The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၂)

စက်ရုပ် ဗေဒင်

“Transiting Pluto Semi sextile Natal Uranus in Capricorn”. ဒီစကားစုက ကိုစတား (Co-Star) လို့ခေါ်တဲ့ ဖုန်းတွေပေါ်မှာ သုံးလို့ရတဲ့ နက္ခတ်ဗေဒင် အက်ပ်ကို တစ်ယောက်ယောက်က ငါအလုပ်ပိုကြိုးစားဖို့ လိုမလားလို့ အင်္ဂလိပ်လို မေးလိုက်တဲ့ အခါနဲ့ ပြန်လာတဲ့ အဖြေပါ။ ဆိုလိုရင်းကတော့ ပလူတိုဂြိုလ်ရဲ့ တည်နေရာက ယူရေးနပ်စ်ဂြိုဟ်ခွင်ထဲကျနေတဲ့အတွက် လမ်းသစ်တွေ ဖောက်ပါ။ မလိုအပ်ဘဲ လုပ်နေကျ အလုပ်တွေပေါ်က မျှော်လင့်ချက်တွေ လျှော့ထားဖို့လိုမယ်။ ကိုယ့်အရည်အချင်းသစ်တွေကို ရဲရဲကြီး ထုတ်သုံးပြီး လမ်းဟောင်းတွေဆီကနေ ခွဲထွက်လိုက်ပါလို့ ဆိုလိုပါတယ်။ မေးတဲ့လူက ဒါကိုအဟုတ်ကြီး မှတ်ပြီး “ဗေဒင်က ဂြိုဟ်တွေ အပြောင်းအလဲရှိလို့ မင်းခိုင်းတာတွေ မလုပ်နိုင်ဘူး လမ်းသစ်တွေ ဖောက်ဖို့ လိုမယ်လို့ ငါလုပ်ချင်တာဘဲ လုပ်မယ်” လို့များ […]

စက်ရုပ် ဗေဒင် Read More »

ပန်းသီးနဲ့ ပန်းသီး

ဖေဖော်ရီလ ၁၉ ရက်နေ့မှာတော့ အက်ပဲလ်ကနေ အိုင်ဖုန်း ၁၆အီး (iPhone 16e) ကို စတင် မိတ်ဆက် လိုက်ပါပြီ။ ဒီလို မိတ်ဆက်လိုက်တာဟာ အက်ပဲလ်ရဲ့ အိုင်ဖုန်းဆိုတဲ့ အမှတ်တံဆိပ်ကိုပါ အပြီး ပိတ်သိမ်း သလိုပါပဲ။ နောက်ဆုံးတော့ အက်ပဲလ်က အက်ပဲလ်ပဲဆိုတဲ့ အတိုင်း သူ့ရဲ့ ပရိသတ်ကြီးက ဒါ အိုင်ဖုန်း အက်ဆီး iPhone SE ပဲမဟုတ်လားလို့ စူးစမ်းနေကြတာကိုတောင် ဂရုမစိုက်ဘဲ ခပ်မာမာ သူလုပ်ချင်တာ လုပ်ပြသွားခဲ့ပါပြီ။ ကိုယ့်ဘာသာ အိုင်ဖုန်း 16e ကို အခြားအိုင်ဖုန်းများနဲ့ပဲ ယှဥ်ရမလား စျေးကွက်ထဲက အခြားဖုန်း တွေနဲ့ ယှဥ်ရမလားဆိုတာ ဝေခွဲမရ ဖြစ်နတုန်းမှာပဲ တင်မ်ကွတ် (Tim Cook) နဲ့ သူ့အဖွဲ့သား တွေက

ပန်းသီးနဲ့ ပန်းသီး Read More »

ဇာတ်လမ်းတို စီးပွားရေး

ဒါရိုက်တာက “ကဒ်” လို့ အော်လိုက်ပြီးတာနဲ့ လော့စ်အိန်ဂျလိစ်က ရုပ်ရှင်စတူဒီယိုအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သရုပ်ဆောင်တွေက နောက်တစ်ခန်းအတွက် အဝတ်အစား ကမန်းကတန်း ပြေးလဲကြသလို ရိုက်ကွင်းထဲက ဝန်ထမ်းတွေကလဲ ဆက်တင် နောက်တခု အပြေးအလွှားနဲ့ တပ်ဆင်ကြလေသည်။ ဇာတ်လမ်းရိုက်ကူးချိန် နှစ်ရက်တာ အချိန်အတွင်းမှာ တစ်ပတ်လောက် အလုပ်တွေကို တက်သုတ်ရိုက် လုပ်နေကြသည်။ တရုတ်နိုင်ငံတွင် ခေတ်စားလာသော ဇာတ်လမ်းတိုများကို စက်နှင့်လှည့်ထုတ်သကဲ့သို့ မြန်မြန် ရိုက်ကူးထုတ်လုပ်ရသလို ကြည့်ရှုဖို့ အချိန်ကလည်း သိပ်မလိုပေ။ ဇာတ်ညွှန်းဆရာတစ်ဦး “ဒီအလုပ်က သမားရိုးကျ လုပ်ရိုးလုပ်စဥ်တွေကို စတီးရွိုက် ထိုးထည့်ပြီး မြန်သွားအောင် လုပ်နေသလိုပါပဲ” လို့ ရှင်းပြသည်။  နက်ဖလစ် (Netflix) က ဇာတ်လမ်းလောက်လဲ မရှည် တစ်တော့ (Tiktok) ဗီဒီယိုကလစ်တွေ လောက်လဲမတိုတဲ့ မဲပြာပုဆိုး

ဇာတ်လမ်းတို စီးပွားရေး Read More »

မက္ကဆီကိုက Tesla

မက္ကဆီကိုက တက်စလာ ကားထုတ်လုပ်ရေး စက်ရုံစီမံကိန်း ရပ်ဆိုင်းတော့မလား အီလွန်မတ်ဟာ ကြီးကြီးကျယ်ကျယ်တွေ တွေးပြီး အကောင်အထည် ဖော်ရတာကို သဘောကျတယ်။ အင်မတန် ကြီးမား  လှတဲ့ ဒုံးပျံကြီးတွေကစ ဝင်ငွေ အမြောက်အမြား ရနိုင်တဲ့ လုပ်ငန်းကြီးတွေနဲ့ အလုံးအရင်းနဲ့ ဆောင်ရွက် ရတဲ့ လုပ်ငန်းကြီးမျိုး တွေကိုသူတွေးတယ်။ လမ်းလွဲခဲ့တဲ့ ဆိုရှယ် မီဒီယာမှာ ရင်းနှီးမြုပ်နှံမှူ မျိုးတွေလဲ  ရှိခဲ့တယ်။ မက္ကဆီကိုက ဖြစ်ရပ်မှာတော့ ၂ဝ၂၃ ခုနှစ် မတ်လက “ကမ္ဘာပေါ် မှာ အကြီးဆုံး လျှပ်စစ်ဓာတ်အား စက်ရုံကြီး” လို့ကြေညာခဲ့တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ ဖြစ်ပါတယ်။ တက်စလာ (Tesla) ရဲ့သူဌေးကြီး အီလွန်မတ်က အမေရိကန် ပြည်ထောင်စုနဲ့ နယ်နိမိတ်ချင်း စပ်နေတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ နွယ်ဗိုလေယွန် (Nuevo

မက္ကဆီကိုက Tesla Read More »

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့

မြန်မာနှင့် သနပ်ခါးသည် ခွဲခြား၍မရသည့် မြန်မာ့ယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်ပြီး မြန်မာ့ လူ့အဖွဲ့ အစည်းအတွင်း သနပ်ခါးလိမ်းသည့် အလေ့အကျင့်သည် ရှေးနှစ်ပေါင်းများစွာကပင် စတင်ခဲ့ သည်ဟု ယူဆထားကြသည်။ သနပ်ခါးယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းသုတေသန အထောက် အထားများ အဖြစ် ပုဂံခေတ် အေဒီ ၁၁၁၃ ခုနှစ်မှာ တည်ခဲ့သည့် မြင်းကပါကူပြောက်ကြီးဘုရား နံရံ ဆေးရေးပန်းချီများ တွင် လည်းကောင်း၊ အေဒီ ၁၁၈၃ ခုနှစ်တွင်တည်ခဲ့သည့် စူဠာမဏိဘုရား အတွင်းနံရံပန်းချီများတွင် လည်း ကောင်း၊ ခေတ်အဆက်ဆက် တည်ထောင်ခဲ့သော ဂူဘုရားများရှိ နံရံပန်းချီများတွင်လည်းကောင်း သနပ်ခါး လိမ်းခြယ်သည့် ဓလေ့ကို သရုပ်ဖော်ရေးဆွဲထားသည်ကို တွေ့ရှိရသည်။ ထို့အပြင် မြန်မာတို့၏ ရိုးရာ ရှေးရိုးပုံပြင်၊ ရိုးရာဘာသာစကားနှင့်စာပေ၊ အရေးအသားများတွင်လည်း သနပ်ခါးဓလေ့ကို ဖော်ပြခဲ့ကြ သည်ကို ခေတ်အဆက်ဆက်

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ Read More »

ဝါးပင်လေးတစ်ပင်ကနေ ဝါးတောကြီးဖြစ်လာနိုင်တဲ့ သာဓကတွေ

ဝါးပင်လေးတစ်ပင်ကနေ ဝါးတောကြီးဖြစ်လာနိုင်သလိုပဲ လူငယ်တွေဟာလည်း သူတို့ရဲ့ အိပ်မက်တွေကို ကြိုးစားအားထုတ်ရင် အောင်မြင်နိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီစကားကို ကြားရတဲ့အခါ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တာက ‘ငါ့ရဲ့ အိပ်မက်တွေက ဘာတွေလဲ။ ငါ ဘယ်ကိုရောက်ချင်လဲ’ ဆိုတာပါပဲ။ လူငယ်တိုင်းမှာ ကိုယ်ပိုင်အိပ်မက်တွေ၊ ရည်မှန်းချက်တွေကိုယ်စီ ရှိကြပါတယ်။ တချို့က ဆရာဝန်ဖြစ်ချင်တယ်၊ တချို့က အင်ဂျင်နီယာ၊ တချို့က စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာရှင်။ ဒီအိပ်မက်တွေဟာ ငယ်ရွယ်စဉ်ကတည်းက စတင်ခဲ့တာ ဖြစ်နိုင်သလို အရွယ်ရောက်လာမှ ပေါ်ပေါက်လာတာလည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ အိပ်မက်ကို ယုံကြည်ဖို့နဲ့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်ဖို့ပါပဲ။ ဝါးပင်လေးဟာ သူ့ရဲ့အစွမ်းအစကို ယုံကြည်ပြီး ကြီးထွားဖို့ ကြိုးစားလို့ ဝါးတောကြီး ဖြစ်လာသလိုပဲ လူငယ်တွေဟာလည်း သူတို့ရဲ့ စွမ်းရည်ကို

ဝါးပင်လေးတစ်ပင်ကနေ ဝါးတောကြီးဖြစ်လာနိုင်တဲ့ သာဓကတွေ Read More »

အပေးအယူ လောကကြီး

ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ။ ပိုက်ဆံ ဘယ်လိုရှာရမလဲ။ အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းတွေကို သမိုင်းတစ်လျှောက် လူတိုင်းမေးခဲ့ပြီးပါပြီ။ ဒီမေးခွန်းကို သုံးပြီးလည်း အောင်မြင်ရေး တက်ကျမ်းဆရာကြီးတွေ ဒေါ်လာငွေ သန်းပေါင်းများစွာ ရှာခဲ့ပြီးပြီ။ ဒါကြောင့် သွယ်၀ိုက်မနေတော့ဘဲ လိုရင်းအဖြေကို အခုပဲပြောပါမယ်။ ဘ၀မှာ အောင်မြင်ဖို့၊ ပိုက်ဆံရဖို့အတွက် အသေချာဆုံး နည်းလမ်းကတော့ ‘အပေးအယူ’ ပါပဲ။ လူတွေလိုချင်တာကို ကိုယ်လုပ်ပေးနိုင်ရင် လူတွေက ကိုယ့်ကို ပိုက်ဆံတွေ ထိုးပေးမှာပါ။ ဒါပါပဲ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေ ဘာလို့ အောင်မြင်နေသလဲ။ သူတို့ဟာ လူတွေလိုချင်တာကို ပေးနိုင်ခဲ့တယ်။ လူ့သဘောကို နပ်ပြီး လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေကို ကိုယ်ဖြေရှင်းပေးနိုင်လေလေ – လူသားမျိုးနွယ်က ကိုယ့်ကို ပြန်ပြီး ပိုက်ဆံတွေ ပုံပေးလေလေ

အပေးအယူ လောကကြီး Read More »

ထရမ့်နေးဒိုး

သင်္ဘောပဲ့ထိန်းတစ်ယောက်ဟာ မုန်တိုင်းထန် လှိုင်းလေကြီးချိန် တက်မ ကျိုးသွားလို့ ဘာမှ ဆက်လုပ်လို့မရတော့တဲ့ အချိန်မှာ မုန်တိုင်းမြန်မြန်စဲသွားဖို့နဲ့ ကမ်းကို အန္တရာယ်ကင်းကင်း ရောက်နိုင်ဖို့ ဆုတောင်းရုံကလွဲလို့ အခြားလုပ်စရာ သိပ်မရှိတော့ပါဘူး။ အတူတူပါပဲ ဒီမိုကရေစီဟာ နိုင်ငံရေး မုန်တိုင်းထန်ထန်ထဲမှာ ရောက်မိနေပြီဆိုရင် တည်ငြိမ်အေးဆေးမှုဆီကို ပြန်လည်ရောက်ရှိဖို့ လမ်းသစ်တွေ ဖောက်ဖို့ အလုပ်လုပ်ကြရမှာဖြစ်တယ်။   စီးပွားရေး ကလည်း အဆင်မပြေ၊ မဲပေးသူပြည်သူများကလည်း ခေါင်းဆောင်တွေကို စိတ်တိုင်းမကျမချင်း ဆန္ဒမဲတွေနဲ့ ပြောင်းပစ်၊ မနီးမဝေးမှာ ဖြစ်နေတဲ့ စစ်ပွဲကြောင့် တည်ငြိမ်မှုမရတာ သုံးနှစ်တောင် ရှိပါရော့လား…။ ဒီကြားထဲ နောက်ထပ် စိုးရိမ်ကြောင့်ကြစရာ အကြီးကြီးတခုက လာနေသေးတယ်။ ထရမ့်နေးဒိုး လို့ခေါ်တဲ့ မုန်တိုင်းကြီးတခုဟာ ခနော်နီ ခနော်နဲ့ ပျက်လုလုသင်္ဘောဆီ ဦးတည်လာနေပါပီ။ အားလုံးကြိုးစားပြီးတော့ အပျက်အစီး နည်းနိုင်သမျှ နည်းအောင်

ထရမ့်နေးဒိုး Read More »

အာရှက မိတ်ဆွေများ

အမေရိကန်ရဲ့ မဟာမိတ်စစ်စစ် ဒီမိုကရေစီနိုင်ငံတစ်ခုက တစ်ကိုယ်တော်အာဏာသိမ်းဖို့ ကြိုးစားမှုဟာ အိမ်ဖြူ တော်က သူတွေအတွက် ပိုပြီး အတွေးအမြင်တွေ ကောင်းလာစေပါသလား၊ တောင်ကိုရီးယား နိုင်ငံ သမ္မတ ယွန်းဆွတ်ယူးက စစ်အုပ်ချုပ်ရေးကြေညာချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပါးစပ်ပိတ်နေခဲ့ပါတယ်။ သမ္မတရဲ့လုံခြုံရေးဆိုင်ရာအကြံပေး ဂျိတ်ဆူလီဗန်က တောင်ကိုရီးယား အဖြစ်ဟာ အချက်ပေးခေါင်းလောင်း မြည်တာ လို့ ပြောပါတယ်။ ဒီကိစ္စ မလျော်ကန်ဘူးဆိုတာ ထုတ်ပြောနိုင်ဖို့ အရေး ဆူလီဗန်အတွက် တစ်လ ကြာခဲ့ပါတယ်။ ဘာကြောင့်စောင့်စည်းနေတာလဲ၊ ဂျပန်နိုင်ငံနဲ့ ပြန်လည်စည်းလုံးဖို့ အရေးမှာ သမိုင်းတစ်လျှောက်က အားလုံး သော သမ္မတတွေထက် ယွန်းဆွတ်ယူးက ပိုလုပ်နိုင်ပါတယ်။ ဒါက အမေရိကန် မဟာဗျူဟာ သမားတွေ ဆယ်စု နှစ်များစွာ စောင့်ဆိုင်းခဲ့ရတဲ့ တိုးတက်မှုကြီးပါ။ သုံးနိုင်ငံ သမ္မတများအကြား ပြုလုပ်တဲ့

အာရှက မိတ်ဆွေများ Read More »

စကားလုံးတွေဟိန်းဟောက်နေတဲ့စက္ကူကျား (သို့မဟုတ်) ထရမ့်အစိုးရ

ထရမ့်အစိုးရက ကမ္ဘာ့နံပါတ်တစ် အင်အားကြီးနိုင်ငံဆိုပြီး ကျန်ကမ္ဘာ့နိုင်ငံတွေအပေါ် သူပြုသမျှ နုရမယ့်၊ လက်ခံရမယ့် လက်အောက်ခံနိုင်ငံတွေလို ပြုမူဆက်ဆံနေတာက စိတ်ပျက်စရာပါ။ တကယ်ကတော့ အမေရိကန်နိုင်ငံ ကလည်း သူ့နိုင်ငံရဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ ကျန်ကမ္ဘာ့နိုင်ငံ တွေအပေါ် အနည်းနဲ့ အများ မှီခိုနေရတာပါ။ ကုန်သွယ်ရေးဆိုတာ သူ့နိုင်ငံလိုအပ်ချက်၊ ကိုယ့်နိုင်ငံ လိုအပ်ချက် အပြန်အလှန် ဖြည့်ဆည်းနိုင်ဖို့ ရောင်းဝယ်ကြရတာပါ။ အရင်ဆောင်းပါးမှာ တင်ပြထားတဲ့ ကနေဒါကိစ္စကို ပြန်ကောက်ရရင် အမေရိကန်နိုင်ငံကပဲ ကနေဒါနိုင်ငံကို တစ်နှစ် ဒေါ်လာဘီလီယံ ၃၀ဝ လောက် အသားလွတ် ထောက်ပံ့ပေးနေရသလို “အောက်ကလိအာ” ပြောပါသေးတယ်။ ကနေဒါလို မဟာမိတ်အရင်းနိုင်ငံကိုတောင် ဒီလိုဆက်ဆံနေတဲ့ ထရမ့်အစိုးရအပေါ် ကျန်ကမ္ဘာ့နိုင်ငံတွေက အားကိုး အားထားပြုရတဲ့ မဟာမိတ်နိုင်ငံအဖြစ် ဘယ်လိုလုပ် သဘောထားမှာလဲ။ ကနေဒါနိုင်ငံဟာ သူ့နိုင်ငံရဲ့ စီးပွားရေးက အမေရိကန်နိုင်ငံအပေါ်

စကားလုံးတွေဟိန်းဟောက်နေတဲ့စက္ကူကျား (သို့မဟုတ်) ထရမ့်အစိုးရ Read More »