The Corner

The Corner

cropped-Logo_round_grey-background.png

Uncategorized

ဦးနှောက်ပြုန်းတီးစေမှု

နိုင်ငံတစ်ခုမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကရှားပါးလာတယ်။ ရှားရှားပါးပါးထဲက ရှာလို့ဖွေလို့ ရတဲ့အလုပ်ကလေးတွေကလည်း လုပ်ရတဲ့အလုပ်နဲ့ ရလာတဲ့ခံစားခွင့်ကမမျှဘူး၊ ဖြစ်ဖြစ်မြောက်မြောက်၊​ ထိုက်ထိုက်တန်တန်မပေးနိုင်ဘူးပေါ့။ ဒီအလုပ်ကလေးတွေထဲမှာပေပေတေတေဆက်လုပ်နေဦးမယ် ဆိုပြန်ရင်လည်း အသက်မွေး ဝမ်းကျောင်းဆိုင်ရာတိုးတက်မှုအခွင့်အလမ်းကောင်းတွေက စောင့်ကြို နေတာမျိုး မရှိဘူး။ မျှော်လင့်ချက်တွေအတော်လေးမဲ့နေတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေ ကလည်း အကျဘက်ကိုဦးတည်နေတယ်။ ဒီလိုအခြေအနေမျိုးရောက်လာပြီ ဆိုရင် ရင်ဆိုင်နေရတဲ့ အခြေအနေ တွေကို ဖြေရှင်းနိုင်ဖို့၊ ကျဉ်းထဲကျပ်ထဲကနေရုန်းထွက်နိုင်ဖို့အတွက် ရေကြည်ရာမြက်နုရာကို ရှာကြတော့တာပေါ့။ ရေကြည်ရာမြက်နုရာရှာတယ်ဆိုတာကတော့ “တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဆိုတဲ့ထုံးကို နှလုံး မူပြီး အခြေအနေကောင်းမယ်ထင်တဲ့နိုင်ငံ၊ သွားလို့လာလို့၊ လုပ်လို့ကိုင်လို့လည်းကောင်းမယ်လို့ယူဆရတဲ့ နိုင်ငံတစ်နိုင်ငံဆီကို ထွက်ခွာကြတာပါပဲ။ အလုပ်အကိုင်အခွင့်အလမ်းကောင်းလေးရယူဖို့အတွက် ခဏတာ ယာယီသဘောမျိုးသွားကြသူတွေလည်းပါမယ်၊ မိခင်နိုင်ငံကိုအပြီးစွန့်သွားပြီး နိုင်ငံသစ်မှာအခြေချတော့မယ် လို့ သန္နိဋ္ဌာန်ချလိုက်ကြသူတွေလည်းပါမယ်ပေါ့။ လာရောက်ခိုနား၊သူပျံသွားသော်၊ကိုင်းဖျားသိမ့်သိမ့်ခါသတည်း တဲ့။ ဆရာမောင်ပေါက်စည်(မန်းတက္ကသိုလ်)ရဲ့ “ဧည့်သည်”ကဗျာလေးပါ။ ကိုင်းဖျားကိုကန် ပျံသွားတဲ့ ငှက်ကလေးတွေကြောင့် […]

ဦးနှောက်ပြုန်းတီးစေမှု Read More »

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့

တိုတိုထွာထွာ မှတ်စရာ (၂၀) ဂျက်ဇ်သီချင်းနားထောင်၊ ကြောင်နဲ့စကားပြောပြီး မူရာကာမိလို စာရေးကြမယ် ဟာရူကီ မူရာကာမိ (Haruki Murakami) ဆိုသည်မှာ ကမ္ဘာတစ်ဝန်းတွင် အောင်မြင်ကျော်ကြားသည့် ဂျပန်စာရေးဆရာတစ်ဦး ဖြစ်သည်။ ၎င်း၏ စာအုပ်များကို ဘာသာစကားပေါင်း (၅၀) ကျော်အထိ ပြန်ဆိုထားရပြီး အုပ်ရေ သန်းပေါင်းများစွာ ရောင်းချခဲ့ရသည်။ ၎င်းသည် ခေတ်ပေါ်စာပေ လောကတွင် အလွန်ဩဇာညောင်းသူဖြစ်သလို နှစ်စဉ်လည်း နိုဘယ်လ်စာပေဆု (Nobel Prize in Literature) ရရှိရန် အမြဲတမ်း ရေပန်းစားနေတတ်သူလည်း ဖြစ်သည်။ သူ ဘာကြောင့် ဒီလောက်တောင် နာမည်ကြီးပြီး လူကြိုက်များရသလဲဆိုတော့ ထူးခြားဆန်းပြားသည့် အရေးအသားစတိုင် (Magical Realism) က ထူးခြားသည့် ၎င်း၏ ရေးဟန် ဖြစ်နေသောကြောင့် ဖြစ်သည်။ ၎င်း၏ စာအုပ်များသည် သာမန်လက်တွေ့ဘဝနှင့် မကိုက်ညီဘဲ

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ Read More »

အင်္ဂလန် ဘောလုံးကွင်းတွေထဲကို ရမ်းကားသူတွေ ပြန်လာကြပြီ

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အာဆင်နယ်နဲ့ ဝက်စ်ဟမ်း ဘောလုံးပြိုင်ပွဲဟာ အကြိတ်အနယ် ဖြစ်ပါလိမ့်မယ်။ လက်ရှိ အနိုင်အရှုံး ရလဒ်တွေ အရဆိုရင် အာဆင်နယ်ဖက်က အလေးသာ ပါတယ်။ ဂန်းနားတွေက ဒုတိယနေရာက ဦးဆောင်နေပြီး ဟမ်းမားတွေက ၁၆ နေရာ တန်းဆင်းဇုံ နားမှာ ဝဲလည်လည် ဖြစ်နေတာပါ။ တကယ့် အဆုံးအဖြတ်ကတော့ ကွင်းထဲမှာပါ။ နိုဝင်ဘာလတုန်းက ဒီနှစ်သင်း တွေ့ဆုံခဲ့ကြတုန်းက ပွဲကြည့်စင်ပေါ်မှာ ဒီအသင်းတွေရဲ့ ပရိသတ်တွေ ရန်ဖြစ်ခဲ့ကြပါတယ်။ ဒီ ကလပ် အသင်းနှစ်သင်းဟာ သူတို့ရဲ့ ပရိသတ်တွေ အဖမ်းခံခဲ့ရတာ၊ ဘောလုံးပွဲတွေကို မလာစေဖို့ ပိတ်ပင် တားမြစ်ခံခဲ့ရတဲ့ အပြစ် အများဆုံး ငါးသင်းထဲမှာ ပါပါတယ်။ မနှစ် ဘောလုံးရာသီမှာ ဒီနှစ်သင်းက ၈၅ ယောက် အဖမ်းခဲ့ခဲ့ရပြီး

အင်္ဂလန် ဘောလုံးကွင်းတွေထဲကို ရမ်းကားသူတွေ ပြန်လာကြပြီ Read More »