မူးယစ်ဆေးဝါး ရောင်းဝယ် ကုန်သွယ်ကြတဲ့ လူဆိုးဂိုဏ်းတွေက ရွှေခိုးတူးတဲ့ လုပ်ငန်းကို စုပြုံရောက်ရှိ လာကြတယ်။
သတ္တုတွင်း လုပ်သားတွေရဲ့ သံပြိုင်အော်ဟစ်သံတွေက ပီရူးနိုင်ငံမြောက်ဘက်ကမ်းခြေရှိ ထရူဂျီလိုမြို့ရဲ့ ပင်မ ပန်းခြံကြီး နေရာကို လွှမ်းလာခဲ့တယ်။ သူတို့ အများစုဟာ အင်ဒီးစ် တောင်တန်းရဲ့ကုန်းတွင်းရှိ တောနက်ပိုင်း ပြည်နယ်တစ်ခု ကနေ ရောက်လာကြတာ ဖြစ်တယ်။ အဲဒီဒေသဟာ တလောတုန်းကပဲ ရွှေတွင်းမှာ အလုပ်လုပ် နေတဲ့ လုံခြုံရေး အစောင့် ၁၃ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ နေရာဖြစ်တယ်။ “အဲဒီတောင်တန်း တွေထဲမှာ ရာဇဝတ်မှုခင်းတွေက အတော်ကို ပေါတယ်” လို့ဦးထုပ်ဖြူ ဆောင်းထားတဲ့ လုပ်သားတစ်ယောက်က ဆိုတယ်။ ပီရူး အစိုးရက ဒီလိုလူသတ်မှု ဖြစ်တာကို တုံ့ပြန် အရေးယူတဲ့ သဘောနဲ့ ပါတက်ဇ်မြို့က သတ္တုတွင်းကို တစ်လကြာ ပိတ်ထား လိုက်တယ်။ ဒါပေမဲ့ ဆန္ဒပြသူ တွေကတော့ အလုပ်ပြန်ဆင်း ချင်ကြ တယ်။ “ပါတက်ဇ်က သတ္တုတွင်း အလုပ်သမားတွေက ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်သားတွေ မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်ပြန်လုပ်ခွင့် ရဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” လို့ တီရှပ် ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်က ရေးထား တောင်းဆိုချက် စာကို ဖတ်ပြတယ်။
လက်တင် အမေရိက ဒေသမှာ ရွှေအများဆုံးထုတ်တဲ့ ပီရူးနိင်ငံဟာ အဲဒီဒေသအတွင်းရှိရွှေခိုးတူး တာ တွေနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်မှု လှိုင်းဂယက်တွေရိုက်ခတ်တဲ့ ဒဏ်ကို အတော့်ကို ခံခဲ့ရပါတယ်။ သတ္တုတွင်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ပီဒိုရိုဆာက ပြောကြားရာမှာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ပါတက်ဇ်မှာ သတ္တုတွင်း လုပ်သား ၃၉ ယောက် သတ်ဖြတ်ခံခဲ့ ရတယ်လို့ ဆိုတယ်။ အောက်တိုဘာလ နောက်ပိုင်းမှာ ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် မြေမြှုပ် ထားတဲ့ နေရာနှစ်ခုကို ရှာဖွေ တွေ့ရှိခဲ့တယ်။ ယခုနှစ် ဇန်နဝါရီ လတုန်းက ဆိုရင် ထရူဂျီလို မှာရှိတဲ့ အစိုးရ ဥပဒေရုံးကို ဗုံးခွဲ တိုက်ခိုက်တာ ခံခဲ့ရတယ်။ မူးယစ်ဆေးဝါး ကိုကင်း ထုတ်လုပ်ရာမှာ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ ကိုကာ ထုတ်လုပ်မှု အလျှံပယ် တိုးလာပြီးနဲ့ ရွှေဈေးတွေ မနားတမ်း တက်လာတဲ့ အချိန်မှာ လုယက် ဖျက်ဆီးပြီး ဝရုန်းသုန်းကား ဖြစ်ရပ်တွေ ပေါ်အောင် သွေးထိုး လှုံ့ ဆော်တာတွေ ပေါ်ပေါက်ခဲ့တယ်။၂ဝဝ၈ခုနှစ် ကတည်းကစလို့ ငွေရေး ကြေးရေး ဝရုန်းသုန်းကား အခြေအနေ၊ ပထဝီဝင် နိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေနဲ့ အာရှတိုက်က လူလတ်တန်းစားတွေ ရဲ့ ရွှေဝယ်လိုအား တိုးတက် လာတာတွေက ရွှေဈေးနှုန်းကို တွန်းတင်လိုက်ပြီး ရွှေတစ်အောင်စကို ဒေါ်လာ ၃၅ဝဝအထိ စံချိန်တင် မြင့်တက် သွားစေခဲ့တယ်။


ပီရူးနိုင်ငံအတွင်း တရားမဝင် ရွှေတူးဖော်မှု များကြောင့် သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲလာပုံ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် နှိုင်းယှဥ်ချက် – Source: Wikimedia
အဲဒီအချိန်မှာပဲ ဘိုလီးဘီးယား၊ ကိုလံဘီဘာနဲ့ ပီရူး နိုင်ငံတွေမှာ ကိုကာ ချုံနွယ်ပင်တွေ စိုက်ပျိုးရေးက လည်း၂ဝ၁၀ ပြည့်နှစ် ကတည်းက နှစ်ဆ တိုးတက် လာခဲ့တယ်။ မူးယစ် ဂိုဏ်းခေါင်းဆောင် အတော်များများက ကိုကင်း စိုက်ပျိုးရေး လုပ်ငန်းက အကျိုးအမြတ် နည်းလာမည့် အရေးကို စိုးရိမ်ကြောင့်ကြ လာခဲ့ကြတာကြောင့် သူတို့တွေဟာ ရွှေခိုးတူးတဲ့ လုပ်ငန်းတွေထဲကို စုပြုံ ရောက်ရှိလာခဲ့ကြတယ်။ ဒီပြစ်မှု မြောက်တဲ့ လုပ်ငန်းနှစ်ခု စလုံးဟာ တစ်ခုနဲ့ တစ်ခု ဖြည့်ဆည်း ပေးနေ ကြတယ်။ အမေဇုံ ဒေသမှာ ကိုကာစိုက်ခင်း လုပ်ငန်းတွေနဲ့ ရွှေခိုးတူးနေကြတဲ့ ရွှေတွင်းတွေဟာ လေယာဉ်တွေ ဆင်းသက်ဖို့ ကွင်းငယ် ကလေးတွေမျိုး စီးပွားရေး အခြေခံ အဆောက်အအုံမျိုးတွေကို ယေဘုယျအားဖြင့် မျှသုံး နေရတယ်။ မူးယစ်ဂိုဏ်းတွေဟာ သူတို့ရဲ့မူးယစ် ဆေးဝါး ရောင်းဝယ် ကုန်သွယ်ရေး ကရတဲ့ ဝင်ငွေ အကျိုးအမြတ် တွေကို ရွှေခိုးတူးတဲ့ လုပ်ငန်း စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ ဒီရွှေတွင်းတွေက ထွက်တဲ့ထွက်ကုန် တွေဟာ တရားမဝင် နည်းနဲ့ တူးဖော်ခဲ့တာ ဖြစ်ပေမဲ့ တရားဝင်ဖြစ် အောင်လုပ်ပြီး ရောင်းချနိုင်တယ်။
ကိုလံဘီယာနဲ့ ပီရူးနိုင်ငံ တွေက မူးယစ်ဆေးဝါးဂိုဏ်းတွေ ဆိုရင် အခုအချိန်မှာ မူးယစ်ဆေးဝါး တွေရောင်းဝယ် ဖောက်ကား တာထက် ရွှေခိုးတူးတဲ့ လုပ်ငန်းက ငွေကြေးအကျိုးအမြတ် ပိုရတယ်လို့ယူဆလာတ ယ်။ ပီရူးနိုင်ငံ မြို့တော် လီမာ မှာရှိ သုတေသန လုပ်ငန်း ဖြစ်တဲ့ ပီရူး စီးပွားရေး တက္ကသိုလ်က တွက်ချက်ဖော်ပြ ရာမှာ ပီရူးနိုင်ငံဟာ ယမန်နှစ် (၂၀၂၄ခုနှစ်) တုန်းက ခိုးတူးတဲ့ရွှေဒေါ်လာ ၄ ဒသမ ၈ ဘီလီယံဖိုး ပြည်ပကို တင်ပို့ခဲ့ တယ်လို့ဆိုတယ်။ ဒီပမာဏဟာ ပီရူးနိုင်ငံက ရွှေတင်ပို့မှု စုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းရှိတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုက ထက်စာရင် ၂ဝ ရာခိုင်နှုန်း တိုးတက် လာတာ ဖြစ်တယ်လို့ ဖော်ပြတယ်။ ဘရာဇီးနိုင်ငံမှာ အစိုးရက ခန့်မှန်းတာက မူးယစ်ဂိုဏ်းတွေဟာ ၂ဝ၂၂ ခုနှစ်မှာ ရွှေရောင်းချတာကနေ ရီယယ် ၁၈ ဘီလီယံံကျော် (ဒေါ်လာ သုံးဘီလီယံ ဝန်းကျင်) ဝင်ငွေ ရရှိခဲ့တယ်လို့ ခန့်မှန်းတယ်။ အဲဒီနှစ်က ကိုကင်း ရောင်းတာကနေ ရီယယ် ၁၅ဘီလီယံပဲ ရခဲ့တာနဲ့ ယှဉ်ကြည့်နိုင်တယ်။
ရွှေချောင်းတွေနဲ့ အနိုင်ကျင့် မူးယစ်ဂိုဏ်းတွေ ပါဝင်ပတ်သက်လာတာက အကြမ်းဖက် တိုက်ခိုက်တာမျိုးတွေ ပေါ်ပေါက်ဖို့ စေ့ဆော် ပေးနေပြီး အာဏာရှင်တွေကို ထောက်ကန် ပေးထားတဲ့ အခြေအနေ ဆိုက်လာစေတယ်။ ဗင်နီဇွဲလား အာဏာရှင် နီကိုလတ်စ် မာဒူရို ဆိုရင် စစ်တပ်က နိုင်ငံရေး သစ္စာခံမှု ရအောင်လို့် ရွှေတူးဖော်နေတဲ့ မူးယစ်ဂိုဏ်း တွေနဲ့ အလုပ်တွဲ လုပ်ဖို့ လွတ်လပ်ခွင့် ပေးထားတယ်။ ကိုလံဘီယာ နိုင်ငံက အကြီးဆုံး ရွှေတွင်း ဖြစ်တဲ့ ဘူရီတီကာမှာ ဆိုရင် ၂ဝ၂၄ ခုနှစ် တုန်းက ဘူရီတီကာရဲ့ ဥမင် လိုဏ်ခေါင်းတွေထဲ ကနေ ဒေါ်လာသန်း ၂ဝဝ ဖိုး ရွှေသတ္တုရိုင်းတွေ ခိုးယူခဲ့တဲ့ မူးယစ် ဂိုဏ်းတစ်ခုဖြစ်တဲ့ Gulf Clan ဆက်နွှယ်နေတဲ့ ရွှေတူး လုပ်သား ၂ဝဝဝကျော်နဲ့ တရုတ် သတ္တုတွင်း လုပ်ငန်းရှင်တွေ ကြားမှာ လိပ်ခဲတည်းလည်း ပြဿနာတွေ ရှိနေတယ်။ အဲဒီနေရာမှာပဲ ၂ဝ၁၉ ခုနှစ်တုန်းက ရွှေခိုးတူးတဲ့သူ ၁၈ ယောက် သေဆုံးခဲ့ ရတယ်။ ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းက ရွှေခိုးတူးသမားတွေ အများအပြား ရောက်ရှိတတ်တဲ့ လူကြိုက်များ နေရာတွေ ဘိုလီဗာ သတ္တုတွင်းမှာ တလောတုန်းက အစိုးရက ဖြိုခွင်းနှိမ်နင်း လိုက်ပြီးတဲ့ နောက်ပိုင်းမှာ မူးယစ်ဂိုဏ်းက ပြန်ပြီး လက်စားချေ တိုက်ခိုက်ပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၂ဝ ကျော် သတ်ဖြတ် ခံလိုက်ရတယ်။ အခုနှစ် မေလ တုန်း ကလည်း အက်ကွာဒို နိုင်ငံမှာ ရွှေခိုးတူးနေတဲ့ ရွှေတွင်းကို ပိတ်ဖို့ စစ်ဆင်ရေး ကာလအတွင်း စစ်သည် ၁ဝ ယောက်ကို လက်နက်ကိုင် တစ်စုက သတ်ဖြတ် လိုက်ကြ သေးတယ်။

ပီရူးနိုင်ငံ အကြမ်းဖက် ပဋိပက္ခနဲ့ သဘောထား ကွဲပြားမှုတွေကလည်း အခုကြုံနေရတဲ့ ဘေးဆိုး ကပ်ဆိုးကြီးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ်။ ကိုဗစ် 19 ကူးစက်ရောဂါကမ္ဘာအနှံ့ ဖြစ်ပွား နေချိန်အတွင်း ပါကွီးရော့စ် (Parqueros) ခေါ်တဲ့ ရွှေတွေကိုတိုက်ခိုက်လုယူတဲ့ ဓားပြတွေဟာ ပါတက်ဇ်က ဥမင် လိုဏ်ခေါင်းတွေကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး မူးယစ် ဂိုဏ်းခေါင်းဆောင် တွေကို လုံခြုံရေးအစောင့်အဖြစ့် ငှားရမ်းထားခဲ့တယ်လို့ ပိုဒီရိုဆာက ပက်ဗလို ဒီလာဖလိုးက ရှင်းလင်းပြောကြားလိုက်တယ်။မကြာခင် မှာပဲအဲဒီရွှေတွင်းကို မူးယစ်ရာဇာတွေက သိမ်းပိုက်လိုက် ကြတယ်။ ဒီမူးယစ်ဂိုဏ်း အတော်များများဟာ ပြည်နယ်ရဲ့သဘာဝ သယံဇာတ ရင်းမြစ်တွေကို ထိန်းချုပ်ဖို့အတွက် သူတို့ အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက် နေကြတယ်။၂ဝ၂၄ ဖေဖော်ဝါရီလကတည်းက နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ် တွေ တပ်စွဲထိန်းချုပ်ထားပေမယ့် အောင်မြင်မှုကတော့သိပ်မရှိလှပါဘူး။
ရွှေခိုး တူးတာတွေဟာ ထင်သာမြင်သာတဲ့ ပဋိပက္ခကြီး အသွင် ပေါ်ပေါက်တာ မဟုတ်ပေမယ့် ဒီလုပ်ရပ်ဟာ အဖျက် လုပ်ရပ်ပဲ ဖြစ်တယ်။ပြစ်မှု ကျူးလွန်တဲ့ သူတွေဟာ အမေဇုန် သစ်တောဒေသကြီး တစ်ခုလုံးကို ရွှေရဖို့အတွက် လုံးလုံး လျားလျား ဖျက်ဆီးပစ်နေကြတာပါ။၂ဝ၁၈ခုနှစ်က အကြမ်းအားဖြင့် သစ်တော ဟက် တာ တစ်သန်း လောက််ကို သတ္တု တူးဖော်ဖို့ အတွက် ခုတ်ထွင် ရှင်းလင်းခဲ့တယ်။ ၂ဝ၂၄ခုနှစ်အကုန်မှာ တော့ ဒီကိန်းဂဏန်းဟာ နှစ်ဆတိုးသွားတယ် လို့ ဝါရှင်တန်မြို့မှာအခြေစိုက်တဲ့ စောင့်ကြည့်လေ့လာ အဖွဲ့တစ် ခုဖြစ်တဲ့အမေဇုန်သစ်တောထိန်းသိမ်းရေးအသင်းက ဆိုပါတယ်။ ခုတ်ထွင်ရှင်းလင်းခံခဲ့ရတဲ့နေရာ အများ စုဟာ သစ်တောဥပဒေအရ ကာကွယ်စောင့်ရှောက်ထားတဲ့ သစ်တော ဧရိယာတွေဖြစ်တယ်။ ရွှေသတ္တု ရိုင်းကိုသန့်စင်ရာမှာ အသုံးပြုခဲ့တဲ့ပြဒါးတွေက အမေဇုန်ဒေသရှိ မြစ်ချောင်း အတော်များ များထဲက ရေ တွေကိုအဆိပ်သင့်စေခဲ့တယ်။ဘရာဇီးသမ္မတလူးအစ် အင်ကာစီယို လူလာဒါဆေးလ်ဗားက သူ့အရင် သမ္မတ ဖြစ်ခဲ့တဲ့ ဂျိုင်ယာ ဘိုလ်ဆိုလ်နာရို လက်ထက်က ကြီးပွားစည်ပင်ခဲ့တဲ့ ဂါရင်ပိုင်ရော့စ် (garimpeiros) ခေါ်တဲ့ ရွှေခိုးတူးတဲ့သူတွေကို ရုတ်တရက် အာဏာသုံးပြီး နှိပ်ကွပ်ခဲ့တယ်။ အတော်များ များကတော့ ရိုးရိုးလေးပဲ စစ်တပ်နဲ့ သဘောတူညီမှု ယူလို့ရတဲ့ ဗင်နီဇွဲလားနိုင်ငံဘက်ကိုပြောင်းရွှေ့ ပြီး ဆက်လုပ်ကြတယ်။
ဒီလိုမိတ်ဆွေတွေ ရှိတဲ့ မာဒူရို အစိုးရရဲ့ ရွှေခိုးတူးတဲ့သူတွေနဲ့ပေါင်းပြီး ကလိန်စေ့ငြမ်းဆင် လုပ်တာတွေ ကတော့ ကမ်းကုန် အောင်ကိုဆိုး ရွားလှပါတယ်။ ဒါပေမဲ့နေရာတိုင်းကနိုင်ငံရေးသမားတွေက ဒီလို ညစ်ပတ်စုပ်ပဲ့တဲ့ မတရားမှု တွေကို မသိချင်ယောင်မမြင်ချင်ယောင်ဆောင်နေကြတယ်။ဘိုလီးဗီးယားနိုင်ငံမှာဆိုရင် မှောင်ခို ဈေးကွက်ကြီးကို အားပေးအားမြှောက် လုပ်ခဲ့တဲ့ အကျိုးအမြတ်ကိုရှေ့မရှုဘူးဆိုတဲ့ သမဝါယမ အဖွဲ့အစ ည်းတွေကို အစိုးရက ထောက်ပံ့ ကူညီခဲ့တယ်။ နိုင်ငံရဲ့ရွှေအများစုကို ခိုးတူးနေတဲ့ ဒီလိုပရမ်းပတာ အုပ်စုတွေဟာ လက်တွေ့မှာတော့ စာအုပ်ကြီး အတိုင်း တရားဝင် နေတယ်။ ဒါပေမဲ့ သူတို့တွေဟာ မကြာခဏ ဆိုသလိုပဲ သူတို့ သဘောတူညီထားတဲ့ နယ်မြေတွေကို ကျော်လွန်ပြီး ရွှေတွေ ခိုးတူးနေကြတယ်။ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ တွေကိုလည်း မထီမဲ့မြင် လုပ်ကြတယ်။ ဘိုလီးဘီးယား သမ္မတ လူအစ် အာစီ (Luis Arce) ကတော့ တရားဥပဒေ စိုးမိုးရေးကို အင်တိုက် အားတိုက် သိပ်မရှိလှတဲ့ နည်းနဲ့တော့ ဆောင်ရွက်နေတယ်။ နောက်ဆုံး သိရတာကတော့ သူ့နိုင်ငံရဲ့နိုင်ငံခြားငွေ အကျပ်အတည်း ကိုဖြေရှင်း ဖို့ သမဝါယမအသင်းတွေနဲ့ မဖြစ်မနေ ရင်းရင်းနှီးနှီး ဆောင်ရွက်အောင် တွန်းအားပေး ခဲ့တယ်လို့ သိရတယ်။ မနှစ်က တုန်းကဆို ရင်ဗဟိုဘဏ်က နိုင်ငံခြား အရန်ငွေကြေးကို အားဖြည့်ဖို့ ဘိုလီးဗီးယား ရွှေတွင်းတူးတဲ့ သူတွေဆီက နေ ဒေါ်လာ ၁ ဒသမ ၃ဘီလီယံံဖိုးရှိတဲ့ ရွှေတွေကို ဝယ်ယူခဲ့တယ်။ အတိုက်အခံ ဥပဒေပြု လွှတ်တော်အမတ်တွေက နိုင်ငံပိုင် ငွေကြေးပွဲစား လုပ်ငန်းကုမ္ပဏီသစ် အက်ပကိုရို (Epcoro) အမေဇုန် တောတွင်းက တရားမဝင် ခိုးတူးတဲ့ ရွှေမဲတွေကို ဘဏ်ကိုရောင်းချပေးပြီး တရားဝင် ရွှေဖြူ ဖြစ်အောင်လုပ် ပေးခဲ့တာလို့ စွပ်စွဲခဲ့ပေမယ့် ကုမ္ပဏီကတော့ ငြင်းဆိုခဲ့တယ်။
ဒီကဏ္ဍကို မှန်မှန်ကန်ကန်ဖြစ်အောင်ဆောင်ရွက်ဖို့ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာ ပီရူးနိုင်ငံက လက်တွေ့ ပြနေပါတယ်။၂ဝ၁၂ခုနှစ်မှာ အဲဒီ နိုင်ငံအစိုးရက REINFO ကိုတည်ထောင်လိုက်တယ်။ အဲဒီ ဌာနဟာ မှတ်ပုံတင်ဌာန တစ်ခုဖြစ်ပြီး ခွင့်ပြုချက်မရဘဲ သတ္တုခိုးတူးတဲ့ သူတွေကို သူတို့တူးဖော်နေတဲ့မြေ နေရာမှာ သူတို့ တူးဖော်ခွင့်ရှိတဲ့ အထောက်အထားတွေ ခိုင်ခိုင်လုံလုံပြနိုင်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်း ဥပဒေတွေကို လိုက်နာနိုင်တဲ့ အချိန်အထိတိုင် ပြစ်မှုကြောင်း အရ ပြစ်ဒဏ် ချမှတ် အရေးယူတာကနေ ကင်းလွတ်ခွင့်ပေးဖို့ ဆောင်ရွက်ပေးတဲ့ ဌာန ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းက သပွတ်အူကို လိုက်နေတာပါ။ မှတ်ပုံတင်တဲ့ သူတွေရဲ့ ၂ ဒသမ ၃ ရာခိုင်နှုန်း လောက်ပဲ ခွင့်ပြုမိန့် ရကြတာပါ။ REINFO ကို မှတ်ပုံသွားတင်တဲ့ သတ္တုတွင်းသမား အတော်များများက သူတို့ရဲ့စံချိန်စံညွှန်း တွေကို မြှင့်တင် ပေးစေချင် ကြပေမယ့် အဖွဲ့က မဆိုစလောက်ပဲ လုပ်ပေးနိုင်ပါတယ်။ လက်တွေ့မှာတော့ အဲဒီဌာနဟာ မှတ်ပုံတင်ဖို့ အစီအစဉ် မရှိတဲ့ လူဆိုးဂိုဏ်းတွေကိုပဲ ဖုံးဖုံးဖိဖိလုပ်ပေးနေတာပါ။ ဒီစီမံကိန်းရဲ့အပြင်က ရွှေတွေကို ဓားပြတိုက် လုယက် ယူငင်တဲ့ ပါကွီရော့စ်တွေဟာ တရားဝင် မှတ်ပုံတင်ထားတဲ့ တရားဝင် သတ္တုလုပ်ငန်းတွေဆီ ကနေ တစ်ဆင့်ဝယ်လို့ပဲ ဖြစ်ဖြစ်၊ ခိုးလို့ပဲဖြစ်ဖြစ် ရရှိထားတဲ့ စာရွက်စာတမ်း လက်မှတ်တွေကို အသုံးပြုပြပြီး တရားမဝင်ရထားတဲ့ရွှေတွေ တရားဝင် အောင်လုပ်ပေးဖို့ ဒီဌာနကို အသုံးချကြတာဖြစ်တယ်။ “လုံးလုံးကို ပျက်စီးခြင်း ငါးပါးမကနဲ့ ကြုံရတာပါပဲ ” လို့လီမာမြို့ရှိ ပစိဖိတ်တက္ကသိုလ်က ဂွန်ဇာလို ဒဲလ်ဂါဒိုက သက်ပြင်းရှည်ကြီးချပြီးပြောကြားလိုက်တယ်။

REINFO ဟာမူလကတော့ ယာယီသဘောဖွဲ့စည်းပေးခဲ့တာပါ။ သူ့ရဲ့တရားဝင် လုပ်ပိုင်ခွင့်က ဇွန်လ ၃ဝ ရက်မှာ ကုန်ဆုံးမှာဖြစ်တယ်။ ဒါပေမဲ့ ရက်တိုးပေးကောင်း တိုးပေးပါ လိမ့်မယ်။ သတ္တုတွင်း လုပ်ငန်းသမား တွေက လီမာမြို့က လမ်းတွေကိုပိတ်ပြီးဆန္ဒပြပြီးတဲ့နောက်မှာ အစိုးရက အရင်ကချထားတဲ့ နောက်ဆုံး သတ်မှတ်ချက်ကို အချိန် ဆွဲပေးခဲ့တယ်။ ဆန္ဒပြ ခေါင်းဆောင် တစ်ယောက်ကို စုံစမ်းစစ်ဆေးပြီး သတ္တု ခိုးတူးမှုနဲ့ တရားစွဲခဲ့တယ်။ ပီရူး ကွန်ဂရက် လွှတ်တော်ထဲမှာကိုပဲ မူးယစ်ဂိုဏ်း လူဆိုးဂိုဏ်းတွေရဲ့ မဟာမိတ်တွေရှိပြီး ပြုပြင်ပြောင်းလဲရေးလုပ်မယ့် ဥပဒေတွေကို အတည်ပြုရေးမှာ အခက်အခဲတွေ့အောင် ဖန်တီးပြီး အရေးပေါ် ဆောင်ရွက်တဲ့ လုပ်ငန်းတွေကိုပဲ မှီခို အားထား နေရအောင် အဓမ္မကို လုပ်နေကြတယ်။ ပါတက်ဇ််ကို စစ်တပ် စေလွှတ်တာကလည်း အားပျော့ချက် လက္ခဏာတစ်ခုပဲလို့ မစ္စတာဒဲလ်ဂါဒိုကဆိုတယ်။ “အဲဒါက အစိုးရဟာ ဒီပြဿနာက ဘယ်နည်းဘယ်ပုံ ဖြေရှင်းရမယ်ဆိုတာကို အကြံကောင်း ဉာဏ်ကောင်း မရှိဘဲ ကြံရာမရ အရူးအမူး ဖြစ်နေတာကို ဖော်ပြတာ ဖြစ်တယ်“
ပီရူးနိုင်ငံ ဘဏ္ဏာရေး ဝန်ကြီးဟောင်း လူအစ် မီဂွယ်လ် ကက်စတီလာ ကသူ့နိုင်ငံရဲ့ အနာဂတ် အရေးကို ပူပန်သောက ရောက်နေတယ်။ “နိုင်ငံရဲ့ နယ်မြေအများစုကို လက်နက်ကိုင်တွေကထိန်းချုပ်ထားခဲ့တဲ့ ၁၉၈၀ ပြည့်လွန်နှစ်က အခြေအနေ အတော်များများနဲ့ ဆင်တူနေတာကို ကျွန်တော်မြင်နေရတယ်” ဒေသကြီး တစ်ခုလုံးမှာ တရားမဝင် သတ္တုတူးတာတွေနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စကို ပြန်စဉ်းစားဖို့ ကတော့လိုပါပြီ။ နိုင်ငံရဲ့ ရသုံးမှန်းခြေ ငွေစာရင်းကို ပြန်ပြီးတော့ လမ်းညွှန် ဆောင်ရွက်မှုကတော့ အထောက်အကူရမယ်။ အခု နှစ်ရသုံးမှန်းခြေ ငွေစာရင်းမှာ မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားတဲ့သူတွေကို အရေးယူ နှိမ်နင်း တိုက်ဖျက်သွားဖို့ ဒေါ်လာ ၇၃ သန်း ခွင့်ပြုထားတာနဲ့ တရားမဝင် သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကို ရပ်တန့်သွားစေဖို့ မဆိုစလောက် ငွေဖြစ်တဲ့ ဒေါ်လာ ၁၇ ဒသမ ၅သန်းနဲ့ ယှဉ်ကြည့် နိုင်ပါတယ်။ ဒါပေမဲ့ မူးယစ်ဂိုဏ်းတွေကို ဖြိုခွင်း နှိမ်နင်းဖို့ ငွေကိုက မလုံလောက်ပါဘူး။ ဒီကဏ္ဍမှာ သင့်လျော် မှန်ကန်တဲ့ စည်းမျဉ်း ဥပဒေတွေ မရှိရင်တော့ လူဆိုးဂိုဏ်းတွေဟာ တွင်းထွက် သတ္တု ကြွယ်ဝတဲ့ ပြည်နယ်တစ်ခုကနေ နောက်တစ်ခုကိုရွှေ့ပြောင်းလုပ်ကိုင်ဖို့အလွယ်တကူ ဖြစ်နေဦးမှာပါပဲ။ ကမ္ဘာ့ ရွှေဝယ်လိုအား အငမ််း မရဖြစ်နေတာနဲ့ အမျှ လက်တင် အမေရိကမှာ သွေးထွက်သံယို ဖြစ်ရပ်တွေကတော့ စဲမှာ မဟုတ်တော့ ပါဘူး။
ရည်ညွှန်း – The Economist June 28, 2025.

