ညီမလေးရယ် စိုးရိမ်မိတယ်
ထိုင်းနိုင်ငံ ပါလီမန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံတဲ့ ဖြူထိုင်းပါတီက သက်ဆင်ရဲ့နှမထွေးလေး ယင်းလတ်ရှင်နာဝပ်ထရကို ခေါင်းပေါ်တင်ပြီး ယှဉ်ပြိုင်အနိုင်ရခဲ့ကြလို့ ယင်းလတ်ဟာ မကြာခင်မှာပဲ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာတော့မယ်ဗျ။ ယင်းလတ်ဟာ အသက် ၄၄ နှစ်ရှိပြီဖြစ်လို့ နိုင်ငံရေးသမား ဆိုရင်တော့ လုပ်လို့ ကိုင်လို့ အကောင်းဆုံး အသက်အရွယ်လို့ ဆိုနိုင်ပါတယ်။ တပ်မတော် အကြီးအကဲကလည်း ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရကို နာခံသွားမယ်လို့ ကြေညာတယ်ဗျာ။ အဘီဆစ်က ဝါရှိတယ် အခု ဆင်းပေးရတော့မယ့် လက်ရှိ ဝန်ကြီးချုပ် အဘီဆစ်က ၄၆ နှစ်။ အဘီဆစ်က နိုင်ငံရေး ‘ဝါ” ရှိတယ်။ အရည်အချင်းလည်း ရှိတယ်။ သူနဲ့ ယှဉ်ရင် ယင်းလတ်ဟာ မိုးပေါ်က ကျလာတဲ့ ရွှေကြာပင် […]
ညီမလေးရယ် စိုးရိမ်မိတယ် Read More »
