မိုးသည်း……ဘုရား……ပန်းအိုး……
မိုးသည်း……ဘုရား……ပန်းအိုး…… Read More »
၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်၊ တနင်္ဂနွေနေ့ ရှိပြီးသားတွေ လျော့သွားတယ် ဝလုံးရေ သင်္ကြန်တစ်နှစ်ကျပြီးပြန်ပြီ။ ငါက အရင် မြန်မာပြည်မှာ ရှိတုန်းကတည်းကဘယ်တော့မှ သင်္ကြန်မလည်ခဲ့ပေမယ့် သင်္ကြန်နီးလာလို့ သီချင်းသံတွေ ကြားရင်ကို စိတ်ထဲက ပျော်နေတတ်ခဲ့တာ။ အခုလည်း ဟိုရက်တွေကတည်းက ပင်နီဆူလာ ဘက်ရောက်နေခဲ့တယ်။ ဒီနေ့တော့ ထုံးစံအတိုင်း တစ်ပတ်တစ်ခါ ထွက်လာပြီး ဂျာနယ် ဝယ်တော့ ဖတ်နေကျ အစုံမရဘူး။ ဆိုင်ရှင်က ရန်ကုန်မှာ သင်္ကြန်ပိတ်ရက်တွေမှာ ဘာမှမထွက်ဘူးလို့ သတင်းပေးပါတယ်။ ဒီမှာရော ခါတိုင်း လုပ်နေကျ ပင်နီဆူလာ သင်္ကြန်လုပ်သံ မကြားလို့ မေးကြည့်တော့ ဒီနှစ် မလုပ်ဘူးတဲ့။ ဘာကြောင့်ဆိုတာ သေချာ မသိပေမယ့် မနှစ်က လုပ်တဲ့ အချိန်တုန်းက ရေမပက်ရလို့ တားထားတာကို အပျော်လွန်နေတဲ့
စျေးပေါင်ကျိုးနဲ့ ရောင်းမှာလား Read More »
လူထုဖတ်ဖို့ ဆောင်းပါးရေးတော့မယ်ဆိုရင် စာပေ ခြေလှမ်းသစ်လှမ်းချင်တဲ့ လူငယ်ကလောင်ရှင်တို့ရေ… မင်္ဂလာပါ…. အွန်လိုင်းပေါ်မှာ စာရေးရတာဟာ လွယ်သလိုလိုနဲ့ ခက်ခဲတဲ့ အနုပညာတစ်ခုပါ။ ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာက စာဖတ်သူရဲ့ စိတ်ကို ဖမ်းစားနိုင်မလား၊ ဒါမှမဟုတ် ဖတ်နေရင်း ‘မျက်တောင်ခတ်ဖို့တောင် မေ့သွားစေမယ့် ဆွဲဆောင်မှု’ ဖြစ်မလားဆိုတာကတော့ ကိုယ်တိုင် ဖန်တီးယူမှုပေါ်မှာ တည်မှီမှာပါ။ တကယ်လို့ စာဖတ်သူရဲ့ရင်ကို လှုပ်ခတ်နိုင်တဲ့ ဆောင်းပါးရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် လျှို့ဝှက်ချက်တွေကို အသည်းထဲ စွဲမြဲနေအောင် မှတ်သားထားဖို့ လိုပါလိမ့်မယ်။ အဘိဓာန်ကြီး ဘေးချထားလိုက်တော့ စာလုံးကြီးကြီးတွေ၊ ခက်ခဲတဲ့ ပါဠိသက်တွေ သုံးမှ “ပညာရှိ” စံနှုန်းမီမယ်ဆိုတာ ရှေးခေတ်ကပါ။ အခုခေတ်ကတော့ ကလေးလည်း နားလည်၊ လူကြီးလည်း သဘောကျမှ ဆောင်းပါးက ပေါက်တာ။ ကင်ညာက ပုံပြင်ဆရာမ Wangari ကို ကြည့်။ “ယုန်နဲ့လိပ်” ကို
ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၄) Read More »
မေတ္တာစာဆိုသည့် အရေးအသားတစ်ခုဟာ ယနေ့ခေတ်မှာ မရှိသလောက် ဖြစ်သွားပေပြီ။ သို့သော်လည်း မြန်မာစာ အတိုးတက်ဆုံးဟု ဆိုနိုင်သည့် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်များတွင်မူ ခေတ်စားခဲ့ကြောင်း တွေ့ရပေသည်။ အင်းဝခေတ်တွင် ရှင်မဟာရဋ္ဌသာရနှင့် ကုန်းဘောင်ခေတ်တွင် ဦးပုညတို့မှာ အထင်ရှားဆုံးဖြစ်သည်။ မေတ္တာစာဆိုသည်က မေတ္တာနှင့် စာကို ပေါင်းစပ်ထားခြင်း မဟုတ်ပါလော။ မေတ္တာ၏အနက်ကို လိုက်ကောက်ကြည့်မည်ဆိုလျှင် ပါဠိဘာသာစကား ‘မိတ္တ’ (Mitta) မှ ဆင်းသက်လာသော မေတ္တာ (Metta) ဟူသည်မှာ မိတ်ဆွေကောင်းတို့၏ ချစ်ခင်ခြင်း၊ အကျိုး လိုလား ခြင်းနှင့် ငြိမ်းချမ်းစေလိုခြင်းဟူသော အနက်အဓိပ္ပာယ်ကို ဆောင်သည်။ မေတ္တာဟူသော စကားလုံးသည် သက္ကတ ဘာသာ ‘Maitri’ မှ ဆင်းသက်လာပြီး ယင်းသည် နေမင်း၏ နွေးထွေးမှုနှင့် တူညီသော သဘောကို ဆောင်သည်။ နေမင်းသည် ကမ္ဘာလောကရှိ သက်ရှိအားလုံးအပေါ် ခွဲခြားမှုမရှိဘဲ အလင်းနှင့် အပူကို
ဆရာတော်ရေးသည့် မှာတမ်းစာ Read More »
ဟိုး အတိတ်တစ်ချိန်ကတော့ စျေးကြီးတော့ အသားချည်း သီးသန့်ဝယ်မစားနိုင်ဘဲ အသားနဲ့အရိုး မျှပြီး မိသားတစ်စုလုံးစားရတာ၊ အဲဒါတောင် မတတ်နိုင်လို့ အားရှိအောင် ရာသီဥတု အေးအေးမှာ နွေးနွေး ထွေးထွေးရှိအောင်ဆိုပြီး အရိုး စွပ်ပြုတ်ကလေးကို ငရုတ်ကောင်းမှုန့်ဖြူးပြီး သောက်လိုက် ရရင် သိပ်ကောင်းတာ ပဲတဲ့။ ဒါပေမဲ့ အခုဆိုရင် ငွေကြေး တတ်နိုင်သူတွေကပါ အရိုးစွပ်ပြုတ်ဘက်ကို လှည့်လာကြပါပြီ။ ဘာဖြစ်လို့ပါလဲ။ အသားနွှင်ထားတဲ့ အရိုးတွေကို တွယ်ဆက်တစ်ရှူးတွေ အရည်ပျော်သွားပြီး အရိုးတွေ အာဟာရ ကုန်ခန်း၊ လက်နဲ့ဖိလိုက်ရုံနဲ့ ကြေမွသွားတဲ့ အထိ ပြုတ်လိုက်ပါ။ ရလာတဲ့ ရလဒ်ကတော့ ဈေးကြီးပေး ဝယ်ရတဲ့ ကျန်းမာရေးအတွက် သောက်စရာ “အရိုးပြုတ်ရည်” (Bone broth) ပါပဲ။ နာမည်ကျော် အနုပညာရှင်တွေရဲ့ ထောက်ခံချက်တွေကြောင့်လည်း ဒီအရာက အတော်လေး ခေတ်စား လာတာပါ။
အရိုး စွပ်ပြုတ်နဲ့ ကျန်းမာရေး Read More »
ဒေလီမြို့ဟောင်းရဲ့ လူစည်ကားလှတဲ့ ချောင်ဒနီချောက် (Chandni Chowk) ရပ်ကွက်ထဲမှာရှိတဲ့ Diamond Horn Palace ဟာ နန်းတော်လို့ အမည်ပေးထားပေမယ့် တကယ့်လက်တွေ့မှာတော့ နန်းတော်နဲ့ တူတာဘာမှမရှိပါဘူး။ ပစ္စည်းတွေ ပြည့်နှက်နေတဲ့ အဲဒီဆိုင်လေးဟာ ကားဟွန်းတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို ရောင်းချတာပါ။ ဒါပေမဲ့ သူတို့ရဲ့ ပစ္စည်းတွေကတော့ အလွန်ပဲ အရောင်းသွက်နေပါတယ်။ ဆိုင်ပိုင်ရှင် မူစတာဖာ အာမက် (Mustafa Ahmed) က “လူတွေဟာ ဈေးကြီးတဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို ဝယ်ကြတယ်။ ဒါပေမဲ့ နှစ်လသုံးလလောက်ကြာရင် ဟွန်းသံက ယာဉ်ရဲ့ ခံ့ညားထည်ဝါမှုနဲ့ မလိုက်ဖက်တော့ဘူးလို့ ခံစားကြရတယ်။ ကျွန်တော်ကတော့ အဲဒါတွေကို ဈေးအသက်သာဆုံးနဲ့ ပြန်ပြင်ပေးပါတယ်။ တချို့ကဆိုရင် ကျွန်တော့်လက်မှာ မှော်စွမ်းအင်ရှိတယ်လို့တောင် ပြောကြတယ်” လို့ ဆိုပါတယ်။ မစ္စတာ အာမက်ရဲ့ အောင်မြင်မှုဟာ အိန္ဒိယနိုင်ငံအတွက် သတိပေးခေါင်းလောင်းသံ တစ်ခုလို ဖြစ်နေပါပြီ။
ကားဟွန်းသံစဲလို့ မရတဲ့ အိန္ဒိယ Read More »
ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေး၏ အမျိုးသားလုံခြုံရေးမူဝါဒကို ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ အစ္စရေးနိုင်ငံ၏ လွတ်လပ်ရေးနေ့ အကြိုကာလတွင် ဂျေရုဆလင်နှင့် တဲလ်အဗစ်မြို့ နှစ်မြို့ကို ဆက်သွယ်ထားသော အဝေးပြေး လမ်းမကြီးပေါ်တွင် အလံများ အမြဲတစေ ဝေဝေဆာဆာ ချိတ်ဆွဲထား လေ့ရှိသည်။ သို့သော် ယခုနှစ်တွင်မူ အပြာနှင့် အဖြူရောင် အစ္စရေး အလံများ အကြားတွင် ကြယ်စင် တံခွန်ပါသော အခြားအလံတစ်ခုကိုလည်း ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ၎င်းမှာ အမေရိကန် အလံပင် ဖြစ်သည်။ အစ္စရေးအစိုးရသည် ၎င်းတို့၏ (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပွဲကို ဆင်နွှဲရန်အတွက် ဒေါ်နယ်ထရမ့် (Donald Trump)သည် ဧပြီလ ၂၂ ရက်နေ့တွင် ရောက်ရှိလာ လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
အစ္စရေးရဲ့ ထာဝရ စစ်ပွဲများ Read More »
ဟန်ဂေရီနိုင်ငံတွင် အကျင့်ပျက်ခြစားမှုများကို အမြစ်ပါမကျန်အောင် ရှင်းလင်းပစ်မည်ဟု ပီတာမာဂျာဆို ဧပြီလ ၁၂ ရက်နေ့က ဟန်ဂေရီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် ပီတာမာဂျာ အောင်ပွဲခံ အနိုင်ရခဲ့တယ်။ ဟန်ဂေရီနိုင်ငံကို ၁၆ နှစ်ကြာ အာဏာရှင်ပုံစံနဲ့ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် အစိုးရကို ဟန်ဂေရီ ပြည်သူလူထုက ရွေးကောက်ပွဲနဲ့ပဲ ဖြုတ်ချနိုင်ခဲ့တယ်။ လူငယ်သူငယ်ချင်းတွေ တစ်ယောက်ပခုံးပေါ်တစ်ယောက်တက်ပြီး ပျော်ရွှင်မြူးထူး ကခုန်ခဲ့ကြတယ်။ ဖခင်တွေကလည်း သူတို့ကလေးတွေကို ပွေ့ဖက်နမ်းရှုပ်လို့ ပျော်ခဲ့ကြတယ်။ ဆယ်ကျော်သက် မိန်းကလေးတွေကတော့ ဝမ်းသာလွန်းလို့ မျက်ရည်များတောင်လည်ရုံသာမက ငိုတောင်ငိုခဲ့ကြတယ်။ ဘီယာတွေကတော့ ထမင်းရည် ချောင်းစီးဆိုသလို အောင်ပွဲခံတဲ့ အနေနဲ့ အလျှံပယ် သောက်ခဲ့ကြတာပေါ့။ ၁၆ နှစ်ကြာပြီးတဲ့နောက် ဟန်ဂေရီလူထုဟာ တန်ခိုးထွားလှတဲ့ အာဏာရှင်ခေါင်းဆောင် ဗစ်တာအော်ဘန်ကို ဟန်ဂေရီ
ဟန်ဂေရီခေါင်းဆောင်သစ်နှင့် အစိုးရအပြောင်းအလဲ Read More »
အရပ်သား အမေရိကန်သမ္မတတွေရဲ့ တာဝန်တွေထဲမှာ Commander in Chief (စစ်ဦးစီးချုပ်) တာဝန်လည်း ပါဝင်ပါတယ်။ အမေရိကန် ကြည်းတပ်၊ လေတပ်၊ ရေတပ် အားလုံးဟာ အရပ်သားသမ္မတရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ ဒီဆောင်းပါးမှာ အမေရိကန်သမ္မတ အဆက်ဆက် စစ်ပွဲတွေနဲ့ ကြုံရတဲ့အခါ Commander in Chief အနေနဲ့ ဘယ်လို ကိုင်တွယ်ခဲ့ကြလဲဆိုတာကို စုဆောင်းတင်ပြထားပါတယ်။ သမ္မတတွေရဲ့ အထုပ္ပတ္တိ မဟုတ်ပါ။ စစ်အတွင်းကာလ သူတို့ရဲ့ စီမံခန့်ခွဲမှု၊ စစ်အပေါ် သဘောထား စတာတွေဖြစ်ပါတယ်။ အခုလက်ရှိ အမေရိကန်ဆင်နွှဲနေတဲ့ စစ်ပွဲမှာ ရှေးယခင်က သမ္မတကြီးတွေ၊ Commander in Chief တွေများ ဗျူဟာချ ကွပ်ကဲကြရင် ဘယ်လိုတွေများ ပြောင်းသွားမလဲ တွေးကြည့်မိပါတယ်။ ဂျော့ချ်ဝါရှင်တန် (၁၇၈၉ – ၁၇၉၇) “သစ္စာတရားနဲ့ တရားမျှတမှုကို နိုင်ငံအားလုံးအပေါ် ကျင့်သုံးပါ။
သမ္မတများ၊ စစ်များ Read More »
ဘောလုံး ဝါသနာအိုးများဟာ ဘောလုံးပွဲကိုသာ အရူးအမူး စိတ်ဝင်စားကြတာပါ။ ကျန်တဲ့ နိုင်ငံရေး၊ ကမ္ဘာ့အရေးတွေကိုလည်း စိတ်ဝင်စားကောင်းဝင်စား ကြပါလိမ့်မယ်၊ ဘောလုံးနဲ့တော့ လာမရောနဲ့လို့ အများစုက ဆိုကြပါ လိမ့်မယ်။ ကမ္ဘာ့စင်မြင့်ထက်မှာ လတ်တလော နေရာယူထားတဲ့ အမေရိကန်နဲ့ အီရန် စစ်ရေး အခြေအနေတွေ ကြောင့် အမေရိကန် သမ္မတ ထရမ့်က ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) ကို ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ခဲ့တဲ့ အီရန် အသင်းနေရာမှာ ခြေစစ်ပွဲ မအောင်ခဲ့တဲ့ အီတလီ အသင်းကို အစားထိုးဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလို အစားထိုးဖို့ အကြံပြုချက်အပေါ် အီတလီပရိသတ်တွေကြားမှာတော့ ရှက်ကိုးရှက်ကန်းဖြစ်တာနဲ့ စိတ်မဝင်စားတာ မျိုးတွေ ရောထွေးနေပါတယ်။ အီတလီ မီဒီယာတွေကလည်း ဒီလိုအကြံပြုချက်မျိုးက အရင်ကလည်း
အားကစား၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံရေး Read More »