သမ္မတ ထရမ့် လက်မှိုင်ချနေရပြီဖြစ်တဲ့ အီရန်စစ်ပွဲ — နိုင်သူမရှိ၊ ရှုံးသူသာရှိ
နိုင်သူမရှိတဲ့ စစ်ပွဲ အရှေ့အလယ်ပိုင်းဒေသက အီရန်စစ်ပွဲမှာ ဘယ်သူအနိုင်ရနေသလဲဆိုတဲ့ မေးခွန်းကို အဖြေအမျိုးမျိုး ပေးနေကြတယ်။ အချိန်ကာလနဲ့ ကိန်းဂဏန်းတွေအရ ဆန်းစစ်ရင် အမေရိကန် အရှုံးပေါ်နေပြီလို့ ဆိုသူတွေရှိသလို၊ ‘ဟော်မုဇ်ရေလက်ကြား’ ကို လက်ရှိအချိန်အထိ အဓိကအားဖြင့် ပိတ်ဆို့ထိန်းချုပ်ထားနိုင်တဲ့အတွက် အီရန်ဘက်က အသာစီးရနေတယ်လို့ သုံးသပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ လက်တွေ့မြေပြင်ပေါ်က ရလဒ်တွေကို ကြည့်ရင်တော့ နှစ်ဦးနှစ်ဖက်စလုံး အရှုံးပေါ်နေကြပြီလို့ ဆိုနိုင်တယ်။ အဓိက ဆုံးရှုံးနစ်နာသူတွေကတော့ အရပ်သူအရပ်သား ပြည်သူပြည်သားတွေဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့နေရတယ်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍကို အကြီးအကျယ် ထိခိုက်ခဲ့တာလည်း တွေ့ရတယ်။ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု သိသိသာသာ ပြတ်တောက် ခဲ့ခြင်းကြောင့် ရေနံစျေးနှုန်းတွေ မတည်မငြိမ်ဖြစ်ခဲ့ရတယ်။ ရေနံ စွမ်းအင်တင်သွင်းရတဲ့ အာရှနိုင်ငံအများစုမှာလည်း ရေနံပြတ်လပ်မှု […]
သမ္မတ ထရမ့် လက်မှိုင်ချနေရပြီဖြစ်တဲ့ အီရန်စစ်ပွဲ — နိုင်သူမရှိ၊ ရှုံးသူသာရှိ Read More »







