The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

သိန်းဖေမြင့်၊ အက်ဂါစနိုး၊ ဂျော့အော်ဝဲလ်

(၁) ဆရာသိန်းဖေမြင့်က “စစ်အတွင်းခရီးသည်” (၁၉၅၃၊ ရှုမဝစာအုပ်တိုက်) ထဲ၌ အိန္ဒိယတွင် သူ အင်္ဂလိပ် ဘာသာနှင့် ရေးသား ထုတ်ဝေခဲ့သော What happened in Burma စာအုပ်အကြောင်း ဤသို့ ရေးသည်။ ပန်ဂျပ်ဟိုတယ်တွင် အကျယ်ချုပ်နှင့် နေရသော ထိုအချိန်တွင်ပင် ကျွန်တော်တို့သည် “What happened in Burma” (ဗမာပြည်မှာ ဘာဖြစ်ခဲ့သလဲ) ဆိုသော စာအုပ်ငယ်ကို ရေးလေ၏။ ယခင်က အင်္ဂလိပ်လို ဆောင်းပါးကိုပင် မရေးဖူးချေ။ သို့ရာတွင် အရေးကြုံတော့ အင်္ဂလိပ်လို မရေးဘဲ မဖြစ်တော့ ရဲရဲဝံ့ဝံ့ပင် ရေးချလိုက်သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံနှင့်အစပျိုးသည်။ အင်္ဂလိပ်တွေ ဖိနှိပ်ပုံ၊ အင်္ဂလိပ်ကို ဒေါသူပုန် ထပုံ၊ ဂျပန် သူလျှိုများ ဝင်၍ ငါးစာပစ်ပုံ၊ […]

သိန်းဖေမြင့်၊ အက်ဂါစနိုး၊ ဂျော့အော်ဝဲလ် Read More »

နောင် ဒိုင်း အသံလေးရပ်နေတော့

ကျွန်တော် အမှတ်တမဲ့ နေခဲ့တဲ့အကြောင်းအရာလေး မကြာခင်ကပြန်ဖတ်မိတော့စဉ်းစားစရာတစ်ခုဖြစ်ခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာမှာအချိန်သတ်မှတ်ပုံက နာရီ ၆၀ ရှိတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ မြန်မာ ရေနာရီပါ။ တစ်နေ့ကို နာရီ ၆၀ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့နာရီက ၂၄ နာရီရှိ တယ်ဆိုတာ လူတိုင်း လက်ခံ ထားပြီးသား ဖြစ်သလို မြန်မာတွေ လူငယ်ဘ၀ စာစသင်ပြီဆိုကတည်းက ဒီ ၂၄ နာရီရှိ တဲ့နာရီကို ကြည့်တတ်ဖို့ သင်ကြားခဲ့ရတာပဲဖြစ်ပါတယ်။ တကယ်ဆို ကျွန်တော်တို့တစ်တွေက မြန်မာတွေ မဟုတ်ဘူးလား။ ဘာဖြစ်လို့ သူများနာရီကို ယူငင် သုံးစွဲခဲ့ရတာလဲ။ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် မသိပါဘူး။ ကျွန်တော့်အထင် လွယ်ကူ အဆင်ပြေတဲ့အရာ မို့လို့ သုံးစွဲခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ယနေ့ထိ လူတိုင်းရဲ့

နောင် ဒိုင်း အသံလေးရပ်နေတော့ Read More »

ကျွန်တော့်ဘဝရဲ့ မွေးနေ့မှတ်တိုင်အသစ်

ကျွန်တော်ဟာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံတော်အာဏာသိမ်းပြီး (၁၇၇) ရက်အကြာ ဩဂုတ်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှာတော့ ကျွန်တော့်ဘဝရဲ့ မွေးနေ့မှတ်တိုင်အသစ်တစ်ခု ရောက်လာပြန်ပါပြီ။ ဒီနေ့မှာပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ လူငယ်လေး တစ်ဦးဆီကနေ ရိုးရှင်းပေမယ့် အဓိပ္ပာယ်နက်ရှိုင်းတဲ့ မွေးနေ့ဆုတောင်း စာတိုလေးတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ စာက တိုတိုလေးပဲ၊ ပင်လယ်ထဲက ရေခဲတောင်ထိပ်ဖျားလေးလိုပဲ။ ဒါပေမဲ့ အဓိပ္ပာယ်က  ရေခဲတောင်ထိပ်ဖျား အောက်ဘက်မှာ မမြင်နိုင်တဲ့ ထုထည်က ကြီးလှပါတယ်။ “Do not count the candles but see the light they give. Do not

ကျွန်တော့်ဘဝရဲ့ မွေးနေ့မှတ်တိုင်အသစ် Read More »

ဂါဇာ၊ ဟားမာ့စ် နှင့် ပါလက်စတိုင်းအရေး

“ဂါဇာကို စိုးမိုးခဲ့သည့် ဟားမာ့စ်အဖွဲ့မှာ ခက်ထန် ကြမ်းတမ်းဆုံး လွှဲပြောင်းမှုမျိုး ကြုံရမည့်အခြေအနေကိုရင်ဆိုင်နေရသည်” ဒီအဖွဲ့ဟာ အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုကနေ  ပေါက်ဖွားလာတာဖြစ်တယ်။ သူတို့ကို အာရာဗီဘာ သာစကားနဲ့ အတိုကောက် ဟားမာ့စ် လို့ပဲ သိကြတယ်။ ကိုင်ရိုမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပါလက် စတိုင်း စစ်သွေးကြွတွေဟာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ဂါဇာမှာ ၂၂ လကြာအ စ္စရေးကို တိုက်ပွဲဝင်တာ ကို စွန့်လွှတ်ပြီး သူတို့အဖွဲ့ကို နိုင်ငံရေး ပါတီတစ်ရပ်အဖြစ် သူတို့ဘာသာ ဖွဲ့စည်းမလားဆိုတာ ဆုံးဖြတ် ရတော့မှာဖြစ်ပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့တုန်းက ဟားမာ့စ်ရဲ့ တိုက်ခိုက်ရေး အဖွဲ့ခွဲခေါင်းဆောင် ခါလီအယ်လ်ဟေယာ  ဟာ အီဂျစ်နိုင်ငံက ကာတာနဲ့ တူရကီ နိုင်ငံတို့နဲ့အတူ ကြားဝင်စေ့စပ်ပေးခဲ့တဲ့  စေ့စပ်ညှိနှိုင်းပွဲအတွက်

ဂါဇာ၊ ဟားမာ့စ် နှင့် ပါလက်စတိုင်းအရေး Read More »

ထရမ့်နဲ့ ပူတင်

“အမေရိကန် သမ္မတကြီးနဲ့ ရုရှား ဦးသျှောင်တို့ရဲ့ ပွတ်တိုက်မှုဟာ လေ့လာသူ အများစု ခန့်မှန်းထားတာထက် ပိုပြီး စိုးရိမ်စရာ ကောင်းပါတယ်တဲ့…” အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို အန်တုဖို့ ကြံမယ်ဆိုရင် သူ့ကို နိုင်နည်းတွေကို လှလှပပ အကွက်ကျကျ ဘယ်လို သုံးမလဲ ဆိုတာ ပထမဆုံး စဥ်းစားတတ်ဖို့ လိုပါမယ်။ သူ့နဲ့ ပြိုင်ဘက် နိုင်ငံရေး သမား တစ်ယောက်ဆိုရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်တာ ခံရ နိုင်တယ်၊ သူ့ကို နှောင့်ယှက်မဲ့ အဖွဲ့တွေဆိုရင် တရားတဘောင် အလုပ်ခံရကိန်းရှိတယ်၊ လက်ဝဲယိမ်း အယူအဆရှိတဲ့ တက္ကသိုလ်တွေဆိုရင် အထောက်အပံ့တွေ ရပ်ပစ်ခံရဖို့များတယ်။ စေ့စပ်သေချာပြီး အလုပ်ကို ကျကျနန လုပ်သူ အစိုးရ ဝန်ထမ်း တစ်ဦးဆိုရင် ပန်းရောင် စာရွက် လက်ထဲရောက်လာနိုင်တယ်။

ထရမ့်နဲ့ ပူတင် Read More »

အပြောလွယ်ပေမယ့် အလုပ်ခက်တဲ့ တရုတ် နဲ့ ထိုင်ဝမ်တို့ရဲ့ စနစ် နှစ်ရပ်ပေါင်းစည်းရေး

၂၀၂၅ ဇွန်လ ၄ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ‘လင်ကျန့်’ က ပုံမှန် သတင်းစာ ရှင်းလင်း ပွဲကို ကြီးမှူး ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ သတင်းထောက်တစ်ဦးက မကြာသေးမီက (၂၀၂၅ မေလ ၃၁ ရက်နေ့ ) စင်္ကာပူမှာ ကျင်းပခဲ့တဲ့ Shangri-la ဆွေးနွေးပွဲအတွင်း ဥရောပနိုင်ငံ ခေါင်းဆောင်တစ်ဦးက ‘ထိုင်ဝမ် ပြဿနာ’ နဲ့  ‘ယူကရိန်း ပြဿနာ’ ကို နှိုင်းယှဉ်ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အဆိုပါ မေးမြန်းချက်နဲ့ ပတ်သက်လို့ ‘လင်ကျန့်’ က “မိမိတို့သည် သက်ဆိုင်ရာ ပြောဆိုချက် အပေါ် ခိုင်မာပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ ‘ထိုင်ဝမ်’ သည် တရုတ် ပိုင်နက်နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်း

အပြောလွယ်ပေမယ့် အလုပ်ခက်တဲ့ တရုတ် နဲ့ ထိုင်ဝမ်တို့ရဲ့ စနစ် နှစ်ရပ်ပေါင်းစည်းရေး Read More »

တရုတ်ဖြူ နဲ့ တရုတ်နီ…

ငယ်ငယ်တုန်းကတော့ ” တရုတ်ဖြူ” ” တရုတ်နီ” လို့ လူတွေ ပြောကြတဲ့အခါ၊ သမိုင်းစာအုပ်တွေထဲ ဖတ်ရတဲ့အခါ သိပ်သဘောမပေါက်ခဲ့ဘူး။ နားလည်း မလည်ခဲ့ခဲ့ဘူး။ “တရုတ်ဖြူ”ဆိုတာ အသားဖြူတဲ့ တရုတ်ကို ပြောတာနေမှာလို့ ထင်ခဲ့သလို “တရုတ်နီ” ဆိုတာလည်း အသားနီတဲ့ တရုတ်ကို ပြောတာဖြစ်မယ် ထင်ခဲ့တယ်။ တကယ်တော့ တရုတ်လူမျိုးက အသားဖြူတာ တစ်မျိုးပဲ တွေ့ဖူးတယ်။ နည်းနည်း အရွယ် ရောက်လာပြီး စာဖတ်သက်လည်း ရလာတော့မှ “တရုတ်ဖြူ” ဆိုတာ ထိုင်ဝမ်ကို ပြောတာဖြစ်ပြီး “တရုတ်နီ” ဆိုတာ ပြည်မတရုတ် (တစ်နည်း) ပြည်ကြီးတရုတ် (Mainland China) ကိုခေါ်မှန်း သိရတော့တယ်။ တကယ်က တရုတ်ကွန်မြူနစ်ပါတီရဲ့ အလံအရောင်ကို အစွဲပြုပြီး ပြည်မ တရုတ်ကို “တရုတ်နီ”၊ ချန်ကေရှိတ်ဦးဆောင်တဲ့

တရုတ်ဖြူ နဲ့ တရုတ်နီ… Read More »

ဂါဇာမှာဖြစ်ပွားနေတဲ့ ငတ်မွတ်မှု ပြဿနာနဲ့ အစ္စရေး ပြည်သူတွေရဲ့ အမြင်

ပါလက်စတိုင်း ဟားမာ့စ် အုပ်စုက အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇) ရက်က စတင်ခဲ့တဲ့ ဂါဇာ စစ်ပွဲဟာ အခုအခါမှာ ၂၂လ နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုအခါ မှာတော့ ဂါဇာ ဒေသမှာ ငတ်မွတ်မှု အခြေအနေဟာ ပိုမိုဆိုးရွား လာနေပါတယ်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က ထိုးစစ်ဆင်ခဲ့တဲ့ ဇူလိုင် ၂၀ ရက် ကစပြီး လေကြောင်း တိုက်ခိုက်မှု တွေကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရ ပါတယ်။ သို့ပေမဲ့ အစ္စရေးကတော့ သူ့အနေနဲ့ စီးပွားရေး စစ်ပွဲလို့ ခေါ်နေတဲ့ စစ်ပွဲကို ဆက်လက် ဆင်နွှဲဖို့ ဆန္ဒရှိ နေပါတယ်။ အဓိက အချက်ကတော့

ဂါဇာမှာဖြစ်ပွားနေတဲ့ ငတ်မွတ်မှု ပြဿနာနဲ့ အစ္စရေး ပြည်သူတွေရဲ့ အမြင် Read More »

ကျင့်ဝတ်အမှန်၊ မူဝါဒအလွဲ၊ ခြေလှမ်းအမှား

ဂါဇာရဲ့ အခြေအနေဟာ ငတ်မွတ်ခေါင်းပါးမှုက သိသိသာသာ ဝါးမျိုစ ပြုလာတဲ့ အခြေအနေပါ။ ဒီအခြေအနေဟာ ဟားမတ်စ်ကပဲ ဖြစ်ဖြစ်၊ အစ္စရေးကပဲ ဖြစ်ဖြစ် အဆုံးသတ်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ ရလဒ်မဲ့ စစ်ပွဲကာလအတွင်းမှာ ဖြစ်ပွားနေတာပါ။ ပါလက်စတိုင်းပြည်သူတွေရဲ့ အတိဒုက္ခကို အလေးအနက်ထား ဖော်ပြနိုင်ဖို့၊ စစ်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့၊ “လူမျိုးနှစ်မျိုး နိုင်ငံနှစ်နိုင်ငံ” ဆိုတဲ့ အတွေးအခေါ်တွေ ဆက်လက် ရှင်သန် နိုင်ဖို့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ မကြာမီ ရက်များအတွင်းက ပါလက်စတိုင်း နိုင်ငံတော် အသိအမှတ်ပြုရေးကို ဦးတည်ပြီး အရေးပါတဲ့ ခြေလှမ်း လှမ်းလာကြပါတယ်။ အီကောနောမစ် မဂ္ဂဇင်း အနေနဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ ဦးတည်ချက်အပေါ် နှစ်နှစ်ကာကာ ထောက်ခံသဘောတူပေမယ့် ဒီလို အသိအမှတ်ပြုမှုက လက်တွေ့မှာ တစ်စုံတစ်ရာ အကျိုး

ကျင့်ဝတ်အမှန်၊ မူဝါဒအလွဲ၊ ခြေလှမ်းအမှား Read More »

ဂါဇာဒေသမှ စွန့်စွန့်စားစား သတင်းထောက်များ

ဂါဇာ မှာ သတင်းထောက်ပေါင်း ၂၀၀ လောက် သေဆုံးခဲ့ကြရပြီ “ဟေ့ကောင် အာနတ်စ် မင်းပါးစပ်ကို ပိတ်ထားစမ်း” လို့ အဓိပ္ပာယ်ရတဲ့ အာရဗီ စကားနဲ့ အစ္စရေး သူလျှိုတွေက ဂါဇာက သတင်းထောက်တွေ ဆီကို ဖုန်းခေါ်လေ့ရှိတယ်။ ဂါဇာမှာရှိနေကြတဲ့ သတင်းထောက် တစ်ယောက်ယောက်ဟာ ဒီလို ဖုန်းမျိုး လက်ခံရပြီဆိုရင် နှုတ်ပိတ်ခံရဖို့ နီးစပ်လာပြီဆိုတာ သိကြလို့ ဂါဇာဒေသကနေ ရှောင်ထွက် သွားလေ့ ရှိကြပါတယ်။ ဒါပေမဲ့ အသက် ၂၈ နှစ်အရွယ် ပူလစ်ဇာဆုပိုင်ရှင် အာနက်စ် အယ်လ် ရှာရစ်ဖ် ကတော့ ထူးခြားပါတယ်။ သူက “ဂါဇာက ဖြစ်ပျက် နေတာတွေ ကမ္ဘာကသိအောင် လုပ်ပေးရမယ်” လို့ အမြဲပြောလေ့ရှိတယ်။ အာနက်စ်နဲ့ နဲ့  သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်

ဂါဇာဒေသမှ စွန့်စွန့်စားစား သတင်းထောက်များ Read More »