The Corner

The Corner

cropped-Logo_round_grey-background.png

ပန်းချီမျိုးညွန့်ခင်

ပန်းချီမျိုးညွန့်ခင် (Added 15th September 2025)

အရောင်တွေကို ငါမြင်ပါတယ်

ဟိုတုန်းကတော့ချာချီလမ်း၊ ကိုယ်တွေသိခဲ့တုန်းကတော့ ကိုယ့်မင်းကိုယ့်ချင်းလမ်းနားက ယခင် ဖဆ ပလ အဖွဲ့ချုပ်ရုံးကြီးဟာ ၁၉၆၈မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ လက်အောက်ခံရယ်လို့ ဖြစ်သွားခဲ့တဲ့ ရေခဲဆိုင်မှတ်တိုင်နားကရန်ကုန်ပန်းချီ ပန်းပုကျောင်းကြီးမှာ ၁၉၈၈-၁၉၉၁ တက်ခဲ့စဉ်က ကျွန်တော်တို့နှစ်မှ ကျောင်းသားများ ရွှေတောင်ကြားထဲက ပြခန်းတစ်ခုမှာ ပန်းချီကား တင်ခွင့်ရမည်ဆို၍ ကိုယ်ရေးခဲ့သမျှထဲမှ အကောင်းဆုံး ပန်းချီကားတစ်ကားကို ရွေးချယ်ခဲ့ရာ ပန်းချီ ကျောင်းတော်ကြီးရှေ့ရှိ့  စိန်ပန်းပင်ပျိုလေးကို ရေဆေးဖြင့်ရေးထားခဲ့သော ပန်းချီကားလေးကို ပြခန်းတင် ပန်းချီကား အဖြစ် ရွေးချယ် ဖြစ်ခဲ့ပါတယ်။ Golden Vally ပြခန်းမှာ ပြပွဲရက်၌လည်း မိမိ ပန်းချီကားလေးဖြင့် မှတ်မှတ်ရရ ဓာတ်ပုံလေးတစ်ပုံ မှတ်တမ်းတင် ရိုက်ထားခဲ့သော်လည်း ၎င်းဓာတ်ပုံနှင့်အတူ ရှေးဟောင်း ရှားပါး ကက်တလောက်များ ပေးစာ ပြန်စာများ မှတ်စုများနှင့် ဆရာကြီး ဦးသုခအိမ်တွင် […]

အရောင်တွေကို ငါမြင်ပါတယ် Read More »

အရောင်တွေကို ငါမြင်ပါတယ်

ဟိုတုန်းကတော့ချာချီလမ်း၊ ကိုယ်တွေသိခဲ့တုန်းကတော့ ကိုယ့်မင်းကိုယ့်ချင်းလမ်းနားက ယခင် ဖဆ ပလ အဖွဲ့ချုပ်ရုံးကြီးဟာ ၁၉၆၈မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ လက်အောက်ခံရယ်လို့ ဖြစ်သွားခဲ့တဲ့ ရေခဲဆိုင်မှတ်တိုင်နားကရန်ကုန်ပန်းချီ ပန်းပုကျောင်းကြီးမှာ ၁၉၈၈-၁၉၉၁ တက်ခဲ့စဉ်က ကျွန်တော်တို့နှစ်မှ ကျောင်းသားများ ရွှေတောင်ကြားထဲက ပြခန်းတစ်ခုမှာ ပန်းချီကား တင်ခွင့်ရမည်ဆို၍ ကိုယ်ရေးခဲ့သမျှထဲမှ အကောင်းဆုံး ပန်းချီကားတစ်ကားကို ရွေးချယ်ခဲ့ရာ ပန်းချီ ကျောင်းတော်ကြီးရှေ့ရှိ့  စိန်ပန်းပင်ပျိုလေးကို ရေဆေးဖြင့်ရေးထားခဲ့သော ပန်းချီကားလေးကို ပြခန်းတင် ပန်းချီကား အဖြစ် ရွေးချယ် ဖြစ်ခဲ့ပါတယ်။ Golden Vally ပြခန်းမှာ ပြပွဲရက်၌လည်း မိမိ ပန်းချီကားလေးဖြင့် မှတ်မှတ်ရရ ဓာတ်ပုံလေးတစ်ပုံ မှတ်တမ်းတင် ရိုက်ထားခဲ့သော်လည်း ၎င်းဓာတ်ပုံနှင့်အတူ ရှေးဟောင်း ရှားပါး ကက်တလောက်များ ပေးစာ ပြန်စာများ မှတ်စုများနှင့် ဆရာကြီး ဦးသုခအိမ်တွင်

အရောင်တွေကို ငါမြင်ပါတယ် Read More »

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ

“ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသည့်အတိုင်း မျက်မှောက်ခေတ် ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်တို့၏ ကြိုးပမ်း ဆောင်ရွက် ချက်အစုစုတို့ကို မှတ်တမ်းတင်ပြုစုရန် ကျွန်တော်တို့တွင်တာဝန်ရှိ့သည် မှတ်တမ်းပြုသင့်သည် ပြုထိုက်သည်ဟုလည်း ယူဆ မိသည်။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်သည်ကိုမလုပ်မိလျင် နောင်ရာစုနစ်တခေတ် နောင်လာနောင်သားများ အတွက် ပိုမို၍ပင် အလှမ်းကွာဝေးနေပေလိမ့်မည်။ ယနေ့ ကျွန်တော်တို့ကြုံတွေ့နေရသည့် အခက်အခဲမျိုးထက် အဆ ပေါင်းများစွာ ကြီးထွား လာလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့ လက်ထက် လက်လှမ်းမီသမျှ ပန်းချီ ပန်းပု ဗိသုကာ ပညာရှင်တို့၏ အတ္ထုပ္ပတ္တိကို ပြည့်စုံသည်ဟု မဆိုသာသော်လည်း စာပေအဆောက်အအုံအဖြစ် ကျန်ရစ်စေရန် ရေးသားပြုစုခဲ့ပါသည်“ အထက်ပါ စကားစုကို ရေးသားခဲ့သူမှာ စာရေးသူ ညိုဝင်းရှင် (ခေါ်) ပန်းချီဆရာကြီး ဦးဉာဏ်ရှိန်ပင်ဖြစ်သည်။ ဆရာ၏ အနုပညာလောက အပေါ်ထားသည့်

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ Read More »

စိတ်ကူးသစ်များစွာဖြင့် နေထိုင်ခဲ့သောပန်းချီဆရာ

လွန်ခဲ့သော ၁၉၈၀ ဝန်းကျင်က ပန်းချီစာအုပ်ဆို၍ လက်ချိုးရေရလောက်အောင် နည်းပါးလှသည်။ ထိုအထဲကမှ တရှိုက်မက်မက်ဖတ်ဖြစ်ခဲ့သည့်စာအုပ်က ဂျီလှမောင်ရေးသော ကမ္ဘာပန်းချီသိ မြန်မာပန်းချီသိစာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ဖတ်ပြီး ယနေ့အချိန်အထိ စိတ်ထဲစွဲကျန်နေရစ်သည့် ပန်းချီဆရာတစ်ယောက်ရှိခဲ့သည်။ ပန်းချီဆရာကြီး ဦးစံလွင်ဖြစ်သည်။ ဆရာကြီးဦးစံလွင်က ဘုန်းကြီးပျံမှသည် ဧည့်ခန်းဆောင် မရောက်မီကြားကာလ၌ ပန်းချီဆရာများ၏ ခက်ခဲကြမ်းတမ်းသည့် ဘဝများကို စကားလုံးနည်းနည်းဖြင့် ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ပြောခဲ့သည့် အတွက်ကြောင့်ပင်ဖြစ်သည်။ “ကြက်ငှက် အစာကောက်သလို ကျောက်ခဲတွေလည်းမျိုရ၊ စပါးတွေလည်း စားရ၊ ထမင်းတွေလည်းဟပ်ရသလို တွေ့ရာအလုပ် ရရာဈေးနဲ့ ဘဝလမ်းကြောင်းကိုထိန်းကွပ်ရတဲ့အလုပ်ဆိုရင် (ပန်းချီဆရာတွေပဲကွ)။ အိမ်ဆေး သုတ်သင့်လည်း သုတ်လိုက် ရတာပဲ၊ ဆိုင်းဘုတ်ရေးချင်တဲ့သူနဲ့တွေ့လည်းရေးပေးလိုက်ရတာပဲ၊ အဲဒီလိုအဓိဋ္ဌာန်နဲ့ စိတ်ကိုလူလုံးဘယ်ဘဝရောက်ရောက် ပန်း ချီဆရာဆိုတဲ့ နာမည်ကြီး ထမင်းငတ်ဘဝကို ဇောက်ချ လုပ်ကိုင်ရင်း ကြီးလေငတ်လေပေါ့ကွာ၊ ဦးထွန်းလှကိုကြည့်

စိတ်ကူးသစ်များစွာဖြင့် နေထိုင်ခဲ့သောပန်းချီဆရာ Read More »

တစ်ချိန်က စံပြမဂ္ဂဇင်း

ဤကားနိဗ္ဗာန်သို့သွားရာလမ်း ဤကားငရဲသို့သွားရာလမ်း ဤကားနတ်ပြည်သို့သွားရာလမ်း အရှေ့အနောက် တောင်မြောက် ထက်အောက်ဝဲယာ သွားလိုရာကို စာကလမ်းညွှန်ပါလိမ့်မည်။ စာရေးဆရာငြိမ်းကျော်ရဲ့ “စာဖတ်ငါ”ဆိုသည့်ကဗျာလေးအတိုင်း ကိုယ်သွားချင်သည့် နေရာကို ငယ်စဉ်က ကိုယ်တိုင် ရှာဖွေနေရသည့် အချိန်။ ကိုယ့်ဝန်းကျင်က စိတ်တူ ကိုယ်တူသူငယ်ချင်းတွေနဲ့ လှည်းတန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း မှာရှိသည့် စာအုပ်ငှားဆိုင် များတွင် စာအုပ်တန်ဖိုး စပေါ်တင်ပြီး  စာအုပ်လိုက် ငှားဖတ်ရသည်နှင့် အားမရ၍ စာအုပ်အငှားဆိုင် လေးကို ကိုယ်တိုင်ဖွင့် ဖြစ်ခဲ့သည်။ ထိုအချိန်ကလည်း စာအုပ်အငှားဆိုင်တွေ မြို့နယ်တိုင်းမှာ ပေါများနေသည့် အချိန်။ ၁၉၈၀ တစ်ဝိုက်၊ ရသစာပေများ အရှိန်အဟုန် ကောင်းသလို မဂ္ဂဇင်းတွေနှင့် ဖတ်စရာအတော် များသည်။ ထိုထို မဂ္ဂဇင်းများ ကြားတွင် ဒဂုန်မဂ္ဂဇင်းသည် နှစ်ပေါင်း လေးဆယ် နီးပါး

တစ်ချိန်က စံပြမဂ္ဂဇင်း Read More »