The Corner

The Corner

cropped-Logo_round_grey-background.png

အွန်လိုင်းပေါ် က ဘူကီနာဖာဆို သံမဏိ ခေါင်းဆောင်ရဲ့ ဗီဒီယိုများ

Share မယ်

ဗီဒီယိုထဲမှာ သူရဲ့ အမေရိကန် အင်္ဂလိပ် အသံထွက်က ကတော့ အာဖရိကန်သံ နည်းနည်း ပါတယ်။ ပုံမှန်ပါပဲ။ သူ့ မျက်နှာ အသွင်အပြင်ကတော့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိလှဘူး။ ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ သူ့မိန့်ခွန်းထဲက စကားတွေကတော့ အမှန်ကို ထင်ဟပ်နေတယ်။ “အာဖရိကတိုက်သားတွေ စည်းလုံး ညီညွတ်ဖို့လိုပြီ” လို့ ဘူကီနာဖာဆို နိုင်ငံရဲ့ ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ်သာ ရှိသေးတဲ့ အီဘရာဟင် ထရာအိုရေးက ပြောပါတယ်။ ပြောလက်စ စကားကို ခဏရပ်လိုက်ပြီးနောက် “ဗလာဒီ မီယာ ပူတင်၊ ခင်ဗျား ကျွန်တော်တို့ကို ပေးခဲ့တဲ့ အကူအညီ အားလုံး အတွက် ကျေးဇူးပါဗျာ“ လို့ ထည့်ပြော သွားခဲ့တယ်။

၂ဝ၂၂ခုနှစ်မှာ အာဏာသိမ်းပြီး နိုင်ငံ့ အာဏာကိုရ ယူခဲ့တဲ့ ဘူကီနာဖာဆို နိုင်ငံသား ထရာအိုရေးရဲ့ မိန့်ခွန်း ဗီဒီယို အပိုင်းလေးဟာ အွန်လိုင်းမှာ အတော့်ကို ကျယ်ပြန့်နေပြီး လူတွေရဲ့ စိတ်ဝင်စားမှုကို ရနေပြီ ဖြစ်တယ်။ အွန်လိုင်း မီဒီယာတွေ အထူးသဖြင့်တော့ တစ်တော့ (Tiktok) မှာ ပုံအစစ်တွေကို အေအိုင်နဲ့ ရောထား လုပ်ထားတဲ့ ဗီဒီယိုတွေ ဟာ လူကြည့်များ လူပြောများလို့ လူတိုင်း လူတိုင်းလောက်က စိတ်ဝင်တစား ရှာဖွေ ကြည့်ရှုနေကြပါတယ်။ အဲဒီ ဗီဒီယိုအတိုလေးတွေမှာ ထရာအိုရေးကို လူစွမ်းကောင်း တော်လှန်ရေးသမားတစ်ယောက် အာဖရိကတစ်တိုက်လုံးကို ကိုယ်စားပြုပြီး အနောက်အုပ်စုကို မားမားမတ်မတ် ရပ်ပြခဲ့တဲ့ ပုံဖော်ထားတယ်။ ဘယ်သူက တင်ထားမှန်း မသိရပေမယ့် လူမှုကွန်ရက် အကောင့်နာမည် အီဘရာဟင် ထရာအိုရေး အစစ် “REAL IBRAHIM TRAORE” အဖြစ် မျှဝေခဲ့ကြတယ်။ ကြည့်ရှုသူနဲ့ ပြန်လည် ဝေမျှသူသန်းနဲ့ ချီပြီးရှိလာတဲ့အထိ ဆွဲဆောင်နိုင်ခဲ့ ပါတယ်။

TikTok ပေါ်ကို ရောက်နေတဲ့ ထရာအိုရေးရဲ့ ဗီဒီယို ကလစ် (Photo: Tiktok)

အမှန်မတော့ မစ္စတာ ထရာအိုရေးဟာ ဘူကီနာဖာဆို နိုင်ငံထဲမှာတော့ ဂျီဟတ်ဝါဒီ ပုန်ကန်မှုကို  နှိမ်နင်းဖို့ လုံးပမ်း နေရပါတယ်။ နိုင်ငံ့ အပြင်ဘက်မှာကျတော့ သူဟာ “ကိုလိုနီ လက်သစ်ဝါဒ ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ သင်္ကေတ တစ်ခု ဖြစ်နေတယ်”လို့ ဥရောပ ကောင်စီရဲ့ နိုင်ငံခြား ဆက်ဆံရေးဌာန သုတေသန အဖွဲ့က သုတေသီတစ်ဦး ဖြစ်တဲ့ ဝီလ် ဘရောင်းက ဆိုပါတယ်။ ရင်းနှီးတဲ့ မဟာမိတ် နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ရုရှားနိုင်ငံက မစ္စတာ ထရာအိုရေးကို အွန်လိုင်းပေါ် လူသိများလာအောင် လူကြိုက်များအောင် တင်ပေးထားတာလို့ အတော်များများက သံသယ ဝင်ခဲ့ကြတယ်။ လူကြိုက် များတဲ့ အကောင့် အတော် များများမှာ “အပြုအမူ အတုအယောင်” တွေကို သူပြော လူပြောနဲ့ လုပ်ဇာတ်တွေ ခင်းတာ လို့ ဆိုတယ်။ အထူးသဖြင့်ကတော့ ပူးပေါင်း ဆောင်ရွက်တဲ့လှုပ်ရှားမှုတွေနဲ့ အေအိုင်နဲ့ ဖန်တီးတဲ့ အကြောင်းအရာတွေ ကိုသုံးပြီး အထူးတလည် လူတွေကြားထဲ ရောက်အောင် မြှင့်တင်ပေးတဲ့ အလုပ်ကို လုပ်ခဲ့တာလို့ စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ စုံစမ်း ထောက်လှမ်းတဲ့ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Bloom Social Analytics ရဲ့ ဆန်းစစ် လေ့လာသူ တွေက အီကော်နောမစ် စာစောင်ကို ပြောကြားခဲ့တယ်။ သူတို့ပြောသလိုဆိုရင် ဝေဂနာ အုပ်စု  (Wagner Group) လုပ်လေ့ရှိတဲ့ နည်းလမ်းအတိုင်း မမှန်မကန်လုပ်ဇာတ်တွေကို လုပ်ကြံဖော်ပြပြီး နိုင်ံငံရေး အတိုက်အခံတွေ၊ အဆုံးအဖြတ် ပေးနိုင်တဲ့သူတွေကို နှောင့်ယှက်နေတဲ့ အင်တာနက် အစုအဖွဲ့ တစ်ဖွဲ့ ရှိပုံရတယ်။ ရုရှားနိုင်ငံက ကြေးစား အဖွဲ့ တစ်ခုဖြစ်တဲ့ ဝေဂနာအုပ်စုက ရှေ့ဆောင်ပြီး စတင်လုပ်ကိုင် ခဲ့တဲ့ အာဖရိကတိုက်မှာ မမှန်သတင်းတွေ ဖြန့်ချိတဲ့ ပုံစံမျိုးပဲရုရှားရဲ့ ဝေဂနာ အုပ်စု  (Wagner Group) လုပ်လေ့ရှိတဲ့ နည်းလမ်းအတိုင်း မမှန်မကန် လုပ်ဇာတ်တွေ ကို လုပ်ကြံပြီး အာဖရိကတိုက်ဘက်ကို ဖြန့်ချိခဲ့တာ ဖြစ်ပုံရတယ်။ ဝေဂနာ အုပ်စု  (Wagner Group) ဆိုတာ ရုရှား အစိုးရ ထောက်ပံ့ငွေနဲ့ လည်ပတ်နေတဲ့ အငှား ကြေးစား စစ်တပ် တစ်ခု ဖြစ်တယ်။

“ဒီအကောင့်တွေကို ရုရှား အစိုးရက တိုက်ရိုက်ကွပ်ကဲ ကိုင်တွယ်တာ ဒါမှမဟုတ်ရင် ကရင်မလင် (ရုရှားအစိုးရ) က နောက်ကွယ်ကနေ အွန်လိုင်း နာမည်ကြီး လူကြိုက်များသူတွေကို ငွေကြေး ပေးထားပြီး လုပ်ခိုင်းတာမျိုး ဖြစ်နိုင်တယ်၊ လို့ Bloom က ဘာ့ခ် အလီကာ က ရှင်းပြတယ်။

ဒီလို စည်းရုံး လှုံ့ဆော်မှုဟာ “အွန်လိုင်းပေါ်မှာပဲ ဘာမှမဖြစ်ပါဘူး။ အလေးထား ဂရုစိုက်စရာ မလိုပါဘူး” ဆိုပြီး ပေါ့ပေါ့တန်တန် ထားလိုက်ရင်တော့ မှားပါလိမ့်မယ်။ မစ္စတာထရာအိုရေးကို ဝေဖန်နေကြတဲ့ အနောက် အုပ်စုနိုင်ငံတွေ အထူးသဖြင့် တစ်ချိန်က ဘူကီနာဖာဆိုကို ကိုလိုနီအဖြစ် သိမ်းယူခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံ ဆိုရင် အာဖရိကတိုက်မှာ ပိုပြီး အလေးထား ခံစားမှု ရှိနေပါတယ်။ ထရာအိုရေးရဲ့ မျက်နှာပုံပါတဲ့ တီရှပ် အင်္ကျီ နဲ့ အလံတွေကို ဂါနာနိုင်ငံလို အိမ်နီးချင်း နိုင်ငံတွေမှာတောင် တစ်နိုင်ငံလုံးအနှံ့ ပြန့်နှံ့နေတာ မြင်ရမှာဖြစ်တယ်။ ဂါနာနိုင်ငံသား သတင်းထောက် တစ်ယောက် ဖြစ်တဲ့ ဒေးဗစ်ဇာမာနာက ဆိုရင် “ကျွန်တော် သူ့ကို ရာနှုန်းပြည့် ထောက်ခံတယ်” လို့ပြောကြားလိုက်တယ်။ ဒီမိုကရေစီ စနစ် နဲ့ စစ်တပ်အုပ်ချုပ်ရေး ရောနှောလာတာကို ပြည်သူလူထုရဲ့ ထောက်ခံမှုက မြင့်တက်လာတာမျိုးကို အာဖရိကတိုက် တစ်ဝန်းလုံးမှာ မြင်ရတယ်လို့  လူထုဆန္ဒ သဘောထား ကောက်ခံတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အေဖရို ဘာရိုမီတာ အဖွဲ့က ဆိုပါတယ်။

ရုရှားရဲ့ လှည့်ကွက်ထဲမှာ အာဖရိက တိုက်သားတွေ အားလုံး နယ်ရုပ် ဖြစ်သွားတာလား ဆိုတော့လည်း မဟုတ်ပါဘူး။ ၂ဝ၂၁ ခုနှစ်ကတည်းက စစ်အုပ်ချုပ်ရေးအောက်ကို ရောက်ရှိခဲ့တဲ့ အိမ်နီးချင်း မာလီနိုင်ငံမှာဆိုရင်  အနောက်အုပ်စု ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေကို ဗီဒီယိုလူသား “videomans” လို့ခေါ်တဲ့ ပြည်တွင်း အွန်လိုင်း နာမည် နာမည်ကြီး တွေက ဦးဆောင်ပြီး နောက်ကနေ တွန်းအားပေးဆောင်ရွက်တယ်။ ဒီလို လုပ်ခဲ့တာ ရုရှား ဝေဂနာအဖွဲ့တွေ မရောက်ခင် အချိန်ကတည်းကပဲ။ အဲဒီ videomans  တွေဟာ အခုအချိန်ထိအောင် မာလီနိုင်ငံက မီဒီယာတွေကို လွမ်းမိုးထားတယ်။ “လူတိုင်းပဲ သူတို့အသံကို နားထောင်ရတယ်” လို့ မာလီလူမျိုး ဘလော့ဂါတစ်ဦးဖြစ်တဲ့ ဖာတိုးမား ဟာဗာက ဆိုပါတယ်။ လူအတော်များများ သူနဲ့ ဆက်သွယ်ရတယ်။ အဆိုအရကတော့ အစိုးရနဲ့ ငွေရေးကြေးရေး ဆက်ဆံနေရတဲ့ သူတွေလည်း ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ သူတို့ဟာ အစိုးရ အာဏာပိုင်တွေရဲ့ အာဘော်ကိုပါ အွန်လိုင်းပေါ် တင်ပေး ကြရ သေးတယ်။

အခုအချိန်ထိ တိုင်အောင် ရုရှားက မီးလောင်ရာ လေပင့် လုပ်နေတာကို သံသယဝင်စရာမလို လောက်အောင်ပါပဲ။ ဝေဂနာ ကြေးစားအဖွဲ့ တစ်ခုတည်းကကို တစ်ချိန်ကဆိုရင် အွန်လိုင်း နာမည်ကြီးတွေအတွက် အသုံးစရိတ် ဘတ်ဂျက် တစ်လကို အမေရိကန်ဒေါ်လာ ၃၅,ဝဝဝ အထိရှိခဲ့ဖူးတယ်လို့ မကြာသေးခင်က လေ့လာချက် စစ်တမ်း တစ်ခုအရ သိရတယ်။ ဝေဂနာရဲ့ စည်းရုံး လှုံ့ဆော်သူဟောင်းတွေကို ဝန်ထမ်းအဖြစ်ခန့်ထားပြီး ရုရှားအစိုးရနဲ့ အဆက်အသွယ် ရှိတဲ့ The Africa Initiative သတင်းဌာန ဆိုရင် အခုအခါ မာလီနဲ့ ဘူကီနာဖာဆို နိုင်ငံတွေမှာ ရုံးခွဲတွေ ဖွင့်ထား ကြတယ်။ သူတို့တွေဟာ  ယေဘုယျအားဖြင့် ပုံမှန်လုပ်ငန်းတွေကနေ ဝင်ငွေ မဆိုစလောက်ပဲ ရကြတယ်။ ရုရှ အစိုးရရဲ့ ဝါဒဖြန့်ချိရေး ဇာတ်လမ်းမှတ်တမ်း အဖြစ်အပျက်တွေကို လွှင့်တင်ပေးလိုက်ရင် “ဒေသခံ သတင်းသမားတွေနဲ့ ဝါဒဖြန့်ချိသူတွေအတွက် အကျိုး မြိုးမြိုးမြက်မြက် ကလေးရတဲ့ မက်လုံးတွေရှိတယ်” လို့ မစ္စတာဘရောင်းက သူ့သဘောထား အမြင်ကိုပြောပါတယ်။ မစ္စတာ ထရာအိုရေးနဲ့ အေအိုင်နဲ့လုပ်ထားတဲ့ သူ့ရဲ့ အွန်လိုင်း ဗီဒီယို အတော် များများဟာ အချိန်တော်တော်ကြာကြာအထိ ကြည့်လို့ရ နေနိုင်လိမ့်ဦးမယ်လို့ မျှော်လင့်ရကောင်းတယ် လို့ အီကော်နောမစ် စာစောင်ကသုံးသပ်ထားပါတယ်။

ဖိုးစု

ရည်ညွန်း  –  Bukina Faso’s strongman has gone viral, The Economist  Sep 25

Click to rate this post!
[Total: 1 Average: 5]