The Corner

The Corner

cropped-Logo_round_grey-background.png

အာရှ မဟာမိတ်များနဲ့ အမေရိကန်

Share မယ်

The Economist magazine ပါ “America’s secretary of war pulls his punches on China” ဆောင်းပါးကို ပြန်ဆိုသည်။

စင်္ကာပူမှာ နှစ်စဉ်ကျင်းပတဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ နိုင်ငံတကာက ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူ တွေ၊ အကဲဖြတ်သူတွေ တွေ့ဆုံလေ့ရှိရာမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေကလဲ တက်ရောက် ပြီး အမေရိကန်ရဲ့ အာရှ မူဝါဒ ကိုတင်ပြခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပါပြီ။ မနှစ်က ဆွေးနွေးပွဲကို တက်ရောက် စကားပြောခဲ့တုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး ပူပူနွေးနွေး ပိ ဟက်ဆက်ရဲ့ လုပ်သက် က ၄ လ စွန်းစွန်းပဲ ရှိပါသေးတယ်။ ထရမ့်အစိုးရရဲ့ စိတ်ကူး စိတ်သန်းတွေကို ပုံဖေါ်နေဆဲ ကာလ ပါ။ မေလ ၃၀ရက်နေ့မှာတော့ နိုင်ငံတကာ ကာကွယ်ရေးထိပ်ပိုင်းအရာရှိကြီးတွေဟာ အမေရိကန်ရဲ့ အာရှအပေါ် မူဝါဒ ဗျူဟာတွေ ဘယ်လို ပြောင်းလဲတိုးတက်လာမလဲ ဆိုတဲ့ မျှော်မှန်းချက်နဲ့ စင်္ကာပူမှာ ထပ်မံရောက်ရှိလို့ လာကြပြန်ပါတယ်။ အာရှမဟာမိတ်တွေအပေါ် အထူးသဖြင့် ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ သဘောထားတွေကို သံသယတွေ ပိုကြီးလာခဲ့ကြရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် စစ်ဖက်ရေးရာ ဝန်ကြီး ပိဟက်ဆက် (ညာ)

ပိ ဟက်ဆက်က အမေရိကန်ရဲ့ မဟာဗျူဟာကို ရှင်းလင်းရာမှာ အမေရိကန် မူဝါဒက ပထဝီအနေအထားအရရော၊ သံခင်းတမန် ခင်း အနေအထားအရပါ လျှော့ချမယ့်  မူဝါဒလို့ ခပ်ပြတ်ပြတ်ပဲ ပြောသွားခဲ့ပါတယ်။ ဘိုင်ဒင်လက်ထက်က ပင်တဂွန်ဟာ အင်ဒို – ပစိဖိတ်လို့ ခေါ်တဲ့ တောင်အာရှကနေ ကာလီဖိုးနီးယားအထိကျယ်ပြန့်တဲ့ ဒေသကြီးမှာ မဟာ မိတ်တွေ တည်ဆောက်ဘို့ ကြိုးစားခဲ့ပါတယ်။ ထရမ့်လက်ထက်မှာတော့ ပြောင်းပြန်ဖြစ်သွားပြီး ကျွန်းချင်းချိတ်ဆက်တဲ့ မူဝါဒအရ ဂျပန်ကနေ ဖိလစ်ပိုင်အထိဒေသကို ဆွဲကိုင်သွားမှာ လို့ ဆိုပါတယ်။ ပိ ဟက်ဆက်ပြောတဲ့ အာရှမှာ မျှတတဲ့ အာဏာခွဲဝေမှု ရှိဘို့ဆိုရင် အထက်ပါဒေသကို ကိုင်ထားခြင်းက အဓိကလို့ အမေရိကန် ကာကွယ်ရေးဌာန ထိပ်တန်းအရာရှိတွေက ယုံကြည်တာပါ။

ပင်တဂွန် မူဝါဒရဲ့ ဒုတိယအပိုင်းကတော့ အမာအင်အား သို့မဟုတ် လက်နက်ပါဝါကို လျှော့ချဘို့ပါ။ ဒါလဲ ဘိုင်ဒင်ရဲ့ မူဝါဒနဲ့ ပြောင်းပြန်ပါ။ ဘိုင်ဒင်က စည်းမျဉ်းအခြေခံ နိုင်ငံတကာ အခင်းအကျင်းရဲ့ အရေးပါပုံကို အဓိက ထားပြီး လက်နက်အင်အား တောင့်တင်းမှုမရှိတဲ့ နိုင်ငံငယ်လေးတွေဆီကတောင် ထောက်ခံမှုကို ရယူလေ့ရှိပါတယ်။ “စည်းမျဉ်းစည်းကမ်းသဘောတူညီချက်တွေ ကြိုက်သလိုရေးဆွဲလို့ ရတယ်။ စည်းမျဉ်းစည်းကမ်းတွေရှိတာ သိပ်ကောင်းတယ်။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်း သဘောတူ ညီချက်တွေကို အင်အားသုံးပြီး ကာကွယ်မပေးနိုင်ရင် အဲဒီစည်းမျဉ်း စည်းကမ်း သဘောတူညီချက်တွေ ဆိုတာ အဲဒါတွေကို ရေးထားတဲ့ စာရွက်တွေလိုပဲ၊ ဘာမှ တန်ဘိုးမရှိဘူး” ဟက်ဆက်ရဲ့ စကားပါ။ အဆုံး မှာတော့ အမေရိကရဲ့ အာရှက မဟာမိတ်နိုင်ငံတွေ အနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို မိမိတို့ဘာ သာ ကျခံကြဘို့၊ နိုင်ငံ GDP ရဲ့ အနည်းဆုံး ၃.၅ % ကို ကာကွယ်ရေးအတွက် သုံးဘို့၊ ပိ ဟက်ဆက်က တောင်းဆိုသွားပါတယ်။ (တကယ်တော့ သူပြောတဲ့ ရာခိုင်နှုန်းနားကို ဘယ်နိုင်ငံမှ ရောက်မနေကြပါ)။

ဘိုင်ဒင်အစိုးရရဲ့ မဟာဗျူဟာ ဗဟိုချက်က Quad လို့ ခေါ်တဲ့ အမေရိကန်၊ ဩစတေးလျ၊ အိန္ဒိယနဲ့ ဂျပန်တို့ ပါဝင်တဲ့ အုပ်စု တည်ထောင်ထားခြင်းပါ။ ဒေလီမှာ မေလအတွင်း ကျင်းပခဲ့တဲ့ Quad ညီလာ ခံကို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို တက်ခဲ့ပေမယ့် သတိပြုစရာ ဘာမှ မရှိပါ။ အစိုးရသစ်ရဲ့ မူဝါဒ အရတော့ ဒါဟာ မထူးဆန်းပါ။ ကျွန်းချင်းချိတ်ဆက်တဲ့ မူဝါဒနဲ့ လက်နက်မူဝါဒဟာ Quad အတွက် သင့်တော်ပုံ မရပါဘူး။ ဒီဒေသထဲမှာ အိန္ဒိယက ဘာမှလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အိန္ဒိယဟာ အမေရိကန်နဲ့ သူ့ မဟာမိတ်တွေနဲ့ သိပ်ပြီး နီးကပ်တာ ပေါ်လွင်သွားမှာကို အိန္ဒိယက စိုးရိမ်တာကြောင့် တကယ့်လက်တွေ့မှာ Quad အဖွဲ့အတွင်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရှောင်သွားလေ့ ရှိပါတယ်။ အဲဒါအစား အကူအညီပေးလေ့ရှိတာက ဘိုင်ဒင်အစိုးရက အများပြည်သူသုံး လို့ ခေါ်တဲ့ ကာကွယ်ဆေးပေးတာမျိုးပါ။

စင်္ကာပူမှာ သူစကားပြောတဲ့အခါ Quad ကို ဟက်ဆက်က လုံး၀ ထည့်မပြောပါဘူး။ ပိုပြီး အံ့ဩဘို့ ကောင်းတာက ဒေသအတွင်းမှာ ထင်ရှားတဲ့ ထိုင်ဝမ်ကိုလဲ ထည့်မပြောတာပါ။ (မနှစ်တုန်းကတော့ ကိုယ်ပိုင်အစိုးရ ထူထောင်ဘို့ တရုတ်က ကျူးကျော်မယ့် အန္တရာယ် ကျရောက်နေပြီ၊ အကျိုးဆက် တွေကတော့ တုန်လှုပ်စရာ ဖြစ်လိမ့်မယ်” လို့ သူက သတိပေးခဲ့ပါတယ်)

ထိုင်ဝမ်ကိစ္စနှုတ်ဆိတ်နေခြင်းဟာ အမေရိကန်ရဲ့ အာရှမဟာမိတ်တွေအပေါ် ထားရှိတဲ့ ကတိကဝတ် တွေအပေါ် မေးခွန်းထုတ်ကြလိမ့်မယ်လို့ ဟက်ဆက်က ကြိုတွေးထားပုံ ရပါတယ်။ (သူတို့ပိုပြီး ကြောက်သွားတာက ဖေဖေါ်ဝါရီလထဲမှာ ထရမ့်က ထိုင်ဝမ်ကို လက်နက်ရောင်းဘို့ ကို ကွန်ဂရက်ဆီက ခွင့်ပြုမိန့် ယူဘို့ ကြာနေတုန်းကပါ။ ထိုင်ဝမ်ကို လက်နက်ရောင်းဘို့ကိစ္စ ရှိကျင်းဖျင်နဲ့ မေလ ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးကြောင်း ထရမ့်က ထုတ်ပြောလိုက်တဲ့အခါ အားလုံး အံ့ဩထိတ်လန့် သွားကြပါတယ်။ ဒါကြောင့် သူ့ရဲ့ ဆိတ်ဆိတ်နေမှုဟာ တင်းမာမှုတွေ လျော့ကျဘို့ စံနစ်တကျ အားထုတ်ထားခြင်း ဖြစ်ပြီး အမေရိကန်ဟာ မော်မော်ကြွားကြွား မလုပ်ပါဘူးလို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ တကယ်ကတော့ စက်တင်ဘာမှာ အမေရိကန်မှာ တွေ့ကြမယ့် ရှီကျင်းဖျင်နဲ့ ထရမ့်တို့ ရဲ့ ဆွေးနွေးပွဲကို ထိခိုက်သွားစေမယ့် ဘယ်လိုအကြောင်းအရာကိုမဆို သူမပြောမိအောင် ကြိုးစားခြင်း ဖြစ်ပါတယ်။

Credit: The Straits Times

တရုတ်အာဏာပိုင်တွေက တော့ သူတို့ကြားတာတွေကို သူတို့ သဘောကျနေပုံပါ။ အင်အားကြီး နိုင်ငံ ၂ခု အကြားက တင်းမာမှုတွေ လျော့ကျလာနေတယ်လို့ အရှေ့တောင်အာရှက ထိပ်တန်းအရာရှိတွေက သတင်းပို့ပါတယ်။ ဒါပေမယ့် ရစ်ချဒ် ဟက်စ် ဆိုတဲ့ နိုင်ငံတကာဆက်ဆံရေးကောင်စီ ဥက္ကဌက ပိ ဟက်ဆက် နှုတ်ဆိတ်နေတာကို ၁၉၅၀ တုန်းက အက်ချီဆန်ရဲ့ အဖြစ်နဲ့ နှိုင်းယှဉ်ပြပါတယ်။ အက်ချီဆန် ဟာ စစ်အေးတိုက်ပွဲများ အစ ၁၉၅၀လောက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ သူ့ရဲ့ မိန့်ခွန်းမှာ တောင်ကိုရီးယားဟာ အမေရိကန်က အကာအကွယ်ပေးမယ့် ဒေသထဲမှာ ရှိကြောင်း ထည့် မပြောလိုက်မိပါဘူ။ နောက် နှစ်ပါတ်အကြာမှာတော့ တောင်ကိုရီးယားဘက် ဝင်ကျူးကျော်ဘို့ မြောက်ကိုရီးယားကို စတာလင်က မီးစိမ်းပြလိုက်ပါတယ်။

ပင်တဂွန်ရဲ့ ဗျူဟာမှာ အဓိပ္ပါယ်ရှိတာတွေလည်း ပါပါတယ်။ ဒီမူဝါဒက တရုတ်နိုင်ငံရဲ့ နယ်ပယ်ချဲ့ထွင် မှုကို တားမြစ်နိုင်ပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်တွေက ကိုယ်ပိုင်ကာကွယ်ရေးအသုံးစရိတ်တွေ တိုးမြှင့်နိုင်ခဲ့ရင် ပိုလို့တောင် တားမြစ်နိုင်မှာ ဖြစ်ပါတယ်။ စင်္ကာပူက ပြန်ခါနီးမှာ ဟက်ဆက်က သတင်းထောက်တွေကို အမေရိကန်ရဲ့ ထိုင်ဝမ်နိုင်ငံအပေါ်ထားတဲ့ မူဝါဒဟာ အပြောင်းအလဲ မရှိပါဘူး လို့ ပြောခဲ့ပါတယ်။ ရှုပ်ထွေးစေမယ့် အရာတစ်ခုခုဟာ ဒီကိစ္စကို အထူးအန္တရာယ်များစေပါလိမ့်မယ်။

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *