အလုပ်-ဘဝ ဟန်ချက်မျှဖို့
လုပ်ငန်းခွင်ဘဝနဲ့ မိသားစုဘဝ၊ ဒီနှစ်ခုမှာဘယ်ဟာကပိုအရေးကြီးသလဲ။ အလုပ်ချိန်နဲ့ မိသားစု အတွက်ပေးတဲ့အချိန်၊ တစ်နည်းအားဖြင့် ကိုယ်ပိုင်အချိန်၊ ဘယ်ဟာပိုအရေးကြီးသလဲ။ အမြင်တွေကတော့ အမျိုးမျိုးရှိကြမှာပေါ့။ အလုပ်ရှင်ဘက် ကကြည့်ရင် အလုပ်ကပိုအရေးကြီးတာပေါ့လို့ပြောနိုင်သလို အလုပ်သမားဘက်ကကြည့်ရင်တော့ မိသားစုကပိုအရေးကြီးတယ်လို့ပြောမှာပါပဲ။ ဒါက ယေဘုယျသဘော ပေါ့။ လုပ်ငန်းခွင်တွေထဲမှာလည်း အလုပ်၊ အလုပ်၊ အလုပ်ဆိုပြီး အလုပ်သာနံပါတ်(၁)၊ အလုပ်သာနံပါတ် (၂) ဆိုပြီး အလုပ်စားပွဲမှာခေါင်းမဖော်နိုင်ဘဲဖြစ်နေတဲ့သူတွေရှိကြသလို အလုပ်နဲ့ဘဝဟန်ချက်မျှအောင် ကြိုးစား နေထိုင်သူတွေ လည်းတွေ့ရတာပါပဲ။ ဒါ့အပြင် အလုပ်မှန်သမျှအကုန်ပတ်ရှောင်ပြီး ကိုယ့်မိသားစု အတွက်၊ ကိုယ့်ဘဝအတွက် သက်သက်ကိုသာ ငဲ့ကွက်သူတွေလည်းရှိကြမှာပါပဲ။ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အတွေးအမြင်တွေ၊ ခံယူချက်တွေ၊ ထင်မြင်ချက်တွေကတော့ ပြုပြင်ပြောင်းလဲဖို့သိပ်လွယ်မှာမဟုတ်ပါဘူး။ ကိုယ်ကိုင်စွဲထားတဲ့အမြင်ကိုပဲ သင့်တယ်၊ မှန်တယ်လို့ဆိုကြမှာပါပဲ။ ကိုယ်ကိုင်စွဲထားတဲ့မူတစ်ခုကိုပဲ မလွှတ်တမ်းဆုပ်ကိုင်ထားကြမှာပါပဲ။ ဒီအထိက ပြဿနာမရှိသေးပါဘူး။ အလုပ်သာ နံပါတ်(၁)ဆိုတဲ့ သူတွေကအလုပ်ပြီးအလုပ် […]
အလုပ်-ဘဝ ဟန်ချက်မျှဖို့ Read More »







