ပျားအုပ်ပုံ ဒရုန်းအုပ်စု စစ်ဗျူဟာ
ဒရုန်း (Drones) များသည် စစ်ပွဲ၏ စံနှုန်းမီလက်နက်များ ဖြစ်လာခဲ့ပြီဖြစ်သည်။ လက်တလောတွင် ယူကရိန်း စစ်မြေပြင်၌ အသေးစား ကွာ့ဒ်ကော့ပတာ (Quadcopters) ဒရုန်းများသည် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်စေသည့် အဓိကလက်နက်များ ဖြစ်နေပြီး မကြာသေးခင် သီတင်းပတ်များအတွင်းကလည်း အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းရှိ မြို့ကြီးများ၊ လေဆိပ်များနှင့် ရေနံ ထုတ်လုပ်ရေး အဆောက်အအုံများပေါ်သို့ ပိုမိုကြီးမားသည့် ဒရုန်း ထောင်ပေါင်း များစွာကို မိုးရွာသကဲ့သို့ ကျရောက်စေခဲ့သည်။ သို့သော် ဒရုန်းများစွာနှင့် ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်း အလားအလာ မည်မျှပင်ကြီးမားစေကာမူ အသုံးပြုရန်အတွက် လူအင်အား အမြောက်အမြား လိုအပ်ပါသည်။ ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းခြင်းမျိုး မဟုတ်ပါက အသေးဆုံးဒရုန်းတစ်စင်းကိုပင် ထိန်းချုပ်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် လူခြောက်ဦးအထိ လိုအပ်နိုင်သည်။ အကယ်၍ ထိုအချိုးအစားကို ပြောင်းပြန်လှန်လိုက်နိုင်လျှင် —ဆိုလိုသည်မှာ လူတစ်ဦးတည်းက ဒရုန်းအများအပြားကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပြီး၊ ဒရုန်းတစ်စင်းချင်းစီကလည်း ပစ်မှတ်တစ်ခုတည်းကို တိုက်ခိုက်ရန် […]
ပျားအုပ်ပုံ ဒရုန်းအုပ်စု စစ်ဗျူဟာ Read More »


