အိုပက်အသစ်ဖြစ်လာနိုင်မည့် တရုတ်
အိုပက် (OPEC) ခေါ် ရေနံရောင်းနိုင်ငံများအဖွဲ့ကို မေ့လိုက်ကြ။ တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ညွှန်ကြားမည်။ အီရန်စစ်ပွဲဟာ ဓာတ်ဆီသမိုင်းတစ်လျှောက်မှာ ဖြန့်ဖြူးမှုမမျှော်လင့်ဘဲ အကြီးအကျယ်လျော့နည်း ကျဆင်းသွားတဲ့ ဖြစ်ရပ်ကိုပေါ်ပေါက်စေခဲ့ပါတယ်။ တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေတဲ့အချိန်မှာတောင် ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၅ဝ ဘယ်တော့မှရောက်မှာမဟုတ်ဘူးလို့ ဆန်းစစ်လေ့လာသူ အတော်များများက အဲဒီအီရန်ပဋိပက္ခ ဖြစ်ပွားခါစမှာ ကြိုတင်ဟောကိန်းထုတ်ခဲ့ကြတယ်။ အဲဒီအတွက် အစိုးရတချို့ကို ကျေးဇူးတင် ရမှာပါ။ အီရန်ရဲ့ စစ်လက်နက်တွေကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ် သန်းသွားလာလို့မရတော့ဘဲ ပင်လယ်ကွေ့အတွင်းမှာ တစ်ရက်ကို ရေနံစိမ်းစည်ပေါင်း ၁၄ သန်းခန့် ပိတ်မိသွားပြီးတဲ့နောက် သိပ်ပြီးတော့ မကြာခင်မှာပဲ အဘူဒါဘီနှင့် ဆော်ဒီအာရေဗျနိုင်ငံ တွေက ရေနံ သူ ဌေးအာရပ်ဘုရင်တွေဟာ အဲဒီရေလက်ကြားကို ရှောင်ကွင်းတဲ့ပိုက်လိုင်းတွေကတစ်ဆင့် တစ်နေ့ကို ရေနံစည် ငါးသန်းကို အပိုဆောင်း တင်ပို့ခဲ့ကြတယ်။ အမေရိကန်နဲ့ဂျပန် […]
အိုပက်အသစ်ဖြစ်လာနိုင်မည့် တရုတ် Read More »








