The Corner

The Corner

cropped-Logo_round_grey-background.png

အာရှ

မဟာမိတ် တောင်ကိုရီးယားနှင့်စစ်ရေးလေ့ကျင့်မှုကို ရုတ်ခြည်း လျော့ချလိုက်တဲ့ ဒေါ်နယ်ထရမ့်

ထိုသို့ လုပ်ဆောင်ခြင်းက အမေရိကန်၏ မဟာမိတ်နိုင်ငံများကိုယုံကြည်မှုကို ပိုမိုလျော့ကျသွားစေခဲ့ သည်။ အူလ်ချီ ဖရီးဒမ်းရှီးလ်ဒ် (Ulchi Freedom Shield) ဟုနာမည်ပေးထားသော နှစ်ပတ်လည်စစ်ရေး လေ့ ကျင့်မှု တစ်ရပ်မှာ အမေရိကန်နှင့်တောင်ကိုရီးယား တပ်ဖွဲ့ဝင် ထောင်သောင်းချီပါဝင်ပြီး မြောက်ကိုရီး ယား၏ ခြိမ်း‌ခြောက်မှုအန္တရာယ်ကိုလက်တုံ့ပြန်ရန် ပူးတွဲလေ့ကျင့်မှုဖြစ်သည်။ ယခုနှစ်နွေရာသီ၏ပုံမှန် ဆောင်ရွက်မှု အစီအစဉ်ကို ဩဂုတ်လ ၁၇ ရက်နေ့တွင် စတင်ခဲ့သည်။ ဒရုန်းစစ်ပွဲ ကဲ့သို့ ယူကရိန်းနှင့် ရုရှားစစ်ပွဲတွင် တိုက်ခိုက်မှုများ ကို မြောက်ကိုရီးယားစစ်သည်များ လေ့ကျင့်ဆည်းပူး ရယူနိုင်သည့် စစ် ရေး စွမ်းရည်သစ်များကို တုံပြန့်ရန် မဟာမိတ်နှစ်နိုင်ငံက စီစဉ်ထားခဲ့သည်။ သို့ရာတွင် ထိုစစ်ရေးလေ့ကျင့် မှုမစတင်မီညမှာပင် သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးလေ့ကျင့်မှု ကုန်ကျစရိတ်များ၊ အီရန်စစ်ပွဲတွင် တောင်ကိုရီးယားက ကူညီပံ့ပိုးရန် […]

မဟာမိတ် တောင်ကိုရီးယားနှင့်စစ်ရေးလေ့ကျင့်မှုကို ရုတ်ခြည်း လျော့ချလိုက်တဲ့ ဒေါ်နယ်ထရမ့် Read More »

ကမ္ဘာအနှံ့ ခြေဆန့်လာတဲ့ တရုတ်ကုမ္ပဏီများ

(တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) စီမံကိန်းဆိုတာ တရုတ်နိုင်ငံ နဲ့ ကမ္ဘာ့နိုင်ငံ အများအပြားကြား ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး နဲ့ အခြေခံအဆောက်အအုံတွေကို ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်ထားတဲ့ ကွန်ရက်ကြီးပဲ ဖြစ်တယ်။ “ရပ်ဝန်း နဲ့ ပိုးလမ်းမ” လို့ ခေါ်တွင်တဲ့ တရုတ်စီမံကိန်း တွေဟာ ခုဆိုရင် ကမ္ဘာအနှံ့ကို ဖြန့်ကြက်နေပါပြီ။ BRI စီမံကိန်းနဲ့ ဆက်စပ်ပြီး မြန်မာ နဲ့ တရုတ်ကြားမှာ (CMEC)လို့ ခေါ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံန် စီမံကိန်းလည်း ရှိနေတယ်။ ဒါကတော့ အားလုံး သိကြပြီးဖြစ်တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်း နဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အပါအဝင် အခြား စီမံကိန်းတွေပဲ

ကမ္ဘာအနှံ့ ခြေဆန့်လာတဲ့ တရုတ်ကုမ္ပဏီများ Read More »

ထိတ်လန့်တုန်လှုပ်ဖွယ် ထိုင်းသတင်းနှစ်ပုဒ်

ထိုင်းနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းနဲ့ဩဂုတ်လဆန်းပိုင်းတို့မှာ တစ်နိုင်ငံလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ သတင်းနှစ်ခု ဆက်တိုက် ထွက်ပေါ်ခဲ့တယ်။ ပထမသတင်းက ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ ရုရှားမောင်နှမနှစ်ဦး အသတ်ခံရ တဲ့ သတင်း၊အသက် (၂၂) နှစ်နဲ့ (၁၇) နှစ်အရွယ် ရုရှားမောင်နှမနှစ်ယောက် ဆိုင်ကယ်တစီးနဲ့ ပျောက်သွားလို့ ရဲက လိုက် ရှာရင်းနဲ့အနားက တောအုပ် တ နေရာမှာ သတ်ဖြတ် မြေမြှုပ် အလောင်းဖျောက်ခံထားရတာ သွားတွေ့တယ်။ အဲဒီနားမှာပဲ ထိုင်းမိသားစုသုံး ယောက် အလားတူ သတ်ဖြတ်မြေမြှုပ်ထားတာ ထပ်တွေ့တယ်။ ကျူးလွန်တဲ့သူက ထောင်ကထွက်လာတာ နှစ်လတောင်မပြည့်သေးတဲ့ အသက် (၄၃) နှစ်အရွယ် Pong ဆိုသူ နဲ့အပေါင်းပါသုံးယောက်၊ကျူးလွန်သူပုံနဲ့သတင်းတွေတက်လာတော့ လူမိုက်ပုံထွက်နေတဲ့ Pong ဆိုသူကို သူ့ရဲ ကမ်းကုန်တဲ့ ရက်စက်ယုတ်မာမှုကြောင့် လူတွေက အင်မတန် မုန်းတီး

ထိတ်လန့်တုန်လှုပ်ဖွယ် ထိုင်းသတင်းနှစ်ပုဒ် Read More »

အင်ဒိုပစိဖိတ်ရေလမ်း၏ မဟာဗျူဟာ အရေးပါဆုံး အချက်အချာဒေသ – မလက္ကာရေလက်ကြား

ဟောမုဇ်နဲ့မလက္ကာရေလက်ကြားတွေရဲ့ ထိခိုက်လွယ်တဲ့ အားနည်းချက်တွေဟာ အခြေခံအရခြားနားကြပါတယ်။ ဒါပေမဲ့ မလက္ကာရေလက်ကြားပိတ်လိုက်ရင်တော့ အခြေအနေက ပိုပြီးဆိုးရွားသွားပါလိမ့်မယ်။ အမေရိကန်နဲ့အစ္စရေးနိုင်ငံတွေက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့ဖြစ်ရပ်အဖြစ်အီရန်နိုင်ငံရဲ့ ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုဟာ အခုတစ်ခါ ကမ္ဘာပေါ်မှာအခိုင်မာဆုံးနဲ့ရေရှည် အမြစ်တွယ်နေတဲ့ မဟာဗျူဟာမြောက် အားနည်းချက်တွေရှိတဲ့ နေရာတစ်ခု ပြန်ဖြစ်လာခဲ့တယ်။ ပမာဏအရဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ပင်လယ်ရေကြောင်းလမ်းကိုအသုံးပြုပြီးပို့ဆောင်ခဲ့ရတာဖြစ်တယ်။ ထူးခြားတာကတော့ အဲဒီလိုပို့ဆောင်မှုရဲ့ရေကြောင်း သွားလာမှုတွေဟာ လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ ဗျူဟာမြောက် ကျဉ်းမြောင်း ရေကြောင်းဆုံမှတ် (Choke Point)တွေကိုဖြတ်သန်းသွားလာရတာဖြစ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင်တော့ ပင်လယ်ရေကြောင်းလမ်းကနေလာတဲ့ ရေနံကုန်သွယ်ရေးအားလုံးရဲ့ လေးပုံတစ်ပုံနဲ့ တစ်ကမ္ဘာလုံးရဲ့ သဘာဝ ဓာတ်ငွေ့ရည်တင်ပို့မှု (Liquified Natural Gas – LNG)ရဲ့ငါးပုံတစ်ပုံလောက်ဟာ ပုံမှန်အားဖြင့် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသယ်ဆောင်ကြရပါတယ်။ အရှေ့ဘက်ကိုဆက်သွားရင်တော့အစွန်ဆုံးမှာ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာတွေကို ဆက်သွယ်ထားပြီး စွမ်းအင်ပို့ဆောင်ဖြည့်ဆည်းရေး၊စက်မှုကုန်ထုတ်လုပ်ငန်းဆိုင်ရာ

အင်ဒိုပစိဖိတ်ရေလမ်း၏ မဟာဗျူဟာ အရေးပါဆုံး အချက်အချာဒေသ – မလက္ကာရေလက်ကြား Read More »

စင်္ကာပူ မီဒီယာ လွတ်လပ်ခွင့် ဘာလဲ၊ ဘယ်လဲ

ဒီမိုကရေစီ နဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ ဒွန်တွဲလို့ နေတယ်။ မီဒီယာ လွတ်လပ်ခွင့်မရှိဘဲ ဒီမိုကရေစီ ရှိတယ်လို့ ပြောလို့မရဘူးလို့ ဆိုကြပါတယ်။ အာဏာရှင် နိုင်ငံတွေမှာကတော့ ရှင်းတယ်။ မီဒီယာ လွတ်လပ်ခွင့် မရှိဘူး။ သတင်းအချက်အလက် တိုင်းဟာ အစိုးရ အာဘော်ပဲ။ မီဒီယာ လွတ်လပ်ခွင့် မရှိသလို လွတ်လပ်တဲ့ မီဒီယာတွေလည်း မရှိဘူး။ သိပ်မကြာသေးခင်က စင်္ကာပူတရားရုံး တစ်ရုံးက နာမည်ကျော် Bloomberg သတင်းဌာနကို အသရေ ဖျက်မှုနဲ့ လျော်ကြေး စင်္ကာပူဒေါ်လာ (၄၆၀၀၀၀) ပေးဖို့ အမိန့်ထုတ်လိုက်တယ်။ ဒီအမှုမှာ တရားလို တွေက စင်္ကာပူ ဝန်ကြီးနှစ်ဦးဖြစ်တဲ့ ရှန်မူဂမ် နဲ့ တန်ဆီးလန်တို့ပါ။ ရှန်မူဂမ်က အမျိုးသား လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးနဲ့ တရားရေးဝန်ကြီးဟောင်းဖြစ်ပြီး

စင်္ကာပူ မီဒီယာ လွတ်လပ်ခွင့် ဘာလဲ၊ ဘယ်လဲ Read More »

USAID မုန်တိုင်းအပြီး တစ်နှစ်အကြာ

The Economist magazine ပါ Dana Zartner ၏ ဆောင်းပါးကို ထုတ်နုတ် ပြန်ဆိုသည်။ အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်ဖြတ်တောက်မှုအပြီး ငါးလအကြာ ၂၀၂၅ခုနှစ် ဇွန်လမှာ ဖနွမ်းပင်အခြေစိုက် အမေရိကန်သံရုံး အဖွဲ့ဟာ ကမ္ဘောဒီးယား အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ နိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယား ဘက်က စိတ်ညစ်နေကြပါတယ်။ ရှုပ်ထွေးတဲ့ သမိုင်းတစ်လျှောက် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ကောင်းလိုက် ဆိုးလိုက်ဖြစ်နေပေမယ့် အခုလို ဘာသတင်းစကားမှ မပေးဘဲ အကူအညီတွေကို ရုတ်တရက် ရပ်ပစ်လိုက်တာမျိုးတော့ အရင်က မရှိခဲ့ဘူးပါ။ ကမ္ဘောဒီးယား မှာရှိတဲ့ အမေရိကန် အကြီးတန်းအရာရှိတစ်ယောက်က “ကမ္ဘောဒီးယား အရာရှိတွေက အဓိကအလှူရှင်ဖြစ်တဲ့ USAID ရဲ့ အကူအညီတွေ ရပ်တန့်မှုကြောင့် ဖြစ်လာတဲ့ ကမ္ဘောဒီးယား ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် အခက်အခဲ တွေကို

USAID မုန်တိုင်းအပြီး တစ်နှစ်အကြာ Read More »

လာအိုနိုင်ငံရဲ့ အကြီးစားပို့ကုန် အိပ်မက်

လာအိုနိုင်ငံဟာ ရေအားလျှပ်စစ်စွမ်းအင်တင်ပို့နိုင်ရေး အိပ်မက် အကြီးကြီးရှိနေတယ်။ ဒါပေမဲ့ သူ့နိုင်ငံတွေရဲ့ ဆည်တွေက ကြွေးမြီတွေရော တခြားပြဿနာတွေနဲ့ပါ လျှံနေတယ်။ ဒေသကြီးအတွင်းက အချက်အလက်တွေ သိုလှောင်ရေး အဆောက်အအုံ (Data Center)  ဒေတာစင်တာတွေနဲ့ စက်ရုံကြီးတွေ အတွက် ရည်မှန်းချက်ကြီးတွေ ထားရှိတဲ့ အရှေ့တောင် အာရှဒေသ ဟာ စွမ်းအင်လိုအပ်တယ်။ ၂ဝ၂၆ ခုနှစ် ဇွန်လအတွင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အဖွဲ့က ခန့်မှန်းခဲ့ရာမှာ ဒီဒေသကြီးမှာ အခုအချိန်နဲ့ ၂ဝ၃၅ ခုနှစ်ကြား တစ်ကမ္ဘာလုံး စွမ်းအင်လိုအပ်ချက် တိုးလာတာရဲ့ ငါးပုံတစ်ပုံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လောလောဆယ်မှာတော့ အိန္ဒိယနိုင်ငံ တစ်နိုင်ငံကပဲ ပိုပြီးဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ထားတယ်။ ပြီးပြတ်ဖို့ မမြင်ရသေးတဲ့ အီရန်စစ်ပွဲကြောင့် စိတ်ပျက်ဖွယ်ရာ သင်ခန်းစာ ယူခဲ့ရသလိုပဲ စွမ်းအင်ကို စိတ်ချလက်ချနဲ့ အမြဲမပြတ်

လာအိုနိုင်ငံရဲ့ အကြီးစားပို့ကုန် အိပ်မက် Read More »

လူကြိုက်ပိုများလာတဲ့ အိန္ဒိယက ပိုးဟပ်ပါတီ နိုင်ငံရေးလှုပ်ရှားမှု

အစိုးရကတော့ မဖြစ်နိုင်ဘူးလို့ အပိုင်တွက်ထားတယ် ကော့ခရို့ချ်ဂျန်တာပါတီ (The Cockroach Janta Party – CJP) ကို တည်ထောင်တဲ့ အဘီဂျီးသ် ဒစ်ပ်ကေး (Abhijeet Dipke) က သူ နယူးဒေလီလေဆိပ်ကို ရောက်လာတာနဲ့ အဖမ်းခံရလိမ့်မယ်၊ ဒါ့အပြင် သူစီစဉ်ထားတဲ့ ကန့်ကွက်ဆန္ဒပြပွဲကိုလည်း တားမြစ်ပိတ်ပင်ခံရလိမ့်မယ်လို့ ကြိုတင်ဟောကိန်းထုတ်ထားခဲ့တယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတင် အမေရိကန်နိုင်ငံ၊ ဘော့စတွန်မြို့က သူ့အိမ်မှာနေပြီး အင်တာနက် ကနေ လှောင်ပြောင်တဲ့ပုံနဲ့ စာသား (memes) တွေကို တင်နေတဲ့သူတစ်ယောက်အတွက် နည်းနည်း ပုံကြီးချဲ့သလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မစ္စတာဒစ်ပ်ကေးဟာ မမျှော်လင့်ထားဘဲနဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်အတွက် ခေါင်းဆောင်နေရာ ရောက်သွားရတာကို သူကိုယ်သူ သိသွားတယ်။ အိန္ဒိယနိုင်ငံက အလုပ်လက်မဲ့လူငယ်တွေနဲ့ ပတ်သက်ပြီး အခုနှစ် မေလအလယ်ပိုင်းတုန်းက အိန္ဒိယ

လူကြိုက်ပိုများလာတဲ့ အိန္ဒိယက ပိုးဟပ်ပါတီ နိုင်ငံရေးလှုပ်ရှားမှု Read More »

ကင်မ်ဂျုံအန် ဘာကိုကြောက်သလဲ

ကိုဗစ်-၁၉ ကပ်ဘေးရောဂါကြီး နောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံတွင် သေဒဏ်ပေးလောက်သည့် ပြစ်မှုများမှာ လူသတ်မှုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် မှုခင်းကြီးများသာမကတော့ဘဲ ပြည်ပမှ သတင်းများ စီးဆင်းမှု၊ ဘာသာရေး အယူအဆနှင့် နိုင်ငံရေး အမြင်ကွဲလွဲမှု စသည်တို့ကို တားမြစ်ထားရာမှ ပေါ်ပေါက်လာသည့် အချက်များကိုပါ သေဒဏ်ပေးလောက်သည့် အပြစ်များအဖြစ် ထပ်တိုးခဲ့ကြောင်း သိရသည်။ တကယ်တော့ မြောက်ကိုရီးယားတွင် ပြစ်မှုကျူးလွန်သည်ဟု သတ်မှတ်ပြီး သေဒဏ်ချမှတ်ခြင်း၊ စီရင်ခြင်းများမှာ အဆန်းတကြယ် ကိစ္စတော့မဟုတ်ပေ။ လူရှေ့သူရှေ့တွင် သေဒဏ်စီရင်ခြင်းကို အာဏာရှင်များက ပြည်သူများ ကြောက်ရွံ့သွားစေရန် လုပ်ဆောင်သည့် နည်းလမ်းအဖြစ် အသုံးချခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် ယခုဆောင်းပါးသည် သေဒဏ်စီရင်ခြင်း အကြောင်းကိုသာ ပြောလိုရင်း မဟုတ်ဘဲ ဘာကြောင့် သေဒဏ်ပေးရသလဲဆိုသည့် အခြေခံအချက်များ ပြောင်းလဲလာပုံကို ပြောပြချင်ခြင်း ဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်

ကင်မ်ဂျုံအန် ဘာကိုကြောက်သလဲ Read More »

ဆာရာ ဒူတာတေးနဲ့ မားကို့စ် ဂျူနီယာတို့ရဲ့ ဖိလစ်ပိုင် နိုင်ငံရေး ဇာတ်ခုံ

မေလ ၁၁ ရက်နေ့မှာ ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးအပေါ် အယုံအကြည်မရှိအဆို တင်သွင်းခံလိုက်ရပြီးတဲ့နောက် မြို့တော် မနီလာမှာ ဇာတ်ရှိန်တွေ မြင့်တက်လာပါတယ်။ ဒီအခြေအနေတွေဟာ မေလ ၁၃ ရက်နေ့မှာ ပိုမိုပြင်းထန်လာပြီး ဒူတာတေးကို လိုလားတဲ့ အထက် လွှတ်တော် (ဆီးနိတ်) အမတ်တွေက လွှတ်တော်အဆောက်အအုံကို အစိုးရအာဏာပိုင်တွေက အကြမ်းဖက်နည်းနဲ့ ဝင်သိမ်းတော့မယ်ဆိုကာ လွှတ်တော်ထဲကနေ မထွက်ကြတော့ပါဘူး။ ဒီလို အဖြစ်အပျက်တွေနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်ဟာ ဒီလို ဗရုတ်ဗရက် အခြေအနေတွေကြောင့် လာမယ့် ၂၀၂၈ ခုနှစ်မှာ ဘယ်လို ခေါင်းဆောင်မျိုးက နိုင်ငံကို ဦးဆောင်မယ်ဆိုတာ အရေးတကြီး ကိစ္စတစ်ခု ဖြစ်လာနေပါပြီ။ လူကြမ်းသမ္မတကြီး ရိုဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်သူ မစ္စ ဒူတာတေးဟာ ဖိလစ်ပိုင်ရဲ့ နိုင်ငံရေး အာဏာအရှိဆုံး

ဆာရာ ဒူတာတေးနဲ့ မားကို့စ် ဂျူနီယာတို့ရဲ့ ဖိလစ်ပိုင် နိုင်ငံရေး ဇာတ်ခုံ Read More »