The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၂၃)

Issue of March 1 to 15

မင်နီးယားပိုးလစ်စ်၊ စိန့်ပေါလ် က မပြီးသေးသော ပန်းချီကား

ဖေဖော်ဝါရီလထဲကို ဝင်လာပြီမို့လို့ မင်နီးယားပိုးလစ်စ်နဲ့ စိန့်ပေါလ်တို့မှာ နှင်းထုကြီး အရည်ပျော်စပြုလာပါပြီ။ အလားတူပဲ ရီနီဂွဒ်နဲ့ ပရစ်တီတို့ သေနတ်ပစ်ခတ်ခံရ သေဆုံးမှုကြောင့် လူထုအုံကြွမှု အကြီးအကျယ်ဖြစ်ခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလထဲမှာ ပြည်ထောင်စုအစိုးရရဲ့ အလျှော့ပေးလာမှုကို စတင်မြင်တွေ့ရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က I.C.E အဖွဲ့ဝင်အင်အားကို လျှော့ချဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အမိန့်ပေးလိုက်ပြီး I.C.E အဖွဲ့ဝင်တွေ စတင်ထွက်ခွာသွားကြကာ အခုတော့ အင်အား ၅၀၀ ခန့်သာ မင်နီးယားပိုးလစ်စ်နဲ့ စိန့်ပေါလ်မှာ ကျန်ပါတော့တယ်။ အင်အား ၂,၀၀၀ နဲ့ ၃,၀၀၀ ကြား အသုံးပြုပြီး ၂ လကြာ စစ်ဆင်ရေးရဲ့ အဆုံးသတ်ဖြစ်ပါတယ်။ သို့ပေမဲ့ စစ်ဆင်ရေးဟာ မြို့ပေါ်ကနေ ဆင်ခြေဖုံးနေရာတွေကို ရောက်သွားတယ်လို့ အချို့အကဲခတ်တွေက ဆိုပါတယ်။ နယ်ခြားဘုရင်ကြီးလို့ နာမည်ကျော်တဲ့ […]

မင်နီးယားပိုးလစ်စ်၊ စိန့်ပေါလ် က မပြီးသေးသော ပန်းချီကား Read More »

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရှင်ဖြစ်ဖို့ ကြံစည်နေပြီလား

ဒေါ်နယ်လ်ထရမ့် – ဒီမိုကရေစီကို ပုန်ကန်ကာ အာဏာရှင်ဆန်နေပြီလား? ဒီကနေ့ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အခြေအနေအရပ်ရပ် မတည်မငြိမ် ဖြစ်နေရခြင်းရဲ့ နောက်ကွယ်မှာ ဘယ်သူ့ပယောဂ အများဆုံးလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်ချက်တွေကို တစ်နေ့တစ်မျိုး မရိုးအောင် တွေ့နေရတယ်။ ဒေါ်နယ်လ်ထရမ့်ဟာ အာဏာရှင် (Autocrat) လမ်းကြောင်းပေါ် ရောက်နေပြီလားလို့ မေးခွန်းထုတ်မှုတွေ ရှိလာနေတယ်။ သမိုင်းအတွေ့အကြုံတွေအရ အာဏာရှင်ဆိုတာ ဘယ်လိုလူမျိုးဆိုတာကို နိုင်ငံရေးလေ့လာသူတွေ အတော်လေး ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်။ သမိုင်းဥပမာ အတော်များများ ရှိပြီးသားလည်း ဖြစ်ပါတယ်။ ဟစ်တလာ၊ မူဆိုလီနီ၊ စတာလင်၊ မော်စီတုန်း၊ ချောင်ဆက်စကူး၊ ပိုပေါ့၊ မားကို့စ် စသဖြင့် သမိုင်းမှာ တွေ့ခဲ့ကြရပြီ ဖြစ်တယ်။ မျက်မှောက်ခေတ်မှာလည်း

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရှင်ဖြစ်ဖို့ ကြံစည်နေပြီလား Read More »

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား

၂ဝဝ၈ နောက်ပိုင်း ပထမဆုံး မှန်မှန်ကန်ကန် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေခဲ့ပြီး မိခင်နိုင်ငံကို ပြန်လာတဲ့ နိုင်ငံရေး မျိုးဆက်ထဲက ထင်ရှားသူ တစ်ယောက် အနိုင်ရခဲ့တယ်… “အမေရိကန်မှာလိုပဲပေါ့ဗျာ” ဆိုပြီး အသစ်စက်စက် ဝန်ကြီးတစ်ယောက်က အားရပါးရ ပြုံးပြီး ပြောလိုက်သည်။ ၎င်း၏ အကြီးအကဲသစ် တာကစ်ရာမန်သည် လေဟာပြင်မှာ ကျင်းပသည့် အခမ်းအနားတစ်ခု၏ စင်မြင့်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ပွင့်လင်းမြင်သာမှုရှိသည့် နေဟန်ထားသစ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ငါးရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဗဟိုလက်ယာယိမ်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) သည် ပါလီမန်အမတ်နေရာ ၃၀၀ ရှိသည့်အနက် သုံးပုံနှစ်ပုံဖြင့် အပြီးသတ် အနိုင်ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား Read More »

ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု စစ်ပွဲ လေးနှစ်ပြည့်လာခဲ့ပြီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်မူ ရုရှားက ဗီတိုအာဏာ ကိုင်စွဲထားခြင်းကြောင့် စစ်ပွဲတစ်လျှောက်လုံး ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့သည်။ မကြာသေးခင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်  ကုလသမဂ္ဂ အထွေထွေညီလာခံသည် ယူကရိန်းနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်များကို ထောက်ခံကြောင်းနှင့် အရပ်သားများအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကို စိုးရိမ်ကြောင်း ဖော်ပြထားသည့် အဆိုပြုချက်တစ်ခုကို မဲအပြတ်အသတ်ဖြင့် အတည်ပြုလိုက်သည်။ ရုရှား၏ ကျူးကျော်စစ် ၄ နှစ်ပြည့်မြောက်သည့် အချိန်တွင် ကမ္ဘာ့နိုင်ငံများမှ ယူကရိန်းနှင့် တစ်သားတည်းရှိမှုကို စမ်းသပ်သည့် ယခုမဲခွဲမှု၌ ထောက်ခံမဲ ၁၀၇ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ နှင့် ကြားနေမဲ

ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉)

ဘာလုပ်မလဲ အမေရိကန် ဦးမိုး။  ။ ဟေ့လူ ဦးတိုး… ခင်ဗျားကြည့်ရတာ ဒီနေ့ မျက်မှောင်ကြီးကုပ်လို့။ ဘာလဲ… ဟိုဘက်က ထရမ့်ကြီးက နောက်တစ်ခါ ဗုံးထကြဲပြန်ပြီလား။ ဦးတိုး။ ။ အောင်မယ်… ဦးမိုးကလည်း၊ ကြဲတော့မယ့် အနေအထား ဖြစ်နေပြီဗျ။ အခု အရှေ့ အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ ပုံအောပြီး လွှတ်ထားတာ ၂၀၀၃ အီရတ် စစ်ပွဲတုန်းကထက်တောင် များနေပြီ။ လေယာဉ်တင်သင်္ဘောကြီး နှစ်စင်းတင်မကဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန် လေတပ်အင်အားရဲ့ တစ်ဝက်နီးပါးလောက်ကို အဲ့ဒီမှာ သွားစုထားတာဗျ။ ဦးမိုး။ ။ ကျွန်တော်လည်း အဲဒါကိုပဲ သိချင်နေတာ ပြောပြပါဦး… ဒါက အီရန်ကို ခြိမ်းခြောက်တာလား၊ တကယ်ပဲ ဝင်တိုက်တော့မှာလား။ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း အစ္စရေးနဲ့ပေါင်းပြီး အီရန်ရဲ့

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉) Read More »