The Corner

The Corner

cropped-Logo_round_grey-background.png

လူလေးဝိုင်း

လူလေးဝိုင်း

လူငယ့်အားမာန်နှင့် နီပေါနိုင်ငံ

အေဂျေရာ ဘာဒရာခါနဲလ် (Ajaya  Bhadra  Khanal) ရဲ့ ရုံးကနေ မြင်ရတဲ့ မြင်ကွင်းဟာ သူ့အလုပ်အကိုင်က ဘယ်လောက်ထိ အန္တရာယ်များ မလုံခြုံတာကို အမြဲသတိပေးနေသလိုပါပဲ။ သူ့ရုံးက ပေရာဂဏန်းလောက် အကွာမှာ မီးလောင်ပြီး အခွံသာကျန်တဲ့ ဆင်ဂါဒါဘာ (Singha  Durbar) နန်းတော်ရှိပါတယ်။ သက်တမ်း (၁၁၇) နှစ်ရှိပြီဖြစ်တဲ့ နန်းတော်ပါ။ ဒီနန်းတော်ဟာ စက်တင်ဘာလ (၉) ရက်နေ့အထိ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ် ရုံးထိုင်ရာ နေရာပါ။ အဲဒီနေ့က လူအုပ်ကြီးဟာ ပါလီမန်၊ အခြားဖက်ဒရယ်ရုံးတွေနဲ့ စီးပွားရေးလုပ်ငန်း အမြာက်အမြား အပါအဝင် နန်းတော်ကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာပါ။ အကျဥ်းထောင်တွေကို ဖွင့်ပေးခဲ့သလို နိုင်ငံရေးသမားတွေကို သူတို့ရဲ့ နေအိမ်တွေမှာ တိုက်ခိုက်ခဲ့ ကြပါတယ်။ ဝန်ကြီးချုပ် ကေပီ ရှားမားအိုလီ […]

လူငယ့်အားမာန်နှင့် နီပေါနိုင်ငံ Read More »

မျှော်လေတိုင်း မှိုင်းနေသော ဂါဇာ ငြိမ်းချမ်းရေး

အောက်တိုဘာလ (၂၈) ရက်ကအစပြုခဲ့တဲ့ အစ္စရေး လေကြောင်း တိုက်ခိုက်မှု တွေကြောင့်  ဂါဇာ ပြည်သူ တစ်ရာကျော်  သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဥ်က ရက်သတ္တပတ် သုံးပတ်မပြည့်သေးတဲ့  ဂါဇာအပစ်အခတ်ရပ်စဲရေးက ယိုင်မလို၊ ပြိုမလို ဖြစ်နေဆဲဆိုတာကို  ညွှန်ပြနေပါတယ်။ ရာဖာ(Rafoh)မြို့ အနီး ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တိုးမှု တစ်ခု အတွင်း  အစ္စရေး စစ်သားတစ်ဦး သေဆုံးပြီးနောက် အစ္စရေးက တိုက်ခိုက်မှုတွေကို  ဆက်တိုက် ဆောင်ရွက် လာခဲ့ပါတယ်။ အစ္စရေးက ဟားမတ်စ် အဖွဲ့အပေါ် အပစ်အခတ် ရပ်စဲရေးကို စတင် ချိုးဖောက်ခဲ့တယ် ဆိုပြီး  အပြစ်တင် ခဲ့ပါတယ်။ အစ္စလာမ် ဘာသာရေး အခြေခံ ဟားမတ်စ်အဖွဲ့ဟာ ဂါဇာ ကမ်းမြောင်ဒေသ တစ်ဝက်လောက်ကို  လက်ရှိမှာ ထိန်းချုပ် ထားပါတယ်။ ဟားမတ်စ် အဖွဲ့

မျှော်လေတိုင်း မှိုင်းနေသော ဂါဇာ ငြိမ်းချမ်းရေး Read More »

ဆင်သွားတိုင်း လမ်းမဖြစ်ပါ

“ဒုတိယ ကမ္ဘာစစ်အပြီး ကုလသမဂ္ဂကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ နိုင်ငံတကာ ဆက်ဆံရေး စနစ်က ပြိုကျ သွားပြီ။ အစားထိုးမယ့် ဆက်ဆံရေး စနစ်သစ်ကလည်း မရှိသေးဘူး။ ကမ္ဘာ့ကြီးရဲ့ ဒီကနေ့ အခြေအနေက ဘာနဲ့ တူသလဲ ဆိုတော့ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်ကြား၊ ဒုတိယ ကမ္ဘာစစ်ကို ဦးတည်နေတဲ့ ကာလနဲ့ တူနေတယ်” ဒီစကားတွေ ကျွန်တော့်ကို ပြောခဲ့တဲ့ ပုဂ္ဂိုလ်က ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး (ငြိမ်း) ဦးအောင်သန့်ပါ။ ကိုဗစ်ကာလ မတိုင်ခင် အတော် စောစောကတည်းက ပြောခဲ့တာပါ။ ကျွန်တော်က သံအမတ်ကြီးအိမ်ကို နာရီနဲ့ချီ သွားလည်ပြီး သူတိုက်တဲ့ ကော်ဖီကိုသောက်၊ သူ့အတွေးသူ့အမြင်တွေကို နားထောင်လေ့ရှိပါတယ်။ အခုတော့ သံအမတ်ကြီး ဦးအောင်သန့်က ကွယ်လွန်သွားရှာပါပြီ။

ဆင်သွားတိုင်း လမ်းမဖြစ်ပါ Read More »

ကျောခိုင်း လျှောက်လှမ်းနေသော ငြိမ်းချမ်းရေး ခရီး

အလာစကာမှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးကြမယ် ဆိုတော့ တချို့က မျှော်လင့်ချက်နဲ့ စောင့်ကြည့်ကြပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က ပဥ္စလက်ဆန်ဆန် ဘာများ ထုတ်ပြလိုက် မလားပေါ့။ ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ခဲ့ကြတာပါ။ တွေ့ခဲ့တဲ့ နေရာက အလာစကာမှာရှိတဲ့ အမေရိကန် ကြည်း-လေ ပူးတွဲ စစ်အခြေစိုက်စခန်း (Elmendorf Richardson) ပါ။                 ဒီ ကြည်း-လေ ပူးတွဲ စစ်အခြေစိုက် စခန်းမှာ သမ္မတ ပူတင် လေယာဥ်မဆိုက်ခင် သမ္မတ ဒေါ်နယ် ထရမ့်က သူ့ရဲ့ သမ္မတစီး လေယာဥ်ပျံပေါ်မှာ မီဒီယာနဲ့ တွေ့ပြီး “ကျွန်တော်တို့ ဒီကိုရောက်နေတာ အပစ်အခတ် ရပ်စဲရေးအတွက်ပါ၊ ကျွန်တော်တို့ အပစ်အခတ်

ကျောခိုင်း လျှောက်လှမ်းနေသော ငြိမ်းချမ်းရေး ခရီး Read More »

တရုတ်ကွန်မြူနစ် နန်းတွင်းအရေးတော်ပုံလေလား

အစဉ်အလာယူဆချက်အရဆိုရင် ကွန်မြူနစ်နဲ့ နန်းတွင်းဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။ ဆက်စပ် ချိတ်ဆက်ပြောစရာ မရှိပါဘူး။ ကွန်မြူနစ်ပါတီဆိုတာ အဖိနှိပ်ခံအလုပ်သမား၊ လယ်သမား ပြည်သူ အများစု ကိုယ်စား တိုင်းပြည်ရေးရာတွေကို ဦးဆောင်မယ်ဆိုတဲ့ ပါတီပါ။ နန်းတွင်းဆိုတာ ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုတာပါ။ ပဒေသရာဇ်စနစ်မှာ ဧကရာဇ်ဘုရင်က သူ့စိတ်တိုင်းကျ တိုင်းပြည်ရေးရာ တွေကို စီမံခန့်ခွဲပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသော ဦးဆောင်ပါတီဆိုတဲ့ ကွန်မြူနစ်ပါတီကလည်း သူ့ ပါတီအတွင်းမှာရှိတဲ့ အင်အားစုအသီးသီးကြားက အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီး မူဝါဒတွေ ချမှတ် အကောင် အထည် ဖော်ရတာပါ။ ပဒေသရာဇ်စနစ်မှာလည်း ဧကရာဇ်ဘုရင်က စိတ်တိုင်းကျစီမံတယ်ဆိုပေမယ့် မှူးမတ်၊ စစ်သူကြီး အစရှိတဲ့ နန်းတွင်းအင်အားစုတွေရဲ့ သဘောထားကို လျစ်လျူရှုလို့ မရပါဘူး။ ဒါပေမဲ့ ကွန်မြူနစ် စနစ်နဲ့ ပဒေသရာဇ်စနစ်ကြားမှာ သဘောသဘာ၀တူတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါက အာဏာရ အသိုင်းအဝိုင်းကြား ဖြစ်ပျက်နေတဲ့

တရုတ်ကွန်မြူနစ် နန်းတွင်းအရေးတော်ပုံလေလား Read More »

တရုတ်ဩဇာရိပ်အောက်က ကမ္ဘောဒီယား ရုန်းထွက်နိုင်ပါ့မလား

သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းကာလအတွင်းမှာ ဝါရှင်တန်မှာရှိနေတဲ့ စံနှုန်းတွေအရ ကမ္ဘောဒီးယား နိုင်ငံဆိုတာ တရုတ်ရဲ့ သြဇာခံနိုင်ငံတစ်ခုပါပဲ။ ၂၀၁၆ခုနှစ်ကနေ ၂၀၂၀ခုနှစ်ကာလအတွင်း အနည်းဆုံးဒေါ်လာ တစ်ဘီလျံ  ပမာဏရှိတဲ့ တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံငယ် ကလေးဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံဟာ တရုတ်နိုင်ငံကို ရေတပ်အခြေစိုက်စခန်း ထူထောင်ခွင့်ပြု ထားတယ်လို့ အမေရိကန်အရာရှိတွေက သံသယရှိခဲ့ကြ ပါတယ်။ ဒီသတင်းသာမှန်ခဲ့ရင် ဒါဟာ တရုတ်နိုင်ငံရဲ့ ပြင်ပမှာရှိနေတဲ့ ဒုတိယမြောက် ရေတပ် အခြေစိုက်စခန်း ဖြစ်မှာပါ။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအဖွဲ့အတွင်း သူတို့ရဲ့ ဗီတိုအာဏာ ကျင့်သုံးပိုင်ခွင့်ကို တရုတ်နိုင်ငံလက်ထဲ ရောင်းစားထားတယ်လို့ အမေရိကန်အရာရှိတွေက အတွင်းကျိတ် ပြောဆိုနေကြတာလည်း ရှိနေပါတယ်။ ဒါရဲ့ လက်တွေ့ အကျိုးသက်ရောက်မှုကတော့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်

တရုတ်ဩဇာရိပ်အောက်က ကမ္ဘောဒီယား ရုန်းထွက်နိုင်ပါ့မလား Read More »