The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

ဆရာညာဏ သို့မဟုတ် အာဏာလျှံမင်းသား

အတ္ထုပ္ပတ္တိ စာပေများထဲတွင် ယနေ့တိုင်အကြိမ်ကြိမ်ပြန်ထုတ်နေရသည့် ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်ကို လူလတ်ပိုင်း အရွယ်ကတည်းကဖတ်မိပြီး တစ်နေ့နေ့ အပိုင်ဝယ်မည်ဟု ဆုံးဖြတ်ထားမိသည်။ နောက်တစ်အုပ်က ဂျာနယ်ကျော်ဦးချစ်မောင်၏ “သူ” ။ နောက်တစ်အုပ်က စစ်ကိုင်း ဦး ဘိုးသင်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်သည်။ နောက် သော်တာဆွေ။ ဤစာအုပ်နှစ်အုပ်က မဝယ်ဖြစ်သေး။ သို့သော် ထိုထို ဆရာကြီးများ၏ ဖြတ်သန်းမှု ဘဝ အတွေ့အကြုံများမှာ စာဖတ်လေ့ ရှိသူတိုင်းအတွက် အတုယူစရာ လေးစားစရာ ဆင်ခြင်စရာများ အပြည့်နှင့်ဖြစ်ကြောင်း သိကြသည်။ တခြားစာအုပ်များမရှိဘူးဟုမဆိုလိုပါ။ အလုံးစုံ မညွှန်းလို၍ ချန်ထားခဲ့ခြင်းဖြစ်ပါသည်။ ဆိုရလျှင် အတ္ထုပ္ပတ္တိစာပေကို သဘောကျသည်။ တစ်နည်းအားဖြင့် ဆရာများ ရင်ဆိုင်ဖြတ်သန်းရပုံများကြောင့် ဆရာတို့၏ ဘဝကို စာအုပ်ဖတ်လိုက်ရုံနှင့်ရသည်။ ထိုအချက်ကို အကြိုက်ဆုံး ဖြစ်သည်။ […]

ဆရာညာဏ သို့မဟုတ် အာဏာလျှံမင်းသား Read More »

လေ့ကျင့်ရေးမှာ တွေးစရာ

အဖွဲ့အစည်းတိုင်းက ကိုယ့်ရဲ့အဖွဲ့အစည်းဝင်တွေကို သင့်လျော်ရာနည်းလမ်းနဲ့ လေ့ကျင့်သင်တန်း ပေးလေ့ ရှိကြပါတယ်။ ခပ်စိပ်စိပ်သင်တန်းပေးနိုင်တဲ့အဖွဲ့အစည်းတွေရှိသလို ခပ်ကျဲကျဲပဲပေးနိုင်တာမျိုး တွေလည်းရှိပါတယ်။ အဖွဲ့အစည်းရဲ့အရွယ်အစားအပေါ်မူတည်ပြီး ကိုယ်ပိုင်သင်တန်းကျောင်းတွေဘာတွေ ဖွင့်ပြီး ကိုယ့်အစီအစဉ်နဲ့ သင်ကြားပေးတာတွေရှိသလို သင့်လျော်ရာသင်တန်းကျောင်းတွေ၊ သင်တန်း ဆရာတွေဆီပို့အပ်ပြီး သင်ကြား စေတာမျိုးလည်းရှိကြပါတယ်။ လေ့ကျင့်သင်ကြားတဲ့ပုံစံတွေကလည်း အမျိုးမျိုးရှိကြပါတယ်။ သင်တန်းကျောင်းကို သင်တန်းသားလွှတ်ပြီးသင်ကြားတဲ့ပုံစံ၊ သင်ကြားမယ့်သူကို အလုပ်ထဲဖိတ်ပြီး လာရောက်သင်ကြားစေတဲ့ပုံစံ၊ အွန်လိုင်းတွေဘာတွေနဲ့ အဝေးသင်သင်ကြားတဲ့ပုံစံ၊ ပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ တက်ရောက်စေတဲ့ပုံစံ၊ လုပ်ငန်းခွင်ထဲမှာပဲ လုပ်ရင်းကိုင်ရင်သင်ကြားရင်းသွားစေတဲ့ပုံစံ၊ ကိုယ်တိုင် လေ့လာ ဖတ်ရှုမှတ်သား စေတဲ့ပုံစံ စသည်အားဖြင့်ပေါ့။ ပုံစံအမျိုးမျိုးနဲ့လေ့ကျင့်သင်ကြားရာမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကလေ့ကျင့်ရေး၊ နောက်တစ်ပိုင်းက ဖွံ့ဖြိုးတိုးတက်ရေး။ Training & Development ဆိုပါတော့။ ဒါပေမဲ့လည်း လေ့ကျင့်သင်ကြားရေးလို့ပဲ ပေါင်းပြီး ခေါ်လေ့ရှိကြတာပါ။ လေ့ကျင့်သင်ကြားတဲ့ အပိုင်းက ကိုယ့်အဖွဲ့အစည်း ဝင်တွေအတွက်

လေ့ကျင့်ရေးမှာ တွေးစရာ Read More »

သတင်းသမားတို့ လုပ်ခလစာ

မြန်မာမှာ သတင်းစာဆရာတွေအကြောင်း ပြောရင် ဘိုးဝဇီရကိုပဲ ရှေးအကျဆုံး သတင်းစာဆရာဆိုပြီး ပြောကြ၊ ရေးကြရတယ်။ မင်းတုန်းမင်းလက်ထက် ၁၈၇၅ ခုနှစ်မှာ ရတနာပုံနေပြည်တော်သတင်းစာ ထုတ်တော့ ဘိုးဝဇီရက သတင်းစာဆရာ လုပ်ခဲ့တာ။ ဒီ့မတိုင်မီမှာ မြန်မာသတင်းစာတွေဖြစ်ကြတဲ့ ဥပမာ ၁၈၇၁ ခုနှစ်က ရန်ကုန်မှာ ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့်သတင်းစာ၊ ဒီသတင်းစာကို ရေးသားတည်းဖြတ်ထုတ်ဝေခဲ့တဲ့ သတင်းစာဆရာ တွေဟာ ဘယ်သူဘယ်ဝါဆိုတဲ့ နာမည်တောင် မဖော်ထုတ်နိုင်ခဲ့ပါဘူး။ စုလို့ဆောင်းလို့ရတဲ့ အဲဒီခေတ်က သတင်းစာတွေ ဖတ်ကြည့်တော့ အယ်ဒီတာတွေဟာ သူ့ခေတ်နဲ့သူ ပညာဗဟုသုတ ကြွယ်ဝသူတွေ၊ အရေးအသားကောင်းသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပေမယ့် သူတို့ ဘယ်သူတွေဆိုတာ မဖော်ထုတ် နိုင်ခဲ့ကြဘူး။ ဘိုးဝဇီရကိုတောင်မှ စာရေးဆရာ မဟာဆွေ ဖော်ထုတ် ရေးသားခဲ့လို့ နာမည်ရော သူ့အကြောင်းပါ ကျန်ရစ်ခဲ့တယ်။ ဒါတောင်မှ

သတင်းသမားတို့ လုပ်ခလစာ Read More »

စစ်ကြီးအတွင်း ကျွန်မ ကဗျာဆရာ,မဖြစ်ချင်ဘူး

ကျုပ်တို့ ဂါဇာကလူတွေ အဆင်ပြေပါတယ်။ နို့ … ခင်ဗျားတို့ရော၊ ခင်ဗျားတို့ရဲ့လိပ်ပြာတွေ၊ ခင်ဗျားတို့ရဲ့ တန်ဖိုးထားမှုတွေ အစစအရာရာ အဆင်ပြေကြရဲ့လား၊ ကျုပ်တို့က ခင်ဗျားတို့အတွက် စိတ်ပူနေတာ။ – ရီးမ်အဘူဂျာဘာ၊ ဂါဇာကမ်းမြောင်ရှိ ဒေးယားအယ်လ်-ဘာလာမြို့၌နေထိုင်သူ(ပြင်သစ်ရုပ်မြင်သံကြား၊ ၁၆ အောက်တိုဘာ ၂၀၂၃ အင်တာဗျူး) တလောက စာရေးဆရာပေါင်း ၇၀ နီးပါးပါဝင်ရေးသားထားသည့် “ဂါဇာရဲ့ အရုဏ်ဦး” (Daybreak in Gaza) စာအုပ်ဖတ်ရသည်။  ပါလက်စတိုင်းယဉ်ကျေးမှု၊ သမိုင်းနှင့် လူမှုဘဝတို့ကို ဖော်ကျူးထားသည့် စာပေါင်းစု (Anthology) ဖြစ်ပြီး ဆောင်းပါး၊ အက်ဆေး၊ ကဗျာ၊ စစ်အတွင်းဒိုင်ယာရီ၊ လူတွေ့မေးမြန်းခန်း၊ ပါးစပ် ရာဇဝင်၊ ဓာတ်ပုံနှင့် ပန်းချီသရုပ်ဖော်ပုံများပါသည်။ ယင်းစာအုပ်ထဲမှ  ကဗျာဆရာမ ဟင်းဒ်ဂျူဒါ၏ “စစ်ကြီးအတွင်းမှာ” (In Times of

စစ်ကြီးအတွင်း ကျွန်မ ကဗျာဆရာ,မဖြစ်ချင်ဘူး Read More »

ငွေပေးလို့မရ

ဦးသုခ သီဆိုသော ” ဂုဏ် ”  သီချင်းတွင် “ငွေကိုသာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ်” ဆိုသော်လည်း ‌လောကတွင် ငွေပေး၍မရသော အရာများစွာ ရှိပါသည်။ နော်ဝေလူမျိုး ကဗျာဆရာ၊ ပြဇာတ်ရေးဆရာကြီး Henrik Ibsenက ငွေပေးလို့မရတာတွေကို ရေတွက်ပြထားသည်။ What money can buy 1. A bed, but not the sleep  ခုတင်တစ်လုံးကို ဝယ်ယူနိုင်သော်လည်း အိပ်ပျော်ခြင်းကို ဝယ်လို့မရနိုင်ပါ။2. Books, but not the wisdom စာအုပ်တွေကို ဝယ်ယူနိုင်သော်လည်း ဉာဏ်ပညာကို ဝယ်လို့မရနိုင်ပါ။3. Food, but not the appetite  အစားအစာကို ဝယ်ယူနိုင်သော်လည်း ခံတွင်းလိုက်တာကို ဝယ်လို့မရနိုင်ပါ။4.

ငွေပေးလို့မရ Read More »

အယ်နီညိုတို့ လာချေဦးမည်

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ညဘက်မိုးရေစက်၏ ကာကွယ်မှုကြောင့် အေးဆေး သက်သာစွာ ကြည့်ခွင့် ရနေသည်။ သို့သော်လည်း ပွဲချိန် ၂၂ မိနစ်သို့ရောက်တိုင်း Hydration Break ကို စောင့်ဆိုင်း နေရခြင်း ဖြင့် စိတ်ထဲက မနှစ်သက်လှပေ။ အချို့ကလည်း ရေသန့်ကုမ္ပဏီများထံမှ ဝင်‌ငွေရအောင် ဖန်တီးခြင်း ဟုယူဆကြသည်။  သိရသလောက် ဆိုလျှင် ၂၀၁၄ ခုနှစ် ဘရာဇီးကမ္ဘာ့ဖလား ပြိုင်ပွဲမှစပြီး ကစားသမားများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ကာကွယ်ရန် ဒီစည်းမျဉ်းကို စတင်ကျင့်သုံးခဲ့ ခြင်းဖြစ်သည်။ WBGT (Wet Bulb Globe Temperature) အပူချိန် ၃၂ ဒီဂရီ စဲလ်စီးယပ်စ် (89.6°F) ထက် ကျော်လွန်သွားသည့်အခါ ပွဲစဉ်အတွင်း ရေသောက်ချိန် သတ်မှတ်ပေးလေသည်။ ၂၀၂၆ အမေရိကန်၊ ကနေဒါနှင့်

အယ်နီညိုတို့ လာချေဦးမည် Read More »

သတိ – ဤနေရာ၌ ငါးမျှားခြင်းမပြုရ

( ၁ ) ၁၉၃၀ ဖွား စာရေးဆရာ / သတင်းစာဆရာ အော့တာပါဗယ်လ်က ချက်ကိုစလိုဗားကီးယားနိုင်ငံ မြို့တော် ပရာ့ဂ်ဇာတိ။ အဖေက ဂျူးလူမျိုး နယ်လှည့်အရောင်းသမား။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မိသားစုအားလုံးလိုလို အဖမ်းခံရပြီး နာဇီအကျဉ်းစခန်းများ၌ ချုပ်နှောင်ခံရသည်။ ဂျူးလူမျိုးမဟုတ်သည့် သူ့အမေနှင့်သူ နှစ်ဦးတည်းအိမ်မှာ ကျန်ရစ်သည်။ သူတို့မြို့လေးက ချက်နိုင်ငံအလယ်ပိုင်း တစ်နေရာမှာတည်ရှိတဲ့ Buštěhrad ဆိုတဲ့ မြို့လေး။ သူ့စာအုပ် “ငါးတွေ အကြောင်း ကျွန်တော်ဘယ်လိုလုပ်သိလာခဲ့သလဲ” (How I came to know fish) က ဥရောပ အလယ်ပိုင်း ဒေသရဲ့ ဆိုးရွားလှတဲ့ ခေတ်ကာလကို ခြယ်မှုန်းထားတာ။ ပါဗယ်လ်က အားကစားသတင်းထောက်လည်း လုပ်သည်။ ရေဒီယိုနှင့် သတင်းစာတွေ မဂ္ဂဇင်းတွေမှာ အားကစားသတင်းဝေဖန်သူလည်း လုပ်သည်။

သတိ – ဤနေရာ၌ ငါးမျှားခြင်းမပြုရ Read More »

အင်းလျားရဲ့သတင်းစကား

တကယ်တော့ အင်းလျားကန်ဟာ အလျားရှည်လို့  အင်းလျားလို့ခေါ်လေသလား မသိပါ။ တက္ကသိုလ်မြေ ခြေချသူတိုင်း  အင်းလျားကို တက္ကသိုလ်ရဲ့သင်္ကေတတစ်ခုအဖြစ် မြင်တွေ့ရမှာ ပါ။ မွန်ဘာသာနဲ့ ကမာရွတ်ဆိုတဲ့ အဓိပ္ပာယ်က “ရတနာကန်” လို့ အင်းလျားကို ခေါ်ဝေါ်ထား တာပါ။ ကမာရွတ်မြို့နယ် လို့ အခေါ်ရှိတာကလည်း အင်းလျားကန်ကို  မွန်ဘာသာရဲ့အမည် အကြောင်းပြုပြီး ပေါ်ပေါက်လာတာပါ။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင်တဲ့ အခါ ရန်ကုန်တက္ကသိုလ်မှာ (၁)တက္ကသိုလ်ကောလိပ်နှင့် (၂)ဂျပ်ဆင်ကောလိပ်တို့ ကောလိပ် ကျောင်းနှစ်ကျောင်း ပေါ်ပေါက်လာပါတယ်။ ၁၉၂၃-ခုနှစ်ကုန်ခါနီးမှာ  ကျောင်းသား (၂၂၄) ဦး နေနိုင်တဲ့ သစ်သားဆောင် နှစ်ဆောင်ဆောက်လုပ်ရာက  ယခုအချိန်ထိ  မြင်တွေ့နေရတဲ့ တကောင်းကျောင်းဆောင်နှင့် ပြည်ကျောင်းဆောင်တို့ ဖြစ်ပြီး ၁၉၂၄- ခုနှစ်ဇွန်လမှာ ဖွင့်လှစ်

အင်းလျားရဲ့သတင်းစကား Read More »

ပုတ္တောဝါဒ နှင့်ကျွန်တော်

တစ်နေ့က အိပ်ရာဘေးကစာအုပ်ပုံကိုရှင်းဖြစ်တဲ့အခါ အောက်ဆုံးကထွက်လာသည့်စာအုပ်လေးက ပုတ္တောဝါဒပျို့ဋီကာ။ မည်သည့်အချိန်ကတည်းက ဖတ်မည်ဟုကြံစည်ထားမှန်းမမှတ်မိ။ စိတ်ထဲမှာ “အင်း ဒါလေးပြန်ဖတ်ကြည့်ဦးမှပါ” ဟု မှတ်မှတ်ရရရှိရန် တခြားစာအုပ်တွေကိုရွှေ့လိုက်ပြီး ထိုစာအုပ် တစ်အုပ်တည်းသာ ချန်ထားလိုက်သည်။ ယနေ့ ကျောင်းသင်ခန်းစာများကမည်သို့ရှိမည်မသိ။ ပုတ္တောဝါဒပျို့မှာ အင်္ဂလိပ်ခေတ်တွင် သတ္တမတန်းပြဋ္ဌာန်းစာအုပ်ဖြစ်သည်။ ပုတ္တောဝါဒဆိုသည်ကား လူငယ်လူရွယ်များမည်သို့ပညာရှာရမည်ကို လမ်းညွှန်ထားသော ပျို့အမျိုးအစားကဗျာတစ်ပုဒ်ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးဦးစိုးလှိုင်ရေးသည့် ဋီကာစာအုပ်တွင် ကဗျာတွင်သာမက စကားပြေဖြင့် ပြန်ရေးပြထားသဖြင့် ပထမတွင် ကဗျာများကိုကျော်ကာ စကားပြေများကိုသာဖတ်မိသည်။ ထိုသို့ ကဗျာများကိုကျော်ဖတ်ပါသော်လည်း မြင်နေရသဖြင့် သတိတစ်ချက်ထားလိုက်မိသွားသည်။ ထို့ကြောင့် ပထမရည်ရွယ်ချက်ကိုဖျောက်ပြီး စကားပြေကိုဆက်မဖတ်ဖြစ်တော့ဘဲ ကဗျာကိုပြန်ဖတ်မိသွားသည်။ ပုတ္တောသည် သားကိုဆိုလိုရင်းဖြစ်သည်။ ထိုအတူ ကဗျာထဲတွင် သားဆိုသည့်အသုံးအနှုန်းကို ထည်လဲသုံးသွားသည်ကိုတွေ့လိုက်ရသည်။ သို့ဖြင့် ဘယ်နှမျိုးတောင်သုံးသွားသလဲဆိုသည်ကို စိတ်ဝင်စား သွား၍ လိုက်ရှာမိသည်။ ပုတ္တောဝါဒ လင်္ကာပုဒ်ရင်း ၂ တွင်

ပုတ္တောဝါဒ နှင့်ကျွန်တော် Read More »

အိန္ဒိယဟာသ

အိန္ဒိယနိုင်ငံသား ဆစ်ခ်လူမျိုးစာရေးဆရာ ကွတ်ရှ်ဝမ့်ဆင်းရ်1 (၁၉၁၅-၂၀၁၄) ၏ Indian Humour ကိုပြန်ဆိုသည်။ အမေရိကန်စာရေးဆရာ လီးဆီးဂဲလ်ရဲ့ “ရယ်မောခြင်းကအရေးကြီးတယ်” စာအုပ်ဖတ်ရကာမှ ကျုပ်တို့အိန္ဒိယတိုင်းသားတွေမှာ ရှေးခေတ်ဟောင်းကနေ ဒီကနေ့အထိ လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ ဟာသအစဉ်အလာကြီးရှိမှန်းသိရသဗျ။ ကျုပ်တို့ဘိုးဘေးဘီဘင်တွေက သူတို့ရဲ့ဘုရင်တွေ၊ နိုင်ငံရေးသမားတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေကို တယ်ကလိထိုးခဲ့ကြသကိုး။ အဲသလိုအရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေကို မယားကြီး မယားငယ်တွေရဲ့ ကြိုးဆွဲခံနေရသူတွေ၊ ဇနီးမယားတွေက ဒူးမနာသားတွေထုတ်လုပ်ပြီး သူတို့ရဲ့ခေါင်းပေါ်ကိုအတင်ခံနေရသူတွေအဖြစ် လှောင်ပြောင်ခဲ့ကြသတဲ့။ ပြီးတော့ ကျုပ်တို့မှာ ဘာဘဲလ်, တီနာလီ၊ ရာမန်၊ ဂိုပေါလ်ဘိုးလို နန်းတွင်းပျော်တော်ဆက်တွေရှိသလေ။ သူတို့အလုပ်က သူတို့သခင်ထုတ်တဲ့ ဉာဏ်စမ်းပုစ္ဆာကိုပြေလည်အောင်ဖြေရှင်းရတာလည်းရှိရဲ့။ တခြားသခင်တွေရဲ့ အကြံပေးတွေ ပျော်တော်ဆက်တွေနဲ့ အပြိုင်နွှဲရတာလည်းရှိရဲ့။ သူတို့ရဲ့ ဟာသ ဇဝနဉာဏ်နဲ့ ပြက်လုံးတွေက သိပ်ထူးထူးကဲကဲကြီးတော့မဟုတ်ပေဘူး။ သို့ပေမဲ့ ဒီကနေ့အထိ သူတို့ဉာဏ်စမ်းပုစ္ဆာတွေ ဟာသတွေကို လူတွေကတန်ဖိုးထားကြတုန်း။

အိန္ဒိယဟာသ Read More »