The Corner

The Corner

cropped-Logo_round_grey-background.png

အမေရိကန်

Good အရေးအခင်း

မင်နီယားပိုးလစ်စ်နဲ့ စိန့်ပေါ မြို့ညီနောင်ဟာ မင်နီဆိုးတား ပြည်နယ်ထဲမှာ ရှိပါတယ်။ မင်နီဆိုးတားဆိုတာ ရေကန်ပေါင်း ၁၀,၀၀၀ ရှိတဲ့မြေ လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီကန်ကြီးတွေထဲမှာ နာမည်ကျော် မစ္စစ္စပီမြစ်ကြီး မြစ်ဖျားခံရာ ကန်ကြီးလည်းပါပါတယ်။ ကနေဒါနဲ့ ထိစပ်နေတဲ့ မြို့ညီနောင် မင်နီးယားပိုးလစ်စ် နဲ့ စိန့်ပေါတို့ဟာ နိုင်ငံရပ်ခြားက ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးပြီး နွေးထွေးစွာ ကြိုဆိုတဲ့နေရာမှာ နာမည်ကျော်ပါတယ်။ ၂၀၁၇ လောက်မှာဆိုရင် မြန်မာပြည်က ပြောင်းရွှေ့ အခြေချ လာတဲ့ ကရင် မိသားစု ၆,၀၀၀ လောက်ရှိပါတယ်။ အခြေချ နေထိုင်သူတွေထဲမှာ ဆိုမာလီယာနိုင်ငံက ဆိုမာလီလူမျိုးတွေ လည်းများပါတယ်။ မကြာသေးခင်က ဆိုမာလီယာ အမျိုးသမီး တစ်ယောက် ပြည်နယ်လွှတ်တော်မှာ အမတ်ဖြစ်လာပြီး ရွေးကောက်ခံရတဲ့ စိန့်ပေါ မြို့တော်ဝန် ဆိုရင် လည်း […]

Good အရေးအခင်း Read More »

ပါဝါအရှိဆုံး ဒု သမ္မတ

ရယ်စရာ ပျက်လုံးတစ်ခုကြားဖူးပါတယ်။ အသက် ၈၀ အဘွားကြီး လူအိုရုံကို ရောက်လာတော့ ကျွေးမွေး စောင့်ရှောက်မယ့် သားသမီးမရှိဘူးလားလို့ မေးပါတယ်။ အဘွားကြီး က သား နှစ်ယောက်ရှိ ကြောင်း ဖြေတော့ သား နှစ်ယောက်က မစောင့် ရှောက်ဘူးလားလို့ ထပ်မေးကြပါတယ်။ အဲဒီတော့ အဘွားကြီးက ဖြေပါတယ်။ “သားနှစ်ယောက်ရှိတာ အကြီးကောင်က သင်္ဘောသား ဖြစ်သွားပြီးကတည်းက ဘာသတင်းမှ မရတော့ဘူး။ အငယ်ကောင်လည်း တူတူပဲ၊ ဒု-သမ္မတ ဖြစ်သွားပြီး ကတည်းက ဘာသံမှကို မကြားရတော့ဘူး”။ ပြက်လုံးက ဒု-သမ္မတတွေ အရာမဝင်ပုံကို လှောင်ပြောင်ထားတာပါ။ အမေရိကန်မှာ ဒု-သမ္မတနဲ့ သမ္မတဟာ အတော်ကွာပါတယ်။ သမ္မတက အိမ်ဖြူတော်ကို အပိုင်စားရပေမယ့် ၁၉၈၀ ဝန်းကျင်လောက်အထိ ဒု-သမ္မတအတွက် သတ်မှတ်ထားတဲ့ စံအိမ်မရှိဘူးလို့ ဆိုပါတယ်။

ပါဝါအရှိဆုံး ဒု သမ္မတ Read More »

သူပြောတော့လည်း သူ့စကားပေါ့

စတိဗန်နွန် (Steve Bannon) က “ထရမ့်က ၂၀၂၈ ခုနှစ်မှာ သမ္မတအဖြစ် ရှိနေဦးပါမှာ၊ လူထုအနေနဲ့ ဒါကို သဘောပေါက် နားလည်လက်ခံဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။ စတိဗန်နွန်က အိမ်ဖြူတော်ရဲ့ မဟာဗျူဟာ အကြီးအကဲ ဟောင်းပါ။ အီကောနောမစ် ဂျာနယ်နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ စတိဗန်နွန်က ပြောဆိုဆွေးနွေးခဲ့တာပါ။ “သင့်တော်တဲ့ အချိန်ကျရင် ကျွန်တော်တို့ရဲ့ စိတ်ကူး အကြံအစည်ကို ချပြမှာပါ” တဲ့။ သူက ဒါကို တကယ် အလေးအနက် ပြောတာ ဟုတ်၊ မဟုတ် သိဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ ဒီစိတ်ကူးအပေါ် အလေးအနက် သုံးသပ်ဖို့ လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်နယ်ထရမ့် ကိုယ်တိုင်က “တတိယမြောက် သမ္မတ သက်တမ်း” ဆိုတာမျိုးကို မကြာခဏဆိုသလို

သူပြောတော့လည်း သူ့စကားပေါ့ Read More »

ကြီးမြတ်ခြင်းနှင့် သေးသိမ်ခြင်း

ချာလက်စတန်မြို့ဟာ အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်မှာ လူဦးရေအထူ ထပ်ဆုံးမြို့လေးဖြစ်ပြီး ၁၆၇၀ ခုနှစ်မှာ အင်္ဂလိပ်လူမျိုးတွေက စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီမြို့လေးမှာ Mother Emanuel A.M.E ဘုရားကျောင်း ကို ၁၈၁၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ၁၈၈၆ မှာ ငလျင်မိခဲ့ပေမယ့် ပြန်လည် တည်ဆောက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်က ချာလက်စတန်မြို့ရဲ့  စိုစိစိ ညနေခင်းမှာ ကိုးတန်းနဲ့ ကျောင်းထွက်ခဲ့ရပြီး ပန်းကန်လုံးပုံစံ ဆံပင်နဲ့ ဒိုင်လန်ရုဖ်ဆိုတဲ့ကောင်လေးဟာ A.M.E ဘုရားရှိခိုးကျောင်းထဲက သမ္မာကျမ်း စာ အတန်းထဲကို ဝင်လာပါတယ်။ အဲဒီနေရာက အစဉ်အလာအရ တောင်ကာရိုလိုင်းနား ပြည်နယ်မှာ လူမည်းတွေ သက်တမ်းအကြာဆုံး စုပေါင်း ဘုရားဝတ်တက်တဲ့ နေရာပါ။ အသက် ၂၁နှစ်အရွယ် ရုဖ်မှာ ဒသမ ၄၅ ပစ္စတို

ကြီးမြတ်ခြင်းနှင့် သေးသိမ်ခြင်း Read More »

ကိုယ့်ရှူးကိုယ်ပတ် မူဝါဒ အလွဲအချော်များ

သမ္မတဟာ အမေရိကန်ရဲ့ ဒီမိုကရက်မြို့တွေအပေါ် ပစ်မှတ်ထား ကိုင်တွယ် ဆောင်ရွက်ဖို့ အရူးအမူး ဖြစ်နေပါတယ်။ မိုက်ဂရံ့ (Migrants) လို့ခေါ်တဲ့ နိုင်ငံရွှေ့ပြောင်း အခြေချ နေထိုင်သူတွေကို ကြိုဆိုတဲ့ မြို့တွေအပေါ် ပစ်မှတ်ထားတာက သမ္မတရဲ့ စိတ်ကြိုက်အတွေ့ဆုံး မူဝါဒ ဖြစ်နေပါတယ်။ သို့ပေမဲ့လည်း စက်တင်ဘာလ ၄ ရက်နေ့မှာ ဟွန်ဒိုင်း (Hyundai) လျှပ်စစ်ကား စက်ရုံမှာ ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမား ၄၇၅ ဦးကို ဖမ်းခဲ့တာက ထူးခြားနေပါတယ်။ ဒီလျှပ်စစ်ကား စက်ရုံက ဂျော်ဂျီယာ ပြည်နယ် အယ်လက်ဘဲလ် (Ellabell) မြို့ပြင်နားမှာ တည်ရှိတာဖြစ်ပြီး ဒီမြို့ဟာ ရီပတ်ဘလီကင်တွေ အားကောင်းရာ ဒေသမှာ ရှိတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ကျေးလက် မြို့ကလေးပါ။ စက်ရုံဝန်းကျင်မှာ တပ်ဖွဲ့ဝင် ၄၀၀

ကိုယ့်ရှူးကိုယ်ပတ် မူဝါဒ အလွဲအချော်များ Read More »

ကျောခိုင်း လျှောက်လှမ်းနေသော ငြိမ်းချမ်းရေး ခရီး

အလာစကာမှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးကြမယ် ဆိုတော့ တချို့က မျှော်လင့်ချက်နဲ့ စောင့်ကြည့်ကြပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က ပဥ္စလက်ဆန်ဆန် ဘာများ ထုတ်ပြလိုက် မလားပေါ့။ ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ခဲ့ကြတာပါ။ တွေ့ခဲ့တဲ့ နေရာက အလာစကာမှာရှိတဲ့ အမေရိကန် ကြည်း-လေ ပူးတွဲ စစ်အခြေစိုက်စခန်း (Elmendorf Richardson) ပါ။                 ဒီ ကြည်း-လေ ပူးတွဲ စစ်အခြေစိုက် စခန်းမှာ သမ္မတ ပူတင် လေယာဥ်မဆိုက်ခင် သမ္မတ ဒေါ်နယ် ထရမ့်က သူ့ရဲ့ သမ္မတစီး လေယာဥ်ပျံပေါ်မှာ မီဒီယာနဲ့ တွေ့ပြီး “ကျွန်တော်တို့ ဒီကိုရောက်နေတာ အပစ်အခတ် ရပ်စဲရေးအတွက်ပါ၊ ကျွန်တော်တို့ အပစ်အခတ်

ကျောခိုင်း လျှောက်လှမ်းနေသော ငြိမ်းချမ်းရေး ခရီး Read More »

‘အမေရိကန် ရွှေခေတ် ပြန်ရောက်ရေး’ – ‘ဒီမိုကရေစီ’ ကို ဆန့်ကျင်ရမည်ဆိုသည့်သမ္မတ ထရမ့်၏ ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’

အမေရိကန်အစိုးရအဖွဲ့များတွင် ယေဘုယျအားဖြင့် သမ္မတပြီးလျှင် အစဉ်အလာအားဖြင့် ထင်ပေါ်သူမှာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သည်။ လက်ရှိ အမေရိကန် သမ္မတ ထရမ့်အစိုးရအဖွဲ့တွင်မူ နိုင်ငံခြားရေးဝန်ကြီး (Marco Antonio Rubio) ထက် ကာကွယ်ရေးဝန်ကြီးက ပို၍ ထင်ပေါ်နေလေသည်။ နိုင်ငံခြားရေးနှင့်ပတ်သက်သော မူဝါဒဆိုင်ရာ သဘောထား များကို နိုင်ငံခြားရေးဝန်ကြီးထက် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ (Pete Hegseth) က ထုတ်ဖော်ပြောဆိုနေသည်ကို ရံဖန်ရံခါ ကြားနေရသည်။ အထူးသဖြင့် သမ္မတ ထရမ့်အစိုးရအဖွဲ့သည် နယ်မြေချဲ့ထွင်ရေးမူဝါဒ (သို့မဟုတ်) ကိုလိုနီနယ် မြေတိုးချဲ့ ရေးမူဝါဒကို ကိုင်စွဲထားသည်ဟု ပြောဆိုမှုများလည်းရှိနေသည်။ လက်ရှိ ဥရောပနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေကို ကြည့်၍ အထီးကျန်ဝါဒ ကျင့်သုံးနေသူ (Isolationist)ဟုလည်း သုံးသပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်အစိုးရ၏

‘အမေရိကန် ရွှေခေတ် ပြန်ရောက်ရေး’ – ‘ဒီမိုကရေစီ’ ကို ဆန့်ကျင်ရမည်ဆိုသည့်သမ္မတ ထရမ့်၏ ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ Read More »

မစ္စတာ ဒေါ်နယ်ထရမ့်ခင်ဗျား.. ကျေးဇူးပါ -မှ လူလာ

ဘရာဇီးရဲ့ တရားရေး လုပ်ပိုင်ခွင့်ကို ဝင်နှောက့်ယှက်တဲ့ အမေရိကန် ထင်သလိုဖြစ်ရဲ့လား စစ်အေးကာလ ပြီးဆုံးသွားကတည်းက အမေရိကန်ပြည်ထောင်စုက လက်တင်အမေရိက နိုင်ငံတစ်ခုအပေါ်မှာ ဒီလောက် နက်နက်ရှိုင်းရှိုင်း ဝင်ရောက် စွက်ဖက်တာမျိုးကို တွေ့ရမြင်ရ ခဲပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်က ဘရာဇီးနိုင်ငံက သွင်းကုန် တွေအပေါ်မှာ အခွန် ၅၀ ရာနှုန်း ကောက်ခံတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဘရာဇီး သမ္မတဟောင်း လက်ယာစွန်းဝါဒီ ဘော်လ်ဆိုနာရို (Jair Bolsonaro) ကိုလည်း အပြစ်ရှာ နှိပ်ကွပ်နေတယ်လို့ မှတ်ချက် ပြုပါသေးတယ်။ သမ္မတဟောင်း ဘော်လ်ဆိုနာရို ဟာ အာဏာသိမ်းရန် ကြံစည်မှု စွပ်စွဲချက်နဲ့ မကြာခင် တရားရုံးမှာ အမှုရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဘော်လ်ဆိုနာရို ကတော့ ဒီစွတ်စွဲချက်ဟာ မဟုတ်မမှန်

မစ္စတာ ဒေါ်နယ်ထရမ့်ခင်ဗျား.. ကျေးဇူးပါ -မှ လူလာ Read More »

မရယ်ရတဲ့ ဟာသ

အရွှန်းဖောက်တယ်ဆိုတာ အဖောက်ခံရသူက မျက်နှာကြီးမည်း သွားပြီး ပရိသတ်က “ဝါးခနဲ” ရယ်တဲ့အခါမှ ဟာသမြောက်တာပါ။ ဝါရင့် လူရွှင်တော်ကြီးတွေ ပြောတာ ‘အအုပ်’ နဲ့ ‘အခံ’ ဆိုတာ မှတ်သားမိပါတယ်။ ၂၀၂၄ ခုနှစ် အမေရိကန် ရွေးကောက်ပွဲအတွင်းမှာ အိုနီယွန် (Onion) – ကြက်သွန်လို့ အမည်ရတဲ့ လစ်ဘရယ် အသော အထေ့ ဂျာနယ် တစ်စောင်မှာ သတင်းခေါင်းစီးကို ဒီလိုရေးပါတယ် “Trump calls Harris to congratulate himself on winning“။ မြန်မာလို ပြန်မယ်ဆိုရင်တော့ “သူ အနိုင်ရတဲ့အတွက် ထရမ့်က ဟဲရစ်ဆီကို ဖုန်းခေါ်ပြီး သူ့ကိုယ်သူပဲ ဂုဏ်ပြု စကားပြောလိုက်တယ်” တဲ့။  ခပ်တိုတိုပါပဲ။ ဟာသတစ်ခု အမြင်နဲ့ဆိုရင် ဒီစာကြောင်းက

မရယ်ရတဲ့ ဟာသ Read More »

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး

အမေရိကန် နိုင်ငံရေးဟာ ရှင်းပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီကြီး နှစ်ခုသာရှိလို့ ရွေးကောက်ပွဲတွေမှာ အနိုင်မဟုတ်ရင် အရှုံးပါပဲ။ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ အနိုင်ရတဲ့ မဲအရေအတွက် ခြားနားမှုက နည်းသည်ထက် နည်းလာလို့ စိန်ခေါ်မှုတွေ ပိုပြင်းထန်လာပါတယ်။ အခု အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတ ဒေါ်နယ်ထရမ့် လက်စောင်းထက်လာတဲ့ အခါ အတိုက်အခံ ဒီမိုကရက် ပါတီ ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာနေပါပြီ။ ထိုင်နေသူတွေ ဆက်ထိုင်ကြမှာလား အပြောင်းအလဲတွေ လုပ်မှာလား။ “အလှည့် ရောက်လာမှာကို ထိုင်မစောင့်နိုင်သလို နောက်ကလည်း တန်းစီ နေမှာ မဟုတ်ဘူး၊ ဒီမိုကရေစီဆိုပြီး ဆေးခါးကြီးကိုလည်း အောင့်အီးပြီး မသောက်ချင် ကြတော့ဘူး” တစ်ယောက်က လူမျိုးစုပေါင်းစုံရာ နယူးယောက်မြို့က ဒီမိုကရက် ဆိုရှယ်လစ်၊

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး Read More »