The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

အတွဲ (၅) မာတိကာ

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၅)၊ ဇွန်လ ၂၀၂၅

စီစဉ်သူ အမှာ

The Corner မှ အတွဲ (၅) ကို တင်ဆက်လိုက်ပါပြီ။ နောက်လဆိုရင် ခြောက်လသားလေး ဖြစ်လာပါ တော့မယ်။ ဖြည်းဖြည်း ချင်းပဲ သွားကြပေါ့လို့ ဆရာ CWM က အားပေးပါတယ်။ စီစဥ်သူများ  အနေနဲ့ကတော့ ဒီလို ငါးလ အထိ ဝါသနာတူ စိတ်ဝင်စားတာချင်းတူတဲ့ ပရိသတ်ကို တင်ဆက်နေ ရတာနဲ့တင် ကျေနပ်နေပါပြီ။ အတွဲ (၅) မှာ The Corner ဟာ အာရှ အရေးကို ဖက်ကို တစ်ခါ ပြန်လှည့်ထားပါတယ်။ ဧပြီလ (၂၂) ရက်နေ့က စလို့ တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်အရေး သုံးသပ်ချက်များကို အကျယ်တဝင့် တင်ပြထားပြီး အရောင်ပြောင်းလာတဲ့ တရုတ်နဲ့ ထိုင်ဝမ်အခြေအနေ နောက်ဆုံး သုံးသပ်ချက်တွေအပါအဝင် မကြာခင်က ရွေးကောက်ပွဲ ပြီးသွားတဲ့ စင်္ကာပူနိုင်ငံ အတွက် သုံးသပ်ချက်များကို ပြည့်ပြည့်စုံစုံ ဖတ်ရမှာပါ။ ပါနေကျ ကမ္ဘာတဝှမ်းက နိုင်ငံတကာ သုံးသပ်ချက်များ မှာတော့ ဥရောပက ပြင်သစ် အတိုက်အခံ ခေါင်းဆောင်အကြောင်း နဲ့ ကနေဒါ ဝန်ကြီးချုပ် အသစ်ရဲ့ ရွေးကောက်ပွဲ ဖြတ်သန်းရပုံတွေကို တင်ဆက်ထားပါတယ်။ အရင်လတွေလိုပဲ အခြားကဏ္ဍများကို စိတ်ဝင်စားဖွယ် သိမှတ်ဖွယ် ဆောင်းပါးများကို ဒီလမှာ ဖတ်ကြရမှာ ဖြစ်ပါတယ်။

                 စီစဥ်သူများ ကတော့ အတွဲ တစ်တွဲ ထွက်ပြီးတိုင်း ကိုယ့်ဘာသာ သုံးသပ်နေကြတာကတော့ ဆောင်းပါးတွေ သိပ်ကောင်းတာပဲတဲ့ ခင်ဗျား။ ပရိသတ်များကရော ဘယ်လိုမြင်ကြသလဲ။ ဒီဘက်ခေတ်ကြီးမှာ ချက်ခြင်း ကိုယ့်ရဲ့ အမြင်တွေ၊ ကြိုက်သည် မကြိုက်သည် တန်းပြီး ဝေဖန်နိုင်တော့ ပရိသတ်ရဲ့ အသံများကို လဲ ကြားချင်မိ ပါတယ်။ ကျွေးမွေး တည်ခင်းတဲ့ ဟင်းစပ်တွေက အဆင်ပြေရဲ့လား ကြိုက်ကြရဲ့လား။ အပေ့ါ အငံ ဘယ်လိုရှိလဲ ဆိုတဲ့ ခင်ခင် မင်မင် ပွင့်ပွင့်လင်းလင်း တုံ့ပြန်ချက်များ အားမနာပဲ ပေးနိုင်ပါတယ်။ ကြိုဆိုလျှက် ရှိပါတယ်။

                 စာဖတ်သူများကို တစ်ခု အသိပေးလိုတာကတော့ ပြီးခဲ့တဲ့လ အတွဲ (၄) က စလို့ အွန်လိုင်း ပေါ်မှာ မဂ္ဂဇင်း ဖတ်ရတာ အဆင်ပြေ မြန်ဆန်အောင် ပြင်ဆင်ထားပါတယ်။ ဒီထက်လဲ ပိုကောင်း အောင် ကြိုးစားသွား ပါဦးမယ်။ နည်းပညာပိုင်း အခက်အခဲများရှိရင် ဆက်သွယ်နိုင်တဲ့ နည်း တစ်နည်းနည်းနဲ့သာ လှမ်းပြောလိုက်ပါ။ အမြန်ဆုံး ကူညီပေး ပါ့မယ်။

စီစဥ်သူ