The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၂၇)

ဘယ်လိုနောက်လိုက်မျိုးလဲ

လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲသူတွေအနေနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ သဘောသဘာဝတွေကို မှန်မှန်ကန်ကန် နားလည်ထားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတစ်ခုဆိုတာ ဘုံရည်မှန်းချက်၊ ဦးတည်ချက်တွေအတွက် သက်ရှိ၊ သက်မဲ့ အရင်းအမြစ်တွေကို စုစည်းပြီး လမ်းကြောင်း တစ်ခုဆီ ကို ချီတက်နေတဲ့ အစုအဝေးတစ်ခုပါပဲ။ အဖွဲ့အစည်းက ပိုင်ဆိုင်သမျှတွေထဲမှာ အဖွဲ့အစည်းဝင်တွေ၊ တစ်နည်းအားဖြင့် ဝန်ထမ်းတွေက တန်ဖိုးအမြင့်မားဆုံး ပိုင်ဆိုင်မှုလို့ ဆိုနိုင်ပါတယ်။ တစ်နည်းပြန်တွေးရင် တန်ဖိုးမြင့်တဲ့ ဝန်ထမ်းတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ အဖွဲ့အစည်းက ရေရှည်မှာ ထိရောက်အောင်မြင်တဲ့၊ စွမ်းဆောင်ရည်မြင့်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်မှာပါ။ မဟုတ်ရင်တော့ မလွယ်ဘူးပေါ့။ အဖွဲ့အစည်းဝင်တွေထဲမှာ ခေါင်းဆောင်နေရာက နေရတဲ့သူ၊ နောက်လိုက်နေရာက နေရတဲ့သူ၊ ခေါင်းဆောင်မှု ပေးနေရတာနဲ့ တစ်ပြိုင်တည်း မှာပဲ နောက်လိုက်အဖြစ်လည်း ဆောင်ရွက်နေရသူ စသည်ဖြင့် လူအမျိုးမျိုး၊ အလွှာအမျိုးမျိုး ရှိတာပါ။ […]

ဘယ်လိုနောက်လိုက်မျိုးလဲ Read More »

တီဟီရန်မှာ ဆုံစို့ကွယ် – စိုင်းအောင်မြင့် (တာချီလိတ်)

ဒေါ်နယ်ထရမ့်လိုပဲ ကျွန်မကိုယ်တိုင်လည်း အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ အခြေအနေကို တစ်ခါက အထင်သေးခဲ့မိဖူးတယ်။ ၂၀၀၄ ခုနှစ် ဆောင်းဦးပေါက်တုန်းက ကျွန်မက လောက်လောက်လားလား အလုပ်မရှိသေးတဲ့ အလွတ်တန်း သတင်းထောက်ပေါက်စတစ်ယောက် ဖြစ်တာကြောင့် နိုင်ငံတကာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေနောက်ကို လိုက်ချင်နေတော့ သတင်းထောက်ဗီဇာ မဟုတ်ဘဲ အလည်အပတ် ဗီဇာနဲ့ပဲ တံခါးပိတ်ထားတဲ့ နိုင်ငံထဲကို သွားကြည့်ဖို့ စိတ်ကူးပေါက်ခဲ့တာ။ တကယ်တော့ အီရန်ကို သတင်းထောက် ဗီဇာနဲ့ သွားဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့်လည်း ဘယ်သူ့ခိုင်းစေချက်မှ မပါဘဲ ကိုယ့်ဘာသာကိုယ် လေ့လာရေးခရီး ထွက်ခဲ့တာပါ။ ကျွန်မလို နာမည်မရှိတဲ့ သတင်းထောက်တစ်ယောက်ကို ဘယ်သူက ဂရုစိုက်မှာလည်းလို့လည်း တွေးခဲ့မိတာပေါ့။ ဟိုရောက်ရင် ခရီးသွားသလိုလိုနဲ့ လည်ပတ်ရင်း အီရန်က နိုင်ငံရေး လေ့လာသုံးသပ်သူတွေ၊

တီဟီရန်မှာ ဆုံစို့ကွယ် – စိုင်းအောင်မြင့် (တာချီလိတ်) Read More »

အနာဂတ်ကို တောင်းပန်ခြင်း

ကျွန်တော် တစ်ရက်က ဖေ့စဘုတ်ပေါ်တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ သို့သော်လည်း ထိုသတင်းကို လူများ ကြိုက်နှစ်သက်မှု နည်းသလို စိတ်ဝင်စားမှုလည်း မရှိကြောင်း တွေ့ရသည်။ သတင်းက ကမ္ဘာနာရီ လှုပ်ရှားမှု အထိမ်းအမှတ် ထိုင်းနိုင်ငံက ပြည်သူတွေကို တစ်နာရီ (၆၀ မိနစ်) မလိုအပ်ပဲ လျှပ်စစ်မသုံးဘဲနေရန် (မီးပိတ်ထားကြရန်) တောင်းဆိုခြင်းဖြစ်သည်။ ကျွန်တော် အတော်သဘောကျသည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်၊ ဖြစ်လိမ့်မည် မဖြစ်လိမ့်မည်ကို အသာထား၍ အင်မတန်ဖြစ်သင့်သော ကိစ္စရပ်တစ်ခု ဖြစ်ကြောင်းကို တစ်ဦးတည်း ထောက်ခံမိသည်။ သို့သော် လွယ်ကူလိမ့်မည်မဟုတ်ကြောင်းလည်း တွေးမိသည်။ တစ်နာရီမပြောနှင့် တစ်မိနစ်စာ လျှပ်စစ်မီး ပြတ်တောက်သွားပါက ကျွန်တော်တို့လို နိုင်ငံ အတွက် ထိခိုက်မှုနည်းသော်လည်း ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများအဖို့မှာ ဒေါ်လာသန်းပေါင်းများစွာ ထိခိုက်သွားနိုင်သည်။ တစ်ခုရှိသည်က လျှပ်စစ်မီး

အနာဂတ်ကို တောင်းပန်ခြင်း Read More »