ကုန်ဈေးနှုန်းကျဆင်းခြင်း သတင်း
( ၁ ) တံငါရွာကလေး၏ စုတ်ပြတ်နုံချာလှသော သေးနုပ်သိမ်ငယ်မှု အခင်း အကျင်းကို တွေ့ဖူးနေကျ။ အိမ်တွေက လည်း ဖရိုဖရဲ အယိုင်ယိုင်အနဲ့နဲ့။ ခိုင်မတ်သော ထူထူထောင်ထောင် အိမ်တစ်ဆောင်မျှ မတွေ့ရ။ ရွာ မလှပ သလို ရွာသားတွေကလည်း အကျည်းတန်သည်။ မည်းမည်း ပြောင်ပြောင် ကျွဲပေါက်တစ်ကောင်လို ရုန်းကန်ရ၍ ထင်သည်။ တံငါရွာကလေးက ရွာသားတွေ မြို့ထဲ ဝင်လာလျှင် ကျွဲအုပ်ကြီးဟု ထင်ရသည်။ တံငါရွာငယ်လေးကဟု ပြောလာသော နုနွဲ့လှပသည့် မမြသွေး ဆို သူကို ငေး၍ကြည့်မိသည်။ မျက်ခုံး ထူထူလေးအောက်မှ တောက်လက်သော မျက်နက်ဝန်းလေးက တံငါရွာသူ မဟုတ်ကြောင်း ငြင်းဆိုနေသယောင်။ နှုတ်ခမ်းဖူးဖူး အပြုံးနုနုလေးက တံငါရွာသူတွေမှာ ရှိမနေတတ်။ အချိုးအစား ကျနပြေပြစ်သည့် ကိုယ်နေဟန်ထား က […]
ကုန်ဈေးနှုန်းကျဆင်းခြင်း သတင်း Read More »




