The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၂၃)

Issue of March 1 to 15

စိမ်းလန်းစိုပြေ ကမ္ဘာမြေ 

(ဘာသာပြန် သိပ္ပံ ဝတ္ထုတို) တစ်ညလုံး မအိပ်ဘဲ စာထိုင်ရေးနေခဲ့‌ပြီး နောက်ဆုံးတွင် စာမျက်နှာလေးဆယ်ရှိသော ဝတ္ထုတိုတစ်ပုဒ်ကို ကျွန်တော် အဆုံးသတ်နိုင်ခဲ့‌သည်။ ၎င်းမှာ လေးနက်မှုမရှိသည့် အပျော်ဖတ်တစ်ပုဒ်သာ ဖြစ်၍ အကျိုးလည်းမရှိ၊ အဆိပ်အတောက်လည်း မဖြစ်နိုင်ပေ။ “ဒီကာလမှာ အကျိုးရှိတာရော အဆိပ်အတောက်ဖြစ်တာရော မင်းရေးလို့မရပါဘူးကွာ။ အဲဒါက ဘာမှ ဖြစ်လာမှာမဟုတ်ဘူး” စာမူကို စက္ကူချိတ်ကလေးနှင့် ညှပ်ပြီး စာအိတ်ထဲသို့ ထည့်နေစဉ် ကျွန်‌တော့်ကိုယ်ကျွန်တော် ထိုကဲ့သို့ ပြောနေမိသည်။ အကျိုးရှိသောဝတ္ထု သို့မဟုတ် အဆိပ်အတောက်ဖြစ်သော ဝတ္ထုများအား ရေးသားနိုင်စွမ်း ကျွန်တော့်တွင် ရှိမရှိကို အတတ်နိုင်ဆုံး မစဉ်းစားဘဲ နေရပါမည်။ မဟုတ်ပါက ရေးလိုစိတ် ပေါ်လာနိုင်သည်။ ကျွန်တော် ‌သစ်သားခုံဖိနပ်ကို စီးနေခိုက် မနက်ခင်း နေရောင်ကြောင့် မျက်စိစူးသွားသည်။ ပြီးလျှင် စာအိတ်ကိုယူ၍ အိမ်မှ […]

စိမ်းလန်းစိုပြေ ကမ္ဘာမြေ  Read More »

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့

စာပေလောကထဲ ခြေစုံပစ်ဝင်လာသူ ကျွန်တော့်ရဲ့ ရင်ဖွင့်သံ စာဖတ်သူအပေါင်းတို့ခင်ဗျာ… “ကာရန်မညီ၊ တေးမပီ” ဆိုသလို ဖြစ်နေပေမဲ့ ကျွန်တော့်ရဲ့ စာရေးချင်စိတ်ကတော့ “မီးဖိုချောင်ထဲက ငရုတ်ဆုံ” လိုပဲ တဒုန်းဒုန်းနဲ့ မြည်ဟည်းနေတာပါခင်ဗျာ။ “စန္ဒရားမတီးတတ်ပေမဲ့ စန္ဒရားခုံကိုတော့ လက်နဲ့ ခေါက်ချင်တယ်” ဆိုသလိုမျိုး ဂီတသံစဉ်တွေ လွဲချော်ချင် လွဲချော်နေပါလိမ့်မယ်။ တီးချင်စိတ်ကို မြိုသိပ်မထားနိုင်ဘူး။ ဒါပေမဲ့ မြန်မာ့ဆိုရိုးစကား ရှိတယ်မဟုတ်လား — “မတတ်တာထက် မလုပ်တာက ပိုဆိုးတယ်” တဲ့။ အဲဒါကြောင့်လည်း ကျွန်တော်ဟာ စာပေလောကထဲကို “ရေမကူးတတ်ဘဲ မြစ်ထဲခုန်ဆင်းတဲ့ ဖားတစ်ကောင်” လိုမျိုး ဝါသနာကို အရင်းခံပြီး ရဲရဲဝံ့ဝံ့ ခြေစုံပစ် ဝင်လာခဲ့တာပါ။ တကယ်တော့ စာရေးတယ်ဆိုတာ “ပန်းကောင်းတစ်ပွင့်ကို ပျားကောင်လေး ကစားသလို” နုနုရွရွလေး၊ လှတပတလေး ဖန်တီးရတဲ့ အနုပညာပါ။

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ Read More »

ကလောင်ရိုးဖြင့် စည်းရိုးထိုးမည်လော

စာရေးဖို့ဆိုတာကလည်း ကိုယ်တိုင် အတွေ့အကြုံများသူ (သို့မဟုတ်) စာပေလေ့လာလိုက်စားမှုဆိုသည့် အရာနှစ်ခုထဲကမှ တစ်ခုခုသော်လည်းကောင်း၊ နှစ်ခုစလုံးသော်လည်းကောင်း ပြည့်စုံနေရမည် မဟုတ်လား။ သို့တည်းမဟုတ်လျှင် ကိုယ့်ခံစားချက်တစ်ခုကို ချရေးလိုက်ရုံဖြင့် စာရေးဆရာ အလွယ်လေး ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသို့ ထင်မြင်ယူဆမည်ဆိုလျှင် လူတိုင်း စာရေးဆရာများ ဖြစ်နေကြလိမ့်မည်မှာ မလွဲဧကန်တည်း။ စာရေးဆရာ မဖြစ်နိုင်သော်လည်း စာရေးသူတစ်ယောက်အဖြစ် ခံစားချက်ရှိသူတိုင်း ဖြစ်ခွင့်ရှိသည်။ ကျွန်တော့်အမြင် ပြောရလျှင်မူ စာရေးသူတစ်ယောက်ဖြစ်ဖို့ရာတွင် မည်သို့နည်းဖြင့်ဆိုသည့် ဝါကျဖွဲ့ထုံးနည်းစနစ်ကို အထူးဂရုပြု လေ့လာလိုက်စားစရာ လိုအပ်မည်မဟုတ်ပေ။ ဤသို့ဆိုရခြင်းမှာ အဆင့်အတန်း ခွဲခြားလိုခြင်းမဟုတ်။ ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သည်ကိုသာ ဆိုခြင်းဖြစ်သည်။ ခေတ်တိုင်းခေတ်တိုင်းတွင် စာပေနှင့်ပတ်သက်၍ ရေးဖွဲ့မှတ်တမ်းတင်ကြသည်။ သို့သော် ခေတ်တစ်ခေတ်တွင် ရေးဖွဲ့ခဲ့ကြသူတိုင်းသည် နောက်တစ်ခေတ်ရောက်သည်အထိ တင်ကျန်ရစ်ခဲ့သူ နည်းပါးလှပါသည်။ ခေတ်အဆက်ဆက်ဆိုလျှင် ပို၍ပင် နည်းပါးပါသည်။ ထိုအခြင်းအရာကား ဥပမာထုတ်ပြစရာ

ကလောင်ရိုးဖြင့် စည်းရိုးထိုးမည်လော Read More »

အဖွဲ့အစည်းဆိုင်ရာ သင်ယူမှု

အဖွဲ့အစည်းတစ်ခုအတွက် လူ့စွမ်းအားအရင်းအမြစ် အလုံအလောက်ရှိနေဖို့ အရေးကြီးသလို ရှိနေတဲ့သူတွေကို အဆင့်မြှင့်တင်ပေးနိုင်ဖို့လည်း လိုပါတယ်။ ပညာအခြေခံရှိပြီးသားသူတွေကို စိစစ်ရွေးချယ်ခန့်ထားခဲ့ကြတယ် ဆိုပေမဲ့ တချို့ပညာရပ်တွေက ထိုက်သင့်တဲ့ လုပ်ငန်းအတွေ့အကြုံတစ်ခု ရပြီးချိန်မှာမှ မွမ်းမံသင်ကြားပေးသင့်တာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် ဘယ်လိုအဖွဲ့အစည်းမျိုးပဲဖြစ်ဖြစ် ကိုယ့်တစ်ဖွဲ့တည်း သီးခြားရပ်တည်နိုင်တာမျိုး မဟုတ်ဘဲ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြိုင်ဖက်အဖွဲ့အစည်းတွေနဲ့ ရေစီးကြောင်းအတိုင်း ခရီးဆက်ရမျိုးပါ။ ရေဆန်ကို တက်နိုင်စွမ်းမရှိရင် အစုန်ကြောကြီးအတိုင်း မျောကြရုံရှိတာပေါ့။ မျောရုံလောက်ဆို အကြောင်းမဟုတ်၊ မြုပ်သွားရင် ခက်ကုန်မှာ။ ရေစီးကြောင်းရဲ့ အဟုန်ကို အံတုပြီး ဆန်တက်နိုင်ဖို့ဆိုရင် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေနိုင်မှ ဖြစ်မှာ။ အဖွဲ့အစည်းတွေက စဉ်းစားချက်တွေ မတူကြတော့ဘူး။ ဟိုတုန်းက အရင်းအနှီးတောင့်ဖို့၊ လူအင်အားတောင့်ဖို့ကိုပဲ စဉ်းစားခဲ့ကြပေမဲ့ ဒီကနေ့ခေတ်မှာတော့ အသိပညာသာဖို့ကို အလေးပေးလာကြပြီ။ လူများရုံ၊ ငွေများရုံနဲ့ အဆင်မပြေတော့ဘူး။

အဖွဲ့အစည်းဆိုင်ရာ သင်ယူမှု Read More »

ကျက်သရေရှိတဲ့ မိန်းမတစ်ယောက်ရဲ့ ပုံတူ

လူတိုင်းရဲ့ အဘွားလို ကျွန်တော့်အဘွားလည်း အိုမင်းနေတဲ့ မိန်းမကြီးပေါ့ဗျာ။ သူ့ကို ကျွန်တော် သိခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ သူက အတော်အိုနေပြီ။ မျက်နှာနဲ့ လက်မှာ အရေတွေ တွန့်နေပြီ။ လူတွေက ပြောကြတယ်။ တစ်ချိန်က သူဟာ ငယ်ရွယ်နုနယ်ပြီး လှပသတဲ့၊ သူ့မှာ အကြင်ခင်ပွန်းတောင် ရှိသတဲ့။ ကျွန်တော့်အဖို့ အဲဒါ ယုံရခက်ကြီးဗျ။ ကျွန်တော့်အဘိုးရဲ့ ဓာတ်ပုံကို ဧည့်ခန်း မီးလင်းဖိုစင်ရဲ့ အထက်မှာ ချိတ်ထားတယ်။ ဗောင်းထုပ်ကြီးနဲ့၊ အဝတ်ပွပွကြီး ဝတ်လို့။ သူ့မုတ်ဆိတ်မွေး ဖြူဖြူရှည်ရှည်တွေက သူ့ရင်ဘတ်တစ်ခုလုံး နီးပါး ဖုံးလို့။ သူ့ပုံက အနည်းဆုံး အသက်တစ်ရာလောက် ရှိမယ့်ပုံ။ သူ့မှာ မိန်းမရှိမယ့်ပုံ၊ သားသမီးရှိမယ့်ပုံ မပေါက်ဘူး။ ဒါပေမဲ့ မြေးတွေ တစ်လှေကြီး ရှိမယ့်ပုံတော့

ကျက်သရေရှိတဲ့ မိန်းမတစ်ယောက်ရဲ့ ပုံတူ Read More »

အိပ်မက်ဇာတ်ခုံ (Dream Theater) ရော့ခ်ဂီတပွဲ

၈၀ ခုနှစ် အလွန်နှစ်များမှာ ရော့ခ်ဂီတကို စတင်ထိတွေ့ နားထောင်ဖူးသူတစ်ဦးဆိုရင်တော့ အချိန်ကောင်းလို့ ပြောလို့ရမယ်ထင်ပါတယ်။ ကမ္ဘာမှာ ရော့ခ်တေးဂီတ အထွတ်အထိပ်ဟာ ၁၉၆၀ ခုနှစ်များကနေ ၁၉၈၀ ခုနှစ်တွေအထိလို့ ပြောပါတယ်။ အဲဒီအချိန်က မြန်မာဟာ ကမ္ဘာနဲ့ အခုခေတ်လို အဆက်မပြတ် ချိတ်ဆက်နေတာမဟုတ်တော့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ သီချင်းတွေဟာ လနဲ့ချီ၊ တစ်ခါတစ်လေ နှစ်နဲ့ချီပြီးတော့မှ မြန်မာပြည်ကို ရောက်လာတာ။ ရောက်လာတယ်ဆိုတာကလည်း ဒီအတိုင်း သက်သက်နားထောင်ရတာမဟုတ်။ နာမည်ကျော် အဆိုရှင်တစ်ဦးဦးက နာမည်ကြီး ရော့ခ်သီချင်းများကို မြန်မာစာသားထည့် သီဆိုရင်းက ‘ပေါက်’ သွားပြီး နားယဉ်သွားကြတာ များပါတယ်။ မူရင်းသီချင်းကိုမှ နားထောင်ချင်တယ်ဆိုရင် ဘားလမ်း (အခု မဟာဗန္ဒုလပန်းခြံလမ်း) ထဲက ယင်းမာ၊ KISS အစရှိတဲ့ တေးသံသွင်းများမှာ စိတ်ကြိုက် C60

အိပ်မက်ဇာတ်ခုံ (Dream Theater) ရော့ခ်ဂီတပွဲ Read More »

ကြာချည်ရက်ကန်းလုပ်ငန်း

နောက်ခံသမိုင်းကြောင်း လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က အင်းလေးကန်အတွင်း အင်းပေါခုံရွာတွင် လက်ရက်ကန်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြပါသည်။ အစပိုင်းတွင် ချည်ဖြင့်သာ ရက်လုပ်ခဲ့ကြပြီး နောင် ၁၀ နှစ် ကြာသောအခါမှ ပိုးချည်ဖြင့် ပိုးထည်များကိုပါ ရက်လုပ်လာကြပါသည်။ ပိုးချည်များကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး ပိုးထည်လုပ်ငန်းအတွက် ထိုင်းနိုင်ငံရှိ ပိုးဇင်းမယ်နှင့် ဘန်ကောက်ပုဆိုးများကို လေ့လာပြီး ရက်လုပ်ခဲ့ကြသည်။ ထိုစဉ်က အင်းအတွင်းနှင့် အနီးဝန်းကျင်၌သာ ရောင်းချလုပ်ကိုင်ခဲ့ကြပြီး ၁၉၈၇ ခုနှစ်မှစတင်ကာ ပိုးထည်များကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလာခဲ့ပါသည်။ လွန်ခဲ့သော နှစ် ၁၀၀ ခန့်တွင် အင်းသူ ဒေါ်စာဥ (ဖွားစာဥ) ဆိုသည့် အမျိုးသမီးတစ်ဦးသည် ဘုရားရှင်အား မြင့်မြတ်သော အလှူတစ်ခု ပြုလုပ်လှူဒါန်းရန် ဆန္ဒရှိခဲ့ပြီး သူမ၏ဆန္ဒကို အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါသည်။

ကြာချည်ရက်ကန်းလုပ်ငန်း Read More »

ဖုန်းကိုချည်း ကြည့်မနေသင့်ကြောင်း အွန်လိုင်းက ပြောပြမယ်

အခုခေတ်စားနေတဲ့ ဖုန်းတွေကို အသုံးနည်းအောင် နည်းပညာနဲ့ ပြန်ထိန်းကြတာကို Digital Detox လုပ်တာလို့လည်း တစ်နည်းခေါ်ကြပါတယ်။ ဟုတ်ပါတယ်၊ အခုနောက်ပိုင်း လူတော်တော်များများက ဖုန်းမျက်နှာပြင်ကြည့်ချိန် (Screen Time) လျှော့ချချင်ကြပါတယ်။ အင်တာနက်ပေါ်မှာလည်း ဖုန်းကို နံရံမှာ ကြိုးနဲ့ချည်ထားတာမျိုး၊ ဆိုရှယ်မီဒီယာက ပုံတွေကို စက္ကူနဲ့ တကူးတက ပရင့်ထုတ်ကြည့်တာမျိုး ဒါမှမဟုတ် ဖုန်းကို အကြာကြီး ပစ်ထားတာမျိုးစတဲ့ ထူးဆန်းတဲ့ အကြံပြုချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးတော့ လူတွေကြားထဲမှာ ကျော်ကြားနေတဲ့ နည်းလမ်းတစ်ခုကတော့ “The Brick” လို့ခေါ်တဲ့ ဖုန်းထဲက App တွေကို သုံးလို့မရအောင် ပိတ်တဲ့ ကိရိယာလေးပဲ ဖြစ်ပါတယ်။ Brick ဆိုတာ ဘာလဲ Brick ဆိုတာ မြန်မာလို တိုက်ရိုက်ပြန်ရင်တော့ “အုတ်ခဲ”

ဖုန်းကိုချည်း ကြည့်မနေသင့်ကြောင်း အွန်လိုင်းက ပြောပြမယ် Read More »

သတိထား! တရုတ်ကားဈေးကွက်က အရင်လို မဟုတ်တော့ဘူး

ကားအသစ်တွေ အမြောက်အမြား တင်ပို့နိုင်တာဟာ ကားဝယ်သူတွေအတွက် သတင်းကောင်းပေါ့။ ဒါပေမဲ့ ကမ္ဘာပေါ်က ကားထုတ်လုပ်သူတွေ အတွက်တော့ အဲဒီလို ဟုတ်မယ်မထင်ဘူး။ ၂၀၁၈ ခုနှစ်တုန်းကပေါ့ဗျာ… ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကုန်သွယ်ရေး စနစ်ကြီးကို စတင်ခြိမ်းခြောက်နေတဲ့ အချိန်မှာပဲ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်ရဲ့ ကားရောင်းအားက ရုတ်တရက်ကြီး နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး တောက်လျှောက် တက်လာခဲ့ရာကနေ တရုတ်စီးပွားရေး အခြေအနေ မကောင်းတာနဲ့အမျှ ကားရောင်းအားတွေ စတင်ကျဆင်းလာခဲ့တာပါ။ အဲဒီအချိန်တုန်းက တရုတ်ကားဈေးကွက်ရဲ့ ငါးပုံသုံးပုံလောက်ကို ချုပ်ကိုင်ထားတဲ့ နိုင်ငံခြားကားကုမ္ပဏီတွေ အတော်လေး အထိနာခဲ့ကြပါတယ်။ အခုလည်း အရှေ့က လမ်းဟောင်းအတိုင်း တရုတ်ကားဈေးကွက်ဟာ နောက်တစ်ကြိမ် ရောင်းအားပြန်ကျတော့မယ်လို့ ခန့်မှန်းသူတွေက တွက်ချက်နေကြပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ထူးခြားတာက လျှပ်စစ်ကား (EV) နည်းပညာမှာ ရှေ့တန်းရောက်နေပြီး လက်ရှိဈေးကွက်ကို

သတိထား! တရုတ်ကားဈေးကွက်က အရင်လို မဟုတ်တော့ဘူး Read More »

အီရန်ကို အမေရိကန် ဝင်တိုက်တော့မှာလား

အီရန်မှာ စနေနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) က တက္ကသိုလ်ကျောင်းသားတွေရဲ့ ခါမေနီအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့လက တစ်နိုင်ငံလုံး အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအပြီးမှာ ထပ်မံ ပေါ်ပေါက်ခဲ့တာပါ။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲကို အီရန်စစ်တပ်က နှိမ်နင်းခဲ့လို့ လူပေါင်း (၅,၀၀၀) ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အီရန်အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ သေဆုံးသူပေါင်း ၃,၀၀၀ ကျော်ရှိပြီး ဒီအထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို ကြည့်ရင် အီရန်လူငယ်တွေဟာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ ရှေးရိုးဝါဒီ အစွန်းရောက် ခါမေနီအစိုးရ ဖယ်ရှားရေးကို ဘယ်လောက်အထိ လိုလားနေတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။

အီရန်ကို အမေရိကန် ဝင်တိုက်တော့မှာလား Read More »