The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

The Corner မှာ ဖတ်စရာ (အတွဲ ၈ - မာတိကာ)

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၈)၊ ၂၀၂၅ ဇူလိုင် ၁၆ - ၃၁ ရက်

စီစဉ်သူ အမှာ

ဇူလိုင်လ မိုးဖြိုင်ဖြိုင် သည်းသည်းထဲမှာ The Corner အတွဲ (၈) ကို တင်ဆက်လိုက်ပါပြီ။ မျက်နှာဖုံး ဆောင်းပါး အနေနဲ့ မနစ်မြုပ်အောင် စီစဉ် တည်ဆောက်ခဲ့သော်လည်း ရေခဲတောင်နဲ့ တိုက်ပြီး မြုပ်ခဲ့ရတဲ့ တိုက်တန်းနစ် သင်္ဘောကြီးလို မျှော်လင့်ခြင်းကြီးစွာ ငြိမ်းချမ်းရေးအတွက် တည်ထောင်ခဲ့သော်လည်း ကိုယ်ကျင့်တရား ကင်းမဲ့မှု ရေခဲတောင်ကြီးနဲ့ တိုက်မိတဲ့အခါ နစ်မြုပ်ရတဲ့ ကမ္ဘာ့ကုလသမဂ္ဂကြီးရဲ့ လက်ရှိအခြေအနေကို သုံးသပ်ထားတဲ့ ဘန်ကီမွန်းနဲ့ ဟယ်လင် ကလာ့ခ် တို့ရဲ့ ဆောင်းပါးကို တင်ဆက်ထားပါတယ်။ ထိပ်ဆုံး ရာထူးတွေမှာ တာဝန်ယူခဲ့ သူတွေမို့ ပိုးစိုးပက်စက်တော့ ပြောမထားပါဘူး။ အခြားဆောင်းပါးများမှာတော့ လက်ရှိ တရုတ်ပြည်ရဲ့ ခေါင်းဆောင်မှု ပြဿနာပေါ်ပေါက်နေချိန် ယခင် ခေါင်းဆောင်များဖြစ်တဲ့ မော်စီတုန်း၊ ချူအင်လိုင်း တို့ရဲ့ တွေးပုံခေါ်ပုံတွေကို တစေ့တစောင်းမြင်ရမယ့် သမ္မတဟောင်း နစ်ဆင်ရဲ့ ၁၉၇၂ ခုနှစ် တရုတ်ပြည်ပထမဆုံး ခရီးစဉ် မှတ်တမ်းကို ဖေါ်ပြထားပါတယ်။ ဒေါ်နယ်ထရမ့် ရဲ့ မူဝါဒတွေ၊ အကျိုးဆက်တွေ အကြောင်း ဆောင်းပါး တွေ လည်းပါဝင်ပါတယ်။ CWM ရဲ့ အရူးတွေရဲ့ ကမ္ဘာ ဆောင်းပါးမှာ ညွှန်းဆိုထားတဲ့ အရူးလက်ကို စိန်ရောက်ရင် ဘာတွေဖြစ်ကုန်လဲ ဆိုတဲ့ကဗျာလေးရဲ့ နောက်ဆုံးပိုဒ်က အသက်ပါ။ Lifestyle ကဏ္ဍမှာ ဂျပန်နိုင်ငံက လူ ၁၁ ယောက် သာနေထိုင်တဲ့ ကျွန်းလေးအကြောင်း ကိုတော့ ပထမဆုံးကြားဘူးရခြင်းဖြစ်ပါတယ်။ ဘ၀မှာ ဘာအရေးကြီးဆုံးလဲ ဆိုတဲ့ မေးခွန်းကို ဖြေချင်ရင်ဖြင့် “သူရေးတဲ့စာ” ကထဲက ပင်တိုင်ဆောင်းပါးရှင် ဒေါက်တာအောင်ကြီးရဲ့ ဆောင်းပါးကို ညွှန်းဆိုချင်ပါတယ်။ အဲဒီကဏ္ဍထဲမှာပဲ အလုပ်ခွင်ထဲမှာရှိကြတဲ့ ကြီး ငယ်မရွေး ဖတ်သင့်တဲ့ သိုက်စိုးထွန်း (နတ်ရွာ) ရဲ့ “အကဲဖြတ်တဲ့အလုပ်”၊ အခုအပြင်မှာ ရွာနေတဲ့မိုး ကို အဓိပ္ပါယ်တွေဖွင့်ပြထားတဲ့ ဏေသွေးအိမ်ရဲ့ အရေး၊ ဒီထဲမှာ ထူးခြားတဲ့ ဆောင်းပါးတပုဒ် ကတော့ စာအုပ်စာပေ ထုတ်ဝေရေးမှာ ကန့်လန့်ကာ နောက်ကွယ်က စာပြင်ဆရာများကို သတိတရ ဂုဏ်ပြုထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ “ထိုက်” ရေးဖွဲ့ထားဖူးတဲ့ ချစ်သူ နဲ့ ကြောင် တို့ရဲ့ လွမ်းမောဖွယ် အမှတ်တရလေးတွေကိုလည်း “Archived Corner” မှာ ဖတ်ရှုကြ ရမှာပါ။

The Corner အတွဲ (၈) ကိုလည်း နှစ်ခြိုက်အားပေးကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း။

 

စီစဥ်သူ