူခံလွှာကို ၂၀၂၆ ခုနှစ် နွေရာသီမှာ ဆုံးဖြတ်ချက်ချမယ်လို့ လိမ္မာပါးနပ်စွာ ပြောခဲ့ပါတယ်။
တရားရုံးအနေနဲ့ သူမအပေါ် တားမြစ်ပိတ်ပင်တဲ့သက်တမ်းကို လျှော့ချနိုင်ပါတယ်။ (အခြားသော တရားခံတွေကိုလည်း ထိုအမှုမျိုးအတွက် သက်တမ်းတစ်နှစ်မျှသာ ချမှတ်ခဲ့ပါတယ်။) တရားရုံးအနေနဲ့ ရွေးကောက်ပွဲမတိုင်မီမှာ မစ္စလီပင်းကို ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုဖွယ် ရှိပါတယ်။
ပြင်သစ်နိုင်ငံထဲက လက်ယာစွန်းဝါဒီ အမတ်တစ်ဦးဖြစ်ပြီး မစ္စလီပင်းနဲ့လည်း အဆက်အသွယ်ရှိတဲ့ အီရစ်စီတော့တီကတော့ တရားရုံးအနေနဲ့ အရေးပေါ် ကြိုတင်အယူခံလွှာကို ကြားနာခြင်းမပြုမီမှာ ထိုဆုံးဖြတ်ချက် ချမှတ်ခဲ့ရင်တော့ မစ္စလီပင်းအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ဝန်ကြီးချုပ် ဖရန်ဆွာဘေရူးကတော့ သူ့အနေနဲ့အဆိုပြုချက်နဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးကြဖို့ လမ်းဖွင့်ပေးထားကြောင်း ပြောဆိုပါတယ်။ ဘယ်အကြောင်းအရာနဲ့ပတ်သက်လို့ပဲ ဖြစ်စေ မစ္စလီပင်းအနေနဲ့ လွယ်လွယ်ကူကူ ရုန်းထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ သူမအနေနဲ့ လျှပ်စစ် အချက်ပြကိရိယာကို နှစ်နှစ်ကြာမျှ တပ်ဆင်ရမှာပါ။ ဒါ့အပြင် ဆိုင်းငံ့ပြစ်ဒဏ် နှစ်နှစ်ကျခံရမှာဖြစ်ပြီး များပြားလှတဲ့ ဒဏ်ငွေတွေကို ဆောင်ရမှာပါ။
ထိုဆုံးဖြတ်ချက်ဟာ မှန်ကန်ပုံရပါတယ်။ ရည်ရွယ်ကတော့ ပြင်သစ် ဒီမိုကရေစီကို အပြစ်ပေးခြင်း မပြုဘဲ ကျူးလွန်သူကိုသာ စီရင်ဖို့ပဲ ဖြစ်ပါတယ်။
မူရင်း Why Marine Le Pen should be allowed to run for president, The Economist

