The Corner

The Corner

cropped-Logo_round_grey-background.png

ထက်မြက်

ဒူးနေရာဒူး တော်နေရာတော်

The right man in the right place ဆိုသော စကားကို ငယ်ငယ်ကတည်းက ကျွန်တော်တို့ ကြားခဲ့ ပြောခဲ့ ဖူးပါသည်။ လူမှန် နေရာမှန်ဟု အဓိပ္ပာယ်ထွက်သော ထိုစကားမှာ အင်္ဂလိပ်စကားဖြစ်မည် ထင်ပါသည်။ မည်သို့ပင် ဖြစ်စေ အောင်မြင်သော ဘောလုံးအသင်း တစ်သင်းအတွက် ထိုစကားမှာ သွေးထွက်အောင် မှန်ကန်လှ ပါသည်။ ဘောလုံးအသင်းမှ ကစားသူများကို သူတို့ ကျွမ်းကျင်ပိုင်နိုင်သော နေရာများတွင် ချထားပေးပြီး ကစားခိုင်းရပါသည်။ ရှေ့တန်း ကစားသမား၊ အလယ်တန်း ကစားသမား နှင့် နောက်တန်း ကစားသမား၊ ထို့နောက် ဂိုးသမားတို့ ဖြစ်ကြသည်။ ရှေ့တန်းကို ကျွမ်းကျင် ပိုင်နိုင်စွာ ကစားနိုင်သော ဘောလုံးသမား ကို ရှေ့တန်းတွင်သာ ကစားခိုင်းမှ လူမှန် […]

ဒူးနေရာဒူး တော်နေရာတော် Read More »

မျက်လှည့်ပြခြင်း

ပြကွက်ကို ဘူတာရုံမှာပင် ပြသည်။ ပွဲကြည့်ပရိသတ်ကလည်း ဘူတာရုံသို့ တစ်အုပ်တစ်မကြီး သွားရောက်ကြည့်ရှုကြပါသည်။ ဘူတာရုံ လမ်းပေါ်တွင် ခရီးသည်တင် မီးရထားကြီးတစ်စင်း ရပ်နေ၏။ရထားမှာ အရုပ်မဟုတ်၊ ပုံကားချပ်လည်း မဟုတ်ဘဲ တကယ့် ရထား အစစ်ကြီး ဖြစ်သည်။ ရထားအစစ် ဟုတ်မဟုတ်ကို ပရိသတ်ထဲကတချို့ကို စစ်ဆေးကြည့်ရှုခွင့်ပေးသည်။ ခရီးသည်တင် ရထားကြီးဖြစ်ကြောင်း ပရိသတ်က အတည်ပြုပေးပြီးနောက် ရထားတစ်စင်းလုံးပေါ် တာလပတ်ကြီးဖြင့် အုပ်မိုးလိုက်ပါသည်။ ထို့နောက် ကြိမ်တုတ်ကလေး တဝင့်ဝင့်နှင့် ဒေးဗစ်ကော့ပါးဖီးလ်က ထိုရထားကြီးကို ပျောက်ကွယ်သွားအောင် သူလုပ်ပြပါမည်ဟု ပရိသတ်ကိုပြောကာ တုတ်ကို အပေါ်ဘက် ဝင့်ပြလိုက်သည်နှင့် တာလပတ်အုပ်ထားသော ရထားကြီးအပေါ်သို့ တဖြည်းဖြည်း မြောက်တက်ကာ နောက်ဆုံးကောင်းကင်ပေါ် တွင် ပျောက်ကွယ်သွားပါတော့သည်။ ထို့နောက် ဒေးဗစ်ကော့ပါးဖီးလ်က ကြိမ်တုတ်လေးကို အောက်ဘက်သို့ ဆွဲချပြလိုက်သောအခါ တာလပတ်ကြီးမှာ အောက်သို့

မျက်လှည့်ပြခြင်း Read More »

အကောင်းဆုံးမိတ်ဆွေ

စာဖတ်တာဟာ ကောင်းပါတယ်။ စာဖတ်တဲ့အတွက် ယဉ်ကျေးသိမ်မွေ့လာနိုင်တယ်။ အသိဉာဏ် ရင့်ကျက် လာနိုင်တယ်။ ဗဟုသုတရှိပြီး လူလိမ်မခံရနိုင်ဘူး။ ဒါပေမဲ့ စာဖတ်တိုင်း လူလိမ္မာ၊ လူယဉ်ကျေး ဖြစ်မယ်လို့တော့ ကောက်ချက်မချနိုင်ပါဘူး။ လူ့ဘဝရဲ့အကောင်းဆုံးအဖော်ဟာ ဘာလဲလို့မေးလာရင် အကောင်းဆုံးအဖော်ဟာ “စာအုပ်”ပေါ့လို့ ကျွန်တော်ဖြေမယ်လို့ ရေးခဲ့ဖူးပါတယ်။ စာအုပ်ဟာ အကောင်းဆုံးအဖော်၊ အကောင်းဆုံးမိတ်ဆွေ ဖြစ် ပါတယ်။ စာဖတ်နေသူဟာ စိတ်ကို တည်ငြိမ်စေပြီး အာရုံကို မပျံ့လွင့်စေတော့ပါဘူး။ စာအုပ်ထဲမှာက အားလုံးပါတယ်။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာတရား စတဲ့ လူ့လောကနဲ့ဆိုင်တဲ့ အကြောင်းအရာအားလုံး စာအုပ်ထဲမှာရှိတယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာသိနဲ့မှတ်ပြီး လောကထဲမှာ ဘဝသိဖြစ်အောင် တိုးဝင်ကြရတာပဲ။ စာသိမရှိဘဲ လောကထဲ ဆင်းတဲ့အခါ မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းသလို ဖြစ်ကြလိမ့်မယ်။ စာရေးခြင်းနဲ့

အကောင်းဆုံးမိတ်ဆွေ Read More »