လေ့ကျင့်ရေးမှာ တွေးစရာ
အဖွဲ့အစည်းတိုင်းက ကိုယ့်ရဲ့အဖွဲ့အစည်းဝင်တွေကို သင့်လျော်ရာနည်းလမ်းနဲ့ လေ့ကျင့်သင်တန်း ပေးလေ့ ရှိကြပါတယ်။ ခပ်စိပ်စိပ်သင်တန်းပေးနိုင်တဲ့အဖွဲ့အစည်းတွေရှိသလို ခပ်ကျဲကျဲပဲပေးနိုင်တာမျိုး တွေလည်းရှိပါတယ်။ အဖွဲ့အစည်းရဲ့အရွယ်အစားအပေါ်မူတည်ပြီး ကိုယ်ပိုင်သင်တန်းကျောင်းတွေဘာတွေ ဖွင့်ပြီး ကိုယ့်အစီအစဉ်နဲ့ သင်ကြားပေးတာတွေရှိသလို သင့်လျော်ရာသင်တန်းကျောင်းတွေ၊ သင်တန်း ဆရာတွေဆီပို့အပ်ပြီး သင်ကြား စေတာမျိုးလည်းရှိကြပါတယ်။ လေ့ကျင့်သင်ကြားတဲ့ပုံစံတွေကလည်း အမျိုးမျိုးရှိကြပါတယ်။ သင်တန်းကျောင်းကို သင်တန်းသားလွှတ်ပြီးသင်ကြားတဲ့ပုံစံ၊ သင်ကြားမယ့်သူကို အလုပ်ထဲဖိတ်ပြီး လာရောက်သင်ကြားစေတဲ့ပုံစံ၊ အွန်လိုင်းတွေဘာတွေနဲ့ အဝေးသင်သင်ကြားတဲ့ပုံစံ၊ ပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ တက်ရောက်စေတဲ့ပုံစံ၊ လုပ်ငန်းခွင်ထဲမှာပဲ လုပ်ရင်းကိုင်ရင်သင်ကြားရင်းသွားစေတဲ့ပုံစံ၊ ကိုယ်တိုင် လေ့လာ ဖတ်ရှုမှတ်သား စေတဲ့ပုံစံ စသည်အားဖြင့်ပေါ့။ ပုံစံအမျိုးမျိုးနဲ့လေ့ကျင့်သင်ကြားရာမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကလေ့ကျင့်ရေး၊ နောက်တစ်ပိုင်းက ဖွံ့ဖြိုးတိုးတက်ရေး။ Training & Development ဆိုပါတော့။ ဒါပေမဲ့လည်း လေ့ကျင့်သင်ကြားရေးလို့ပဲ ပေါင်းပြီး ခေါ်လေ့ရှိကြတာပါ။ လေ့ကျင့်သင်ကြားတဲ့ အပိုင်းက ကိုယ့်အဖွဲ့အစည်း ဝင်တွေအတွက် […]
လေ့ကျင့်ရေးမှာ တွေးစရာ Read More »









