စာရေးဆရာနှင့်စာရေးစရာ
သမုဒယ အနုအလှတွေရဲ့နောက်ကွယ်မှာ သံယောဇဉ်အမျှင်တန်းပြီး ရှည်လျားတဲ့ ရာသက်ပန်ချစ်ခရီးလမ်း ဟာ ဖြောင့်တန်း နိုင်ပါ့မလား။ မြင်မြင်ချင်းချစ်မိတယ်ဆိုတာ ကို ဖူးစာလို့သတ်မှတ်ကြတယ်။ တကယ်တော့လည်း အချစ်ဆိုတာ ကြိုတင် ပြင်ဆင်စရာမလိုဘူးတဲ့လား။ ချစ်ခြင်းအစ မျက်စိက လို့ပြောကြတယ်။ မြင်မြင်ချင်း ချစ်တာနှင့် ချစ်ခြင်းအစ မျက်စိကဆိုတာ အဓိပ္ပာယ်ချင်း မကွဲပြားလှပါဘူး။ ဘာပဲပြောပြော ကြိုတင်ပြင်ဆင်မှု မပါတဲ့ ဘာကိစ္စမဆို အလွဲလွဲ အချော်ချော်ဖြစ်ဖို့ သေချာသလောက်ပါပဲ။ မြင်မြင်ချင်း ချစ်မိပြီး တစ်ဇွတ်ထိုးစုံလုံးကန်းတာကို ချစ်ခြင်းမေတ္တာ အစစ်အမှန်လို့ ယူဆပါသလား။ လျှပ်ပေါ်လော်လီတဲ့ အချစ်ဟာ လျှပ်စီးလက်သလို ပျက်ပြယ်တတ်ပါတယ် ။ ရုတ်တရက်တော့ အချစ်ဆိုတာ အပြစ်မှန်သမျှကို ဖုံးကွယ်လေ့ရှိတယ်။ ဒါကလည်း အချိန်အကြာကြီး မဖုံးကွယ်ထားနိုင်ပါဘူး။ အပြစ်မြင်လာတဲ့ တစ်နေ့ ချစ်တဲ့စိတ်တွေ တစ်စတစ်စ လျော့နည်း လာရာက […]
စာရေးဆရာနှင့်စာရေးစရာ Read More »








