The Corner

The Corner

cropped-Logo_round_grey-background.png

အမေရိကန်

အီရန်ငွေတွေကို ကိုင်တွယ်ပေးနေရတဲ့ အမေရိကန်ဘဏ်များ

အမေရိကန် သမ္မတ ထရမ့်ရဲ့ အစိုးရက အီရန်ကို စီးပွားရေးပိတ်ဆို့ ပိုမိုဖိအားနေချိန်မှာ အီရန် အစိုးရကို ကမ္ဘာ့ ဘဏ္ဍာရေးစနစ်ကနေ ဖြတ်တောက်ဖို့ လုပ်နေတဲ့ ကြိုးစားနေတဲ့ လုပ်ဆောင်ချက်ထဲမှာ ထင်မှတ် မထားတဲ့ အားနည်းချက်တစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ အမေရိကန်ဘဏ် တွေပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံ အရာရှိတွေ နဲ့ သုတေသီတွေက ပြောကြားချက်အရ အီရန်နဲ့ပတ်သက်တဲ့ ဘဏ္ဍာရေး လုပ်ငန်း အများစုကို အမေရိကန် ဥပဒေအောက်က လူတွေ မပါဝင်ရဘူးဆိုတဲ့ စနစ်တကျ ဒဏ်ခတ်မှု တွေရှိနေပေမယ့်လည်း နှစ်စဉ် ဘီလီယံနဲ့ ချီတဲ့ အီရန်ပိုင် ဒေါ်လာငွေတွေဟာ အမေရိကန် ဘဏ်တွေထဲ မှာရှိတဲ့ အကောင့်တွေကတဆင့် အီရန်ကို စီးဆင်းနေတယ်လို့ ဆိုပါတယ်။ အီရန်က အဲဒီငွေစာရင်းတွေကို အမေရိကန်ဘဏ်တွေနဲ့ ဆက်ဆံရေးရှိတဲ့ […]

အီရန်ငွေတွေကို ကိုင်တွယ်ပေးနေရတဲ့ အမေရိကန်ဘဏ်များ Read More »

အချည်းနှီးဖြစ်သွားသည့် ညှိနှိုင်းခြင်းက ရလိုက်သည့် သင်ခန်းစာ

စကားဖြင့် အပြန်အလှန် အနိုင်ယူကြသည်။ စီးပွားရေးအခြေခံ တောင့်တင်းသည့်နိုင်ငံများပီပီ မဟာဗျူဟာကျသည့် ကုန်သွယ်မှုကို သေးသိမ်အောင် ပြုလုပ်ကြရင်း အချင်းချင်း မသင့်မြတ်ကြ။ နောက်ဆုံးတွင် ညှိနှိုင်းရေး ပျက်ပြားသွားပြီး အားလုံးအချည်းနှီး ဖြစ်ကြရလေပြီ။ လတ်တလော ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးညှိနှိုင်းမှုများ ဆိုးရွားစွာ ပျက်ပြားသွားခြင်းသည် ထရမ့် ဦးဆောင်နေသည့် အမေရိကန်အစိုးရနှင့် မည်သည့်နည်း ပုံစံဖြင့်မဆို ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းခြင်းသည် မဆွေးနွေးခင် ကတည်းက မအောင်မြင်နိုင်ကြောင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများကို သတိပေးချက် တစ်ရပ်အဖြစ် သင်ခန်းစာတစ်ခု အဖြစ် လေ့လာ သင့်ပေသည်။ ဤမကြာသေးမီက အိမ်နီးချင်းနှစ်နိုင်ငံ၏ ဖြစ်ရပ်က မျှတသော သဘောတူညီချက် တစ်ရပ် ရှာဖွေခြင်းသည် အချည်းနှီးဖြစ်ကြောင်း ပြသနေသည်ဟု လေ့လာသူများက ဆိုကြသည်။ အွန်တေးရီယိုရှိ မက်ခ်မတ်စတာတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ

အချည်းနှီးဖြစ်သွားသည့် ညှိနှိုင်းခြင်းက ရလိုက်သည့် သင်ခန်းစာ Read More »

အမေရိကန်အတွက် မဟာမိတ်အသစ်

အမေရိကန်တပ်များ အာဖဂန်နစ္စတန် ဆုတ်ခွာခဲ့ပြီး ငါးနှစ်အကြာမှာ အယ်လ်ကိုင်ဒါ အဖွဲ့ဟာ အားနည်းနေဆဲဖြစ်ပြီး တာလီဘန်တို့အတွက် မမျှော်လင့်တဲ့ မဟာမိတ် တစ်ယောက် တွေ့လာ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ကသောင်းကနင်းနဲ့ ဆုတ်ခွာနေတဲ့ နောက်ဆုံး အချိန်မှာ ISKP (Islamic State Khorasan Province) လို့ခေါ်တဲ့ အိုင်အက်စ် ခိုရာဆန် အကြမ်းဖက်အဖွဲ့က သွေးချောင်းစီးတဲ့ ဗုံးခွဲတိုက်ခိုက်မှုကြီးတစ်ခု လုပ်ခဲ့သေးတယ်။ အဲဒီတုန်းက တာလီဘန်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု အောက်ကနေ ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ အာဖဂန်အရပ်သား ၁၇၀ နီးပါးနဲ့ အမေရိကန် စစ်သည် ၁၃ ယောက်ဟာ ကာဘူးလ် နိုင်ငံတကာလေဆိပ်မှာ ISKP ရဲ့ အသေခံ ဗုံးခွဲမှုလုပ်ကြံမှုကြောင့် သေဆုံးခဲ့ရရှာတယ်။ ဒီ လုပ်ကြံကြီးက

အမေရိကန်အတွက် မဟာမိတ်အသစ် Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၅) – မောင်လူထွန်း

ပြေးနိုင်မှ လွတ်မယ် သမ္မတ ထရမ့် ဦးမိုး – ဟာ ကိုတိုး တယ်စောပါလား။ မင်္ဂလာပါဗျာ။ ဦးတိုး –  မင်္ဂလာပါ။ ကိုမိုး လာဗျို့… ကျုပ်က ဒီနေ့ ရောက်တာ နည်းနည်းစောတယ်ဗျ။ မိုးရိပ်လေရိပ်တွေ ရှိတာနေနဲ့ မိုးလွတ်မလားဆိုပြီး ထွက်လာတာ ပြန်ရင်တော့ မိုးချတော့မယ်ထင်တာပဲ မိုးတိမ်တွေကို ညို့နေတာပဲ။ ဦးမိုး – ကျွန်တော်လည်း စောစောထွက်လာမလို့ဟာ သတင်းကြည့်နေတာနဲ့ဗျာ။ ကိုတိုး ဟိုသမ္မတကြီး ထရမ့် နောက်ပေါက်က ပြေးရတဲ့ လျှို့ဝှက်ဆန်းကြယ် ခရီးစဥ် အကြောင်း သတင်းကြား လိုက်သေး လားဗျ။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ သံတမန်ရေးရာ လျှို့ဝှက်ဆန်းကြယ် လှည့်ကွက် ပေါင်းစုံကို မြင်ဖူးပြီ ထင်ခဲ့တာ အခုတော့ တော်တော်ဆန်းသဗျ။ နေတိုး ထိပ်သီး

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၅) – မောင်လူထွန်း Read More »

ဒေါ်နယ်ထရမ့်အတွက် ကျူးဘားထွက်ပေါက်

သဘောတရားရေးရာဆိုင်ရာသေချာရေရာမှုဆိုတာတွေက ကျူးဘားပြည်သူတွေကို နှစ်ပေါင်း ၇ဝကြာထိခိုက်နစ်နာစေခဲ့ရတယ်။သံသယဝါဒကိုပဲအခွင့်အခါပေးရမယ့် အချိန် ဆိုရမလား သန့်စင်တဲ့သူရဲကောင်းဝါဒ စိတ်ကူးယဉ်အိပ်မက်တွေဟာ ကျွန်းပေါ်မှာလက်ရှိနေထိုင်ကြတဲ့ သူတွေကိုရော၊ ပြည်ပကို ထွက်သွားကြတဲ့ ပြည်ပြေးတွေ အပါအဝင် သာမန် ကျူးဘားပြည်သူ အရပ်သူအရပ်သားတွေကို ဒုက္ခပေးနေခဲ့တာကာလအတော်ကြာပါပြီ။ ကျူးဘားနိုင်ငံမှာ တဖြည်း ဖြည်း ယုတ်လျော့လာနေတဲ့လူဦးရေဟာအခုဆို ကိုးသန်းလောက်ပဲ ရှိတော့တယ်။ အဲဒီအခြေအနေ ဆိုက်နေတဲ့ ကျူးဘားရဲ့  ဒီကနေ့နံနက်ခင်းဟာလည်း လူတွေဖန်တီးလို့ပေါ်ပေါက်လာခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေကြားမှာ ပူပြင်းအိုက်စပ်လှတဲ့ နေ့သစ်တစ်ရက်အဖြစ်သို့ ထပ်ပြီးတော့ကူးပြောင်း ရောက်ရှိလာခဲ့ပြန်ပါပြီ။စားနပ်ရိက္ခာ၊ ဆေးဝါး၊ လျှပ်စစ်စွမ်းအင်နဲ့သန့်ရှင်းတဲ့ သောက်ရေတွေလုံလုံ လောက်လောက် မရရှိကြတဲ့ ကျူးဘားပြည်သူတွေဟာ အာဏာရ ကွန်မြူနစ်ပါတီ ဆီကနေ အဆောတလျင် ကယ်ဆယ်မှု သို့တည်းမဟုတ် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှု အပေါင်းကနေ အဆောတလျင် သက်သာရာရစေမှုမျိုး မျှော်လင့်နိုင်ပါဘူး။ ကျူးဘားကျွန်းနိုင်ငံက ခေါင်းဆောင်တွေဟာ ခေါင်းမာပြီး 

ဒေါ်နယ်ထရမ့်အတွက် ကျူးဘားထွက်ပေါက် Read More »

အာရှ မဟာမိတ်များနဲ့ အမေရိကန်

The Economist magazine ပါ “America’s secretary of war pulls his punches on China” ဆောင်းပါးကို ပြန်ဆိုသည်။ စင်္ကာပူမှာ နှစ်စဉ်ကျင်းပတဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ နိုင်ငံတကာက ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူ တွေ၊ အကဲဖြတ်သူတွေ တွေ့ဆုံလေ့ရှိရာမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေကလဲ တက်ရောက် ပြီး အမေရိကန်ရဲ့ အာရှ မူဝါဒ ကိုတင်ပြခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပါပြီ။ မနှစ်က ဆွေးနွေးပွဲကို တက်ရောက် စကားပြောခဲ့တုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး ပူပူနွေးနွေး ပိ ဟက်ဆက်ရဲ့ လုပ်သက် က ၄ လ စွန်းစွန်းပဲ ရှိပါသေးတယ်။ ထရမ့်အစိုးရရဲ့ စိတ်ကူး စိတ်သန်းတွေကို

အာရှ မဟာမိတ်များနဲ့ အမေရိကန် Read More »

ဒေါ်နယ်ထရမ့် ထိုင်ဝမ်ကို သစ္စာဖောက်လိုက်ပြီလား

ထိုင်ဝမ်ကျွန်းကို လက်နက်များ ရောင်းချမည့်ကိစ္စနှင့် စပ်လျဉ်း၍ ၎င်းအနေဖြင့် တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေပါသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖြစ်နိုင်ခြေရှိသော အခြေအနေတစ်ရပ်ကို ညွှန်ပြပြောဆိုလိုက်သည်။ အခုတစ်ခဏမှာတော့ ထိုင်ဝမ်ကျွန်းသည် ကျည်ဆန်တစ်တောင့်ကို သီသီလေး ရှောင်ရှားလိုက်နိုင်သည့်ပုံစံ ရှိနေသည်။ မေလ ၁၅ ရက်နေ့က ပြီးဆုံးသွားခဲ့သည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်ပြည် နှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း လုပ်ရိုးလုပ်စဉ် သံတမန် ဆက်ဆံရေးဆိုင်ရာ အစဉ်အလာများကို ဆောင်ရွက်ခဲ့သည့် တစ်လျှောက်လုံးတွင် အမေရိကန်သမ္မတသည် ထိုင်ဝမ်ကျွန်းအရေးနှင့် စပ်လျဉ်း၍ ပြောဆိုခြင်းမျိုးကို ရှောင်ရှားခဲ့သည်။ ဒီအချက်ကြောင့်… “ထိုင်ဝမ်ကျွန်းကို လက်နက်များ ရောင်းချပေးနေခြင်းကို ထိန်းချုပ်ဟန့်တားရန် တရုတ်၏ ဖိအားပေးမှုကို ထရမ့်က ခေါင်းညိတ်လိုက်မလား” ဟု စိုးရိမ်ကြောက်လန့်နေရမှုများ၊ သို့မဟုတ် “ထရမ့်က ထိုင်ဝမ်ကျွန်း လွတ်လပ်ရေးကို ၎င်းဆန့်ကျင်သည်”

ဒေါ်နယ်ထရမ့် ထိုင်ဝမ်ကို သစ္စာဖောက်လိုက်ပြီလား Read More »

“Designated Survivor” (သို့မဟုတ်) တိုင်းပြည်အတွက် လက်ကျန်ခေါင်းဆောင်

Designated Survivor – ဟာ တကယ်တော့ ရုပ်ရှင်နာမည်လိုလို ဘာလိုလိုနဲ့။ တကယ်လည်း ရုပ်ရှင် စီးရီးတစ်ခုအဖြစ် နက်ဖလစ်မှာ တင်ဆက်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ အစိုးရအဖွဲ့ဝင်အားလုံး ဗုံးဖောက်ခွဲ လုပ်ကြံခံရမှုကြောင့် သေဆုံးသွားချိန်မှာ အစွန်အဖျားက ဝန်ကြီးတစ်ယောက်က သမ္မတ ရုတ်တရက် ဖြစ်လာပုံကို ရိုက်ကူးထားတာပါ။ သို့သော် အဆိုပါ အစီအမံဟာ အပြင်မှာ တကယ်ရှိတဲ့ အမေရိကန် အုပ်ချုပ်ရေး ယန္တရားတွင် လက်တွေ့ ကျင့်သုံးနေသည့် အလွန်ထူးခြားသည့် စနစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီစနစ်ကို “Designated Survivor” – မြန်မာလို တိုက်ရိုက် ဘာသာပြန်ရလျှင် “သတ်မှတ် စီမံထားသော အသက်ရှင်ကျန်ရစ်သူ” အစီအစဉ်ပင် ဖြစ်သည်။ နိုင်ငံတော်၏ အကြီးအကဲ အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့လျှင် Designated Survivor

“Designated Survivor” (သို့မဟုတ်) တိုင်းပြည်အတွက် လက်ကျန်ခေါင်းဆောင် Read More »

အိုဘားမားပြောတဲ့ တကယ့် သမ္မတ

အခု ဘာသာပြန် အမေးအဖြေဆောင်းပါးကတော့ အမေရိကန် တီဗီ အစီအစဥ်တင်ဆက်သူ စတီဖင် ကိုဘဲလ် (Stephen Colbert) နဲ့ သမ္မတ ဘားရက် အိုဘားမားတို့ မကြာခင်က တွေ့ဆုံ မေးမြန်းခဲ့တဲ့ ယူကျူ အင်တာဗျူး တစ်ခုဖြစ်ပါတယ်။ စီဘီအက်စ် တီဗီ ချန်နယ်က စတီဖင် ကိုဘဲလ် တင်ဆက်နေတဲ့ “The Late Show with Stephen Colbert” ဟာ ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် တင်ဆက်ခဲ့တာဖြစ်ပြီး လာမယ့် မေလ (၂၁) ရက်နေ့မှာ နောက်ဆုံး အပိုင်းကို ထုတ်လွှင့်အပြီး လုံးဝ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့ အင်တာဗျူး အစီအစဥ်ကို မေလ (၆) ရက်နေ့က တင်ဆက်ခဲ့တာပါ။

အိုဘားမားပြောတဲ့ တကယ့် သမ္မတ Read More »

သမ္မတများ၊ စစ်များ

အရပ်သား အမေရိကန်သမ္မတတွေရဲ့ တာဝန်တွေထဲမှာ Commander in Chief (စစ်ဦးစီးချုပ်) တာဝန်လည်း ပါဝင်ပါတယ်။ အမေရိကန် ကြည်းတပ်၊ လေတပ်၊ ရေတပ် အားလုံးဟာ အရပ်သားသမ္မတရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ ဒီဆောင်းပါးမှာ အမေရိကန်သမ္မတ အဆက်ဆက် စစ်ပွဲတွေနဲ့ ကြုံရတဲ့အခါ Commander in Chief အနေနဲ့ ဘယ်လို ကိုင်တွယ်ခဲ့ကြလဲဆိုတာကို စုဆောင်းတင်ပြထားပါတယ်။ သမ္မတတွေရဲ့ အထုပ္ပတ္တိ မဟုတ်ပါ။ စစ်အတွင်းကာလ သူတို့ရဲ့ စီမံခန့်ခွဲမှု၊ စစ်အပေါ် သဘောထား စတာတွေဖြစ်ပါတယ်။ အခုလက်ရှိ အမေရိကန်ဆင်နွှဲနေတဲ့ စစ်ပွဲမှာ ရှေးယခင်က သမ္မတကြီးတွေ၊ Commander in Chief တွေများ ဗျူဟာချ ကွပ်ကဲကြရင် ဘယ်လိုတွေများ ပြောင်းသွားမလဲ တွေးကြည့်မိပါတယ်။ ဂျော့ချ်ဝါရှင်တန် (၁၇၈၉ – ၁၇၉၇) “သစ္စာတရားနဲ့ တရားမျှတမှုကို နိုင်ငံအားလုံးအပေါ် ကျင့်သုံးပါ။

သမ္မတများ၊ စစ်များ Read More »