ဤဆောင်းပါးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၂၀၀၇ မှ ၂၀၁၆ အထိ တာဝန် ထမ်းဆောင် ခဲ့သည့်ဘန်ကီမွန်းနှင့် UNDP အကြီးအကဲအဖြစ် ၂၀၀၉ မှ ၂၀၁၇ အထိ ထမ်းဆောင်ခဲ့သည့် ဟယ်လင်ကလာ့ခ် တို့ ရေးသားသည့်ဆောင်းပါးဖြစ်သည်။ ဘန်ကီမွန်းနှင့် ဟယ်လင် ကလာ့ခ် တို့သည် တောင်အာဖရိက လူမည်းသမ္မတ နယ်လ်ဆင် မန်ဒဲလား တည်ထောင်ခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရသူအများအပြား ပါဝင်သည့် The Elders အဖွဲ့ဝင်များ ဖြစ်ကြသည်။
~ ~ ~ ~ ~ ~ ~ ~
၁၉၆၂ခုနှစ်တွင် အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ကျူးဘားတို့အကြား ဝက်ပင်လယ်အော်အရေး အခင်းကိုအောင်မြင်စွာ စေ့စပ်ဖြေရှင်းပေးခဲ့သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်အလုပ်ဆိုတာ တကယ်တော့ ကမ္ဘာ့ရုံးစာရေးကြီးအလုပ်ပါ ဟု ပြောခဲ့ဖူးသည်။ နိုင်ငံခေါင်းဆောင်များကို ပြောနိုင် ဆိုနိုင် အကြံပြုနိုင်သော်လည်း လိုက်ကိုလိုက်နာရမည် ဟူသည့် သြဇာအာဏာ မရှိခြင်းကို ဆိုလိုပုံရပါသည်။ လက်ရှိ ကာလတွင်မည်သည့် အရေးအခင်းကိုမှ မဖြေရှင်းနိုင်သူ အန်တိုနီယို ဂူတားရက် လက်ထက်မှာတော့ ဆနွင်းမကင်းတွေ (စိုးရိမ်မကင်း) ပဲ ဖုတ်နေသည်ဟု လှောင်ပြောင် ကြသည်။ ဒေါ်နယ်ထရမ့်က (WHO) မှ ထွက်လိုက် ပြီးနောက်တွင် ကုလသမဂ္ဂမှလည်း ထွက်မည်လားဟု ထင်မြင်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေ အတွင်းရေးမှူး ချုပ် ဒက် ဟမ်းမားရှိုးက “ကုလသမဂ္ဂကို ဖွဲ့စည်းတာ (နိုင်ငံအားလုံး) နတ်ပြည်တက်ဖို့ မဟုတ်ပါဘူး။ ငရဲပြည်မကျဖို့ပါ” ဟု ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ဤသီတင်းပတ်မှာပင် စာချုပ်ကြီးကို လက်မှတ်ထိုးခဲ့ကြသည်။ အမေရိကန် သမ္မတ ထရူးမင်းက စာချုပ်ကြီး၏ တန်ဖိုးမှာ အဖွဲ့ဝင်နိုင်ငံများက မည်မျှ လိုက်နာ ကျင့်သုံးကြမည်ဟူ သည့် စိတ်ဆန္ဒပေါ်တွင်မူတည်ကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကိုယ်ကျင့် တရားနဲ့ စရိုက် လက္ခဏာတွေ အပေါ် ဒီအလုပ်ကြီးက တောင်းဆိုမှု တွေ အရမ်းများမှာပဲ” ဟု သူကဆိုသည်။
ဤအချက်မှာ ၁၉၄၅ခုနှစ်တုန်းက ပိုမိုထင်ရှားမည် ဖြစ်သော်လည်း ယနေ့အခါတွင်မူ နိုင်ငံ ပေါင်းစုံပါဝင် သည့်အဖွဲ့ကြီး ကောင်းစွာလည်ပတ်ရန် မည်သည့်အရာများလိုအပ်သည်နှင့် မည်သည့် အတွက် လိုအပ်သည်တို့ကို ကမ္ဘာကြီးကမေ့သွားလေပြီ။ စစ်ပွဲအစား ငြိမ်းချမ်းရေးကို ရွေးခဲ့ သည်ကတော့ ထင်ရှားသည်။ သို့ရာတွင် ငြိမ်းချမ်း ရေး ကို ထိန်းသိမ်းရန်အတွက် သဘောတူညီချက်ရရန် ကမ္ဘာစစ် ကြီးနှစ်ခု၏ ကြောက်မက်ဖွယ်တို့ကို ဖြတ်ကျော်ခဲ့ ရသည်။
ကမ္ဘာကြီးသည် အထိန်း အကွပ်မဲ့ အာဏာ၊ မကြုံဖူး သည့် ပဋိပက္ခများ၊ စီးပွားရေး ကပ်၊ ရောဂါများ၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲ မွဲတေမှု များပြည့်နေသည့် အန္တရာယ်တွင်း ထဲသို့
စစ်ပြီးခေတ်တွင် ပိုမိုကောင်းမွန်ကျယ်ပြန့်သည့် ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးနှင့် လူ့အခွင့် အရေး အပေါ်လေးစားလိုက်နာမှုရှိသည့် ကမ္ဘာကြီးကို အတူတကွ တည်ဆောက်ရန် ၎င်းတို့၏ စိတ်ခွန် အားများကို နိုင်ငံအများကအနည်းနှင့်အများ ပါဝင်စိုက်ထုတ်ခဲ့ကြသည်။ ပြီးပြည့်စုံမှု မရှိသေး သော်လည်း တိုးတက်မှုများကို လုပ်ဆောင် နိုင်ခဲ့ကြသည်။ ပဋိပက္ခတွေရှိနေသေးသော်လည်း တတိယ ကမ္ဘာစစ်တော့ မဖြစ်ခဲ့။ ၁၉၄၅ခုနှစ်ကတည်းက မည်သည့် နျူကလီးယားလက်နက်ကိုမှ ထုတ်မသုံးခဲ့ကြ။ စစ်အေးကာလ အမြင့်ဆုံးအချိန်တွင်ပင် ရေကျောက် ရောဂါကို အမြစ်ဖြတ်ရန် နိုင်ငံအားလုံး ပူးပေါင်းခဲ့ကြသည်။ အိုဇုန်းလွှာ ပျက်စီးမှုကို ပြင်ဆင်ရန် ၁၉၈၇ခုနှစ်တွင် မွန်ထရီယယ် သဘော တူညီချက်ကို လက်ခံခဲ့ကြသည်။ ၁၉၉၀ မှစတင်၍ နိုင်ငံပေါင်းစုံပါ ဝင်သည့် လှုပ်ရှားမှုများ ဖြင့် အသက် ငါးနှစ် မတိုင်မီ ကလေးများသေဆုံးမှုကို ၆၀%ထိ လျှော့ချနိုင်ရန် ကူညီနိုင်ခဲ့သည်။ အခွင့်အရေးများ ကာကွယ်ပေးခြင်း အထူးသဖြင့် အမျိုးသမီး အခွင့်အရေးများကာကွယ်ပေးခြင်းများ နေရာတိုင်းတွင် အသက်ဝင် လှုပ်ရှားလာသည်။ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ရန်နှင့် ကမ္ဘာမြေကြီးကို ကာကွယ်ရန် ရာသီဥတု ဖောက်ပြန်မှု အပေါ် လုပ်ဆောင်မည့် ရေရှည် ဖွံ့ဖြိုးရေး စီမံချက်နှင့် ပါရီ သဘောတူညီချက်တို့ ၂၀၁၅ခုနှစ်တွင် ပေါ်ထွက် လာသည်။
အထက်ပါ အောင်မြင်မှုတို့မှာ ချီးကျူးဂုဏ်ပြုထိုက်ပါသည်။ သို့သော် ချီးကျူးဂုဏ်ပြုရန် သင့်၊ မသင့်ဟူ သော လမ်းဆုံတွင် ကျွန်တော်တို့ ရောက်ရှိနေသည်။ ကုလသမဂ္ဂ၏ လက်တွဲဖက် အမေရိကန်ကဲ့သို့ သော နိုင်ငံများက နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှု၊ ထည့်ဝင်ငွေလျှော့ချမှုနှင့် ၎င်းတို့ကို တရားစွဲ သောအခါ ဥပဒေ၏ အာဏာ သက်ရောက် မှုတို့မှ နောက်ဆုတ် ရှောင်ဖယ် သွားကြသဖြင့် ကုလသမဂ္ဂမှာ မလည်ပတ် နိုင်တော့သည့် အခြေအနေသို့ လျှောကျ သက်ဆင်း လာနေသည်။
ထရူးမင်းပြောခဲ့သည့် ကိုယ်ကျင့်တရားခိုင်မာမှု မရှိခြင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အထင်ရှား ဆုံး တွေ့ရသည်။ ဗီတိုအာဏာပိုင်ဆိုင်သည့် နိုင်ငံကြီး ငါး နိုင်ငံကြောင့် ပဋိပက္ခများကို ဤဆယ်စုနှစ် များအတွင်း မတားဆီးနိုင်ခဲ့။ ပိုဆိုးသည်မှာ အီရတ်မှသည် ယူကရိန်းအဆုံး ယင်း ပဋိပက္ခများ တွင် ၎င်းအမြဲတမ်းအဖွဲ့ဝင် နိုင်ငံကြီး များက တိုက်ရိုက်ပါဝင်နေကြခြင်းဖြစ်သည်။ ယနေ့အချိန် ဂါဇာတွင် လူမျိုးတုန်း သတ်ဖြတ်ရေး ဖြစ်လာမည်ကို တားမြစ် နိုင်မည့် စွမ်းအားလည်း မရှိတော့။ အစ္စရေး-အီရန် အရေးကို ဖြေရှင်းနိုင်မည်လားဟူသော မေးခွန်းနှင့်လည်း ရင်ဆိုင် နေရသည်။
ထို့ကြောင့်လည်း ကုလသမဂ္ဂအဖွဲ့ကြီးယိုယွင်းယိုင်လဲနေသည်ဟု တစ်ကမ္ဘာလုံးရှိပြည်သူများ၏ အမြင်မှာ အံ့ဩဖွယ်မဟုတ်ပါ။ အဖွဲ့ကြီး၏ ထိပ်ဆုံးနေရာမှာ ထမ်းဆောင်ခဲ့သူများမို့ အဆိုပါ စိုးရိမ်မှု များကို ကျွန်တော်တို့ နားလည်နိုင်ပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီးကို ပြုပြင် တည်ဆောက်ဘို့ လိုကြောင်း ကျွန်တော်တို့ သိသလို ဤသို့ လုပ်ရန် မည်မျှခက်ခဲကြောင်းလည်း ကျွန်တော်တို့ သိပါသည်။ သို့သော် တစ်ခါတစ်ရံ အပြင်းထန်ဆုံး ဝေဖန်သူ များမှာ ထိရောက်မှုကို လုပ်ပေးသူများအပြင် ပြုပြင် ပြောင်းလဲမှုကို အခက်တွေ့စေသည့် သူများ ဖြစ်သော အဖွဲ့ဝင် နိုင်ငံများဖြစ်ကြလေသည်။
ဆူပါပါဝါ နိုင်ငံကြီးများအပေါ် ကုလသမဂ္ဂအဖွဲ့ကြီးက အားထားလွန်းခြင်းကို ကောင်းစွာ နားလည်ပြီး အကျိုးဆက်များ ကလည်း ယူကျုံးမရစရာဖြစ်၏။ ကမ္ဘာကြီးက ဤအရေးကြီး အခိုက် အတန့်တွင် ကုလသမဂ္ဂ အဖွဲ့ကြီးကို အနည်းစုအား ဦးစားပေးခြင်းမှ နိုင်ငံအများစုအတွက် ဆောင်ရွက် စေရန် ဆွဲခေါ်သင့်သည်။ နိုင်ငံ အနည်းစုက ပြန်ပေးဆွဲထားခြင်းကို ကုလသမဂ္ဂအဖွဲ့ကြီးက လက်မခံသင့်ပါ။
အမှန်တကယ်တော့ လောလောလတ်လတ် ရရှိထားသည့် အောင်မြင်မှုများက နိုင်ငံတကာ သဘော တူညီမှု များကို အချို့သော နိုင်ငံများ ပါဝင်သည် ဖြစ်စေ၊ မပါဝင်ဘဲဖြစ်စေ ရရှိနိုင်ကြောင်း ပြသလျက်ရှိသည်။ လွန်ခဲ့သည့် လက သမိုင်းဝင် ကပ်ရောဂါသဘောတူညီမှုကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ပြဌာန်းနိုင်ခဲ့သည်။ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန် အဓိဋ္ဌာန်ပြုကြသည့် နိုင်ငံများ၏ ခိုင် မာသော ဆုံးဖြတ်ချက် ဖြစ်ပါသည်။ လမ်းကြောင်းလွဲ စေရန် ရုရှားနိုင်ငံက အကြိမ်ကြိမ်ကြိုးပမ်းသည့် ကြားမှပင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အရေးယူ နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို လမ်းခင်းပေးနိုင်မည့် ဆုံးဖြတ်ချက်ကို နိုဝင်ဘာလတွင် ချမှတ်နိုင်ခဲ့သည်။ ပြီးခဲ့ သည့် စက်တင်ဘာလက ကုလသမဂ္ဂအထွေထွေညီလာခံတွင် သဘောတူခဲ့သည့် အနာဂတ် အတွက် ပဋိညာဉ် တွင် AI စီမံခန့်ခွဲမှုမှသည် ရာသီဥတုပြောင်းလဲမှုအရေးတို့ကို ဖြေရှင်းနိုင်မည့် ဖြစ်နိုင်သမျှ နိုင်ငံပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများ ပါဝင်သည်။ လက်ရှိအရေးအကြီးဆုံးမှာ လုံခြုံရေးကောင်စီ ပြန်လည် ဖွဲ့စည်းရေး အရှိန်အဟုန်ကို ဆက်လက်ထိန်းထားရန်လိုသည်။ ပါဝင်ဆောင်ရွက်မည့် နိုင်ငံများ နှင့် ကောင်စီကို ချဲ့ထွင်သွားမည်။ ဤအပြောင်းအလဲကို အထွေထွေညီလာခံက ဦးဆောင်ရမည်၊ ကောင်စီကမဟုတ်။
တစ်ပြိုင်နက်တည်းမှာပင် ကုလသမဂ္ဂ ရုံးချုပ်သည် အရေးအခင်းများအကြား စေ့စပ်ပေးသည့် ၎င်းတို့၏ အရေးပါသော ကဏ္ဍကို ပြန်လည်ရယူရမည်။ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ အာဏာရှိသူများက နိုင်ငံရေး ဆိုင်ရာသဘောတူညီချက်များကို ပြဋ္ဌာန်းသည့် ဆွမ်းကြီးလောင်းပွဲမှာ ဝင်ပါမည့်အစား အဖွဲ့ဝင် နိုင်ငံများက ဤ ကဏ္ဍကို ပံ့ပိုးကူညီရမည်။ အလောင်းအစားက ကြီးသည်။ ယခုခေတ် ကမ္ဘာစစ်ဖြစ်လျှင် လူသားမျိုး တုန်းသွား လိမ့်မည်။ နိုင်ငံများကလျှော့နိုင်သော်တောင် ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်မှုများမှ တစ်ဆင့် နျူကလီးယား လက်နက်ကြီးများ အန္တရာယ်က ပိုမိုကျယ်ပြန့်လာနေပြီး နျူကလီးယားသုံးစွဲမှု တားမြစ်ချက်များကိုလည်း ဖေါက်ဖျက်လာသည်။
နောင်လာမည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် အမျိုးသမီးဖြစ်ရမည်ဟု ကျွန်တော်တို့ ယုံကြည်သည်။ ထိပ်ဆုံးနေရာမှာ အမျိုးသားများသာ ရှိနေခြင်းက အဖွဲ့အစည်းက ရည်ရွယ်သည့် ရည်မှန်းချက်နှင့် ပြောင်းပြန်ဖြစ်စေသည်။ အမျိုးသမီးနှင့် အမျိုးသားများအကြား လုပ်ပိုင်ခွင့်အာဏာ နှင့် တာဝန်တို့ကို မျှဝေခြင်းဖြင့် အနာဂတ် တည်ငြိမ်မှုနှင့် ညီညွတ်မှုအတွက် အဓိကကျသည်။
အဓိပ္ပာယ်ပြည့်၀သည့် ကုလသမဂ္ဂ၏ ပြုပြင်ပြောင်းလဲမှုနှင့် တကွ နိုင်ငံတကာ ဘဏ္ဍာရေး အဆောက်အအုံ ကိုပြောင်းလဲရန် ကြီးမားသည့် အထောက်အပံ့ရှိသည်။ သာတူညီမျှ ကမ္ဘာလုံးဆိုင်ရာ အခွန် ပြုပြင်မှု၊ နာတာရှည် အကြွေး ရောဂါနှိပ်စက်မှုကို လျော့ပါးစေမှု၊ တစ်ကမ္ဘာလုံး လူသုံးပစ္စည်းများ အား ငွေကြေးထောက်ပံ့မည့် နည်းလမ်း အသစ် ရှာဖွေမှု တို့ကို အမြန်ဆုံး စဉ်းစားသင့်သည်။
ကုလသမဂ္ဂ တိုးတက်ပြောင်းလဲရန် အရေးက ရှင်းလင်းသည်။ သို့သော် ကုလသမဂ္ဂ ၏ စည်းမျဉ်းများကို မနှစ်သက်၍ ထည့်ဝင်ရမည့် ရန်ပုံငွေကို ဖြတ်တောက်ခြင်းကြောင့် အဆောတလျင် လုပ်သည့် ပြုပြင် ပြောင်းလဲမှု သည် အဖွဲ့အစည်းကြီးအတွက် အကျိုးမရှိသလို ကမ္ဘာကြီးအတွက်လည်း အကျိုးမရှိပါ။
အာဏာရှင်အစိုးရများကို အလိုမရှိကြောင်း ကမ္ဘာ့ပြည်သူများ၏ အလိုအရ ဤအဖွဲ့အစည်းကြီး ပေါ်ပေါက် လာခဲ့သည်။ ယနေ့ခေတ်မှာတော့ အချို့သော နိုင်ငံခေါင်းဆောင်များက အဖွဲ့အစည်းကြီး ဒူးထောက်တာကို မြင်ချင် ကြသလိုဥပဒေသက်ရောက်မှုကို ခါချပစ်ချင်ကြသည်။ အခြားနိုင်ငံများအဖို့ ယခုအချိန်မှာ ကိုယ်ကျင့်တရားနှင့် စရိုက် လက္ခဏာ တို့ကို ပြသရမည့် အချိန်အခါဖြစ်လေသည်။ ဤ အရာများ မရှိလျှင် ကမ္ဘာကြီးသည် အထိန်း အကွပ်မဲ့ အာဏာ၊ မကြုံဖူး သည့် ပဋိပက္ခများ၊ စီးပွားရေး ကပ်၊ ရောဂါများ၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲ မွဲတေမှု များပြည့်နေသည့် အန္တရာယ်တွင်း ထဲသို့ ကျဆင်း ပြီး ၁၉၄၅ ခုနှစ်က ထရူးမင်းပင် မမှတ်မိသည့် ကမ္ဘာကြီး ဖြစ်သွားပေတော့မည်။

