The Corner

The Corner

cropped-Logo_round_grey-background.png

အမေရိကန်

မစားကောင်းသောအသီး၊ အီလွန်မတ်နှင့် ဓနဥစ္စာ၏ လှည့်ဖြားမှု

အီလွန်မတ်ရော ဒေါ်နယ်ထရမ့်ပါ သူတို့အတ္တကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာက ထင်းခနဲ မြင်နေရတာပါ။ ထရမ့်က ”အမေရိကန် တွေ အာရုံအစိုက်ဆုံး သတင်းဟာ သူ့သတင်းဖြစ်ရမယ်”လို့ ခံယူထားတာဟာ သိသာမြင်သာပါတယ်။ အီလွန်မတ်ရဲ့ ပုဂ္ဂိုလ်ရေး စရိုက် လက္ခဏာ ကလည်း ထူးမခြားနားပါ။ ဒီပုဂ္ဂိုလ်နှစ်ဦး တွဲထွက်လာကတည်းက ”ဒီနှစ်ယောက် ဘယ်တော့ ထချကြမလဲ”လို့ တွေးဆ ပြီးသားပါ၊ အီလွန်မတ်နဲ့ ထရမ့်တို့ ကွဲကြပြဲကြဆိုတာက အံ့ဩစရာမဟုတ်ပါဘူး။ တွေးထင် ထားတာထက်ကိုစောစောစီးစီး ”စလယ်ဝင် ဖင်မမည်းခင် ကတည်းကကွဲ” တာကသာ အံ့ဩစရာ ဖြစ်နေတာပါ။ နိုင်ငံရေးမှာ သက်ဆုံးတိုင် မဟာမိတ်တွေဖြစ်တော့မလိုလို၊ နှစ်ဦးစလုံးက ဒရာမာတွေခင်းခဲ့ကြပေမယ့် ကွဲပြကြတာ ဖင်မနွေးခင် မှာပဲ အီလွန်မတ်က ပါတီသစ် ”အမေရိကားပါတီ”ကို ထူထောင်မယ်လို့ ကြေညာလာပါတယ်။ ထရမ့်ကတော့ ထုံးစံအတိုင်း […]

မစားကောင်းသောအသီး၊ အီလွန်မတ်နှင့် ဓနဥစ္စာ၏ လှည့်ဖြားမှု Read More »

ကြည့်လည်း လုပ်ကြပါဦး ဆရာတို့ရယ်

ဖေဖော်ဝါရီလမှာ လူဝီစီးယားနားပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဖြစ်သလို ဆရာဝန်တစ် ယောက်လည်းဖြစ်တဲ့ ဘေးလ်ကာစီဒီ (Bill Cassidly) က ရောဘတ်အက်ဖ်ကနေဒီ ဂျူနီယာကို အမေရိကန်ကျန်းမာရေးဌာန အကြီးအကဲအဖြစ် ခန့်အပ်သင့်/မသင့် ကြားနားပွဲမှာ အတည်ပြုဖို့ အဆုံး အဖြတ် မဲပေးခဲ့ပါတယ်။ ဘေးလ်ကာစီဒီက ရှင်းလင်းရာမှာ ရောဘတ်ကနေဒီဟာ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန (Centres for Disease Control and Prevention – CDC) ၊ ကာကွယ်ဆေးဆိုင်ရာ အထူး ကျွမ်းကျင်သူများ အကြံပေး ကော်မတီ (ACIP) ရဲ့ ဆုံးဖြတ်ချက်တွေမှာ ဝင်ရောက်မစွက်ဖက်ပါဘူး လို့ ကတိကဝတ်ပြုခဲ့လို့သာ အခုလို အတည်ပြု ဆုံးဖြတ် ခဲ့တာလို့ ပြောပြခဲ့ပါတယ်။ ရောဘတ်ကနေဒီက ကာကွယ်ဆေးအပေါ် ယုံကြည်မှုမရှိဘူးဆိုတာက တစ်နိုင်ငံလုံး

ကြည့်လည်း လုပ်ကြပါဦး ဆရာတို့ရယ် Read More »

အရူးတွေရဲ့ ကမ္ဘာ..

(၁) အရူးဟာ သူရူးနေတာကို မသိဘူး။ အရူးဟာ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတယ်။ အရူးပြောသမျှစကား ယုံသူအားလုံး ရူးသွားကြတယ်။ အရူးက ဒီနေ့ ဒီစကားပြောပြီး နောက်တနေ့ နောက်တမျိုးပြောတယ်။ တနေ့တမျိုး မရိုးရဘူး။အရူးကို သွားမခန့်မှန်းနဲ့ ရူးသွားမယ်။ အရူးဟာ ဗလောင်းဗလဲ အမြဲပြောတယ်။ အရူးစကားကို အတည်ယူလို့ မရသလို အတည်မယူလို့လည်း မရဘူး။ အရူးဟာ သူစိတ်ထင်ရင် ထင်သလို ဆုံးဖြတ်တတ်ပြီး စိတ်မထင်ရင် မထင်သလို ရုတ်တရက်ပြောင်းလဲလုပ်တတ်တယ်။အရူးဟာ သူ့ကိုယ်သူသာ ဒီကမ္ဘာမှာ အကြီးမြတ်ဆုံးလို့ ယူဆပြီး တခြားသူတွေကို အထင်သေးတယ်။။ အရူးကို ဘယ်သူမှ လျှော့မတွက်ရဲကြဘူး။ အရူးက ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်လို့။ အရူးဟာ စကားကိုအလွယ်ပြောတယ်။ ပြောပြီး ကတိမတည်ဘူး။  (၂) ဘီဘီစီ In-Depth မှာ Allan Little ရဲ့ How

အရူးတွေရဲ့ ကမ္ဘာ.. Read More »

နစ်ဆင်နှင့်စ၍ ထရမ့်နှင့် ဆုံးမည်လား

မကြာခင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံကြမည်ဟု ဆိုသည်။ အမေရိကန် နှင့် တရုတ် ပထမဆုံး သမ္မတအဆင့် ခရီးစဉ်မှာ ၁၉၇၂ခုနှစ် တွင် သမ္မတ နစ်ဆင် နှင့် မော်စီတုန်း၊ ချူအင်လိုင်း တို့ လက်ထက်တွင် ဖြစ်၏။ အောက်ပါ ဆောင်းပါးမှာ တရုတ်ပြည်သို့ ပထမဆုံးခရီးစဉ်တွင် မော်စီတုန်း၊ ချူအင်လိုင်း တို့နှင့် တွေ့ဆုံခဲ့ရသည်တို့ကို သမ္မတ (ဟောင်း) နစ်ဆင်က သူ၏ ကိုယ်တိုင်ရေးမှတ်တမ်း In The Arena စာအုပ်တွင် ဖော်ပြထားသည်ကို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။  KIDD ဘာသာပြန်သူ ~~~~~~~~~~~~~~~ ၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်၊ ဘေဂျင်း လေဆိပ်မှ အစိုးရဧည့်ဂေဟာသို့ အသွားလမ်းမှာ ရင်ဖိုစရာ ဖြစ်သည်။ ဒု

နစ်ဆင်နှင့်စ၍ ထရမ့်နှင့် ဆုံးမည်လား Read More »

သမ္မတထရမ့်နဲ့ အမေရိကန်မီဒီယာတွေရဲ့ပဋိပက္ခ အရှိန်မြင့်တက်လာနေပြီလား

အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် စတာတွေကို အကာအကွယ်ပေးထားတဲ့ အခြေခံ ဥပဒေ ပထမအကြိမ် ပြင်ဆင်ချက် နဲ့ သက်ဆိုင်တဲ့ အမှုတစ်ခုကို အမိန့်ချမှတ်ခဲ့ပါတယ်။ ထိုအမိန့် ကတော့ အေပီ (Associated Press)သတင်း ဌာနကို သမ္မတနဲ့ သက်ဆိုင်တဲ့ သတင်းတွေ ရယူဖို့အတွက် အပြည့်အဝ လမ်းဖွင့်ပေးဖို့ပါပဲ။ အင်္ဂါနေ့က ထိုအမိန့်ကို ချမှတ်ရာမှာ အစိုးရအနေနဲ့ သတင်းဌာနတစ်ခုကို ၎င်းရဲ့ မိန့်ခွန်းမှာပါတဲ့ အကြောင်းအရာ တစ်ခုအတွက် ပြစ်ဒဏ် မခတ်သင့်ဘူးဆိုတဲ့ မှတ်ချက်ကိုလည်း ဖော်ပြထားပါတယ်။ သမ္မတထရမ့်က ခန့်အပ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ခရိုင်တရားသူကြီး  ထရီဗာအင်(န်) မက်ဖက်ဒင်က”မက္ကဆီကို ပင်လယ်ကွေ့ကို အမည် ပြန်လည် ပေးဖို့ဆိုတဲ့ သမ္မတထရမ့်ရဲ့ အုပ်ချုပ်ရေး အမိန့်ကို အေပီ (AP) အနေနဲ့ လိုက်နာခြင်း

သမ္မတထရမ့်နဲ့ အမေရိကန်မီဒီယာတွေရဲ့ပဋိပက္ခ အရှိန်မြင့်တက်လာနေပြီလား Read More »

အစ်ပစတိန်း ဆောင်ကြာမြိုင်မှတ်တမ်း – KIDD

မင်းတုန်းမင်းကြီးလက်ထက် မိဖုရားတွေထဲက သစ်ဆိမ့်မိဖုရားက လူပျိုတော်တစ်ယောက်နဲ့ ချိန်းတွေ့ တဲ့ အရေးအခင်း ပြီးတဲ့နောက် မင်းတရားကြီးက မိဖုရားတွေ ရဲ့အဆောင်တော်တွေကို မင်းတရားကြီး ဘယ်နေ့ ဘယ်အချိန် ကူးတယ် ဆိုတဲ့မှတ်တမ်းကို အတိအကျ ပြုစုရမယ်လို့ အမိန့်တော်မှတ်ကြောင်း ပါးစပ်ရာဇဝင်တွေက ဆိုပါတယ်။ အဲဒီ ဆောင်ကြာမြိုင်မှတ်တမ်းကို ပြုစုထိန်းသိမ်းရမယ့်သူက ပင်းတလဲ မြို့စား ဦးရွှေမောင် ပါ။ ဦးရွှေမောင်ဟာ မင်းမျိုး မင်းနွယ် မဟုတ်သော်လည်း မင်းတုန်း၊ ကနောင် ညီနောင် နှစ်ပါးလုံးက ယုံကြည်အားကိုးတော်မူတဲ့အတွက် နန်းတွင်းမှာ ဩဇာ အလွန် ညောင်းသူ ဖြစ်ပါတယ်။ ပါးစပ်ရာဇဝင်တွေအရ (ပါးစပ်ရာဇဝင်ပါနော်) ညီနောင် နှစ်ပါး တစ်လှည့်စီ မြို့ပြင်ထွက်ပြီး အပျော်ရှာချင်ရင် ဦးရွှေမောင်ပဲ နောက်တော်ပါးက လိုက်ပြီး အလိုပြည့်အောင် စီမံရပါတယ်တဲ့။ ပျော်ပါးဖို့

အစ်ပစတိန်း ဆောင်ကြာမြိုင်မှတ်တမ်း – KIDD Read More »

ထရမ့်ရဲ့ စော်ကားမှုနှင့် ကနေဒါ၏ အမျိုးသားရေးဝိညာဉ် – ရဲရင့်လင်းလက်

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက ဟော်ကီကွင်းမှာ အနီရောင်ရေခဲ ဟော်ကီအားကစားဝတ်စုံ ဝတ်ပြီး ရပ်နေပါတယ်။ ဒီအားကစား ဝတ်စုံရဲ့ ရင်ဘတ်မှာ အဖြူရောင် မေပယ်ရွက်က ထင်းထင်းကြီး ပေါ်လွင်နေပါတယ်။ (မေပယ်ရွက်ဟာ ကနေဒါ နိုင်ငံရဲ့ အမျိုးသား ရေး သင်္ကေတပါ) ကနေဒါ ဝန်ကြီးချုပ်ကို ကနေဒါ နိုင်ငံသား ဟာသ သရုပ်ဆောင် မိုက်မေယာ (Mike Myers) က ကနေဒါနိုင်ငံသား ဘယ်လောက် စစ်မစစ် မေးခွန်း တိုလေးတွေမေးပြီး စမ်းသပ် နေတာပါ။ မိုက်မေယာဟာ အမေရိ ကန်နိုင်ငံမှာ နေထိုင်နေတာပါ။ ကနေဒါနိုင်ငံသားတွေသာ သိနိုင်တဲ့ ရုပ်မြင်သံကြား က လူသိများ ထင်ရှားတဲ့ အချက်လေးတွေ ဘယ်လောက် သိသလဲဆိုတာကို စမ်းသပ်မေးမြန်းတာပါ။ (ရွေးကောက်ပွဲ ကာလ နိုင်ငံ‌ရေး လှုံ့ဆော်မှု

ထရမ့်ရဲ့ စော်ကားမှုနှင့် ကနေဒါ၏ အမျိုးသားရေးဝိညာဉ် – ရဲရင့်လင်းလက် Read More »

တရားအားမထုတ်တော့သည့် အိန္ဒိယ – KIDD

သမ္မတ ဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန် အပြန်အလှန် တိုးမြှင့်ခြင်းတွင် အိန္ဒိယအား သွင်းကုန်ခွန် လျှော့ချပေးသည်။ အတုံ့အပြန်သဘောဖြင့် တရုတ်နိုင်ငံအား နိုင်ငံတကာ စီးပွားရေးမှ “ပ”ထုတ်ထားရန် အခြားနိုင်ငံများအား တွန်းအားပေးမည့် အမေရိကန်၏ ဗျူဟာ တစ်စိတ်တစ်ပိုင်း အဖြစ် ဒု-သမ္မတ ဂျေဒီဗန့်စ် သည် ဧပြီလ ၂၁ ရက်နေ့တွင် ဒေလီသို့ ဆိုက်ရောက်လာသည်။ အိန္ဒိယအပေါ် ၂၆% စည်းကြပ်မှု ပါဝင်သည့် ယင်း သွင်းကုန်ခွန်များမှာ နိုင်ငံ အများစု အပေါ် ဇူလိုင်လ ၈ ရက်နေ့အထိ ၁၀% တွင် တန့်နေသည်။ အိန္ဒိယ အစိုးရမှာ အမေရိကန်၊ EU အပြင် အခြား နိုင်ငံများနှင့် စီးပွားရေး လုပ်ငန်းများ အပြေး အလွှား လုပ်ရ တော့သည်။

တရားအားမထုတ်တော့သည့် အိန္ဒိယ – KIDD Read More »

မော်စီနယ်ထရမ့်နှင့် အမေရိကန်ယဉ်ကျေးမှုတော်လှန်ရေး – KIDD

တရုတ်ပြည်တွင် ယဉ်ကျေးမှုတော်လှန်ရေး* အကြောင်းကို ပေါ်ပေါ်တင်တင် ဆွေးနွေးရန် မဖြစ်နိုင်။ မော်စီတုန်း လွှတ်ပေးလိုက်သည့် တယူသန်ဂိုဏ်းသားများက လူသန်းပေါင်းများစွာကို စွဲချက်များတင်ခဲ့ကြပြီး အချို့မှာ သေဒဏ်ကျ ခံခဲ့ရသော ၁၉၆၆ မှ ၁၉၇၆ ကံဆိုးမိုးမှောင်နှစ်များမှာ အစိုးရ၏ မှတ်တမ်းများတွင် အပြည့်အစုံ ဖေါ်ပြ မထားပါ။ ဤအဖြစ်မှာ ရှီကျင်းဖျင် လက်ထက်တွင် ပို၍ပင် ရှောင်ရှားရမည့် ခေါင်းစဉ်ဖြစ်လာသည်။ မော်စီတုန်း လက်ထက် ရက်စက်မှုကြီးကို ရှီက ကွန်မြူနစ်ဝါဒ အာဏာ လွှမ်းမိုးမှုအား “သမိုင်းဝင် ဘာသာမဲ့” ခြိမ်းခြောက်မှုဟု သုံးသပ်သည်။ သို့သော် အမေရိကန်နိုင်ငံရေးအကြောင်း အွန်လိုင်း ဆွေးနွေးခန်းများတွင် ဖြတ်တောက်မှုများ လျှော့လျှော့ ပေါ့ပေါ့ ရှိသည်။ တရုတ်လူမျိုးများက ထရမ့်၏ အာဏာကို သရော် သို့မဟုတ် ညည်းညူမြည်တမ်းရာ တွင်

မော်စီနယ်ထရမ့်နှင့် အမေရိကန်ယဉ်ကျေးမှုတော်လှန်ရေး – KIDD Read More »

ရပ်မယ်၊ စစ်မယ်၊ ပိတ်မယ်

ပြည်ပ အကူအညီကို အပြစ်ပြောဖို့ လွယ်ပါတယ်။ မကြာခဏဆိုသလို ပိုက်ဆံဆိုတာ အလဟဿ ဖြစ်သွား နိုင်သလို အလွဲသုံးခံ ရနိုင်တယ်။ သူ့ရဲ့အကျိုးရလဒ်ကို လွယ်လွယ်မမြင်ရနိုင်ဘူး။ တခြားနိုင်ငံက သူစိမ်းတွေကို ထောက်ပံ့ လိုက်တယ်ဆိုတာ ကိုယ့်နိုင်ငံက မဲဆန္ဒရှင်တွေ ရမယ့်အထဲက လျော့သွားတာလေ။ ဒါဟာ အမေရိက ပထမ ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စံပြပစ်မှတ် ဖြစ်လာ စေတာပါ။  ဇန်နဝါရီ ၂၄ ကစပြီး အကူအညီအားလုံး ရပ်ပါလို့ နိုင်ငံခြားရေးဌာနက အမိန့်ထုတ်လိုက်တဲ့အခါ တစ်ကမ္ဘာလုံးက လိုအပ်နေသူတွေအတွက် မြောက်မြားလှစွာသော အကူအညီတွေ ညတွင်းချင်း ပျောက်ကွယ် သွားရပြီး နေရာတိုင်း မှာ နာကျင်ခံစားကြရပါတယ်။ ဆေးပေးခန်းတွေပိတ်၊ ခုခံအားနည်း ရောဂါသည်တွေအတွက် ဆေးတွေကုန်၊ ဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းတွေရပ်၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး

ရပ်မယ်၊ စစ်မယ်၊ ပိတ်မယ် Read More »