The Corner

The Corner

cropped-Logo_round_grey-background.png

ကိုလေအိုး

သတင်းသမားတို့ လုပ်ခလစာ

မြန်မာမှာ သတင်းစာဆရာတွေအကြောင်း ပြောရင် ဘိုးဝဇီရကိုပဲ ရှေးအကျဆုံး သတင်းစာဆရာဆိုပြီး ပြောကြ၊ ရေးကြရတယ်။ မင်းတုန်းမင်းလက်ထက် ၁၈၇၅ ခုနှစ်မှာ ရတနာပုံနေပြည်တော်သတင်းစာ ထုတ်တော့ ဘိုးဝဇီရက သတင်းစာဆရာ လုပ်ခဲ့တာ။ ဒီ့မတိုင်မီမှာ မြန်မာသတင်းစာတွေဖြစ်ကြတဲ့ ဥပမာ ၁၈၇၁ ခုနှစ်က ရန်ကုန်မှာ ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့်သတင်းစာ၊ ဒီသတင်းစာကို ရေးသားတည်းဖြတ်ထုတ်ဝေခဲ့တဲ့ သတင်းစာဆရာ တွေဟာ ဘယ်သူဘယ်ဝါဆိုတဲ့ နာမည်တောင် မဖော်ထုတ်နိုင်ခဲ့ပါဘူး။ စုလို့ဆောင်းလို့ရတဲ့ အဲဒီခေတ်က သတင်းစာတွေ ဖတ်ကြည့်တော့ အယ်ဒီတာတွေဟာ သူ့ခေတ်နဲ့သူ ပညာဗဟုသုတ ကြွယ်ဝသူတွေ၊ အရေးအသားကောင်းသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပေမယ့် သူတို့ ဘယ်သူတွေဆိုတာ မဖော်ထုတ် နိုင်ခဲ့ကြဘူး။ ဘိုးဝဇီရကိုတောင်မှ စာရေးဆရာ မဟာဆွေ ဖော်ထုတ် ရေးသားခဲ့လို့ နာမည်ရော သူ့အကြောင်းပါ ကျန်ရစ်ခဲ့တယ်။ ဒါတောင်မှ […]

သတင်းသမားတို့ လုပ်ခလစာ Read More »

ထိတ်လန့်တုန်လှုပ်ဖွယ် ထိုင်းသတင်းနှစ်ပုဒ်

ထိုင်းနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းနဲ့ဩဂုတ်လဆန်းပိုင်းတို့မှာ တစ်နိုင်ငံလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ သတင်းနှစ်ခု ဆက်တိုက် ထွက်ပေါ်ခဲ့တယ်။ ပထမသတင်းက ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ ရုရှားမောင်နှမနှစ်ဦး အသတ်ခံရ တဲ့ သတင်း၊အသက် (၂၂) နှစ်နဲ့ (၁၇) နှစ်အရွယ် ရုရှားမောင်နှမနှစ်ယောက် ဆိုင်ကယ်တစီးနဲ့ ပျောက်သွားလို့ ရဲက လိုက် ရှာရင်းနဲ့အနားက တောအုပ် တ နေရာမှာ သတ်ဖြတ် မြေမြှုပ် အလောင်းဖျောက်ခံထားရတာ သွားတွေ့တယ်။ အဲဒီနားမှာပဲ ထိုင်းမိသားစုသုံး ယောက် အလားတူ သတ်ဖြတ်မြေမြှုပ်ထားတာ ထပ်တွေ့တယ်။ ကျူးလွန်တဲ့သူက ထောင်ကထွက်လာတာ နှစ်လတောင်မပြည့်သေးတဲ့ အသက် (၄၃) နှစ်အရွယ် Pong ဆိုသူ နဲ့အပေါင်းပါသုံးယောက်၊ကျူးလွန်သူပုံနဲ့သတင်းတွေတက်လာတော့ လူမိုက်ပုံထွက်နေတဲ့ Pong ဆိုသူကို သူ့ရဲ ကမ်းကုန်တဲ့ ရက်စက်ယုတ်မာမှုကြောင့် လူတွေက အင်မတန် မုန်းတီး

ထိတ်လန့်တုန်လှုပ်ဖွယ် ထိုင်းသတင်းနှစ်ပုဒ် Read More »

“မောင်” “ညိန်း” “ဦး” တို့ နှင့် “ဗေဒင်လက္ခဏာ”

“မောင်” ဆိုသည်က သိပ္ပံမောင်ဝ၊ “ညိန်း” ဆိုသည်က ကိုစောညိန်း၊ “ဦး” ဆိုသည်က ဝင်းဦး တို့ကို ဆိုလိုသည်။ ခေတ်စမ်းစာပေ ဦးဆောင်သူ သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂)၊ ဂီတနက်သန် ကိုစောညိန်း (၁၉ ၂၅-၁၉ ၅၂)၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော် ဝင်းဦး (၁၉၃၅ – ၁၉၈၈)။ မြန်မာစာပေ၊ ဂီတ၊ ရုပ်ရှင်စသည့် မြန်မာ့အနုပညာကို နှစ်သက်လက်ခံ ခံစားသူတိုင်း အဆိုပါ အနုပညာ ရှင်သုံးဦးကို သိကြပေမည်။ မသိမမီလိုက်သည့်တိုင် သူတို့ထားရစ်ခဲ့သည့် အနုပညာလက်ရာများကို တစ်ကွေ့မဟုတ် တစ်ကွေ့တွင် ဖတ်မှတ် သိရှိ ခံစားဖူးကြပေမည်။ မောင်လူအေးနှင့် ရင်းနှီးဖူးကြမည်။ ချစ်ပြုံးနှင်းဆီသီချင်း।မိုးသက်လေနှင် သီချင်းတို့နှင့် ငြိမ့်ဖူးကြမည်။ မှုံရွှေရည်ရုပ်ရှ င်ကြည့်ပြီး မှုံရွှေရည်သီချင်း ညည်းဖူးကြမည်။

“မောင်” “ညိန်း” “ဦး” တို့ နှင့် “ဗေဒင်လက္ခဏာ” Read More »