The Corner

The Corner

cropped-Logo_round_grey-background.png

ဝတ္ထု

ဝတ္ထုကဏ္ဍသစ် (အတွဲ ၁၇ – ဒီဇင်ဘာ ၁-၁၅) မှ စတင်ဖွင့်လှစ်သည်

ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင်

“မိုးမာယာတွေက တိမ်ပလီတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ရွာယောင်ဟန်ပျိုးပေမယ့် မိုးကတော့ တစ်ပေါက် နှစ်ပေါက်တောင် အားနာပါးနာ ကျမလာပါဘူး၊ ရွာမယ်ဆိုရင်လည်း မိုးပြေးကလေး ရယ်သွမ်းသွေးသလို အပြေးအလွှား မစို့မပို့ ရွာမပြေးပါနဲ့၊ ချစ်မိုးကြီးသွန်းဖြိုးလို့ရွာ တစ်မိုးလုံး အိပြီးပြိုကျ လိုက်စမ်းပါ” တိမ်မည်းညိုလေးတွေ တစ်လိပ်ပြီးတစ်လိပ် ပြေးလွှား နေသည့် မိုးကောင်းကင်နောက်ခံ ဖြင့် ပြဇာတ်မင်းသား ဝင်းသူ၏ အာဝဇ္ဇန်းရွှင်ရွှင်၊ အလင်္ကာမြောက်သော အပြောအဆိုက ပွဲကြည့်ပရိသတ်ကြီးကို ဖမ်းစားထားသည်။ ငယ်ကလည်း ငယ် ရုပ်ရည်လေးကလည်း သနားကမားမို့ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဇာတ်ရုပ် နှင့်လည်း လိုက်ဖက်လှသည်။ “စင်ပေါ်မှာ စကားပြောကောင်းသလောက် စင်အောက် မှာတော့ စကားနည်းလိုက်တာနော်၊ မေးနိုင်လွန်းမှ တစ် ခွန်းထက် နှစ်ခွန်းမပိုဘူး၊ စာအုပ်နဲ့မျက်နှာ ခွာတယ်လို့လည်း မရှိဘူး” မင်းသမီး မရွှေကြည် […]

ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင် Read More »

ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာ

နှစ်ပေါင်းငါးဆယ်ကျော်ကို နောက်ကြောင်းပြန်ဆွဲဆန့်တွေးကြည့်သော် အဟောင်းအဟောင်းတို့သည် အသစ်အသစ် ဖြစ်၍ လာချေပြီ။ နေရာဟောင်းကိုရောက်တော့ ငယ်ချစ်ဟောင်းကို အောက်မေ့တမ်းတ သတိရမိသည်ကို အပြစ်ဟူ၍ မဆိုသာပါချေ။  ထိုခေတ်က မြတ်ဝတ်ရည်သင်း၊ မြစပယ်ငုံ၊ ယမင်းရွှေစင်တို့သည် မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္က သိုလ်၏ မြန်မာဆန်ဆန် လှပဆန်းသစ်သော အမည်နှင့် ဆင်းသွင်ရုပ်ဝါ လက္ခဏာသွယ်သွယ် မူရာကြော့ရှင်းသည့် လှယမင်းများ ဖြစ်ကြသည်။ ကိုယ်နှင့်တန်ရာတန်ရာဟူ၍ တန်းမတူသော်လည်း မြတ်ဝတ်ရည်သင်းကို ဆွတ်ချူယူငင်ရန် သံယောဇဉ် နှောင်ဖွဲ့ခဲ့ဖူးသည်။               “ရှင်က ဝတ်ရည်ကို ချစ်တယ့်လို့ ပြောလာတယ်နော်”  မြတ်ဝတ်ရည်သင်းက ချစ်သူဝိုင်းဝိုင်းလည်နေသူဖြစ်ရာ အမည်အားဖြင့်လည်း မထင်ရှား၊ ဥစ္စာဓနအားဖြင့်လည်း နွမ်းပါးသောသူ့ကို ခုလိုအဖက်လုပ်၍ ပြောဖော်ဆိုဖော်ရသည်ကိုပင် ကျေးဇူးအတင်ကြီးတင်နေမိသည်။            “ဟုတ်ကဲ့ပါ၊ နှလုံးသားဆန္ဒကို ရှေ့တန်းတင်မိခဲ့ပါတယ်”            “ဝတ်ရည်ဘေးမှာ

ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာ Read More »