ဘာလဲဟဲ့  ၂၀၂၄ 

သည် အီကောနောမစ် အယ်ဒီတာ တွန်မ် စတန်းဒေ့ချ် ရေးသားသည့် How we did in 2024 ဆောင်းပါးကို KIDD မြန်မာဘာသာပြန်ဆိုသည်။ တကယ့်နှစ်ပါဗျာ။ အမေရိကန် သမ္မတလောင်းက ရွေးကောက်ပွဲ မစခင် လပိုင်းမှာ နုတ်ထွက်သွားတယ်။ နောက် သမ္မတလောင်းက သေတော့မလို လုပ်ကြံခံရတာ နှစ်ခါ။ ယူကရိန်းက ရုရှားနယ်မြေထဲကို ပြန်ဝင်တိုက်တယ်။ အီရန် သမ္မတကတော့ ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လုံး၀ကြိုတင် ထင်မထားခဲ့ပါဘူး။ အမေရိကန် သမ္မတရွေးကောက်ပွဲက ခေါင်းပန်းလှန်ရသလိုမျိုး ကံစီမံရာ ဖြစ်မှာပဲလို့ ထင်ထားခဲ့ပြီး ထရမ့်ရဲ့ အပြတ်အသတ်အောင်ပွဲကို မျှော်လင့်မထားခဲ့ဘူး။ အခြားနေရာက ရွေးကောက်ပွဲခန့်မှန်းချက်တွေက ပိုကောင်းပါတယ်။ ရုရှားနဲ့ ရဝမ်ဒါမှာ မဲမသမာမှုများနဲ့ ဘယ်သူနိုင် မယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးခန့်.မှန်းထားတဲ့အတိုင်း ဗြိတိန်မှာ လေဘာပါတီ၊ မက္ကဆီကိုမှာ ကလော်ဒီယာ ရှိမ်းဘောင်း၊ […]

ဘာလဲဟဲ့  ၂၀၂၄  Read More »