ဥရောပသမဂ္ဂရဲ့ ရုံးစိုက်ရာ မြို့လည်းဖြစ်တဲ့ အပြင်နေတိုး (NATO) ခေါ် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ရဲ့ တည်ရှိတဲ့အပြင် နိုင်ငံတကာ မြို့တော်တစ်ခုဖြစ်တဲ့ ဘရပ်ဆဲလ်မြို့ရဲ့ အမည်စာလုံးတွေကို လက်နှိပ်စက်ရိုက်မယ်ဆိုရင်တောင် မျက်စိနောက်စရာ ကောင်းသလို စစ်ပွဲဆင်နွှဲတော့မယ့် ပြင်ဆင်နေတဲ့ မြို့တစ်မြို့သဖွယ်လည်း ခံစားရပါတယ်။
စက်တင်ဘာ (၁၀) ရက်နေ့က ပြည်ထောင်စု အခြေအနေပြ မိန့်ခွန်း တစ်ရပ်ကို ပြောခဲ့ရာမှာတော့ ဥရောပသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့နဲ့ အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင် (European Commission) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ အာဆူလာ ဘွန် ဒါလေယန်က ဥရောပဟာ စစ်ပွဲ ဆင်နွှဲနေရပြီလို့ ပြောခဲ့ပါတယ်။ အင်အားအပေါ် အခြေခံတဲ့ ကမ္ဘာကြီးရဲ့ ပုံစံအသစ် တစ်ခုအတွက် စစ်ကြောင်းတွေကို ယခုပဲ ရေးဆွဲ ပြီးခဲ့ပါပြီလို့ ပြောခဲ့တယ်။ ဆက်ပြီးတော့လည်း သူမက ဥရောပဟာ ၎င်းရဲ့ တန်ဖိုးတွေနဲ့ သူရဲ့ ပန်းတိုင်ကို ရွေးချယ်ဖို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမယ်လို့ပြောခဲ့တယ်။

ဒီနောက်မှာတော့ မစ္စ ဘွန် ဒါလေယန်က တစ်ပါးနိုင်ငံကို မှီခိုအားထားနေရတဲ့ နိုင်ငံတွေဟာ အပြစ်နာကင်းမဲ့စွာနဲ့ လက်နက် အဖြစ် အသုံးချခံနေရပြီး ဒွိဟစိတ်နဲ့သော်လည်းကောင်း သို့မဟုတ် ပြောင်ပြောင်တင်းတင်း သော်လည်းကောင်း ဥရောပကို ရန်ပြုနေကြတယ်လို့ ပြောဆိုပါတယ်။
သို့ပေမယ့် သေချာတာကတော့ ဥရောပ တစ်ဝိုက်မှာ မပြတ်မသားနဲ့ ပေါ့ပျက်ပျက် အုပ်ချုပ်ရေးစနစ်၊ ကြိုးနီစနစ် နဲ့ တင်းကျပ်ထားမှု အပြိုင်အဆိုင်တွေနဲ့ လူတိုင်းအတွက် ညီမျှမှု တစ်ခုခု ရရှိရေး အတွက် မတန်တဆ ပေးလိုက်ရတဲ့ ကိစ္စတွေ ရှိနေပါတယ်။ ဒီအရာတွေ အားလုံးအတွက် မကြာသေးမီ လပိုင်းတွေ အတွင်းမှာ ဘရပ်ဆဲလ် မြို့ရဲ့ တစ်ဖက် တစ်ချက်မှာ တည်ရှိနေကြပြီး သဘောသဘာဝအတူညီကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ ဥရောပသမဂ္ဂ (EU)နဲ့ နေတိုး (NATO) အဖွဲ့ ဌာနချုပ်တွေမှာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာတာ မြင်ခဲ့ရတယ်။
အရာရှိတစ်ဦးကတော့ ဥရောပသားတွေဟာ ခြိမ်းခြောက်ခံရတဲ့အခါမှာ မိမိတို့အကြားမှာ စည်းလုံး ညီညွတ်လာကြတယ် လို့ ပြောဆိုခဲ့တယ်။ ယခုအခါမှာတော့ ခြိမ်းခြောက်မှုတွေဟာ ရှင်းရှင်းလင်းလင်းရှိလာပါပြီ။ လောလောလတ်လတ် အကြီးဆုံး ခြိမ်းခြောက်မှု ကတော့ ဥရောပအပေါ် အဖက်မတန် သလို အထင်သေး အမြင်သေးရှိနေတဲ့ (သို့မဟုတ်) ရန်လိုနေကြတဲ့ အင်အားကြီးသူ သမ္မတ သုံးဦး ဖြစ်ကြတဲ့ ဒေါ်နယ်ထရမ့်၊ ဗလာဒီမာ ပူတင်နဲ့ ရှီကျင်းပင် တို့ပဲ ဖြစ်ပါတယ်။
ယခုအခါမှာ ဘရပ်ဆဲလ်မြို့ဟာ တင်းမာတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ စစ်ပွဲဟာ ဥရောပတိုက်မှာရှိတဲ့ ယူကရိန်း နိုင်ငံမှာ တောက်လောင်နေပြီး အခုနကပြောတဲ့ အင်အားကြီး ပုဂ္ဂိုလ်ကြီးသုံးဦးထဲက ဘယ်သူတစ်ယောက်မှ ဥရောပရဲ့ စံတန်ဖိုးတွေကို လိုက်နာပုံ မပေါ်ပါဘူး။ ဒီလို နက်ရှိုင်းလှတဲ့ အခြေအနေမှာ စစ်ပွဲဟာ ပိုမို နီးကပ်လာနေပြီဆိုတဲ့ အချက်ပေးသံကို ခံစား နေကြရ ပါတယ်။
အောက်တိုဘာလ (၁၃) ရက်နေ့က ဂျာမနီ နိုင်ငံ နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီရဲ့ အကြီးအကဲက ရုရှားနိုင်ငံဟာ ဂျာမနီနိုင်ငံ တစ်နိုင်ငံတည်းကို ဦးတည်ကာ ဥရောပကို လွှမ်းမိုးရေးဆိုတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောဆိုပြီး “ရုရှားဟာ နေတိုးနဲ့ လိုအပ်ရင် ရင်ဆိုင်သွားဖို့ လက်ရွံ့နေမှာ မဟုတ်ဖူး” လို့ ဂျာမန် ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်အတွင်းမှာ ဥရောပဟာ ပျော်ရွှင်မှုနဲ့ လုံခြုံမှုရှိတာတွေ ခံစားခဲ့ရတယ်။ ဥရောပ သမဂ္ဂနဲ့ နေတိုးကို အဖွဲ့ဝင် အသစ်တွေ ဝင်ရောက်လာပြီး စစ်မက်တွေ၊ အာဏာရှင် စတာတွေ တဖြည်းဖြည်း မှေးမှိန် သွားခဲ့တယ်။ ၁၉၄၀ ခုနှစ်လောက်က ပေါ်ထွန်းခဲ့တဲ့ အမေရိကန် အတွေးအခေါ် ပညာရှင် အေဘရာဟင် မားစ်လိုပြောတဲ့ လူတွေဟာ အခြေခံ လိုအပ်ချက်တွေနဲ့ တည်ဆောက်ထားတာလို့ ပြောခဲ့တဲ့အတိုင်း ဥရောပက လူအနည်းငယ်လောက်ပဲ ဘဝရဲ့ အခြေခံ လိုအပ်ချက် တွေဖြစ်တဲ့ “လုံခြုံရေး နဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး” ကို လိုအပ်တယ်။ စစ်ပွဲတွေ မရှိဘူး၊ ကြွယ်ဝတဲ့ နိုင်ငံတွေနဲ့ သန့်ရှင်းတဲ့ သဘာဝကြီးက အဆင်ပြေပြေ နေခဲ့ကြတာပေါ့။ မားစ်လို ပြောခဲ့သလို ဥရောပဟာ အပေါ်လွှာကိုပဲ လိုအပ်ခဲ့တာပါ။ အပေါ်လွှာ ဆိုတာ ချစ်ခြင်းမေတ္တာ နဲ့ ပိုင်ဆိုင်မှု၊ လူတွေရဲ့ လေးစားမှုနဲ့ မိမိကိုယ် မိမိ အရှိအတိုင်း သိနားလည်ရေး သို့မဟုတ် ရည်ရွယ်ချက် ရှိပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုကို ရှာဖွေရေးတို့ပဲ ဖြစ်တယ်။
ဥရောပက မဲဆန္ဒရှင်တွေဟာ အခြေခံကျတဲ့ လိုအပ်ချက်တွေ အပေါ်မှာ ပိုမိုပြီးအာရုံ စူးစိုက်ပုံ ရကြပါတယ်။ သူတို့ဟာ အီးယူ (EU) အောက်က အဖွဲ့အစည်းတွေကို ဦးဆောင်ဖို့အတွက် မာကျောတဲ့ နိုင်ငံရေးသမားတွေကို တစ်ယောက်ပြီး တစ်ယောက် ပို့လွှတ်နေတဲ့ ရှေးရိုးစွဲဝါဒီအစိုးရတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ကို ရွေးကောက် တင်မြှောက်ခဲ့ ကြတယ်။ ခက်ခဲတဲ့ ဘဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ နဲ့ လူမှုရေး ဆိုင်ရာ စည်းမျဥ်း စည်းကမ်းတွေကို ထုတ်ပြန်တဲ့ အလုပ်ကို နှစ်ပေါင်းများစွာ အချိန်ကုန် လွန်စေခဲ့တယ်။
ခိုလှုံခွင့် တောင်းသူတွေကို ဖယ်ရှားပစ်တဲ့ လုပ်ရပ်ကို မကြာခဏ ဆိုသလို တင်းမာတဲ့ ပေါ်လစီတွေ ပါဝင်တဲ့ ယူရို ဥပဒေသစ် (Euro-Law)ဟာ ဥရောပ ကော်မရှင်မှာ ဖြစ်စေ၊ ဥရောပ ပါလီမန်မှာ ဖြစ်စေ လူများစုထောက်ခံမှုကို ရရှိနိုင်ပါတယ်။ သို့ပေမယ့် ဒါတွေက စိတ်လှုပ်ရှားဖွယ်ရာ နည်းပြီး ရိုးစင်းလှပါတယ်။
ယခုနှစ် စောစောပိုင်းမှာပဲ အမေရိကန်ရဲ့ အနိုင်ကျင့်မှုကို ကာကွယ် တားဆီးဖို့အတွက် တရုတ်နိုင်ငံနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး ထူထောင်ဖို့ ကြိုးပမ်းခဲ့ကြတယ်။ ယနေ့အချိန်မှာတော့ တရုတ်နိုင်ငံ အပေါ်မှီခိုမှုဟာ ပိုမို ကြီးမားတဲ့ စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်လာပါပြီ။ အင်အားကြီး တရုတ်နိုင်ငံဟာ မစ္စတာထရမ့် ဆင်နွှဲနေတဲ့ ကုန်သွယ်ရေး စစ်ပွဲမှာ အနိုင်ရရှိဖို့နဲ့ ဥရောပ စီးပွားရေး လုပ်ငန်းတွေကိုပါ တစ်နွယ်ငင် တစ်စင်ပါသဘောမျိုး ပျက်စီးစေဖို့အတွက် မိမိပိုင်ဆိုင်တဲ့ မြေရှားသတ္တုနဲ့ အခြား အရေးပါတဲ့ သွင်းကုန် တချို့ကို ပြိုင်ဘက်များအား မွန်းကျပ်စေမယ့် လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့တယ်။
ဥရောပရဲ့ ကုန်သွယ်ရေး ပေါ်လစီဟာ လက်တွေ့ အကျိုးပြုဝါဒနဲ့ တိုင်းထွာခံနေရပါတယ်။ ဘရပ်ဆဲလ်မှာရှိတဲ့ အရာရှိတွေရဲ့ အင်တာဗျူးတွေမှာ အမေရိကန်နိုင်ငံနဲ့ တစ်ဖက်သတ် ကုန်သွယ်ရေး ဆွေးနွေးမှုတွေမှ တစ်ဆင့် ဥရောပသမဂ္ဂနဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ နွေရာသီ အားလပ်ရပ် ကာလအတွင်းမှာ တမင်တကာပဲ စိတ်အနှောင့်အယှက် ဖြစ်အောင် အလုပ်ခံ နေရတာ လားဆိုတဲ့ မေးခွန်းကို မဖြေဘဲနဲ့ ငြင်းခဲ့ပါတယ်။ အီးယူအရာရှိတစ်ယောက်ကတော့ မစ္စတာထရမ့်ကို သွားပြီး စောဒက တက်နေ လို့ကတော့ အပိုပါပဲ အလုပ်မဖြစ်ပါဘူး လို့ ခပ်ရှင်းရှင်းပဲ ပြောခဲ့ပါတယ်။
ဥရောပက အမေရိကန်နဲ့ ကာကွယ်ရေး မဟာမိတ်ဖွဲ့ထားခြင်းနဲ့ ပတ်သတ်ပြီးတော့လည်း နာကြည်းဖွယ်ကောင်းတဲ့ အကြောင်းတွေ ရှင်းရှင်းလင်းလင်း ရှိနေမှာ အသေအချာပါပဲ။ မစ္စတာထရမ့်က ယူကရိန်းကို ကျောခိုင်းဖို့ လုပ်တော့မယ့် နောက်ဆုံးအကြိမ် မတိုင်မီက ဥရောပခေါ င်းဆောင်တွေဟာ ထရမ့်နဲ့ ဆက်ဆံရေး ပျက်စီးမသွားအောင် အောင့်အည်း ထိန်းချုပ် ဖို့အရေး ကုန်ဆုံးခဲ့ရတဲ့ အချိန်နဲ့ သုံးစွဲခံရတဲ့ စွမ်းအင်တွေအတွက်ကို နောင်တရစေခဲ့ မှာပါ။
သို့ပေမဲ့ အမေရိကန်နိုင်ငံအပေါ် အားမထားရမှုနဲ့ ပတ်သက်တဲ့ စိတ်ပျက်မှု နဲ့ ငြင်းပယ်ခံထားရမှုတို့ကို ဆက်လက် သည်းညည်း ခံနိုင်စွမ်း ရှိတော့မယ် မထင်ပါဘူး။ ယခုအခါမှာတော့ အမေရိကန် ပြည်ထောင်စုဟာ ယူကရိန်းကို အကူအညီ ထောက်ပံ့မှုတွေ နောက်ထပ်ပေးမှာ မဟုတ်တော့ဘူး။ အကယ်၍များ ယူကရိန်းကို ပေးဖို့အတွက် အဆင့်မြင့် နည်းပညာနဲ့ လက်နက်တွေကို အမေရိကန်က ဥရောပနိုင်ငံတွေကနေ တစ်ဆင့် ရောင်းချဖို့ ဆန္ဒ ရှိခဲ့ရင်တောင်မှ ထိုဆန္ဒဟာ သိပ်ကြာရှည်မှာမဟုတ်ဘူးဆိုတဲ့ ကောက်ချက်ကိုချဖို့ ပြင်ဆင်နေကြပြီ။
ဥရောပအတွက် ပိုမိုကျယ်ပြန့်တဲ့ ကာကွယ်ရေး ပထမ အစီအစဥ်ဖြစ်တဲ့ Plan-A ကတော့ ဘာပဲဖြစ်ဖြစ် အမေရိကန် ပြည်ထောင်စုနဲ့ တတ်နိုင်သမျှ အချိန်ကြာရှည်စွာ အတူတကွ အလုပ်လုပ်ဖို့ပါပဲ။ ဥရောပ ဂြိုဟ်တုတွေမှ ရရှိတဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေ၊ တာဝေးပစ် လက်နက်တွေ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ၊ အကြီးစား ပို့ဆောင်ရေး လေယာဥ်တွေနဲ့ မတူကွဲပြားတဲ့ လက်နက်တွေကို အလွန်အရေးပါတဲ့ စွမ်းရည် လက်နက်တွေ၊ အသုံးအဆောင်တွေ အတွက် အမေရိကန်နိုင်ငံအပေါ်မှာ ဆက်လက် မှီခိုနေရဆဲပဲ ဖြစ်ပါတယ်။

ယခုအခါမှာ ဥရောပနိုင်ငံတွေ အကြားမှာ ဥရောပ လက်နက် လုပ်ငန်းကြီး တည်ဆောက်ရေးနဲ့ စပ်လျဥ်းပြီး ပြောဆိုမှုတွေ အများအပြား ရှိနေပါတယ်။ သို့ပေမဲ့ ဥရောပအနေနဲ့ မိမိတို့ကို ထောက်ပံ့တဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ နေရာကို အစားထိုးဖို့အတွက် ဆယ်နှစ်သို့ မဟုတ် ဆယ်နှစ်ထက် ပိုပြီး အချိန်ယူရမယ် ဆိုတာကိုလည်း ဥရောပနိုင်ငံတွေ အကြားမှာ သဘောတူထား ကြပါတယ်။
သို့ပေမဲ့လည်း တိုက်ကြီးတစ်တိုက်အနေနဲ့ ရုရှားနိုင်ငံက တိုက်ခိုက်လာနိုင်မယ့် အန္တရာယ်ကို တားဆီးဖို့အတွက် လက်နက် တပ်ဆင်ဖို့ အချိန်ယူရတဲ့ ကာလဟာ သိပ်ကို နှေးကွေးလှပါတယ်။ ဥရောပ နိုင်ငံမှ အရာရှိတွေဟာ ရုရှားနိုင်ငံရဲ့ အန္တရာယ်ကို အကြောက်လွန်နေတာကြောင့် မေးခွန်းတွေ အားလုံးထဲက အရေးအကြီးဆုံး မေးခွန်းတစ်ခုကို အဖြေထုတ်ဖို့ကိုပင် စိုးရိမ် နေကြ ပါတယ်။ အဲဒီ မေးခွန်းကတော့ တစ်နေ့ကျရင် အမေရိကန် နိုင်ငံက စွန့်ပယ်သွားတဲ့ အခါမှာ ဥရောပအနေနဲ့ မိမိရဲ့ လုံခြုံရေးအတွက် ကိုယ်ပိုင် ဒုတိယ စီမံကိန်း တစ်ခု (Plan-B) ကို ရေးဆွဲမထား သင့်ဘူးလားဆိုတဲ့ မေးခွန်းပါပဲ။
တချို့က ဥရောပ နိုင်ငံတွေဆိုရင် အမေရိကန်တွေ စွန့်ခွာသွားမယ့်အကြောင်းအရာကို ဆွေးနွေးခြင်းဟာ ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုကို ဖိတ်ခေါ်သလိုပင် ဖြစ်လိမ့်မယ်လို့ တွေးထင်ကာ ဆွေးနွေးဖို့ပင် ကြောက်ရွံ့နေကြပါတယ်။ အခြား သူတွေကတော့ ပထမစီမံကိန်း (Plan-A) နဲ့ ဒုတိယ စီမံကိန်း (Plan-B) နှစ်ခုစလုံးနဲ့ အတူတကွ အလုပ်လုပ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရွေးချယ်ဖို့ ရှာဖွေ နေကြပါတယ်။ အဲဒါကတော့ ဥရောပကို အမေရိကန် ပြည်ထောင်စုအတွက် ပိုမို ကောင်းမွန်တဲ့ မိတ်ဖက် ဖြစ်လာအောင်လုပ်ရေး သို့မဟုတ် အမေရိကန်နိုင်ငံကို မျက်နှာလုပ် ကူညီဖို့ပဲ ဖြစ်ပါတယ်။
ဥရောပ နိုင်ငံတွေအတွင်း ညီညွတ်ရေးကတော့ ပန်းတိုင်တစ်ခု အဖြစ်ရှိနေဆဲပါ။ သို့ပေမဲ့ ဒီအချက်ဟာ ပုံသေကားကျ တစ်ခုတော့ မဟုတ်ပါဘူး။ အကယ်၍ ဟန်ဂေရီနိုင်ငံလို မော်စကို (ရုရှား)နဲ့ ရင်းနှီးတဲ့ အီးယူအဖွဲ့ဝင်နဲ့နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ဗီတို အာဏာပေးဖို့ ညီညွတ်မှု ရရှိမယ်ဆိုရင် ရိုင်းပင်းကူညီလိုစိတ်ရှိတဲ့ ညွန့်ပေါင်းအဖွဲ့တွေဟာ ဥရောပ ကာကွယ်ရေးအတွက် ညှိနှိုင်း ချိတ်ဆက်နိုင်ပြီး ယူကရိန်းအတွက်လည်း ထောက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ နိုင်ငံတွေ အနေနဲ့လည်း မစ္စတာပူတင်ကို ဟန့်တားရာမှာ ဦးဆောင်နိုင်မှာ ဖြစ်တယ်။
ဥရောပရဲ့ အလေးအနက်ရှိမှုကို ကြိုဆိုနေမှာပါ။ သို့ပေမဲ့ အပြောင်းအလဲ အတွက်ကတော့ အချိန်ယူရမှာ ဖြစ်တယ်။ စိတ်မကောင်းစရာ ကတော့ ဗြိတိန်နဲ့ ပြင်သစ်တို့လို ဦးဆောင်နိုင်ငံတွေဟာ ဘဏ္ဍာရေး ပြိုကွဲမှုတွေ စတင် ခံစားနေရပါပြီ။ ဥရောပဟာ သူရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို မြင်နေပါပြီ ကံကောင်းရင်တော့ ယခုအချိန်ဟာ နောက်မကျသေး ပါဘူးလို့ ပြောရပါမယ်။
မှီငြမ်း – Brussels feels like a city preparing for war, The Economist Oct ‘25

