The Corner

The Corner

cropped-Logo_round_grey-background.png

Lifestyle

နေထိုင်မှုပုံစံ

လုပ်ငန်းခွင်ဆက်ဆံရေး

အဖွဲ့အစည်းတစ်ခုကို စီမံခန့်ခွဲနေရသူတွေအနေနဲ့ လုပ်ငန်းခွင်ဆက်ဆံရေးကို အလေးဂရုပြုဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်ဆိုတာမျိုးက ရည်မှန်းချက်၊ ဦးတည်ချက်တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ လုပ်ငန်း တာဝန်တွေကို အကောင်အထည်ဖော်ဖို့အတွက် လူအမျိုးမျိုးစိတ်အထွေထွေနဲ့စုပေါင်းဖွဲ့စည်းထားတာမို့ ဆက်ဆံရေး ပြဿနာ တွေကလည်း အမျိုးမျိုးရှိနေတတ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာပေါ်ပေါက်နေတဲ့ ပြဿနာတွေကို နည်းမှန်လမ်းမှန်နဲ့ ကိုင်တွယ်ဖြေရှင်းမပေးနိုင်ဘူးဆိုရင် ဒါမှမဟုတ် ပြဿနာကြီးကြီးမားမား ပေါ်ပေါက်မလာဖို့အတွက် ကိုင်တွယ် ဖြေရှင်းနည်းတွေ၊ ကြိုတင် ကာကွယ်နည်းတွေ ရှိမထားဘူး ဆိုရင် အခြေအနေတွေ ဆိုးကုန်နိုင်ပါတယ်။ လုပ်ငန်းခွင်ဆက်ဆံရေးဆိုတာ အဓိကအားဖြင့်တော့ အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးပေါ့။ အလုပ်သမား ဆိုတာကတော့ ရှင်းပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ဆိုတဲ့ နေရာမှာ တရားဝင်ပိုင်ဆိုင်ခွင့် အခွင့်အာဏာ ရှိတဲ့ပိုင်ရှင်၊ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဒါမှမဟုတ် တည်ထောင်သူ တစ်ယောက်တည်းကို ကြည့်လို့မရပါဘူး။ ပိုင်ရှင့်ကိုယ်စား စီမံခန့်ခွဲနေတဲ့သူတွေကလည်း အလုပ်ရှင် ရှုထောင့်ကနေရှုမြင်သုံးသပ် […]

လုပ်ငန်းခွင်ဆက်ဆံရေး Read More »

ကမ္ဘာကျော်များကို ပုံသွင်းယူကြသူများ

သူတို့ တုန်လှုပ်ချောက်ချားသွားနေကြတယ်။ အစဥ်အဆက်က ကမ္ဘာ့ဖလား အကြိတ်အနယ် ပြိုင်ပွဲတွေ အတွင်း ကစားသမားအချင်းချင်း တရားမျှတမှု မရှိသလို ခံစားခဲ့ကြရလို့ အမျက်ဒေါသ ခြောင်းခြောင်းထွက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို စိတ်တွေ ကယောက်ဂယက် ဖြစ်နေတဲ့ အချိန်မှာ သမိုင်း ကမ္ပည်းတင်မည့် ပင်နယ်တီ အဆုံးအဖြတ်ကို ကန်ရမယ့် အချိန်မှာ စိတ်ဓာတ်များ ပြိုလဲသွားခဲ့ကြပြီး ကမ္ဘာကျော် ချန်ပီယံများ ကန်လိုက်သည့် ဘောလုံးက ဂိုးပေါက်နှင့် လွဲချော်သွား ခဲ့ပြီ။ အကောင်းဆုံး ဆိုတဲ့ ဘောလုံးသမားများပင် ကမ္ဘာ့ဖလားပြိုင်ပွဲများ၌ အလွဲလွဲအချော်ချော် ဖြစ်တတ်ကြတာ အားလုံး အမြင်။ အကြီးကျယ် အခမ်းနားဆုံး ကစားကွင်းကြီးတွေမှာ သူတို့ဟာ အကောင်းဆုံးကစားသမားများ အဖြစ် နာမည်ကျော်ခဲ့ကြသော်လည်း ထင်သလောက်မဟုတ်ဘဲ နာမည်ကျော် ပုံကြီးချဲ့ခံရမှုကြောင့် ချန်ပီယံ ဖြစ်နေခဲ့ ကြခြင်းဖြစ်ကြောင်း

ကမ္ဘာကျော်များကို ပုံသွင်းယူကြသူများ Read More »

ပြင်းထန်မယ်လို့ ခန့်မှန်းထားတဲ့ ၂၀၂၇ အယ်လ်နီညို

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ပီရူး တံငါသည်တွေဟာ ပစိဖိတ် သမုဒ္ဒရာအတွင်းက ငါးနီတူငါးတွေဟာ အုပ်လိုက်ကြီး ပျောက် ပျောက် သွားတတ်တဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခုကို သတိထားမိ ခဲ့ကြတယ်။ အဲဒီလို အချိန်မှန်မှန် ငါးအုပ်တွေ ပျောက်သွားတတ်တဲ့ ကာလဟာ ခရစ္စမတ် အချိန်နဲ့ တိုက်ဆိုင်နေတတ်တာမို့ အဲဒီဖြစ်ရပ်ကို “el- niño Jesus, Christ Child” “ဘုရားသခင်ရဲ့ကောင်လေး”လို့ အမည်ပေးခဲ့ကြတယ်။ ဒီခေတ်မှာတော့ အယ်လ်နီညို (El Niño) ဖြစ်စဥ်ဟာ လူတိုင်းလူတိုင်း ကြားဖူးနေတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ။ ဒီဖြစ်စဥ်မှာ ပုံမှန် ဖြစ်လေ့ဖြစ်ထရှိတဲ့ မိုးလေဝသ ဖြစ်စဥ်တစ်ခုပါ။ ဒီဖြစ်စဥ်မှာ ကမ္ဘာ့အချို့နေရာတွေမှာ မိုးခေါင်တတ်ပြီး အချို့နေရာတွေမှာတော့ မိုးများပြီး ရေကြီးတာတွေ ကြုံရတတ်သလို တစ်ခါတစ်ရံမှာ အပူလှိုင်းတွေ၊ တောမီးတွေ နဲ့

ပြင်းထန်မယ်လို့ ခန့်မှန်းထားတဲ့ ၂၀၂၇ အယ်လ်နီညို Read More »

ဟန်တာဗိုင်းရပ်က စိုးရိမ်စရာကောင်းလား 

ဗိုင်းရပ်စ်ပိုး တစ်မျိုးက လူတွေကြားထဲမှာ ဘယ်လိုပျံ့နှံ့သွားလဲဆိုတာကို ရှာဖွေ ဖော်ထုတ်ဖို့ဆိုတာ စုံထောက်တစ်ယောက်လို အလုပ်လုပ် ရတာမျိုး ဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူ့ကို ကူးခဲ့တာလဲ၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ကူးသွားခဲ့တာလဲဆိုတာကို သိဖို့အတွက် လူနာတွေ ဖျားနာခြင်း လက္ခဏာတွေ ဝင်မလာခင် ရက်သတ္တပတ်တွေအတွင်း ဘယ်သွားခဲ့လဲ၊ ဘာတွေလုပ်ခဲ့လဲဆိုတဲ့ အချိန်နှင့်တစ်ပြေးညီ သွားလာ လှုပ်ရှားမှုတွေကို သေသေချာချာ စစ်ဆေး သုံးသပ်ရပါတယ်။ ဒီလို စုံစမ်းလေ့လာရာမှာ အပြင်လောကနဲ့ အထိအတွေ့ပြတ်နေတဲ့ လူအုပ်စုဖြစ်လေလေ၊ အချက်အလက်တွေက ပိုပြီးတိကျလေလေ ဖြစ်ပါတယ်။ အပြင်လောကနဲ့ တွေ့ထိမှု မရှိတဲ့ လူအုပ်စု (သင်္ဘောပေါ်ကလူတွေ) ကတော့ လူဝင်လူထွက် အကန့်အသတ်ရှိပြီး လူနာတွေရဲ့ သွားလာလှုပ်ရှားမှုကို အတိအကျနီးပါး ပြန်လည်ခြေရာခံနိုင်တဲ့အတွက် ရောဂါပိုးဟာ ဘယ်သူ့ဆီကနေ ဘယ်လိုစတင်ကူးစက်ပြီး ဘယ်လိုပျံ့နှံ့သွားခဲ့လဲဆိုတဲ့ ကွင်းဆက်ကို

ဟန်တာဗိုင်းရပ်က စိုးရိမ်စရာကောင်းလား  Read More »

တစ်ခါလာလည်း ဒီ BMI ဘီအမ်အိုင်

ဒီနှစ်ပိုင်းအတွင်းမှာ ဘီအမ်အိုင် (BMI) လို့ ခေါ်တဲ့ ခန္ဓာကိုယ်ဒြပ်ထုညွှန်းကိန်း (Body Mass Index) ရဲ့ အန္တရာယ်ရှိပုံတွေ အကြောင်းဟာ ဆေးပညာနဲ့ သုတေသန နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေအကြားမှာ အဓိက ပြောစရာ အကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ဆရာဝန်တွေဟာ အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေကို ရောဂါရှာဖွေကုသရာမှာ BMI ကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီညွှန်းကိန်းဟာ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့အဆီဓာတ်ကို တိကျစွာမပြသနိုင်ဘူးဆိုတဲ့ အထောက်အထားတွေ တစ်ပုံတစ်ခေါင်း ရှိနေတာတောင် ဒီနည်းကိုပဲ သုံးစွဲနေကြဆဲပါ။ BMI ဟာ အရပ်နဲ့ ကိုယ်အလေးချိန်ကိုသာ တွက်ချက်တာဖြစ်ပြီး အမှန်တကယ်ရှိတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ (ကြွက်သားနဲ့ အဆီအချိုးအစား) ကို ထည့်သွင်းတွက်ချက်ခြင်း မရှိပါဘူး။ ပုံမှန်အားဖြင့် သတ်မှတ်ထားကြတာက လူတစ်ယောက်ဟာ BMI

တစ်ခါလာလည်း ဒီ BMI ဘီအမ်အိုင် Read More »

အရိုး စွပ်ပြုတ်နဲ့ ကျန်းမာရေး 

ဟိုး အတိတ်တစ်ချိန်ကတော့ စျေးကြီးတော့ အသားချည်း သီးသန့်ဝယ်မစားနိုင်ဘဲ  အသားနဲ့အရိုး မျှပြီး မိသားတစ်စုလုံးစားရတာ၊ အဲဒါတောင် မတတ်နိုင်လို့ အားရှိအောင် ရာသီဥတု အေးအေးမှာ နွေးနွေး ထွေးထွေးရှိအောင်ဆိုပြီး အရိုး စွပ်ပြုတ်ကလေးကို ငရုတ်ကောင်းမှုန့်ဖြူးပြီး သောက်လိုက် ရရင် သိပ်ကောင်းတာ ပဲတဲ့။ ဒါပေမဲ့ အခုဆိုရင် ငွေကြေး တတ်နိုင်သူတွေကပါ အရိုးစွပ်ပြုတ်ဘက်ကို လှည့်လာကြပါပြီ။ ဘာဖြစ်လို့ပါလဲ။ အသားနွှင်ထားတဲ့ အရိုးတွေကို တွယ်ဆက်တစ်ရှူးတွေ အရည်ပျော်သွားပြီး အရိုးတွေ အာဟာရ ကုန်ခန်း၊ လက်နဲ့ဖိလိုက်ရုံနဲ့ ကြေမွသွားတဲ့ အထိ ပြုတ်လိုက်ပါ။ ရလာတဲ့ ရလဒ်ကတော့ ဈေးကြီးပေး ဝယ်ရတဲ့ ကျန်းမာရေးအတွက် သောက်စရာ “အရိုးပြုတ်ရည်” (Bone broth) ပါပဲ။ နာမည်ကျော် အနုပညာရှင်တွေရဲ့ ထောက်ခံချက်တွေကြောင့်လည်း ဒီအရာက အတော်လေး ခေတ်စား လာတာပါ။

အရိုး စွပ်ပြုတ်နဲ့ ကျန်းမာရေး  Read More »

အိပ်မက်ဇာတ်ခုံ (Dream Theater) ရော့ခ်ဂီတပွဲ

၈၀ ခုနှစ် အလွန်နှစ်များမှာ ရော့ခ်ဂီတကို စတင်ထိတွေ့ နားထောင်ဖူးသူတစ်ဦးဆိုရင်တော့ အချိန်ကောင်းလို့ ပြောလို့ရမယ်ထင်ပါတယ်။ ကမ္ဘာမှာ ရော့ခ်တေးဂီတ အထွတ်အထိပ်ဟာ ၁၉၆၀ ခုနှစ်များကနေ ၁၉၈၀ ခုနှစ်တွေအထိလို့ ပြောပါတယ်။ အဲဒီအချိန်က မြန်မာဟာ ကမ္ဘာနဲ့ အခုခေတ်လို အဆက်မပြတ် ချိတ်ဆက်နေတာမဟုတ်တော့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ သီချင်းတွေဟာ လနဲ့ချီ၊ တစ်ခါတစ်လေ နှစ်နဲ့ချီပြီးတော့မှ မြန်မာပြည်ကို ရောက်လာတာ။ ရောက်လာတယ်ဆိုတာကလည်း ဒီအတိုင်း သက်သက်နားထောင်ရတာမဟုတ်။ နာမည်ကျော် အဆိုရှင်တစ်ဦးဦးက နာမည်ကြီး ရော့ခ်သီချင်းများကို မြန်မာစာသားထည့် သီဆိုရင်းက ‘ပေါက်’ သွားပြီး နားယဉ်သွားကြတာ များပါတယ်။ မူရင်းသီချင်းကိုမှ နားထောင်ချင်တယ်ဆိုရင် ဘားလမ်း (အခု မဟာဗန္ဒုလပန်းခြံလမ်း) ထဲက ယင်းမာ၊ KISS အစရှိတဲ့ တေးသံသွင်းများမှာ စိတ်ကြိုက် C60

အိပ်မက်ဇာတ်ခုံ (Dream Theater) ရော့ခ်ဂီတပွဲ Read More »

အော်တစ်ဇင်ကို တစ်မျိုးတည်းလို့ သတ်မှတ်ပြီး ပြုစုကုသပေးတာ မှန်ရဲ့လား…

အပြင်ကနေ ကြည့်ရင် အော်တစ်ဇင် ဖြစ်နေသူတစ်ယောက်ကို နားလည်ရ အလွန် ခက်ခဲပါတယ်။ အော်တစ်ဇင် ရှိသူ တစ်ယောက်ဟာ ပါတီပွဲတစ်ခုမှာ ရောက်နေသလို ပျော်ရွှင်စရာ အပြည့်နဲ့ အခြေအနေကနေ ဆူညံသံတွေ၊ မီးရောင်တွေ၊ ပွတ်တိုက် ထိတွေ့မှုတွေ အတူ သူနားမလည်နိုင်တဲ့ လူမှုဆက်ဆံရေး စည်းကမ်းတွေကြောင့် ချက်ချင်းဆိုသလို ဆန့်ကျင်ဘက် အခြေအနေတစ်ခုဆီ ရောက်သွားနိုင်ပါတယ်။ တစ်ခါတလေမှာလည်း အော်တစ်ဇင် သမားတွေဟာ ဂီတ၊ သင်္ချာနဲ့ အနုပညာတွေမှာ ထွန်းပေါက်တတ်ပါတယ်။ အော်တစ်ဇင်သမားတွေ အခြားသူတွေနဲ့ ထိတွေ့ ဆက်ဆံနေရတဲ့ ဒုက္ခဟာ သာမန်လူတစ်ယောက်အဖို့ နားလည်ရ ခက်ပါတယ်။ သူတို့အတွက် ကိုယ့်အသိုင်း အဝိုင်းရဲ့ ပြင်ပက လူတွေနဲ့ ဆက်ဆံရတာ စိတ်ဖိစီးမှုတွေ အတွန်းအတိုက် အရုန်းအကန်တွေ ဖြစ်ရပါတယ်။ သာမန်ထက် ပိုပြီး စိတ်ဖိစီးမှုကို

အော်တစ်ဇင်ကို တစ်မျိုးတည်းလို့ သတ်မှတ်ပြီး ပြုစုကုသပေးတာ မှန်ရဲ့လား… Read More »

ပါးပါးနပ်နပ် စားကြရမယ့် သကြားချိုချို

အခုလို ပွဲလမ်းသဘင်တွေ ပေါများတဲ့ ရာသီမှာ ဝိုင်ပူပူလေးတွေ၊ ဘရန်ဒီတွေနဲ့ အချိုကဲတဲ့ ပူတင်းမုန့်တွေကတော့ ရှောင်လွှဲလို့မရဘူးပေါ့။ ခရစ္စမတ် ရာသီမှာ Mulled wine ရေပန်းစားပါတယ်။ ဒါကတော့ ဝိုင် (အများအားဖြင့် ဝိုင်နီ) ကို သကြား၊ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့် စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ သစ်သီးတွေနဲ့ ရောစပ်ပြီး ငွေ့ငွေ့လေး အပူပေးထားတဲ့ အရက်အဖျော်ယမကာ တစ်မျိုး ဖြစ်ပါတယ်။ ဟေမာန်ဆောင်း ကာလရဲ့ အများကြိုက် အဖျော်ယမကာ ပါ။ ယမကာ သောက်ရင်း အချိုတည်းရတာ လျှာရင်း မြက်စေပါတယ်။ ဒါပေမဲ့ အချို့ကတော့ သကြားချိုချိုကို ကျန်းမာရေး အရ ရှောင်လွှဲ ချင်ကြတယ်။ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုပြီး သကြားဖြူအစား ပျားရည်တို့၊ သကြားညို (Raw sugar)

ပါးပါးနပ်နပ် စားကြရမယ့် သကြားချိုချို Read More »

ကျောင်းစာသင်ခန်းထဲက “ငြိမ်သက်ခြင်းမိနစ်များ”

ဒီဇင်ဘာ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ကမ္မဋ္ဌာန်းထိုင်ခြင်းနေ့ (World Meditation Day) ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကုလသမဂ္ဂကနေ တရားဝင် သတ်မှတ်ပေးခဲ့တဲ့  နိုင်ငံတကာနေ့ဖြစ်ပြီး  တစ်ကမ္ဘာလုံးက စာသင်ပျိုနုတို့အရွယ် ကျောင်းသူ၊ ကျောင်းသားတွေ စိတ်အေးချမ်းဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး စုပေါင်း တရားထိုင်ခြင်း လှုပ်ရှားမှုတွေမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာကြတာကို ကျွန်တော်သတိပြုမိတဲ့အတွက်  စာသင်ခန်းအတွင်း ငြိမ်သက်မှု မိနစ်များကို ရှာဖွေခြင်းအကြောင်းအရာနဲ့ စပ်လျဉ်းပြီး  ဆောင်းပါးတစ်ပုဒ် ဖန်တီးဖို့ စိတ်ကူးခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် လူငယ်တွေရဲ့ စိတ်ကျန်းမာရေးအတွက် တရားထိုင်တာက ဘယ်လောက် အကျိုးရှိလဲဆိုတာကို အသိပေးမျှဝေချင်လို့  ဒီဆောင်းပါးကို  ရေးမိတာပါ။ ဆရာဆိုတာ ဘဝခရီးရဲ့ ပဲ့ကိုင်ရှင် မြင်းရထားမောင်းတဲ့သူက ခရီးသည်တွေကို လိုရာခရီးရောက်အောင် ပို့ဆောင်ပေးသလိုပါပဲ၊ ဆရာဆိုတာ

ကျောင်းစာသင်ခန်းထဲက “ငြိမ်သက်ခြင်းမိနစ်များ” Read More »