The Corner

The Corner

cropped-Logo_round_grey-background.png

ဏေသွေးအိမ်

နန်းဆန်လိုက်တဲ့အားကစား – ဏေသွေးအိမ်

ကမ္ဘာပေါ်မှာ အားကစားနည်းပေါင်းများစွာရှိတဲ့အထဲက အားကစားနည်း တချို့ကို လေ့လာ ကြည့်ကြပါစို့။ လူကြိုက် အများဆုံးဖြစ်တဲ့ ဘောလုံးအားကစားနည်းမှာဆိုရင် တစ်ဖက် ဆယ့် တစ်ယောက်စီ စုဖွဲ့ပြီး နှစ်သင်း ယှဉ်ပြိုင် ကစားရတာ အားလုံးအသိ။ ကိုယ့်အသင်း ဂိုးပေါက်ထဲ ဘောလုံးမဝင်နိုင်အောင် တစ်ဖက်အသင်း ဂိုးပေါက်ထဲဘောလုံးဝင်အောင် မိနစ်ကိုးဆယ်ယှဉ်ပြိုင်။ ဂိုးသွင်းနိုင်ခြင်းနဲ့ ဂိုးဝင်ခံ ရခြင်းဟာ အရှုံးနဲ့အနိုင်ပဲ။ ဒီအတွက် ကစားကွက် ဗျူဟာ၊ ငွေကြေး ဗျူဟာတွေကို အများကြီးစိုက် ထုတ်ထားကြရတယ် လို့ပဲ အကျဉ်းဆို ကြပါစို့။ ဒါကြောင့်လည်း နေရာဒေသ အသီးသီးက လူသန်းပေါင်းများစွာဟာ သူတို့ကစားပွဲတွေကို တကူးတကနဲ့ စောင့်ကြည့် နေကြတယ်။ သို့သော်လည်း ဘောလုံးယဉ်ကျေးမှုဟာ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘူး။ မျက်လုံး ပေါင်းများစွာရဲ့ ရှေ့မှောက်မှာ အသင်းနိုင်ပွဲရဖို့ အတွက် စည်းကမ်း […]

နန်းဆန်လိုက်တဲ့အားကစား – ဏေသွေးအိမ် Read More »

အဟောင်းပြတိုက် – ဏေသွေးအိမ်

ကျွန်တော်တို့ ငယ်ငယ်တုန်းကကြားဖူးတဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်။ “မမလေးကိုနော်ဗျာ မောင်မောင်က ခိုးမယ်လို့လူဆိုးတွေနဲ့မောင်တိုင်ပင်” တဲ့။ ဒီသီချင်းမူရင်းဘယ်သူဆိုတယ်ဆိုတာမသိရပေမယ်လို့ အတော် များများသီဆိုခဲ့ ကြတာတော့သေချာတယ်။ တစ်နည်းအားဖြင့် ခေတ်အဆက်ဆက် ခေတ်စားခဲ့တဲ့ သီချင်း ဆိုလည်းမမှားလောက်ဖူး။ သီချင်းက သံစဉ်လေးကလည်းသွက် စာသားလေး ကလည်း ချစ်တတ်တဲ့ သူတွေကို ဆွဲဆောင်နိုင်တာဆိုတော့ လူတိုင်းပါးစပ်ဖျားမှာလိုလို သီချင်း တစ်ပုဒ်လုံး မဟုတ်ရင်တောင် စောစောက စာသားလေးကိုအလွတ်ရကြတာ မဟုတ်လား။  နောက်ဆို မြန်မာစကားဆိုတာ စာရွက်ဟောင်းတွေ ထဲမှာ ပျောက်ဆုံးနေတဲ့ ပြတိုက်တစ်ခုလောက်ပဲ အသုံးဝင်တော့မလားဆိုတာ  “မမလေးကိုနော်ရှင်၊ မောင်မောင်ကခိုးမယ်လို့၊ လူဆိုးတွေနှင့်မောင်တိုင်ပင် ၊ အရှေ့ဆို ညောင်ပင်ရင်းမှာ၊ မြင်းကို စီးပြင်၊ လထွက်လေးကိုတဲ့မြင်းပေါ်တင်၊ လဝင်ယင် မန်းတောင် ရောက်အောင် မြင်းငေါက်ပါ့ကွယ်။” ဆိုတဲ့ သီချင်းကို ဖတ်မိတော့မှ အော်,  ဒီလိုပါလားလို့ သိရတယ်။ သီချင်းမှာ

အဟောင်းပြတိုက် – ဏေသွေးအိမ် Read More »