The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၃၄)

အရှေ့အလယ်ပိုင်းဒေသအထိ စစ်အင်အားပြလာတဲ့တရုတ်နိုင်ငံ

တရုတ်တိုက်လေယာဉ်များ အီဂျစ်ဝေဟင်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ အခုနှစ်ဩဂုတ်လ နောက်ဆုံးပတ်ထဲမှာ တရုတ်ဂျက်တိုက်လေယာဉ်ခြောက်စင်းဟာ အီဂျစ်နိုင်ငံ ဝေဟင်ထက်မှာ ပျံသန်းပြီး စစ်ရေးလေ့ကျင့်လှုပ်ရှားမှုရော သံခင်းတမန်ခင်းနည်းလမ်းတွေကိုပါ ဖော်ပြခဲ့တယ်။ တရုတ်နိုင်ငံရဲ့လေတပ်မှာ လက်နက်အပြည့်စုံဆုံး တပ်ဆင်ထားပြီး ပျံသန်းနိုင်တဲ့ ခရီးတာ အရှည်ဆုံး လေယာဉ်တွေဖြစ်တဲ့ ဂျေ-၁၆ အမျိုးအစားတိုက်လေယာဉ်တွေဟာ အီဂျစ်နိုင်ငံနဲ့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်နေတာဖြစ်တယ်။ အီဂျစ်နိုင်ငံဟာ အမေရိကန်နှင့် နီးကပ်သော ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများရှိနေပြီး ဒေသတွင်းမှာ အမေရိကန်ကို ယုံကြည်အားထားမှုအပေါ် သံသယအသစ်တွေ ရှိနေချိန်မျိုးမှာ အခုလုပ်ရပ်ဟာ သတိပြုစရာ ဖြစ်လာပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံရဲ့ စစ်လေယာဉ်တွေဟာ အီဂျစ်မှာတင်မကပါဘူး၊ ၂ဝ၂ဝ ပြည့်နှစ်က သေကျေပျက်စီးမှုများရှိခဲ့တဲ့ တရုတ်နှင့် နယ်စပ်ပဋိပက္ခအတွင်းမှာ အိန္ဒိယနိုင်ငံက အသုံးပြုနေတဲ့ ပြင်သစ်နိုင်ငံကထုတ်လုပ် ရာဖဲလ် (Rafale) တိုက်လေယာဉ်တွေနဲ့ ပထမဆုံးအကြိမ် […]

အရှေ့အလယ်ပိုင်းဒေသအထိ စစ်အင်အားပြလာတဲ့တရုတ်နိုင်ငံ Read More »

အီရန်ငွေတွေကို ကိုင်တွယ်ပေးနေရတဲ့ အမေရိကန်ဘဏ်များ

အမေရိကန် သမ္မတ ထရမ့်ရဲ့ အစိုးရက အီရန်ကို စီးပွားရေးပိတ်ဆို့ ပိုမိုဖိအားနေချိန်မှာ အီရန် အစိုးရကို ကမ္ဘာ့ ဘဏ္ဍာရေးစနစ်ကနေ ဖြတ်တောက်ဖို့ လုပ်နေတဲ့ ကြိုးစားနေတဲ့ လုပ်ဆောင်ချက်ထဲမှာ ထင်မှတ် မထားတဲ့ အားနည်းချက်တစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ အမေရိကန်ဘဏ် တွေပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံ အရာရှိတွေ နဲ့ သုတေသီတွေက ပြောကြားချက်အရ အီရန်နဲ့ပတ်သက်တဲ့ ဘဏ္ဍာရေး လုပ်ငန်း အများစုကို အမေရိကန် ဥပဒေအောက်က လူတွေ မပါဝင်ရဘူးဆိုတဲ့ စနစ်တကျ ဒဏ်ခတ်မှု တွေရှိနေပေမယ့်လည်း နှစ်စဉ် ဘီလီယံနဲ့ ချီတဲ့ အီရန်ပိုင် ဒေါ်လာငွေတွေဟာ အမေရိကန် ဘဏ်တွေထဲ မှာရှိတဲ့ အကောင့်တွေကတဆင့် အီရန်ကို စီးဆင်းနေတယ်လို့ ဆိုပါတယ်။ အီရန်က အဲဒီငွေစာရင်းတွေကို အမေရိကန်ဘဏ်တွေနဲ့ ဆက်ဆံရေးရှိတဲ့

အီရန်ငွေတွေကို ကိုင်တွယ်ပေးနေရတဲ့ အမေရိကန်ဘဏ်များ Read More »

ဗင်နီဇွဲလားအပေါ် ဒေါ်နယ်ထရမ့်ရဲ့ ရိုးသားမှုမရှိတဲ့ ကမ်းလှမ်းချက်များ

ပိုဆိုးသည်က ဒီမိုကရေစီစနစ်ကျင့်သုံးမှုကို ပိတ်ပင်ထားပြီး မက်လုံးများကို ဖန်တီးနေခြင်းသာဖြစ် ရေနံက ဗင်နီဇွဲလားနိုင်ငံကို ချမ်းသာကြွယ်ဝလာအောင် ဖန်တီးပေးခဲ့သည်။ လက်တင် အမေရိကတိုက်တွင် တည်ငြိမ်မှုရှိသော ဒီမိုကရေစီစနစ်နှင့် လူနေမှုအဆင့်အတန်း အမြင့်ဆုံး စံနှုန်းများဖြင့် ဆယ်စုနှစ်များစွာ နေထိုင်နိုင်အောင် ငွေကြေးဥစ္စာဓနဖြင့် ကူညီပေးခဲ့သည်။ ယင်းနိုင်ငံသည် ရေနံရောင်းချခြင်းဖြင့် ရရှိလာသော ပက်ထရိုဒေါ်လာ (Petro Dollar) ခေါ် ငွေကြေးများကို ဆင်းရဲသားပြည်သူလူထုထံ ရောက်ရှိအောင် ပြန်လည်လမ်းကြောင်းပြောင်းမည်ဟု ကတိပေးခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် လက်ဝဲယိမ်း လူကြိုက်များဝါဒီ ဟူဂိုရှာဗက်ဇ် ရွေးချယ်တင်မြောက် ခံခဲ့ရချိန်၌ တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၃ ဒသမ ၄ သန်း ထုတ်လုပ်လျက်ရှိသည်။ နောက်ပိုင်းတွင် ထိုသို့ ထုတ်လုပ်နိုင်မည့်အစား သူ၏အကျင့်ပျက်ခြစားပြီး အရည်အချင်းမပြည့်ဝသည့် အစိုးရအဖွဲ့ လက်ထက်တွင် ရေနံနှင့် ငွေကြေးစီးဆင်းမှုများ

ဗင်နီဇွဲလားအပေါ် ဒေါ်နယ်ထရမ့်ရဲ့ ရိုးသားမှုမရှိတဲ့ ကမ်းလှမ်းချက်များ Read More »

ဆရာညာဏ သို့မဟုတ် အာဏာလျှံမင်းသား

အတ္ထုပ္ပတ္တိ စာပေများထဲတွင် ယနေ့တိုင်အကြိမ်ကြိမ်ပြန်ထုတ်နေရသည့် ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်ကို လူလတ်ပိုင်း အရွယ်ကတည်းကဖတ်မိပြီး တစ်နေ့နေ့ အပိုင်ဝယ်မည်ဟု ဆုံးဖြတ်ထားမိသည်။ နောက်တစ်အုပ်က ဂျာနယ်ကျော်ဦးချစ်မောင်၏ “သူ” ။ နောက်တစ်အုပ်က စစ်ကိုင်း ဦး ဘိုးသင်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်သည်။ နောက် သော်တာဆွေ။ ဤစာအုပ်နှစ်အုပ်က မဝယ်ဖြစ်သေး။ သို့သော် ထိုထို ဆရာကြီးများ၏ ဖြတ်သန်းမှု ဘဝ အတွေ့အကြုံများမှာ စာဖတ်လေ့ ရှိသူတိုင်းအတွက် အတုယူစရာ လေးစားစရာ ဆင်ခြင်စရာများ အပြည့်နှင့်ဖြစ်ကြောင်း သိကြသည်။ တခြားစာအုပ်များမရှိဘူးဟုမဆိုလိုပါ။ အလုံးစုံ မညွှန်းလို၍ ချန်ထားခဲ့ခြင်းဖြစ်ပါသည်။ ဆိုရလျှင် အတ္ထုပ္ပတ္တိစာပေကို သဘောကျသည်။ တစ်နည်းအားဖြင့် ဆရာများ ရင်ဆိုင်ဖြတ်သန်းရပုံများကြောင့် ဆရာတို့၏ ဘဝကို စာအုပ်ဖတ်လိုက်ရုံနှင့်ရသည်။ ထိုအချက်ကို အကြိုက်ဆုံး ဖြစ်သည်။

ဆရာညာဏ သို့မဟုတ် အာဏာလျှံမင်းသား Read More »

လေ့ကျင့်ရေးမှာ တွေးစရာ

အဖွဲ့အစည်းတိုင်းက ကိုယ့်ရဲ့အဖွဲ့အစည်းဝင်တွေကို သင့်လျော်ရာနည်းလမ်းနဲ့ လေ့ကျင့်သင်တန်း ပေးလေ့ ရှိကြပါတယ်။ ခပ်စိပ်စိပ်သင်တန်းပေးနိုင်တဲ့အဖွဲ့အစည်းတွေရှိသလို ခပ်ကျဲကျဲပဲပေးနိုင်တာမျိုး တွေလည်းရှိပါတယ်။ အဖွဲ့အစည်းရဲ့အရွယ်အစားအပေါ်မူတည်ပြီး ကိုယ်ပိုင်သင်တန်းကျောင်းတွေဘာတွေ ဖွင့်ပြီး ကိုယ့်အစီအစဉ်နဲ့ သင်ကြားပေးတာတွေရှိသလို သင့်လျော်ရာသင်တန်းကျောင်းတွေ၊ သင်တန်း ဆရာတွေဆီပို့အပ်ပြီး သင်ကြား စေတာမျိုးလည်းရှိကြပါတယ်။ လေ့ကျင့်သင်ကြားတဲ့ပုံစံတွေကလည်း အမျိုးမျိုးရှိကြပါတယ်။ သင်တန်းကျောင်းကို သင်တန်းသားလွှတ်ပြီးသင်ကြားတဲ့ပုံစံ၊ သင်ကြားမယ့်သူကို အလုပ်ထဲဖိတ်ပြီး လာရောက်သင်ကြားစေတဲ့ပုံစံ၊ အွန်လိုင်းတွေဘာတွေနဲ့ အဝေးသင်သင်ကြားတဲ့ပုံစံ၊ ပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ တက်ရောက်စေတဲ့ပုံစံ၊ လုပ်ငန်းခွင်ထဲမှာပဲ လုပ်ရင်းကိုင်ရင်သင်ကြားရင်းသွားစေတဲ့ပုံစံ၊ ကိုယ်တိုင် လေ့လာ ဖတ်ရှုမှတ်သား စေတဲ့ပုံစံ စသည်အားဖြင့်ပေါ့။ ပုံစံအမျိုးမျိုးနဲ့လေ့ကျင့်သင်ကြားရာမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကလေ့ကျင့်ရေး၊ နောက်တစ်ပိုင်းက ဖွံ့ဖြိုးတိုးတက်ရေး။ Training & Development ဆိုပါတော့။ ဒါပေမဲ့လည်း လေ့ကျင့်သင်ကြားရေးလို့ပဲ ပေါင်းပြီး ခေါ်လေ့ရှိကြတာပါ။ လေ့ကျင့်သင်ကြားတဲ့ အပိုင်းက ကိုယ့်အဖွဲ့အစည်း ဝင်တွေအတွက်

လေ့ကျင့်ရေးမှာ တွေးစရာ Read More »

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၁၂)

မွေးနေ့ဖယောင်းတိုင် ၆၄ တိုင်၊ အကုသိုလ်ဆားတစ်ဆုပ်နှင့် ဂင်္ဂါမြစ်ပြင်ကျယ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ကျွန်တော် အသက် (၆၄) နှစ် တင်းတင်းပြည့်ပါပြီ။ ဒီအရွယ်မှာ မွေးနေ့ ကိတ်မုန့်ပေါ်မှာ အသက်အလိုက် ဖယောင်းတိုင် ၆၄ တိုင်လုံး စိုက်ပြီး တစ်ခါတည်းနဲ့ အကုန်ငြိမ်းအောင် မှုတ်ဖို့ဆိုတာ တကယ်တော့ သက်လုံ သိပ်မကောင်းတော့ပါ။ ဖယောင်းတိုင်တွေ အကုန်ငြိမ်းအောင် အားရပါးရ မှုတ်လိုက်ခါမှ ကိတ်မုန့်ပေါ် သွားရည်တွေ စင်ကုန်မလား သို့မဟုတ် မွေးနေ့ရှင်ပါ လေဖြတ်မလား စိုးရိမ်ရသည့် အရွယ်မျိုး ဖြစ်နေပါပြီ။ သို့သော်လည်း ဤ ၆၄ နှစ်မြောက် မွေးနေ့သည် ကျွန်တော့်အတွက်တော့ အလွန် ပျော်ရွှင်စရာ ကောင်းသော နေ့တစ်နေ့ ဖြစ်နေဆဲပါ။ လူ့ဘဝသည် ရုန်းကန်လှုပ်ရှားမှုများ၊

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၁၂) Read More »

သတင်းသမားတို့ လုပ်ခလစာ

မြန်မာမှာ သတင်းစာဆရာတွေအကြောင်း ပြောရင် ဘိုးဝဇီရကိုပဲ ရှေးအကျဆုံး သတင်းစာဆရာဆိုပြီး ပြောကြ၊ ရေးကြရတယ်။ မင်းတုန်းမင်းလက်ထက် ၁၈၇၅ ခုနှစ်မှာ ရတနာပုံနေပြည်တော်သတင်းစာ ထုတ်တော့ ဘိုးဝဇီရက သတင်းစာဆရာ လုပ်ခဲ့တာ။ ဒီ့မတိုင်မီမှာ မြန်မာသတင်းစာတွေဖြစ်ကြတဲ့ ဥပမာ ၁၈၇၁ ခုနှစ်က ရန်ကုန်မှာ ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့်သတင်းစာ၊ ဒီသတင်းစာကို ရေးသားတည်းဖြတ်ထုတ်ဝေခဲ့တဲ့ သတင်းစာဆရာ တွေဟာ ဘယ်သူဘယ်ဝါဆိုတဲ့ နာမည်တောင် မဖော်ထုတ်နိုင်ခဲ့ပါဘူး။ စုလို့ဆောင်းလို့ရတဲ့ အဲဒီခေတ်က သတင်းစာတွေ ဖတ်ကြည့်တော့ အယ်ဒီတာတွေဟာ သူ့ခေတ်နဲ့သူ ပညာဗဟုသုတ ကြွယ်ဝသူတွေ၊ အရေးအသားကောင်းသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပေမယ့် သူတို့ ဘယ်သူတွေဆိုတာ မဖော်ထုတ် နိုင်ခဲ့ကြဘူး။ ဘိုးဝဇီရကိုတောင်မှ စာရေးဆရာ မဟာဆွေ ဖော်ထုတ် ရေးသားခဲ့လို့ နာမည်ရော သူ့အကြောင်းပါ ကျန်ရစ်ခဲ့တယ်။ ဒါတောင်မှ

သတင်းသမားတို့ လုပ်ခလစာ Read More »

စစ်ကြီးအတွင်း ကျွန်မ ကဗျာဆရာ,မဖြစ်ချင်ဘူး

ကျုပ်တို့ ဂါဇာကလူတွေ အဆင်ပြေပါတယ်။ နို့ … ခင်ဗျားတို့ရော၊ ခင်ဗျားတို့ရဲ့လိပ်ပြာတွေ၊ ခင်ဗျားတို့ရဲ့ တန်ဖိုးထားမှုတွေ အစစအရာရာ အဆင်ပြေကြရဲ့လား၊ ကျုပ်တို့က ခင်ဗျားတို့အတွက် စိတ်ပူနေတာ။ – ရီးမ်အဘူဂျာဘာ၊ ဂါဇာကမ်းမြောင်ရှိ ဒေးယားအယ်လ်-ဘာလာမြို့၌နေထိုင်သူ(ပြင်သစ်ရုပ်မြင်သံကြား၊ ၁၆ အောက်တိုဘာ ၂၀၂၃ အင်တာဗျူး) တလောက စာရေးဆရာပေါင်း ၇၀ နီးပါးပါဝင်ရေးသားထားသည့် “ဂါဇာရဲ့ အရုဏ်ဦး” (Daybreak in Gaza) စာအုပ်ဖတ်ရသည်။  ပါလက်စတိုင်းယဉ်ကျေးမှု၊ သမိုင်းနှင့် လူမှုဘဝတို့ကို ဖော်ကျူးထားသည့် စာပေါင်းစု (Anthology) ဖြစ်ပြီး ဆောင်းပါး၊ အက်ဆေး၊ ကဗျာ၊ စစ်အတွင်းဒိုင်ယာရီ၊ လူတွေ့မေးမြန်းခန်း၊ ပါးစပ် ရာဇဝင်၊ ဓာတ်ပုံနှင့် ပန်းချီသရုပ်ဖော်ပုံများပါသည်။ ယင်းစာအုပ်ထဲမှ  ကဗျာဆရာမ ဟင်းဒ်ဂျူဒါ၏ “စစ်ကြီးအတွင်းမှာ” (In Times of

စစ်ကြီးအတွင်း ကျွန်မ ကဗျာဆရာ,မဖြစ်ချင်ဘူး Read More »

ငွေပေးလို့မရ

ဦးသုခ သီဆိုသော ” ဂုဏ် ”  သီချင်းတွင် “ငွေကိုသာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ်” ဆိုသော်လည်း ‌လောကတွင် ငွေပေး၍မရသော အရာများစွာ ရှိပါသည်။ နော်ဝေလူမျိုး ကဗျာဆရာ၊ ပြဇာတ်ရေးဆရာကြီး Henrik Ibsenက ငွေပေးလို့မရတာတွေကို ရေတွက်ပြထားသည်။ What money can buy 1. A bed, but not the sleep  ခုတင်တစ်လုံးကို ဝယ်ယူနိုင်သော်လည်း အိပ်ပျော်ခြင်းကို ဝယ်လို့မရနိုင်ပါ။2. Books, but not the wisdom စာအုပ်တွေကို ဝယ်ယူနိုင်သော်လည်း ဉာဏ်ပညာကို ဝယ်လို့မရနိုင်ပါ။3. Food, but not the appetite  အစားအစာကို ဝယ်ယူနိုင်သော်လည်း ခံတွင်းလိုက်တာကို ဝယ်လို့မရနိုင်ပါ။4.

ငွေပေးလို့မရ Read More »

အေအိုင်ဆိုတာ တကယ်တော့….

အခုခေတ်မှာ AI က လူ့အဖွဲ့အစည်းကို ဘယ်လိုဇောက်ထိုးမိုးမျှော် ပြောင်းပစ်မလဲလို့ ဦးနှောက်ခြောက် နေတယ်ဆိုရင် ဟိုးအရင်တုန်းက နှစ်ပေါင်း ထောင်ချီကြာခဲ့စဥ်က လူသားတွေဟာ ဝံပုလွေ မျိုးစိတ် ထဲက လူထက်တောင် အာရုံခံကောင်းတဲ့ အဖော်တစ်ယောက် ပေးခဲ့ဖူးတဲ့ နည်းပညာကို စဉ်းစား ကြည့်ပါ—အဲဒါ “ခွေး” ပဲ။ ဝံပုလွေတွေကို နည်းနည်း ယဥ်ပါးလာအောင် သင်စရာရှိတာတွေ သင်ပေးပြီး အိမ်မွေး တိရစ္ဆာန် လုပ်လိုက်တာနဲ့ လူတွေဟာ အဝေးက သားကောင်နံ့ကို ကိုယ်တိုင် နှာခေါင်းနဲ့ ပင်ပင်ပန်းပန်း ခံစရာမလိုဘဲ သိနိုင်ပြီး ညဘက် ရန်သူချဉ်းကပ်လာသံကိုလည်း ကြားနိုင် လာတယ်။ ဒီလိုနဲ့ နီအန်ဒါသယ် ကမ္ဘာဦးလူသားတွေထက် အမဲလိုက်ကောင်း၊ တိုက်ခိုက်ရေးလည်း ကောင်းသွားပြီး ချောင်းတိုက်ဖို့ခက်၊ ထွက်ပြေးရင်တောင် လွတ်ဖို့လည်းခက်တဲ့ အဖွဲ့ဖြစ်လာတယ်။ မနုဿဗေဒ

အေအိုင်ဆိုတာ တကယ်တော့…. Read More »