ထရမ့်ရဲ့ ကသောင်းကနင်း ကမ္ဘာ
ဒေါ်နယ်ထရမ့် ရင်ဆိုင်ရမယ့် မေ့လျော့ခံ ကမ္ဘာကြီးကို နားလည်နိုင်ဖို့ဆိုရင် စာမျက်နှာ (၇၅) မျက်နှာပါရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ဝေခဲ့တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးတွဲကော်မရှင်ရဲ့ အစီရင်ခံစာကို ဖွင့်ဖတ်လိုက်ပါ။ အမေရိကန် ရင်ဆိုင်ကြုံတွေ့ရမယ့် ခြိမ်းခြောက်မှုတွေဟာ ၁၉၄၅ခုနှစ် နောက်ပိုင်း ရင်ဆိုင်ခဲ့ရတဲ့ ခြိမ်းခြောက်မှု စိန်ခေါ်မှုတွေထက် အများကြီး ပိုပါတယ်။ ဒီအထဲမှာ သိပ်မကြာခင်ဖြစ်လာနိုင်တဲ့ စစ်ပွဲကြီးလည်း ပါဝင်တယ်။ အမေရိကန်ဟာ ဒေသဆိုင်ရာ ပဋိပက္ခအများအပြားကို တစ်ချိန်တည်း တိုက်ခိုက်ရဖွယ်ရှိပြီး ဒီပဋိပက္ခတွေဟာ ပေါင်းစည်းပြီး ကမ္ဘာ့ပဋိပက္ခတစ်ခုထိ ဖြစ်လာနိုင်တယ်။ အစီရင်ခံစာအရ အမေရိကန်ဟာ ဒီစစ်ပွဲတွေအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုတယ်။ ပိုဆိုးတာက အမေရိကန် ဟာ ကိုယ့်အနီးပတ်ဝန်းကျင်ကမ္ဘာကြီး ဘယ်လောက်အထိ မှောင်မိုက်လာနေတယ်ဆိုတာ ထိတ်လန့်စရာ ကောင်းအောင် သတိမမူမိတာဘဲဖြစ်တယ်။ သမ္မတသစ်အနေနဲ့ ပြဿနာပေါင်းစုံကို အမွေဆက်ခံရမှာဖြစ်တယ်။ အမေရိကန်ဟာ […]
ထရမ့်ရဲ့ ကသောင်းကနင်း ကမ္ဘာ Read More »





