The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၂၈)

သေမင်းသခင် သွေးနတ်ဝင်သည် … 

Historian Roger Spiller (1944-2017) declared that “the most frightening lesson” he has learned from military history is that “ordinary” people are capable of heinous crimes in the right circumstances. စစ်နှင့်လုလင် ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀) ၏ကဗျာတိုထွာတွေဖတ်တိုင်း ရင်ထဲဆွေးသလိုလို၊ တစ်စုံတစ်ခုကိုဆုံးရှုံးသွားသလိုလို ခံစားရတဲ့ကဗျာက “စစ်နှင့်လုလင်” (၁၉၅၁) ကဗျာ။ ကဗျာသုံးပိုဒ်ထဲက နောက်ဆုံးအပိုဒ်ဖတ်ရတိုင်း ကျွန်တော့်ရင်ထဲတလှပ်လှပ်။ လွတ်လပ်ရေးဟုယေးဘိတ်ကုန်စင်၊ ချင်းတွင်းဝင်သည်လုလင် တိုက်ပွဲဆိုင်ခဲ့၏။ တော်လှန်ရေးဟုရန်ကြွေးဆပ်ချင်၊ တောခိုဝင်သည်လုလင် သေနတ်ကိုင်ခဲ့၏။ ပွဲတခုတွင်၊ တိုက်ကင်းပြင်သော်အရှင်လှလှ၊ ရန်ဓားပြကိုလက်ရဖမ်းလေ၊ မှာလိုက်ချေလည်းသေမင်းသခင်၊ သွေးနတ်ဝင်သည်လုလင် မထိန်းနိုင်ခဲ့ပြီ။             ဆရာဦးခင်ဇော် (ကေ)နှင့် တက္ကသိုလ်ညိုမေ ဆရာဦးခင်ဇော် (၁၉၀၅-၁၉၈၉) က ဆရာဇော်ဂျီ့ကဗျာကို War and Youth ပြန်ဆိုခဲ့သည်။ ယင်း    ကဗျာကိုပင် တက္ကသိုလ်ညိုမေက Youth and War ဟုပြန်ဆိုခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္က     သိုလ်ကလောင်အသင်းက ထုတ်ဝေခဲ့သော “စစ်မုန်းသူကဗျာများ” (The Songs of Peace) မြန်မာ-    အင်္ဂလိပ်စာအုပ်၌ဖော်ပြခဲ့သည်။ ဆရာတို့နှစ်ဦး၏ဘာသာပြန်ကို မူရင်းကဗျာနှင့်တိုက်ပြီး တစ်ပိုဒ်ချင်း ဆွေးနွေးသွားပါမည်။ လွတ်လပ်ရေးဟုယေးဘိတ်ကုန်စင်၊ ချင်းတွင်းဝင်သည်လုလင် တိုက်ပွဲဆိုင်ခဲ့၏။ ဦးခင်ဇော် (ကေ)  For freedom’s cause He marches up from Mergui, Ye, Even up to

သေမင်းသခင် သွေးနတ်ဝင်သည် …  Read More »

ဟန်တာဗိုင်းရပ်က စိုးရိမ်စရာကောင်းလား 

ဗိုင်းရပ်စ်ပိုး တစ်မျိုးက လူတွေကြားထဲမှာ ဘယ်လိုပျံ့နှံ့သွားလဲဆိုတာကို ရှာဖွေ ဖော်ထုတ်ဖို့ဆိုတာ စုံထောက်တစ်ယောက်လို အလုပ်လုပ် ရတာမျိုး ဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူ့ကို ကူးခဲ့တာလဲ၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ကူးသွားခဲ့တာလဲဆိုတာကို သိဖို့အတွက် လူနာတွေ ဖျားနာခြင်း လက္ခဏာတွေ ဝင်မလာခင် ရက်သတ္တပတ်တွေအတွင်း ဘယ်သွားခဲ့လဲ၊ ဘာတွေလုပ်ခဲ့လဲဆိုတဲ့ အချိန်နှင့်တစ်ပြေးညီ သွားလာ လှုပ်ရှားမှုတွေကို သေသေချာချာ စစ်ဆေး သုံးသပ်ရပါတယ်။ ဒီလို စုံစမ်းလေ့လာရာမှာ အပြင်လောကနဲ့ အထိအတွေ့ပြတ်နေတဲ့ လူအုပ်စုဖြစ်လေလေ၊ အချက်အလက်တွေက ပိုပြီးတိကျလေလေ ဖြစ်ပါတယ်။ အပြင်လောကနဲ့ တွေ့ထိမှု မရှိတဲ့ လူအုပ်စု (သင်္ဘောပေါ်ကလူတွေ) ကတော့ လူဝင်လူထွက် အကန့်အသတ်ရှိပြီး လူနာတွေရဲ့ သွားလာလှုပ်ရှားမှုကို အတိအကျနီးပါး ပြန်လည်ခြေရာခံနိုင်တဲ့အတွက် ရောဂါပိုးဟာ ဘယ်သူ့ဆီကနေ ဘယ်လိုစတင်ကူးစက်ပြီး ဘယ်လိုပျံ့နှံ့သွားခဲ့လဲဆိုတဲ့ ကွင်းဆက်ကို

ဟန်တာဗိုင်းရပ်က စိုးရိမ်စရာကောင်းလား  Read More »

ကင်မ်ဂျုံအန် ဘာကိုကြောက်သလဲ

ကိုဗစ်-၁၉ ကပ်ဘေးရောဂါကြီး နောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံတွင် သေဒဏ်ပေးလောက်သည့် ပြစ်မှုများမှာ လူသတ်မှုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် မှုခင်းကြီးများသာမကတော့ဘဲ ပြည်ပမှ သတင်းများ စီးဆင်းမှု၊ ဘာသာရေး အယူအဆနှင့် နိုင်ငံရေး အမြင်ကွဲလွဲမှု စသည်တို့ကို တားမြစ်ထားရာမှ ပေါ်ပေါက်လာသည့် အချက်များကိုပါ သေဒဏ်ပေးလောက်သည့် အပြစ်များအဖြစ် ထပ်တိုးခဲ့ကြောင်း သိရသည်။ တကယ်တော့ မြောက်ကိုရီးယားတွင် ပြစ်မှုကျူးလွန်သည်ဟု သတ်မှတ်ပြီး သေဒဏ်ချမှတ်ခြင်း၊ စီရင်ခြင်းများမှာ အဆန်းတကြယ် ကိစ္စတော့မဟုတ်ပေ။ လူရှေ့သူရှေ့တွင် သေဒဏ်စီရင်ခြင်းကို အာဏာရှင်များက ပြည်သူများ ကြောက်ရွံ့သွားစေရန် လုပ်ဆောင်သည့် နည်းလမ်းအဖြစ် အသုံးချခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် ယခုဆောင်းပါးသည် သေဒဏ်စီရင်ခြင်း အကြောင်းကိုသာ ပြောလိုရင်း မဟုတ်ဘဲ ဘာကြောင့် သေဒဏ်ပေးရသလဲဆိုသည့် အခြေခံအချက်များ ပြောင်းလဲလာပုံကို ပြောပြချင်ခြင်း ဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်

ကင်မ်ဂျုံအန် ဘာကိုကြောက်သလဲ Read More »

ဆာရာ ဒူတာတေးနဲ့ မားကို့စ် ဂျူနီယာတို့ရဲ့ ဖိလစ်ပိုင် နိုင်ငံရေး ဇာတ်ခုံ

မေလ ၁၁ ရက်နေ့မှာ ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးအပေါ် အယုံအကြည်မရှိအဆို တင်သွင်းခံလိုက်ရပြီးတဲ့နောက် မြို့တော် မနီလာမှာ ဇာတ်ရှိန်တွေ မြင့်တက်လာပါတယ်။ ဒီအခြေအနေတွေဟာ မေလ ၁၃ ရက်နေ့မှာ ပိုမိုပြင်းထန်လာပြီး ဒူတာတေးကို လိုလားတဲ့ အထက် လွှတ်တော် (ဆီးနိတ်) အမတ်တွေက လွှတ်တော်အဆောက်အအုံကို အစိုးရအာဏာပိုင်တွေက အကြမ်းဖက်နည်းနဲ့ ဝင်သိမ်းတော့မယ်ဆိုကာ လွှတ်တော်ထဲကနေ မထွက်ကြတော့ပါဘူး။ ဒီလို အဖြစ်အပျက်တွေနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်ဟာ ဒီလို ဗရုတ်ဗရက် အခြေအနေတွေကြောင့် လာမယ့် ၂၀၂၈ ခုနှစ်မှာ ဘယ်လို ခေါင်းဆောင်မျိုးက နိုင်ငံကို ဦးဆောင်မယ်ဆိုတာ အရေးတကြီး ကိစ္စတစ်ခု ဖြစ်လာနေပါပြီ။ လူကြမ်းသမ္မတကြီး ရိုဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်သူ မစ္စ ဒူတာတေးဟာ ဖိလစ်ပိုင်ရဲ့ နိုင်ငံရေး အာဏာအရှိဆုံး

ဆာရာ ဒူတာတေးနဲ့ မားကို့စ် ဂျူနီယာတို့ရဲ့ ဖိလစ်ပိုင် နိုင်ငံရေး ဇာတ်ခုံ Read More »

အီရန်စစ်ပွဲ နှင့် ခေါင်းဆောင်မှု သုတ်သင်ရှင်းလင်းရေး မဟာဗျူဟာ မူဝါဒ အမှား 

အီရန်စစ်ပွဲ၏ အစပိုင်း၌ အမေရိကန်နှင့် အစ္စရေး ပူးပေါင်းစစ်ဆင်တိုက်ခိုက်မှု “Operation Epic Fury” ကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ‘အယာတိုလာ အလီ ခါမေနီ’ အပါအဝင် တီဟီရန်အစိုးရ၏ အရေးကြီး ပုဂ္ဂိုလ်အများအပြား သေဆုံးခဲ့ကြရသည်။ ထိုလုပ်ရပ်ကြောင့် အမေရိကန်နှင့် အစ္စရေးတို့သည် “မဖြတ်ကျော်သင့်သော နိုင်ငံတကာစည်း အသစ်တစ်ခုကို ဖြတ်ကျော်လိုက်ခြင်း” ဖြစ်သည်ဟု ‘နယူးယော့ခ်တိုင်း(မ်)’ သတင်းစာ နှင့် အခြားနိုင်ငံတကာ မီဒီယာအချို့က သုံးသပ်ဖော်ပြသွားခဲ့ကြသည်။ အဆိုပါ “မဖြတ်ကျော်သင့်သော စည်း” ဆိုသည်မှာ နိုင်ငံခေါင်းဆောင်တစ်ဦးကို ရည်ရွယ်ချက်ရှိရှိ ပြောင်ပြောင်တင်းတင်း သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် စတင်ခဲ့သော စစ်ပွဲသည် အမေရိကန်တို့ဘက်မှ နောက်ပြန်ဆုတ်ခွာရခြင်းဖြင့် နိဂုံးချုပ်သွားနိုင်ဖွယ် ရှိနေသည်ဟု “ဂျက်ဖရီ ဆက်ချ် နှင့် ဆိုင်ဘီလ် ဖာရက်စ်” တို့က သုံးသပ် တင်ပြ ခဲ့ကြဖူးသည်။ အီရန်စစ်ပွဲတွင် အမေရိကန်၏

အီရန်စစ်ပွဲ နှင့် ခေါင်းဆောင်မှု သုတ်သင်ရှင်းလင်းရေး မဟာဗျူဟာ မူဝါဒ အမှား  Read More »

ဗြိတိန်နိုင်ငံအတွက် နည်းပြသစ်တဦး အလိုရှိသည် 

ဗြိတိန်နိုင်ငံသာ ဘောလုံးအသင်းတစ်သင်း ဖြစ်ခဲ့မယ်ဆိုရင် အခုအချိန်မှာ တန်းဆင်းဇုန်နဲ့ မလှမ်းမကမ်းမှာ ရုန်းကန်နေရမှာ သေချာပါတယ်။ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးဟာ ယိုင်နဲ့နေပြီး ပြည်သူတွေကလည်း စိတ်ဓာတ်ကျနေကြသလို အစိုးရအဖွဲ့ ထိပ်ပိုင်းမှာလည်း နောက်ထပ် ရှက်စရာကောင်းတဲ့ အကျပ်အတည်းတစ်ခု ဆိုက်ရောက်နေတယ်။ ကံကောင်းတာတစ်ခုကတော့ ဗြိတိန်နိုင်ငံရဲ့ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းကြီးတစ်ခုဟာ ဗြိတိန်စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့အတွက် စံပြမဟာဗျူဟာတစ်ခု ဖြစ်နေတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က အင်္ဂလိပ်ဘောလုံးလောကဟာ လှောင်ပြောင်စရာ အဆင့်မှာပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ကမ္ဘာ့အင်အားကြီး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်နေခဲ့ပါပြီ။ ခုဆိုရင် အင်္ဂလိပ်ပရီးမီယာလိဂ်ဟာ ကမ္ဘာပေါ်မှာ ကြည့်ရှုသူအများဆုံး ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်ပြီး တစ်နှစ်ကို စုစုပေါင်း အသားတင်တန်ဖိုး (Gross Value Added) ဝင်ငွေ ပေါင် ၁၀

ဗြိတိန်နိုင်ငံအတွက် နည်းပြသစ်တဦး အလိုရှိသည်  Read More »

လက်နက်လား၊ လာမယ် … ကြာမယ် 

အမေရိကန်ပြည်ထောင်စုက တစ်ကမ္ဘာလုံးကို လက်နက်ရောင်းလာတာ ကြာပါပြီ။ ၂၀၂၁ နဲ့ ၂၀၂၅ အကြား သူ့ရဲ့ လက်နက်ရောင်းအားဟာ ရုရှား၊ တရုတ် နဲ့ ဥရောပသမဂ္ဂ (EU) တို့ စုစုပေါင်းရောင်းအားကို ကျော်လွန်ပြီး တစ်ကမ္ဘာလုံးလက်နက်အရောင်းအဝယ်ရဲ့ ၄၂% ထိ ရောက်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ ဥရောပကို လက်နက်ရောင်းအားဟာ ပြီးခဲ့တဲ့ ငါးနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၁၇% မြင့်တက်သွားပါတယ်။ စစ်အေးတိုက်ပွဲပြီးတဲ့နောက် ဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ လက်နက်အင်အားကို အမြန်ဆုံး ပြန်လည် တည်ဆောက်ကြရာမှာ အမေရိကန်တိုက်လေယာဉ်တွေ၊ ကာကွယ်ရေးစနစ်တွေ၊ တာဝေးပစ်ဒုံးပျံတွေအပေါ်မှာ ပုံအောလာကြပါတယ်။ ယခုလက်ရှိအခါမတော့ ဥရောပနိုင်ငံတွေမှာ အဝယ်သမားတွေအနေနဲ့ နောင်တရတဲ့ခံစားချက်တွေ ရှိလာပါတယ်။ အီရန်စစ်ပွဲနဲ့ တိုင်ပတ်နေတဲ့ အမေရိကဟာ စစ်လက်နက်ပစ္စည်းတင်ပို့မှုတွေ နောက်ကျနိုင်ကြောင်း ဝယ်လက်ဖြစ်တဲ့ ဥရောပနိုင်ငံတွေကို အသိပေးလာပါတယ်။ ယခု တင်ပို့နေသည့်

လက်နက်လား၊ လာမယ် … ကြာမယ်  Read More »

ကျူးဘား (သို့) ဒေါ်နယ်ထရမ့်အတွက် နောက်ထပ် ပစ်မှတ်တစ်ခု

ရာအူးလ် ကက်စထရိုကို တရားစွဲဆိုတာတွေနဲ့ သူ့ရဲ့ ဖိအားပေးလှုပ်ရှားမှုက နီကိုလတ်စ် မာဒူရိုကို ဖြုတ်ချခဲ့တဲ့ လုပ်ရပ်နဲ့ ပိုပြီးတော့ ဆင်တူလာ ဗင်နီဇွဲလားနိုင်ငံက အာဏာရှင် နီကိုလတ်စ် မာဒူရိုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုတ်တရက် ဖမ်းဆီးလိုက်မယ်လို့ လူတချို့ လောက်ကပဲ ထင်မှတ်ကြမှာပါ။ အခုတော့ မာဒူရိုတစ်ယောက် အမေရိကန်က ဘရွတ်ကလင်းထောင်ထဲမှာ ဘဝကို နွမ်းလျစွာနဲ့ပဲ ဖြတ်သန်း နေရပါပြီ။ ဒီလိုပဲ မစ္စတာထရမ့်ဟာ အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျူးဘားနိုင်ငံရဲ့ ဩဇာတိက္ကမအကြီးဆုံးနဲ့ ကွန်မြူနစ်ပါတီက ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်တဲ့ ရာအူးလ် ကက်စထရိုကိုပါ ဖမ်းဆီးကောင်း ဖမ်းဆီးနိုင်တယ်ဆိုတဲ့ အတွေးအမြင်ကို အခုအချိန်ထိတိုင် အလေးအနက်ထား စဉ်းစားသူကတော့ ပိုလို့တောင် နည်းပါသေးတယ်။ ရာအူးလ်ရဲ့ ကွယ်လွန်သူ နောင်တော်ကြီး ဖီဒယ် ကက်စထရိုကတော့ ၁၉၆ဝ ပြည့်လွန်နှစ်တွေ ကာလအတွင်းမှာ

ကျူးဘား (သို့) ဒေါ်နယ်ထရမ့်အတွက် နောက်ထပ် ပစ်မှတ်တစ်ခု Read More »

ဒေါ်နယ်ထရမ့် ထိုင်ဝမ်ကို သစ္စာဖောက်လိုက်ပြီလား

ထိုင်ဝမ်ကျွန်းကို လက်နက်များ ရောင်းချမည့်ကိစ္စနှင့် စပ်လျဉ်း၍ ၎င်းအနေဖြင့် တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေပါသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖြစ်နိုင်ခြေရှိသော အခြေအနေတစ်ရပ်ကို ညွှန်ပြပြောဆိုလိုက်သည်။ အခုတစ်ခဏမှာတော့ ထိုင်ဝမ်ကျွန်းသည် ကျည်ဆန်တစ်တောင့်ကို သီသီလေး ရှောင်ရှားလိုက်နိုင်သည့်ပုံစံ ရှိနေသည်။ မေလ ၁၅ ရက်နေ့က ပြီးဆုံးသွားခဲ့သည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်ပြည် နှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း လုပ်ရိုးလုပ်စဉ် သံတမန် ဆက်ဆံရေးဆိုင်ရာ အစဉ်အလာများကို ဆောင်ရွက်ခဲ့သည့် တစ်လျှောက်လုံးတွင် အမေရိကန်သမ္မတသည် ထိုင်ဝမ်ကျွန်းအရေးနှင့် စပ်လျဉ်း၍ ပြောဆိုခြင်းမျိုးကို ရှောင်ရှားခဲ့သည်။ ဒီအချက်ကြောင့်… “ထိုင်ဝမ်ကျွန်းကို လက်နက်များ ရောင်းချပေးနေခြင်းကို ထိန်းချုပ်ဟန့်တားရန် တရုတ်၏ ဖိအားပေးမှုကို ထရမ့်က ခေါင်းညိတ်လိုက်မလား” ဟု စိုးရိမ်ကြောက်လန့်နေရမှုများ၊ သို့မဟုတ် “ထရမ့်က ထိုင်ဝမ်ကျွန်း လွတ်လပ်ရေးကို ၎င်းဆန့်ကျင်သည်”

ဒေါ်နယ်ထရမ့် ထိုင်ဝမ်ကို သစ္စာဖောက်လိုက်ပြီလား Read More »