The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

စာဖတ်ပျင်းသူတွေ တိုးလာတဲ့ခေတ်ကြီးရဲ့ စိန်ခေါ်မှုကို ကျော်လွှားခြင်း

(စာဖတ်ခြင်းဖြင့် တိုးတက်သော ဘဝကိုတည်‌ဆောက်ကြပါ) စမ်းသပ်မှုဟာ ရိုးရှင်းလွန်းလို့ ကျောင်းသားတွေက လွယ်လွယ်လေးနဲ့ လုပ်နိုင်လိမ့်မယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မလွယ်ကူလှပါဘူး။ အမေရိကန် တက္ကသိုလ်နှစ်ခုက စာပေအထူးပြု ကျောင်းသားတွေကို Charles Dickens ရဲ့ “Bleak House” ဝတ္ထု ပထမဆုံး အပိုဒ်တွေကို ပေးပြီး ဖတ်စေခဲ့ပါတယ်။ ပြီးတော့ အဲဒီအပိုဒ်တွေကို ရှင်းပြခိုင်းခဲ့ပါတယ်။ ၁၉ ရာစုအလယ်ပိုင်းက ရေးသားခဲ့တဲ့ အင်္ဂလိပ်စာပေကို အင်္ဂလိပ်စာပေအထူးပြု သင်ယူနေတဲ့ ကျောင်းသားတွေက ဖတ်တာ၊ ဒါ ဘယ်လောက်တောင် ခက်ခဲနိုင်မှာမို့လို့လဲလို့ တွေးမိပါလိမ့်မယ်။  (Charles Dickens ရဲ့ “Bleak House” ဝတ္ထုကို ၁၈၅၂ ခုနှစ်၊ မတ်လကနေ ၁၈၅၃ ခုနှစ်၊ စက်တင်ဘာလအထိ အခန်းဆက်ပုံစံနဲ့ ထုတ်ဝေခဲ့ပါတယ်။) […]

စာဖတ်ပျင်းသူတွေ တိုးလာတဲ့ခေတ်ကြီးရဲ့ စိန်ခေါ်မှုကို ကျော်လွှားခြင်း Read More »

ဂိမ်းဆော့မလား စာဖတ်သလား

မနှစ်က ဖြစ်သည်။ မြို့နယ်အတွင်းရှိ စာကြည့်တိုက်တစ်ခုတွင် လူငယ်လေးတွေ ဦးဆောင်ပြီး စာဖတ်သူ တိုးတက် လာစေရန် အတွက် အစီအစဉ်တစ်ရပ်ကို သွားရောက်ဝန်းရံပေးဖြစ်သည်။ ကျွန်တော်တင်သာမက စာပေမြတ်နိုးသူ မိတ်ဆွေများလည်း ပါသည်။ စီစဉ်သူများက ဆယ်ကျော်သက်များဖြစ်၍ ကျွန်တော် တို့အားလုံး သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြစေရန် အိမ်ဖြည့် သဘောဖြင့်သာနေကြသည်။ အစီအစဉ်အစတွင် စာဖတ်ခြင်းနှင့်ပက်သက်ပြီး စကားအနည်းငယ်ပြောသည်မှအပ သူတို့ ဆောင်ရွက်နေ ကြသည်ကိုသာ အကဲခတ်နေကြသည်။ မဆိုးပါ။ လာသည့်ကလေးများကို မိမိဖတ်ဖူးသည့်စာအုပ်များထဲမှ အနှစ်သက်ဆုံး စာအုပ်အကြောင်း ပြောခိုင်းသည်။ ထပြောသူများကို ဇယားကွက်ပါ ကတ်ပြားလေးထဲတွင် အကြိမ်ရေမှတ်သားထား သည်။ ပြည့်သွားလျှင် လက်ဆောင်ပေးသည်။ ကလေးများက အစတွင် ထိုသို့ပြောလေ့မရှိသည့် အတွက် အနည်းငယ် စိုးရွံ့မှုများဖြင့် သိပ်အဆင် မချောသော်လည်း နောက်ပိုင်း အရှိန်

ဂိမ်းဆော့မလား စာဖတ်သလား Read More »

စာဖတ်ခြင်း.. အကြောင်း

The Corner က စာဖတ်ခြင်းအကြောင်း ရေးဖို့ပြောလာတော့ နည်းနည်းတော့ ထိတ်လန့်သွားတယ်။ စာမဖတ်တာ ကြာပြီလေ။ ကိုယ့်ကိုယ်ကိုယ် စာအုပ်တွေနဲ့ အတော်ဝေးနေတာကို သတိထားမိတယ်။ တစ်နှစ်နေလို့မှ စာတစ်အုပ် မဖတ်ဖြစ်တော့။ ကိုယ့်ရှေ့မှာ စာအုပ်တွေ တွေ့နေရပေမယ့် တစ်ရွက်ချင်း အစအဆုံး အချိန်ယူ လှန်လှော မဖတ်ရှုနိုင်တော့တာ အတော်ကြာပြီ။ စာအုပ်တွေနဲ့ ဒီလောက်အထိ အချိန်အကြာကြီး ဝေးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ စာမဖတ်ဘူးဆိုပေမယ့် စာဖတ်တတ်စအချိန်ကစလို့ ဒီနေ့ဒီအချိန်အထိ စာမဖတ်တဲ့နေ့ဆိုတာ မရှိဘူးဆိုရင် အံ့ဩ သွားမလား မသိ။ ကျောင်းသားဘဝက စလို့ ခုချိန်ထိ စာကို အငမ်းမရ၊ သဲကြီးမဲကြီး ဖတ်နေတုန်းပါ။ ဒါဖြင့် ဘာလို့ စာမဖတ်ဘူးလို့ ဆိုတာတုံးလို့ မေးစရာရှိတယ်။ လက်နဲ့ ကိုင်တွယ်ဖတ်ရှုရတဲ့ စာအုပ် (physical books)

စာဖတ်ခြင်း.. အကြောင်း Read More »

အစ္စရေးက ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသလား

အမေရိကန် အထက်လွှတ်တော်အမတ် ‘ဘာနီ ဆန်းဒါးစ်’ က ဂါဇာဒေသ တွင် အစ္စရေး၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ‘လူမျိုးတုံး သတ်ဖြတ်မှု’ (Genocide) အဖြစ် ဖော်ပြခဲ့ပြီး “ပါလက်စတိုင်းလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” တွင် ဝါရှင်တန်အစိုးရ ပါဝင်နေမှုကို ရပ်ရန် တိုက်တွန်းလိုက်သည်။ ပါလက်စတိုင်းပြဿနာအသစ် ပေါ်ပေါက်လာခြင်း ဆယ်စုနှစ်ပေါင်းများစွာ စစ်ရေး နိုင်ငံရေး ပြဿနာပေါင်း မြောက်မြားစွာဖြင့် အမယ်ဘုတ်ကဲ့ သူ့ချည်ခင်ဟု ဆိုရမည့် အစ္စရေးနှင့် ပါလက်စတိုင်းအရှုပ်အထွေးသည် ကြာလေ ဖြေရှင်းရခက်လေ ဖြစ်လာနေသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား နှစ်နိုင်ငံပေါ်ထွန်းရေး မူကို ဦးတည်မည့် မူကြမ်းအဆင့်များကို အခြေခံသည့် ကြေညာချက် တစ်ရပ်ကို ၂၀၁၅ စက်တင်ဘာ ၁၂ ရက်

အစ္စရေးက ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသလား Read More »

ဗြိတိသျှ နိုင်ငံရေး ဗဟိုချက်မ ပြိုကွဲ ပျက်စီးနေပြီလား

ဆာကီယားစတာမာ ဗြိတိန်ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလတုန်းက လေဘာပါတီ ဝန်ကြီးတွေက မိမိတို့ရဲ့ အစိုးရဟာ ဗြိတိန်နိုင်ငံမှာ လူထုအကျိုးစီးပွားကို လုပ်ဆောင်တဲ့ နောက်ဆုံးမြင်တွေ့ရမယ့် အစိုးရပဲ ဖြစ်တယ်လို့ သတိပေး ပြောဆိုခဲ့ကြတယ်။ ကြိုတင် သတိပေးထားတာထက် စောပြီး နိုင်ငံရေး ဗဟိုချက်မဟာ လျင်မြန်စွာပဲ ပြောင်းလဲကာ ဟာကွက်တွေ စတွေ့လာကြပါတယ်။ ယခုအခါမှာတော့ မဲဆန္ဒရှင် ငါးဦးမှာ တစ်ဦးလောက်ပဲ အစိုးရကို ထောက်ခံကြပါတော့တယ်။ ဆာ ကီယားရဲ့ ဝန်ကြီးချုပ် ရာထူးအပေါ် ထောက်ခံမှုဟာ ကြောက်မက်ဖွယ်ရာ ကောင်းလောက် အောင် လျော့ကျလာပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့တုန်းက သူ့ရဲ့လက်ထောက် အန်ဂျီလာရေနာဟာ အခွန်တိမ်းရှောင် မှုကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ရပြီး နောက်ပိုင်း သူ့အစိုးရအဖွဲ့ကို ကြီးမားတဲ့ အပြောင်းအလဲတွေ

ဗြိတိသျှ နိုင်ငံရေး ဗဟိုချက်မ ပြိုကွဲ ပျက်စီးနေပြီလား Read More »

ဥရောပမှ ထရမ့်ဆန့်ကျင်ရေး ခေါင်းဆောင်

ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အာခံနေကြသူ ရှိပါလား။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချေ့စ် (Pedro Sanchez) အဖို့ သမ္မတ ထရမ့်ကို အဖော်မဲ့ တစ်ကိုယ်တော် ဆန့်ကျင် အာခံနေရသလို ဖြစ်နေတာ လို့ သုံးသပ်ရပေမည်။ စပိန်ဝန်ကြီးချုပ် ဆန်းချေ့စ် အထီးကျန် ဖြစ်နေပုံကို သဘောပေါက်ချင်လျှင် ဒါကိုပဲကြည့်။ ဩဂုတ်လ ၁၈ ရက်နေ့တွင် သမ္မတ အိမ်ဖြူတော်၌ ပြုလုပ်သည့် ယူကရိန်းဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ဝန်ကြီးချုပ် ဆန်းချေ့စ်ကို မဖိတ်ဘဲ ချန်လှပ် ထားခဲ့သည်။ မက်ဒရစ်မြို့တော်မှ စပိန်အစိုးရ နိုင်ငံခြားရေး မူဝါဒချမှတ်သူများအတွက် မျက်နှာမလှ အရှက်ရစရာ ဖြစ်ရသည်က ထိုနေ့မှာပင် ဖင်လန်နိုင်ငံ သမ္မတကို ယူကရိန်း အစည်းအဝေးသို့ တက်ရောက်ရန် အိမ်ဖြူတော်က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။

ဥရောပမှ ထရမ့်ဆန့်ကျင်ရေး ခေါင်းဆောင် Read More »

ကိုယ့်ရှူးကိုယ်ပတ် မူဝါဒ အလွဲအချော်များ

သမ္မတဟာ အမေရိကန်ရဲ့ ဒီမိုကရက်မြို့တွေအပေါ် ပစ်မှတ်ထား ကိုင်တွယ် ဆောင်ရွက်ဖို့ အရူးအမူး ဖြစ်နေပါတယ်။ မိုက်ဂရံ့ (Migrants) လို့ခေါ်တဲ့ နိုင်ငံရွှေ့ပြောင်း အခြေချ နေထိုင်သူတွေကို ကြိုဆိုတဲ့ မြို့တွေအပေါ် ပစ်မှတ်ထားတာက သမ္မတရဲ့ စိတ်ကြိုက်အတွေ့ဆုံး မူဝါဒ ဖြစ်နေပါတယ်။ သို့ပေမဲ့လည်း စက်တင်ဘာလ ၄ ရက်နေ့မှာ ဟွန်ဒိုင်း (Hyundai) လျှပ်စစ်ကား စက်ရုံမှာ ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမား ၄၇၅ ဦးကို ဖမ်းခဲ့တာက ထူးခြားနေပါတယ်။ ဒီလျှပ်စစ်ကား စက်ရုံက ဂျော်ဂျီယာ ပြည်နယ် အယ်လက်ဘဲလ် (Ellabell) မြို့ပြင်နားမှာ တည်ရှိတာဖြစ်ပြီး ဒီမြို့ဟာ ရီပတ်ဘလီကင်တွေ အားကောင်းရာ ဒေသမှာ ရှိတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ကျေးလက် မြို့ကလေးပါ။ စက်ရုံဝန်းကျင်မှာ တပ်ဖွဲ့ဝင် ၄၀၀

ကိုယ့်ရှူးကိုယ်ပတ် မူဝါဒ အလွဲအချော်များ Read More »

ကမ္ဘာ့အအောင်မြင်ဆုံး လက်နက်ကုန်သည်နိုင်ငံများ

အလွန်ပြင်းထန်တဲ့ ကမ္ဘာ့လက်နက်ပြိုင်ပွဲဟာ တောင်ကိုရီးယားနဲ့ တူရကီနိုင်ငံ တို့အတွက် ကြီးကျယ်တဲ့ စီးပွားရေး  လုပ်ငန်း တစ်ရပ်ဖြစ်တယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အထိမ်းအမှတ်ကို ကျင်းပဖို့  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အခြား ခေါင်းဆောင်တွေ ရောက်ရှိလာတဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ပီကင်း မြို့တော်မှာ ရှိတဲ့ ငြိမ်းချမ်းရေး ကောင်းကင်ဘုံ မုဒ်ဦး ဟာ အစစ အရာရာ ငြိမ်သက် အေးချမ်း နေပါတယ်။ တရုတ်ပြည်ဟာ အမျိုးသားရေး ဂုဏ်သိက္ခာ မြင့်မားမှု နဲ့စစ်အင်အားကို ပြဖို့အတွက် တရုတ် တပ်မတော်က တပ်ဖွဲ့တွေဟာ အခမ်းအနားမှာ ချီတက်ပြီး စစ်ရေး ပြခဲ့ကြတယ်။

ကမ္ဘာ့အအောင်မြင်ဆုံး လက်နက်ကုန်သည်နိုင်ငံများ Read More »

အင်ဒိုနီးရှားသမ္မတသစ်ရဲ့ အဖေ့ခြေရာနင်းချင်တဲ့ ရောဂါ

သမ္မတသစ် ပရာဘိုဝို ဆူဘီယန်တို ဟာသူ့ဖခင်လုပ်ဆောင်ခဲ့တာတွေကို အလွန် ယုံကြည် အားကျပြီး အတုယူ လိုက်လုပ်ပြ ချင်စိတ်တွေ ပြင်းထန်နေပါတယ်။ သမ္မတသစ်ကံကောင်းပါစေ။ မနှစ်က သမ္မတအဖြစ် ရွေးကောက်ခံရပြီးပြီးချင်း ပရာဘိုဝို ဆူဘီယန်တို ဟာ သူ့ ရဲ့ ညီအစ်ကိုတော် ကို “ငါတို့ အဖေ ရဲ့ အစီအစဥ်တွေကို  အကောင်အထည်ဖော် နိုင်တော့မယ်၊ သူ့ရဲ့ အိပ်မက်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးနိုင်တော့မယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီ “ငါတို့ အဖေ” ဆိုတာကတော့ လွတ်လပ်ရေးရပြီးစ အင်ဒိုနီးရှား နိုင်ငံ တည်ဆောက်ရေး ကာလ ဗိသုကာကြီး ဆူမီထရို ဂျိုဂျိုဟာဒီကူဆူမို (Sumitro Djojohadikusumo) ကိုပြောတာပါ။ သူဟာ အင်ဒိုနီးရှားရဲ့ ပထမဆုံးသမ္မတ ဆူကာနို နဲ့

အင်ဒိုနီးရှားသမ္မတသစ်ရဲ့ အဖေ့ခြေရာနင်းချင်တဲ့ ရောဂါ Read More »

ကုန်သွယ်ရေးစစ်ကြောင့်အထိနာမည့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ

ဘင်္ဂလားဒေ့ရှ်နှင့်သီရိလင်္ကာ စသည့် တောင်အာရှနိုင်ငံများနှင့် ထိုင်း၊ မလေးရှားစသည့်  အရှေ့တောင်အာရှ နိုင်ငံများသည် ဒေါ်နယ်ထရမ့်နှင့် သဘောတူညီချက် မရလျှင် စီးပွားရေး အခက်အခဲများ ရင်ဆိုင် ကြုံရမည်။ တောင်အာရှဒေသ အလုပ်သမားဈေးကွက်မှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်တဲ့ နှုန်းဟာ ယေဘုယျအားဖြင့် ဆိုရင် အတော်ကို ဆိုးဆိုးရွားရွား နိမ့်ကျ နေပါတယ်။ ဒါပေမဲ့ ဒီဒေသကြီးအတွင်းက အထည်ချုပ် စက်ရုံတွေ ကတော့ ခြွင်းချက် ထားရမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံမှာ အပ်ချုပ်စက်တွေနဲ့ ချုပ်လုပ်နေတဲ့ စက်ချုပ် အလုပ်သမ တွေက လုပ်သား အင်အားရဲ့ သုံးပုံနှစ်ပုံ လောက်ရှိတယ်။  အထည်ချုပ် လုပ်ငန်းက ၁၉၈ဝ ပြည့်လွန်နှစ်တွေ ကာလ နောက်ပိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ကို ဦးဆောင်နေပြီး သန်းချီရှိတဲ့

ကုန်သွယ်ရေးစစ်ကြောင့်အထိနာမည့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ Read More »