The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

The Corner မှာ ဖတ်စရာ (အတွဲ ၂၇ - မာတိကာ)

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၂၇)၊ ၂၀၂၆ မေလ ၁၆ - ၃၁ ရက်

စီစဉ်သူ့ အမှာ

ဖြစ်မြဲဖြစ်နေသည့် ကမ္ဘာကို စောင့်ကြည့်နေရတာ လေ့လာစရာ၊ မှတ်သားစရာများနှင့်အတူ သင်ခန်းစာ ယူစရာများလည်း တစ်ပုံတစ်ပင် ရှိနေသည်။ ဤသဘောတရားနှင့် ကွဲပြားခြားခြင်းကို အခြေခံကာ The Corner ၏ ဒီတစ်ပတ် ဆောင်းပါးများကို သေချာစွာရွေးထုတ် တင်ဆက်ထားပါသည်။ အစဥ်အမြဲ ဖြစ်နေကျအတိုင်း တရုတ်နှင့် အမေရိကန် အင်အားကြီး နှစ်နိုင်ငံ သို့သော်လည်း ယဥ်ကျေးမှု နောက်ခံ မတူသည့် နှစ်နိုင်ငံတွေ့ဆုံပွဲသည် ကမ္ဘာအရပ်ရပ်က အထူးစောင့်ကြည့်ရမည့် ဖြစ်စဥ်တစ်ခုဖြစ်ခဲ့လေသည်။ ဤအမှာကို ရေးနေချိန်မှာ အမေရိကန် သမ္မတ ထရမ့်သည် တရုတ်ခေါင်းဆေောင် ရှီကျင့်ပင်နှင့်တွေ့ဆုံရန် ဘေကျင်းသို့ ရောက်ရှိနေလောက်ပြီ။ တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေကြမှာ မလွဲပေ။ သို့သော်လည်း မကြာခင် သို့မဟုတ် ယခုစာဖတ်သူ The Corner ကို ဖတ်ရှုနေချိန်မှာပင် ခေါင်းဆောင်နှစ်ဦး တို့၏ တွေ့ဆုံပွဲသည် သမိုင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။ ယခုအချိန်ကဲ့သို့ အရှေ့အလယ်ပိုင်းဒေသ စစ်မီးတောက်ချိန်၊ ကမ္ဘာ့စံနှုန်းများ လျော့ကျနေချိန်၊ ရုရှား သမ္မတမှ ယူကရိန်းစစ်ပွဲအပေါ် လေသံပြောင်းလာချိန်များသည် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုကို အရိပ်ထိုး နေပေ လိမ့်မည်ဟု ယူဆရသည်။

တိုးတက်၊ ဆုတ်ယုတ်၊ ထူးခြားမှုများရှိပါက နောက်အပတ်ထွက်လာမည့် The Corner အတွဲ (၂၈) မှာ တင်ဆက်သွားမှာဖြစ်တဲ့အတွက် စောင့်ဖတ်ကြရန် တိုက်တွန်း ရပေတော့မည်။ The Corner ကတော့ နဂိုလက်ရာအတိုင်း ကမ္ဘာ့ သုံးသပ်ချက် လက်ရာကောင်းများကို တင်ဆက်သွားမှာ အသေအချာပဲ ဖြစ်ပါသည်။

စီစဥ်သူ