The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

အနာဂတ်မှာ ဉာဏ်ရည်တု အေအိုင်က လူသားတွေနေရာကို အပြည့်အဝ အစားထိုးနိုင်မှာလား

အေအိုင်က လူသားတွေနေရာ အပြည့်အဝ အစားထိုးတာဖြစ်မလားဆိုတဲ့ မေးခွန်းအပေါ် သုံးသပ်ချက်ကို မဖော်ပြခင် လူသား ဝန်ထမ်းတွေနေရာကို အေအိုင် အစားထိုး အသုံးပြုနိုင်ခဲ့တဲ့ နာမည်ကျော် ကုမ္ပဏီကြီးတွေထဲကမှ ကုမ္ပဏီ ငါးခု အကြောင်း ကနဦး အနေနဲ့ ဖော်ပြပါရစေ။ Amazon ကမ္ဘာ့နာမည်အကြီးဆုံး အွန်လိုင်းဈေးဝယ်နိုင်တဲ့ ဝက်ဘ်ဆိုက် (website) အပါအဝင် ဈေးကွက် စီးပွားရေးနဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်းတွေပါ လုပ်ဆောင်နေတဲ့ အမေဇုံကုမ္ပဏီရဲ့ စီအီးအို အန်ဒီဂျာစီ (CEO Andy Jassy) က အေအိုင်ကို ကုမ္ပဏီ လုပ်ငန်းတွေမှာ အသုံးချခဲ့ခြင်းက ထိရောက်မှု ရှိခဲ့တာကြောင့် “ဝန်ထမ်းအင်အား လျှော့ချရန်အစီအစဉ်ရှိကြောင်း” ကုမ္ပဏီ အတွင်း ကြေညာခဲ့အပြီး ၂၀၂၅ ခုနှစ်‌ အောက်တိုဘာလမှာ ဝန်ထမ်း အယောက် […]

အနာဂတ်မှာ ဉာဏ်ရည်တု အေအိုင်က လူသားတွေနေရာကို အပြည့်အဝ အစားထိုးနိုင်မှာလား Read More »

ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် အေအိုင်

AI က အတိတ်က ထွက်ပေါ်လာခဲ့တဲ့ နည်းပညာများနည်းတူ တန်းတူညီမျှ‌တဲ့ ယှဉ်ပြိုင်ခွင့်ကို ပေးပါတယ် အီလီတန်ဒေ (Elly Ntonde) က ယူဂန္ဓာနိုင်ငံ ဘူဒွန်ဒို (Budondo) ရွာမှာ ဓာတုဗေဒ စာမေးပွဲ ဖြေဆိုဖို့ စာကျက်နေပါတယ်။ ဒီရွာလေးက လမ်းတွေမှာ ပလက်ဖောင်းများ မရှိပါဘူး။ ရေပိုက်လိုင်းတွေလည်း မရှိပါဘူး။ မီးကတော့ လာတစ်လှည့် ပျက်တစ်လှည့်ပါ။ ဒါပေမဲ့ အသက် ၁၈ နှစ်အရွယ် အီလီတန်ဒေ က သတ္တုတွေ အက်ဆစ်နဲ့ ဘယ်လို ဓာတ်ပြုလဲ သိရှိဖို့ လေ့လာတဲ့အခါ ကမ္ဘာ့ အဆင့်မြင့်ဆုံး ဆရာတစ်ယောက်က လက်နဲ့ သုံးလေးချက် တို့လိုက်တာနဲ့ ရောက်လာပါတယ်။ သူက ဈေးဆိုင်လေးဆီ လမ်းလျှောက်သွားပြီး အင်တာနက် ဒေတာ ၁၀၀ မီဂါဘိုက်

ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် အေအိုင် Read More »

မြန်မာ့ရှေးရိုးစဉ်လာ လက်ဖက်စားသုံးခြင်းဓလေ့နှင့် လက်ဖက်ယဉ်ကျေးမှု

နိဒါန်း လက်ဖက်သည် အနံ့ပါသော အရွက်တစ်မျိုးဖြစ်သည်။ လက်ဖက်ယဉ်ကျေးမှု စတင် ထွန်းကားခဲ့ သည်မှာ အာရှတိုက်မှဖြစ်သည်။ တရုတ်နိုင်ငံတွင် လက်ဖက်ခြောက် (အခါးခြောက်) ယဉ်ကျေးမှု ထွန်းကား ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် လက်ဖက်ခြောက် (အချိုခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ ကမ္ဘာပေါ်ရှိ လက်ဖက် ယဉ်ကျေးမှုများအနက် မြန်မာနိုင်ငံရှိ လက်ဖက် ယဉ်ကျေးမှုမှာ ထူးခြားသည်။ မြန်မာ့ရိုးရာ လက်ဖက်ယဉ်ကျေးမှုတွင် လက်ဖက်ကို လက်ဖက်စိုနှင့် လက်ဖက်ခြောက်အဖြစ် သုံးသည်ကို တွေ့နိုင်သည်။ လက်ဖက်စားခြင်းဓလေ့သည် မြန်မာတို့၏ရိုးရာယဉ်ကျေးမှု ရှေးထုံးစဉ်လာ တစ်ရပ်ပင် ဖြစ်ပါသည်။ “လက်ဖက်”ဟုဆိုလျှင် မြန်မာလူမျိုး တို့သည် “လက်ဖက်စို”ဟု နားလည်ကြလေသည်။ မြန်မာပြည်တွင် လက်ဖက်အစို နှင့် လက်ဖက်​ခြောက် နှစ်မျိုး လုံးကို အသုံးပြု လျက်ရှိသည်။ အထူးသဖြင့် လက်ဖက်စိုမှာ ရိုးရာအလိုက်ပွဲဝင်သော

မြန်မာ့ရှေးရိုးစဉ်လာ လက်ဖက်စားသုံးခြင်းဓလေ့နှင့် လက်ဖက်ယဉ်ကျေးမှု Read More »

အဲလ်ဖရက်နိုဘယ်ရဲ့ဒုတိယအမှား

တလောက နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် ရစ်ချက်ဖိုင်းမင် (Richard Feynman) ၏ “Surely You’re Joking, Mr. Feynman!” (ဧပြီ၊ ၁၉၈၉။ Bantam trade edition) ဖတ်ရသည်။ မြန်မာပြည်မှာ ဆရာကိုတာကြောင့် လူသိများလာတဲ့ ရူပဗေဒပညာရှင်။ ယင်းစာအုပ်ထဲမှ Alfred Nobel’s Other Mistake ဆိုသည့်အခန်းကို ကောက်နုတ်ပြန်ဆိုပါသည်။ (၁) ကျွန်တော့်သူငယ်ချင်း မက်ဆင်းစ်က “အဲလ်ဖရက်နိုဘယ်၏ ဒုတိယအမှား” ဟု အမည်ပေးထားသည့် စာအုပ်တစ်အုပ်ရေးဖို့ တစ်ချိန်က ကြံစည်ခဲ့ဖူးသည်။ နိုဘယ်ဆု ကြေညာသည့် ရာသီရောက်လာတိုင်း ဘယ်သူများရလေမလဲဟု နှစ်အတော်ကြာကြာ ကျွန်တော် စောင့်ကြည့် ခဲ့ဖူးသည်။ အဲသည်နောက်ပိုင်း နိုဘယ်ရာသီ ရောက်ပြီ၊ မရောက်ပြီ ကျွန်တော်အာရုံမထားမိတော့ပြီ။ ထို့ကြောင့် တစ်မနက်ခင်း စောစောစီးစီး

အဲလ်ဖရက်နိုဘယ်ရဲ့ဒုတိယအမှား Read More »

အရောင်ကမ္ဘာထဲမှ အရောင်များသို့

တစ်နေ့ တစ်နေ့ စာဖတ်ဖြစ်ဖို့အတွက် စာအုပ်ရှာရသည်က ရွှေရှာရသည်ထက်ဆိုးသည်။ “သူငယ်ချင်းများက မင်းမှာ ဒီလောက် စာအုပ်အများကြီးရှိနေတာကို ကုန်အောင်ပဲဖတ်စမ်းပါဦး” ဟု ဆိုကြသည်။ သူတို့မသိသည်က ဖတ်ချင် သည့်စိတ်နှင့် ဖတ်မည့် စာအုပ်တို့မင်္ဂလာပွဲမကျင်းပနိုင်ဘဲ ဖတ်၍မဖြစ်ဆိုသည်ကိုပင်။ စာအုပ်ကများသော်လည်း ကိုယ်သူကို့ချစ်သည့်စိတ်မဖြစ်လာပဲ ဘယ်လိုမှဖတ်၍မဖြစ်ပေ။ ထိုအပြင်လက်ရှိတောင့်တနေသည့်ဆန္ဒအတွက် ရေတစ်ခွက်လိုဖြစ်ဖို့လည်းလိုပေသည်။ ကိုယ့်တွင်ရှိသည်က စာအုပ်အဟောင်းများကများသည်။ အာသံ နိုင်မော်ကွန်းတို့၊ နတ်သျှင်နောင်ရတုတို့၊ ဦးပုညမေတ္တာစာတို့ကို အကြောင်းကိစ္စအထူးအထွေမရှိပဲနှင့် သွားပြန်ဖတ်ဖို့ရာအ တွက်အတော်လေးပင်ခက်ခဲသည်။ ဤနေရာတွင် ဆရာမောင်သာနိုး ကို အားကျမိသည်။ ဆရာက “ကျွန်တော်က နတ်သျှင်နောင် ရတုတွေကို မကြာမကြာပြန်ဖတ်တယ်”ဟု ဆိုခဲ့ဖူးသည်ကိုပင်။ ယနေ့ခေတ် ယနေ့ အခြေအနေနှင့် မကိုက်ညီသည့် အပြင် နတ်သျှင်နောင်တို့ခေတ်ကို အချိန်ယန္တရား နောက်ပြန်ဆွဲ၍ ခံစားရမည်ကို ကျွန်တော့်အတွက် အတော်လေး ခက်ခဲသည့်ကိစ္စတရပ်ဟုပင်ဆိုရပေမည်။ စာတစ်ပုဒ်အတွက်

အရောင်ကမ္ဘာထဲမှ အရောင်များသို့ Read More »

အချစ်အလွမ်း နှစ်တစ်သန်း

ဤတောင်တန်းမှ လှမ်း၍မျှော်လျှင် သစ်ပင်တောအုပ်တို့ ဝေဝေဆာ ဆာ၊ အင်းအိုင်ချောင်းမြောင်းတို့ ထွေးရောယှက်တင်၊ ရေတသွင်သွင် စီးဆင်း နေသော မြစ်ကြီးတစ်စင်းက ကွေ့ဝန်းရစ်ခွေ။ ထိုတောထိုတောင် ထိုဒေသသို့ အဝေးကသာ လွမ်းရသည်။ နယ်စိမ်းပယ်စိမ်းမို့ မသွားရဲ။ ပြောရလျှင် အုပ်စု နှင့်သာ လှုပ်ရှားတတ်သူများမို့ သင်းကွဲအဖြစ်မခံနိုင်။ သင်းကွဲတစ်ယောက် ၏ ရပ်တည်မှုသည် ရေရှည်မခိုင်မြဲချေ။ အုပ်စုတစ်စုနှင့်တစ်စု ထိပ်တိုက်ရင် ဆိုင်တိုက်ပွဲများ ဖြစ်လေ့ဖြစ်ထရှိသည်။ အုပ်စုတိုက်ပွဲ အတွင်း ကြေမွသွားမည့် ပန်းလေးတစ်ပွင့်ကို တစ်ဖက်အုပ်စုက မကြုံဖူးမြဲ ထူးကဲစွာ ကရုဏာဖြင့် ရှင်သန်ခွင့်ပေးခဲ့သည်။ ဖြောင့်ဖြောင့်ဖြူးဖြူး ရှင်သန်ခွင့်တော့မဟုတ် အုပ်စု အတွင်း မလုပ်ချင်သော အလုပ်များကို လူးသာအနေဖြင့် ဒိုင်ခံလုပ်ရသည်။ အန္တရာယ်ကြီးသော ကျား၊ ကျားသစ်နှင့် တောကောင်ကြီးကြီးတွေကို ရှေ့မှ အသေခံ တိုက်ခိုက်ရသည်။

အချစ်အလွမ်း နှစ်တစ်သန်း Read More »

ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင်

“မိုးမာယာတွေက တိမ်ပလီတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ရွာယောင်ဟန်ပျိုးပေမယ့် မိုးကတော့ တစ်ပေါက် နှစ်ပေါက်တောင် အားနာပါးနာ ကျမလာပါဘူး၊ ရွာမယ်ဆိုရင်လည်း မိုးပြေးကလေး ရယ်သွမ်းသွေးသလို အပြေးအလွှား မစို့မပို့ ရွာမပြေးပါနဲ့၊ ချစ်မိုးကြီးသွန်းဖြိုးလို့ရွာ တစ်မိုးလုံး အိပြီးပြိုကျ လိုက်စမ်းပါ” တိမ်မည်းညိုလေးတွေ တစ်လိပ်ပြီးတစ်လိပ် ပြေးလွှား နေသည့် မိုးကောင်းကင်နောက်ခံ ဖြင့် ပြဇာတ်မင်းသား ဝင်းသူ၏ အာဝဇ္ဇန်းရွှင်ရွှင်၊ အလင်္ကာမြောက်သော အပြောအဆိုက ပွဲကြည့်ပရိသတ်ကြီးကို ဖမ်းစားထားသည်။ ငယ်ကလည်း ငယ် ရုပ်ရည်လေးကလည်း သနားကမားမို့ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဇာတ်ရုပ် နှင့်လည်း လိုက်ဖက်လှသည်။ “စင်ပေါ်မှာ စကားပြောကောင်းသလောက် စင်အောက် မှာတော့ စကားနည်းလိုက်တာနော်၊ မေးနိုင်လွန်းမှ တစ် ခွန်းထက် နှစ်ခွန်းမပိုဘူး၊ စာအုပ်နဲ့မျက်နှာ ခွာတယ်လို့လည်း မရှိဘူး” မင်းသမီး မရွှေကြည်

ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင် Read More »

တစ်ကိုယ်ကောင်းဆန်သင့် မဆန်သင့်

တစ်ကိုယ်ကောင်းဆန်ခြင်းဟာ စာရိတ္တပိုင်းအရ စဉ်းစားစရာဖြစ်‌ကြောင်း ငယ်စဉ်ကတည်းက ကျွန်တော်တို့ သင်ခဲ့ ရပါတယ်။ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက် ကြိုးစားတာက လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက် အကျိုးရှိကြောင်း ဒီနေ့ခေတ် ဘောဂဗေဒ သဘောတရားက ဆိုပါတယ်။ ကိုယ့်အတွက် ကိုယ်စဉ်းစားပြီး ချဉ်းကပ် တာက လူမှုကောင်းကျိုးချမ်းသာ အသားတင်တိုးလာဖို့ကို တကယ်ပဲ ပဉ္စလက်ဆန်ဆန် ဖြစ်စေသလား။ ဒါမှမဟုတ် ကိုယ်ကျိုးကြည့်ဖို့ရယ်၊ အကျိုးအမြတ်အများဆုံးရဖို့ရယ်အတွက် ပြောပေးသလိုဖြစ်နေတဲ့ စီးပွားရေး ပညာကို ကျွန်တော်တို့ သတိထားသင့်သလား။ ဒီမေးခွန်းဟာ ဘောဂဗေဒပညာရပ်ဆိုင်ရာ ငြင်းခုံပွဲတွေရဲ့ ဗဟိုချက် ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘောဂဗေဒဖခင်ကြီး အဒမ်စမစ် (၁၇၂၃-၉၀)1 နဲ့ စတာက အသင့်လျော်ဆုံးပါပဲ။ သူ့ရဲ့ နိုင်ငံများ၏ ဓနဥစ္စာ (၁၇၇၆) ဆိုတဲ့ နာမည်ကျော်

တစ်ကိုယ်ကောင်းဆန်သင့် မဆန်သင့် Read More »

စိတ်ကူးသစ်များစွာဖြင့် နေထိုင်ခဲ့သောပန်းချီဆရာ

လွန်ခဲ့သော ၁၉၈၀ ဝန်းကျင်က ပန်းချီစာအုပ်ဆို၍ လက်ချိုးရေရလောက်အောင် နည်းပါးလှသည်။ ထိုအထဲကမှ တရှိုက်မက်မက်ဖတ်ဖြစ်ခဲ့သည့်စာအုပ်က ဂျီလှမောင်ရေးသော ကမ္ဘာပန်းချီသိ မြန်မာပန်းချီသိစာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ဖတ်ပြီး ယနေ့အချိန်အထိ စိတ်ထဲစွဲကျန်နေရစ်သည့် ပန်းချီဆရာတစ်ယောက်ရှိခဲ့သည်။ ပန်းချီဆရာကြီး ဦးစံလွင်ဖြစ်သည်။ ဆရာကြီးဦးစံလွင်က ဘုန်းကြီးပျံမှသည် ဧည့်ခန်းဆောင် မရောက်မီကြားကာလ၌ ပန်းချီဆရာများ၏ ခက်ခဲကြမ်းတမ်းသည့် ဘဝများကို စကားလုံးနည်းနည်းဖြင့် ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ပြောခဲ့သည့် အတွက်ကြောင့်ပင်ဖြစ်သည်။ “ကြက်ငှက် အစာကောက်သလို ကျောက်ခဲတွေလည်းမျိုရ၊ စပါးတွေလည်း စားရ၊ ထမင်းတွေလည်းဟပ်ရသလို တွေ့ရာအလုပ် ရရာဈေးနဲ့ ဘဝလမ်းကြောင်းကိုထိန်းကွပ်ရတဲ့အလုပ်ဆိုရင် (ပန်းချီဆရာတွေပဲကွ)။ အိမ်ဆေး သုတ်သင့်လည်း သုတ်လိုက် ရတာပဲ၊ ဆိုင်းဘုတ်ရေးချင်တဲ့သူနဲ့တွေ့လည်းရေးပေးလိုက်ရတာပဲ၊ အဲဒီလိုအဓိဋ္ဌာန်နဲ့ စိတ်ကိုလူလုံးဘယ်ဘဝရောက်ရောက် ပန်း ချီဆရာဆိုတဲ့ နာမည်ကြီး ထမင်းငတ်ဘဝကို ဇောက်ချ လုပ်ကိုင်ရင်း ကြီးလေငတ်လေပေါ့ကွာ၊ ဦးထွန်းလှကိုကြည့်

စိတ်ကူးသစ်များစွာဖြင့် နေထိုင်ခဲ့သောပန်းချီဆရာ Read More »

ကျူ ဝါးရုံလား . . .  ကျူဝါးရုံလား

ဤအကြောင်းအရာ၏အစသည် ကဗျာဆရာမ ဝသုန္ဓေကဟုဆိုရပေမည်။ သူမနှင့် လူမှုကွန်ရက်အပေါ်တွင် စာတွေ ကဗျာတွေ‌ရေးကြရင်း ရင်းနှီးကြပေမင့် နောက်ပိုင်းကျွန်တော်တို့ မြို့နယ်အတွင်းသို့ပြောင်း‌ရွှေ့လာသဖြင့် ပိုနီးစပ်လာသည်။ သို့သော်လည်း သူနေသည့်နေရာ နှင့် မိုင် ၃၀ လောက်ဝေးနေ၍ မဆုံဖြစ်ကြ။ ဆုံဖြစ်ရန် ချိန်းဆိုကြပါသော်လည်း အခက်အခဲပေါင်း များစွာကိုမကျော်နိုင်သည့်အပြင် သူမကလည်း ခြေထောက်ဗွေပါနေ၍ မဆုံသောလမ်းဖြစ်နေသည်။ ထိုအနေတွင် မဆုံမဖြစ်ဆုံကြရန်ကိစ္စပေါ်လာသည်က သူမပင်စင်ထုတ်ရန် အတွက် အကူအညီ တောင်းလာခြင်း ပဲဖြစ်သည်။ သို့သော်လည်း သူမကဒီပြောင်းလာပြီးမှ ရန်ကုန်ကိုယ်ပိုင် ကျောင်းတစ်ခုတွင် ဆရာမဝင်လုပ်နေပြန်သဖြင့် ပင်စင်ထုတ်ချိန်ဆုံကြပါသော်လည်း စကားကောင်းကောင်း ပြောမဖြစ်ကြပေ။ ရောက်သည်နှင့် ဘဏ်ပြေး။ ပင်စင်ထုတ်။ လက်ဖက်ရည်ဆိုင်တွင် နေ့လည်စာစား။ စားရင်း ဖြင့် ကြုံရဆုံရ တွေ့ရမြင်ရသည်တို့ကို စကားရည် လုကြရသည်။ သို့နှင့် စာအကြောင်းပေအကြောင်းသို့ ဂိတ် မထိုးဖြစ်ပေ။

ကျူ ဝါးရုံလား . . .  ကျူဝါးရုံလား Read More »