(ပင်လယ်ထဲက အံ့ဖွယ်)
ပီရူးက တံငါသည်ကြီး ပင်လယ်ထဲမှာ ရက်ပေါင်း ၉၅ ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် အိမ်ပြန်ရောက်လာတဲ့ အံ့သြဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို ပြောချင်ပါတယ်။
ပီရူးနိုင်ငံက အသက် ၆၁ နှစ်အရွယ် မက်စီမို နာပါ ကတ်စထရို ဆိုတဲ့ တံငါသည်ကြီးရဲ့ ဘဝဟာ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။ သူဟာ ပင်လယ်ထဲမှာ ၉၅ ရက်ကြာ ပျောက်ဆုံးနေခဲ့ပေမယ့် နောက်ဆုံးတော့ မိသားစုဆီ အသက်ရှင်လျက် ပြန်ရောက်လာခဲ့ပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့မှာ မက်စီမိုဟာ ဆန်ဂျွန်ဒီ မာကွန်နာ လို့ခေါ်တဲ့ ကမ်းရိုးတန်းမြို့လေးကနေ ငါးဖမ်း ထွက်ခဲ့ပါတယ်။ သူက ပင်လယ်ခရီး ရက်သတ္တပတ် နှစ်ပတ်လောက်ပဲကြာမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် ၁၀ ရက်မြောက်နေ့မှာ မုန်တိုင်းကြီးတစ်ခု တိုက်ခတ်ပြီး သူ့ရဲ့လှေငယ်လေးကို ပစိဖိတ်သမုဒ္ဒရာထဲ အဝေးကြီး မျောပါသွားစေခဲ့ပါတယ်။
မက်စီမို ပြန်မလာတော့ သူ့မိသားစုက စိုးရိမ် ပူပန်လွန်ခဲ့ ကြပါတယ်။ သူတို့က သူ့ကို အသည်းအသန် လိုက်ရှာခဲ့ကြတယ်။ ပီရူးကမ်းခြေစောင့်တပ်ကလည်း ရက်ပေါင်းများစွာ ကြိုးပမ်းခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။ နောက်ဆုံးတော့ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ အီကွေဒေါက တံငါလှေတစ်စင်းက သူ့ကို အီကွေဒေါ ကမ်းခြေ ကနေ ကီလိုမီတာ ၁,၀၉၄ (မိုင် ၆၈၀) လောက်အကွာမှာ တွေ့ခဲ့ပါတယ်။ သူဟာ ရေဓာတ်အရမ်းနည်းနေပြီး အခြေအနေ မကောင်းပေမယ့် အသက်ရှင်နေပါသေးတယ်။
ကယ်တင်ခံရပြီးနောက် နာလန်ထလာချိန်မှာ မက်စီမိုက ပင်လယ်ထဲမှာ ရက်ပေါင်းများစွာ ကြုံတွေ့ခဲ့ရ တာတွေကို ပြောပြခဲ့ပါတယ်။ သူ့မှာ စားစရာသိပ်မရှိသလို အကူအညီတောင်းဖို့ ရေဒီယိုလည်း မပါပါဘူး။
သူ့လှေက အင်ဂျင်ပျက်ပြီး စားစရာနဲ့ ရေလည်း သိပ်မပါတော့ ပင်လယ်ထဲမှာ တော်တော် ဒုက္ခရောက် ခဲ့တယ်။ စားစရာတွေ ကုန်သွားတော့ အသက်ဆက်ရှင်ဖို့ တော်တော်လေးကို ဦးနှောက်ခြောက်ခဲ့ရတယ်။
အသက်ရှင်ဖို့အတွက် မက်စီမိုက သူ့အနားမှာ တွေ့သမျှ အကုန်စားခဲ့ရတယ်။ သူ့လှေပေါ် ခုန်တက်လာတဲ့ ငါးတွေကို ဖမ်းစားတယ်၊ ပိုးကောင်တွေလည်း စားတယ်၊ ညဘက်ဆို ငှက်တွေတောင် ဖမ်းစားခဲ့ရတယ်။ ရေအလွန် ငတ်ပြီး သောက်စရာမရှိတော့ လိပ်သွေးကိုတောင် သောက်ပြီး ရေဓာတ်ဖြည့်ခဲ့ရတယ်။ သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ နေနိုင်တဲ့ စွမ်းရည်တွေက သူဘယ်လောက် အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားလဲ၊ မိသားစုကို ဘယ်လောက် ပြန်တွေ့ချင်လဲဆိုတာကို ပြသခဲ့ပါတယ်။
“ကျွန်တော် မသေချင် သေးပါဘူး ” လို့ သူပြောပါတယ်။ သူက သူ့မိသားစုကို နေ့တိုင်းသတိရနေခဲ့ပြီး အထူးသဖြင့် သူ့အမေနဲ့ နှစ်လသားအရွယ် မြေးမလေးကို အောက်မေ့တာက ဆက်ပြီး အသက်ရှင်သန်ဖို့ ခွန်အား ဖြစ်စေခဲ့ပါတယ်။
မက်စီမို ကုန်းပေါ်ပြန်ရောက်တော့ အီကွေဒေါနယ်စပ်အနီးက ပိုင်တာမြို့မှာ သူ့မိသားစုနဲ့ ပြန်ဆုံခဲ့ပါတယ်။ သူတို့က သူ့ကို တွေ့ရလို့ အတိုင်းမသိ ပျော်ရွှင်ခဲ့ကြပါတယ်။ သူ့အစ်ကိုက သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက် လိုက်ချိန်မှာ မက်စီမိုက “ဒုတိယ ဘ၀သစ် အခွင့်အရေးပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ပြော ပါတယ်။
သူ့အမေ အယ်လီနာက သူပျောက်နေတုန်း အလွန် စိုးရိမ် ပူပန်ခဲ့ပါတယ်။ သူက မျှော်လင့်ချက် ပျောက်လု နီးပါး ဖြစ်ခဲ့ပေမယ့် သူ့သမီးတွေက သူတို့အဖေ ပြန်လာမယ်လို့ ဆက်လက်ယုံကြည်ခဲ့ကြပါတယ်။ “ရှင်လျက်ပဲ ဖြစ်ဖြစ်၊ သေလျက်ပဲဖြစ်ဖြစ် သူ့ကို ငါ့ဆီ ပြန်ပို့ပေးပါ၊ သူ့ကို မြင်ရရင် ကျေနပ်ပါပြီ” လို့ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

ကယ်တင်ခံရပြီးနောက် မက်စီမိုက ပိုင်တာမြို့က ဆေးရုံမှာ စစ်ဆေးမှုခံယူခဲ့ပါတယ်။ ပီရူးရေတပ်ကပ္ပတိန် ဂျော့ဂွန်ဇာလက်ဇ်က မက်စီမိုဟာ အံ့သြစရာကောင်းလောက်အောင် အခြေအနေကောင်းနေတယ်လို့ ပြောပါတယ်။ သူက လမ်းလျှောက်နိုင်ပြီး ကိုယ်တိုင်ရေချိုးနိုင်တယ်၊ ဖြစ်ပျက်ခဲ့သမျှကြောင့် အံ့အားသင့်နေပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာ အခြေအနေကောင်းမွန်ပါတယ်” လို့ ဂွန်ဇာလက်ဇ်က ရှင်းပြပါတယ်။
မက်စီမိုရဲ့သမီး အင်နက်စ်က စိတ်သက်သာရာရပြီး ကျေးဇူးတင်ခဲ့ပါတယ်။ သူက “ကျွန်မအဖေကို တွေ့ရတာဟာ အံ့ဖွယ်တစ်ခုပါ။ ကျွန်မတို့ မိသားစုအနေနဲ့ သူ့ကို တွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှ မလျှော့ခဲ့ပါဘူး” လို့ ပြောပါတယ်။ သူတို့ရဲ့ ခိုင်မာတဲ့ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်က သတင်းစောင့်နေရတဲ့ ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။
မက်စီမိုက လီမာက သူ့အိမ်ကို ပြန်ဖို့ ပြင်ဆင်နေရင်း ပင်လယ်ထဲမှာ နေခဲ့ရတဲ့အချိန်က သင်ခန်းစာတွေကို ပြန်စဉ်းစားနေပါတယ်။ ဒါဟာ သူ့ကို စမ်းသပ်ခဲ့တဲ့ ခက်ခဲတဲ့အတွေ့အကြုံတစ်ခုဖြစ်ပေမယ့် ဘဝနဲ့ သူ့မိသားစုကို ပိုတန်ဖိုး ထားတတ်အောင်လည်း ဖန်တီးပေးခဲ့ပါတယ်။
“ကျွန်တော်က မိသားစုကို တွေးပြီး စိတ်ဓာတ်ခိုင်မာစွာ နေခဲ့ပါတယ်” လို့ သူပြောပြီး ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်တဲ့အခါ မျှော်လင့်ချက်နဲ့ ခွန်အားက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သူက ပြသခဲ့ပါတယ်။
မက်စီမို နာပါရဲ့ မယုံနိုင်စရာ ဇာတ်လမ်းက စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရချိန်မှာ လူတွေ ဘယ်လောက်အထိ စိတ်ဓာတ်ခိုင်မာဖို့လိုတယ်ဆိုတာနဲ့ မိသားစုက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သတိရစေပါတယ်။ သူ့ရဲ့ စိန်ခေါ်မှုတွေနဲ့ အောင်မြင်မှုတွေ ပြည့်နှက်နေတဲ့ ခရီးစဉ်ဟာ သူ့မိသားစုက နှစ်ပေါင်းများစွာ ပြန်ပြောင်းပြောပြမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါလိမ့်မယ်။
ဘယ်လောက်ပဲ ခက်ခဲနေပါစေ မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားဖို့ တခြားသူတွေကို လှုံ့ဆော် ပေးပါတယ်။ သူက သူ့ချစ်ရတဲ့သူတွေနဲ့ ပြန်ဆုံတွေ့ရပြီဖြစ်လို့ ရရှိထားတဲ့ ဒုတိယ ဘ၀သစ် အခွင့်အရေး အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပြီး သူ့ဘဝရဲ့ အခန်းကဏ္ဍသစ်တစ်ခုကို စတင်ဖို့ စိတ်လှုပ်ရှားနေမိပါတယ်။
မှတ်သားစရာ သူရဲကောင်း
မက်စီမိုနာပါဟာ လူငယ်တွေအတွက် ဘဝတစ်လျှောက်လုံး မှတ်သားစရာ သင်ခန်းစာကောင်းတွေ ပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ သူရဲကောင်းပါ။ သူဟာ ပင်လယ်ထဲမှာ ရက်ပေါင်း ၉၅ ရက်ကြာ ပျောက်ဆုံးနေခဲ့ပေမယ့် မျှော်လင့်ချက်ကို လက်မလျှော့ဘဲ မိသားစုကို အမြဲတမ်း တွေးတောရင်း အသက်ရှင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီဇာတ်လမ်းက လူငယ်တွေကို ဘယ်လောက်ပဲ ခက်ခဲတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရပါစေ မျှော်လင့်ချက်ကို ဘယ်တော့မှ လက်မလျှော့ဖို့၊ မိသားစုရဲ့ အရေးပါမှုကို နားလည်ဖို့နဲ့ ဘဝကို တန်ဖိုးထားတတ်ဖို့ သင်ကြားပေးပါတယ်။
ဘဝတစ်သက်တာ သင်ခန်းစာ
(၁) မျှော်လင့်ချက်ကို ဘယ်တော့မှ လက်မလျှော့ပါနဲ့
မက်စီမိုဟာ ပင်လယ်ထဲမှာ ရက်ပေါင်း ၉၅ ရက်ကြာ ပျောက်ဆုံးနေခဲ့ပေမဲ့ မျှော်လင့်ချက်ကို လက်မလျှော့ ခဲ့ပါဘူး။ သူဟာ အမြဲတမ်း အသက်ရှင်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ လူငယ်တွေ အနေနဲ့ လည်း ဘယ်လောက်ပဲ ခက်ခဲတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရပါစေ၊ မျှော်လင့်ချက်ကို လက်မလျှော့ဘဲ၊ အမြဲတမ်း အကောင်းမြင် စိတ်နဲ့ ကြိုးစားသင့်ပါတယ်။
(၂) မိသားစုရဲ့ အရေးပါမှုကို နားလည်ပါ
မက်စီမိုဟာ ပင်လယ်ထဲမှာ ပျောက်ဆုံးနေတုန်းမှာ မိသားစုကို အမြဲတမ်း တွေးတောခဲ့ပါတယ်။ မိသားစုရဲ့ ချစ်ခြင်း မေတ္တာနဲ့ အားပေးမှုက သူ့ကို အသက်ရှင်ဖို့ ခွန်အားဖြစ်စေခဲ့ပါတယ်။ လူငယ်တွေအနေနဲ့လည်း မိသားစုရဲ့ အရေးပါမှုကို နားလည်ပြီး မိသားစုကို အမြဲတမ်း တန်ဖိုးထားသင့်ပါတယ်။
(၃) ဘဝကို တန်ဖိုးထားပါ
မက်စီမိုဟာ ပင်လယ်ထဲမှာ ပျောက်ဆုံးနေတုန်းမှာ ဘဝရဲ့ တန်ဖိုးကို ပိုပြီး နားလည်ခဲ့ပါတယ်။ သူဟာ အသက်ရှင်ဖို့ အတွက် အရာရာကို လုပ်ဆောင်ခဲ့ပါတယ်။ လူငယ်တွေအနေနဲ့လည်း ဘဝကို တန်ဖိုးထားပြီး အချိန်တိုင်းကို အဓိပ္ပာယ် ရှိရှိ အသုံးချသင့်ပါတယ်။
(၄) ခိုင်မာတဲ့ စိတ်ဓာတ်ကို မွေးမြူပါ
မက်စီမိုဟာ ပင်လယ်ထဲမှာ ပျောက်ဆုံးနေတုန်းမှာ ခိုင်မာတဲ့ စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ သူဟာ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့ပြီး အသက်ရှင်ဖို့အတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ လူငယ်တွေအနေနဲ့လည်း ခိုင်မာတဲ့ စိတ်ဓာတ်ကို မွေးမြူပြီး အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သင့်ပါတယ်။
(၅) ကျေးဇူးတင်တတ်တဲ့ စိတ်ကို မွေးမြူပါ
မက်စီမိုဟာ ကယ်တင်ခံရပြီးနောက် ဒုတိယအခွင့်အရေးပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ပါတယ်။ လူငယ်တွေ အနေနဲ့လည်း ဘဝမှာ ရရှိတဲ့ အရာတိုင်းအတွက် ကျေးဇူးတင်တတ်တဲ့ စိတ်ကို မွေးမြူသင့်ပါတယ်။


