The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

ပါကစ္စတန်နျူကလီးယားထီးရိပ်ကိုခိုလှုံနိုင်ပြီလား

ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံဟာ နှုတ်ကနေ ထုတ်ဖော်‌ပြောဆိုတာမျိုး မရှိတဲ့ အပေးအယူ ညှိုနှိုင်းမှုတွေနဲ့ နှစ်ပေါင်းများစွာ ကတည်းက နှောင်ဖွဲ့ခဲ့ကြတယ်။ ဆော်ဒီ အာရေဗျ ကတော့ ငွေကြေး အမြောက်အမြားရှိပေမယ့် စစ်အင်အားကျတော့ နည်းတယ်။ ပါကစ္စတန်နိုင်ငံ ကတော့ ငွေကြေး ဆင်းရဲပေမယ့် လက်နက် ချမ်းသာ ကြွယ်ဝတယ်။ ဆော်ဒီ အာရေဗျဘုရင့်နိုင်ငံ ကပါကစ္စတန် နိုင်ငံရဲ့ ဘားတိုက်ထဲကို   ငွေကြေး အမြောက်အမြား သွန်ထည့်ပေးတယ်။ အပြန်အလှန် သဘောအရ ပါကစ္စတန်နိုင်ငံက တပ်ဖွဲ့အင် အား၊ လေ့ကျင့်ရေးနဲ့ လက်နက် တပ်ဆင်ပေးတာတွေနဲ့ အကာအကွယ် ပေးတယ်။ စက်တင်ဘာလ ၁၇ ရက် နေ့မှာ အစ္စလာမ္မစ်နှစ်နိုင်ငံဟာ ပေါ်လွင် ထင်ရှားတဲ့ စာချုပ်သစ် တစ်ရပ်နဲ့ နောက်ထပ်‌ ခြေလှမ်းသစ် လှမ်းဖို့ […]

ပါကစ္စတန်နျူကလီးယားထီးရိပ်ကိုခိုလှုံနိုင်ပြီလား Read More »

တီမောလက်စ်တေနိုင်ငံ

တီမောလက်စ်တေ နိုင်ငံသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အရှေ့တောင် အာရှနိုင်ငံများ အသင်း (ASEAN)၏ ၁၁ နိုင်ငံမြောက် အာဆီယံ အဖွဲ့ဝင် ဖြစ်လာတော့မည်။ အရှေ့တီမော သို့မဟုတ် တီမောလက်စ်တေနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ၁၁ နိုင်ငံ မြောက် အာဆီယံ အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့် ရရှိရန် အသင့် အနေအထားဖြင့် အားတင်းကာ စောင့်စားလျက်ရှိသည်။ အရှေ့တောင်အာရှ ဒေသအတွင်း၌ ‘တီမောလက်စ်တေ’ နိုင်ငံသည် သက်တမ်းအငယ်ဆုံး နိုင်ငံတစ်ခု ဖြစ်သည်။ အရှေ့တောင် အာရှနိုင်ငံများ အသင်း (ASEAN) တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ခွင့်ရရှိရန် ကာလအတော်ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသည်။ ၂၀၁၁ မှ ၂၀၂၂ ခုနှစ်အထိ လေ့လာသူအဖြစ်ဖြင့် စောင့်ဆိုင်းခဲ့ရသည်။

တီမောလက်စ်တေနိုင်ငံ Read More »

နိုင်ငံခြားကျောင်းသားတွေအတွက် ရွေးချယ်စရာ အာရှနိုင်ငံများ

အရှေ့ အာရှက ဘွဲ့ဒီဂရီတွေက ‌ဈေးသက်သာပြီး ပိုပြီး အထင်ကြီးလေးစား ခံလာရတယ်။ အသက် ၁၃ နှစ်ကတည်းက မစ္စယန်းက အမေရိကားမှာ ပညာသင်ယူချင်ခဲ့တာပါ။ အမေရိကန်နိုင်ငံ ဘော်စတွန်ကို သွားရောက်လည်ပတ်တုန်း ကျောင်းသားတွေ မြက်ခင်းပြင်ပေါ် လဲလျောင်းရင်း စာဖတ်နေကြတာတွေ့တော့ သူ အားကျ ခဲ့ရပါတယ်။ နိုင်ငံခြားမှာ ပညာသင်တယ်ဆိုတာ ဒါမျိုးနေမယ်လို့ တွေးမိခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ ကော်နဲလ် တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် ပါရဂူဘွဲ့ ဆက်ယူဖို့ ဆုံးဖြတ်တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံတကာ ဆက်ဆံရေးတွေက တင်းမာလာတယ်။ အမေရိကားက သူ့ရဲ့ ဗီဇာ စည်းမျဉ်းတွေကို တင်းကျပ်လိုက်တယ်။ ဒါကြောင့် သူက ဗီဇာကိစ္စ ပြဿနာမရှိတဲ့ စင်္ကာပူမှာ ကျောင်းဆက် တက်ဖြစ်တယ်။ တရုတ်ပြည် အလယ်ပိုင်း ဟူဘေး ပြည်နယ်မှာရှိတဲ့

နိုင်ငံခြားကျောင်းသားတွေအတွက် ရွေးချယ်စရာ အာရှနိုင်ငံများ Read More »

ယူကရိန်းမှာ စစ်ပွဲကြီးပြီးဆုံးသွားခဲ့ရင်

မကြာသေးမီက ကီယဗ် မြို့မှာကျင်းပခဲ့တဲ့ ကွန်ဖရင့်တစ်ခုမှာ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံရဲ့ အထူး သံတမန် ကိသ် ကယ်လော့က “ကျွန်တော်တို့ဟာ နိဂုံးအဆုံးကို ရောက်ရှိဖို့အတွက် ထူးထူးခြားခြားကို နီးကပ်နေပြီ”လို့ ပြောဆိုခဲ့တယ်။ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဒွန်းဘတ်စ် ဒေသကို လုံးဝ စိုးမိုးနိုင်ရေး အတွက် စစ်ဆင်နွှဲနေပါပြီ။ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးဟာ စစ်ရေးနည်းလမ်းတွေနဲ့သာ ရရှိနိုင်မယ့် အကန့်အသတ်တွေ ဆီကို ချဥ်းကပ်လျက် ရှိနေကြပါတယ်။ သို့ပေမဲ့ နိုင်ငံ အသီးသီးမှ ပြည်သူတွေအကြား စစ်ပွဲကို ဆက်တိုက်လိုတဲ့ စိတ်ဆန္ဒကကိုတော့ အနည်းအကျဥ်းသာ ပြသလျက်ရှိတယ်။ စစ်ပြေး အရေအတွက်လည်း မြင့်မားနေတယ်။ Russia Field အဖွဲ့ရဲ့ လူထုဆန္ဒသဘောထား စစ်တမ်း ကောက်ယူရာမှာ ရုရှားနိုင်ငံသားတွေရဲ့ ၅၈

ယူကရိန်းမှာ စစ်ပွဲကြီးပြီးဆုံးသွားခဲ့ရင် Read More »

ကြီးမြတ်ခြင်းနှင့် သေးသိမ်ခြင်း

ချာလက်စတန်မြို့ဟာ အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်မှာ လူဦးရေအထူ ထပ်ဆုံးမြို့လေးဖြစ်ပြီး ၁၆၇၀ ခုနှစ်မှာ အင်္ဂလိပ်လူမျိုးတွေက စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီမြို့လေးမှာ Mother Emanuel A.M.E ဘုရားကျောင်း ကို ၁၈၁၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ၁၈၈၆ မှာ ငလျင်မိခဲ့ပေမယ့် ပြန်လည် တည်ဆောက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်က ချာလက်စတန်မြို့ရဲ့  စိုစိစိ ညနေခင်းမှာ ကိုးတန်းနဲ့ ကျောင်းထွက်ခဲ့ရပြီး ပန်းကန်လုံးပုံစံ ဆံပင်နဲ့ ဒိုင်လန်ရုဖ်ဆိုတဲ့ကောင်လေးဟာ A.M.E ဘုရားရှိခိုးကျောင်းထဲက သမ္မာကျမ်း စာ အတန်းထဲကို ဝင်လာပါတယ်။ အဲဒီနေရာက အစဉ်အလာအရ တောင်ကာရိုလိုင်းနား ပြည်နယ်မှာ လူမည်းတွေ သက်တမ်းအကြာဆုံး စုပေါင်း ဘုရားဝတ်တက်တဲ့ နေရာပါ။ အသက် ၂၁နှစ်အရွယ် ရုဖ်မှာ ဒသမ ၄၅ ပစ္စတို

ကြီးမြတ်ခြင်းနှင့် သေးသိမ်ခြင်း Read More »

အလုပ်-ဘဝ ဟန်ချက်မျှဖို့

လုပ်ငန်းခွင်ဘဝနဲ့ မိသားစုဘဝ၊ ဒီနှစ်ခုမှာဘယ်ဟာကပိုအရေးကြီးသလဲ။ အလုပ်ချိန်နဲ့ မိသားစု အတွက်ပေးတဲ့အချိန်၊ တစ်နည်းအားဖြင့် ကိုယ်ပိုင်အချိန်၊ ဘယ်ဟာပိုအရေးကြီးသလဲ။ အမြင်တွေကတော့ အမျိုးမျိုးရှိကြမှာပေါ့။ အလုပ်ရှင်ဘက် ကကြည့်ရင် အလုပ်ကပိုအရေးကြီးတာပေါ့လို့ပြောနိုင်သလို အလုပ်သမားဘက်ကကြည့်ရင်တော့ မိသားစုကပိုအရေးကြီးတယ်လို့ပြောမှာပါပဲ။ ဒါက ယေဘုယျသဘော ပေါ့။ လုပ်ငန်းခွင်တွေထဲမှာလည်း အလုပ်၊ အလုပ်၊ အလုပ်ဆိုပြီး အလုပ်သာနံပါတ်(၁)၊ အလုပ်သာနံပါတ် (၂) ဆိုပြီး အလုပ်စားပွဲမှာခေါင်းမဖော်နိုင်ဘဲဖြစ်နေတဲ့သူတွေရှိကြသလို အလုပ်နဲ့ဘဝဟန်ချက်မျှအောင် ကြိုးစား နေထိုင်သူတွေ လည်းတွေ့ရတာပါပဲ။ ဒါ့အပြင် အလုပ်မှန်သမျှအကုန်ပတ်ရှောင်ပြီး ကိုယ့်မိသားစု အတွက်၊ ကိုယ့်ဘဝအတွက် သက်သက်ကိုသာ ငဲ့ကွက်သူတွေလည်းရှိကြမှာပါပဲ။ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အတွေးအမြင်တွေ၊ ခံယူချက်တွေ၊ ထင်မြင်ချက်တွေကတော့ ပြုပြင်ပြောင်းလဲဖို့သိပ်လွယ်မှာမဟုတ်ပါဘူး။ ကိုယ်ကိုင်စွဲထားတဲ့အမြင်ကိုပဲ သင့်တယ်၊ မှန်တယ်လို့ဆိုကြမှာပါပဲ။ ကိုယ်ကိုင်စွဲထားတဲ့မူတစ်ခုကိုပဲ မလွှတ်တမ်းဆုပ်ကိုင်ထားကြမှာပါပဲ။ ဒီအထိက ပြဿနာမရှိသေးပါဘူး။ အလုပ်သာ နံပါတ်(၁)ဆိုတဲ့ သူတွေကအလုပ်ပြီးအလုပ်

အလုပ်-ဘဝ ဟန်ချက်မျှဖို့ Read More »

အခွင့်အရေး တစ်ရပ်ဆိုတာ

ဒီဆေးဝါးဆိုင်ရာ ကွန်ဖရင့်ကို ရှယ်ရတန်ဟိုတယ်ကြီးမှာ ကျင်းပခဲ့တာပါ။ ကနေဒါနိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူ အယောက် ၃၀၀ လောက်ဟာ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ဒီ ကွန်ဖရင့်ဆီကို တက်ရောက် လာကြလေ့ ရှိပါတယ်။  ဒီ အစည်းအဝေးကို တက်ရောက် လာသူတွေကို ဘူဖေး စိတ်ကြိုက် စားပွဲတွေနဲ့ တည်ခင်း ဧည့်ခံတယ်၊ ပခုံးလွယ် အိတ်ကလေးတွေကိုလည်း လက်ဆောင် အဖြစ်ပေးတယ်။ သောကြာနေ့ ညနေခင်းမျိုးတွေ ရောက်ပြီ ဆိုရင် အချင်းချင်း မိတ်ဆွေတွေ ဖွဲ့ကြပြီး ဗင်ကူးဗားမြို့လယ်ကောင်က ဒီဂျေ တွေဘာတွေရှိတဲ့ ဘားတွေဆီကို ပါတီပွဲ ဆင်နွှဲရအောင် သွားကြဖို့ သူတို့ စိုင်းပြင်းနေကြပြီ။ ဒီကွန်ဖရင့်ကို လာတက်တဲ့ ဆရာဝန် တစ်ယောက်က “ဒီပွဲမှာ မိတ်ဆွေတွေ ရှာတယ် အပေါင်းအသင်းတွေ ဖြစ်ကုန်ကြတယ်၊ ဒါက

အခွင့်အရေး တစ်ရပ်ဆိုတာ Read More »

AI စီစဉ်ပေးတဲ့ ဘရူဂဲစ် အပန်းဖြေ ခရီး

ခရီးသွားဖို့ စီစဉ်ရတာက အလုပ်ရှုပ်ဆုံးအပိုင်းပဲ။ ဘယ်သွား၊ ဘယ်လာ၊ ဘယ်တည်း၊ ဘာစားရမှန်း မသိတာနဲ့တင် အချိန်တွေကုန်နေ တတ်တာပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ AI လုပ်ငန်းတွေဖြစ်တဲ့ OpenAI က Operator နဲ့ Anthropic က Claude တို့လို ခရီးစဉ် စီစဉ်ပေးနိုင်တဲ့ AI တွေ ပေါ်လာပြီဆိုတော့ ခေါင်းစားစရာမလိုတော့ဘူးလို့ ဆိုတယ်။ Anthropic ရဲ့ Claude AI မှာ “ကွန်ပျူတာ သုံးနိုင်တဲ့ စွမ်းရည်” (Computer Use) ဆိုတာ လူတွေလိုပဲ ကွန်ပျူတာ screen ကိုကြည့်ပြီး mouse ရွှေ့တာ၊ click နှိပ်တာ၊ စာရိုက်တာမျိုးတွေ လုပ်နိုင်တာကို ပြောတာပါ။ ဒါဟာ AI ကိုယ်တိုင်က အင်တာနက်ပေါ်က

AI စီစဉ်ပေးတဲ့ ဘရူဂဲစ် အပန်းဖြေ ခရီး Read More »

မားဒေါ့ မိသားစုအမွေ ဆက်ခံသူ

အနှစ်သုံးဆယ်လောက်ကြာတဲ့ အလုပ်အင်တာဗျူး စာရှုသူ ကြားဖူးပါသလား။ တကယ့်အပြင်ဘက်က အနှစ် ၃၀ ကြာခဲ့တဲ့ လူရွေးပွဲ ကြီးက အခုတော့ ပြီးဆုံးသွားပါပြီ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့ အငြင်းပွားမှုတစ်ခု ပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့ တယ်လီဗီးရှင်းနဲ့ သတင်းစာလုပ်ငန်း များစွာကို အင်ပါယာကြီးရဲ့ ပိုင်ရှင် ယခုအသက် ၉၄ နှစ်ရွယ် သူဋ္ဌေးကြီး ရူးပတ်မားဒေါ့ မရှိတော့တဲ့အခါ အမွေဆက်ခံသူ ဘယ်သူဖြစ်မလဲဆိုတာ စက်တင်ဘာလ ၈ ရက်နေ့က မားဒေါ့မိသားစုက ကြေညာ သွားခဲ့ပါတယ်။ ဒီလို အကြာကြီး ရှုပ်ထွေးပွေလီတဲ့ ကိစ္စကြီး ပြီးသွားတဲ့အခါ ထွက်ပေါ်လာတဲ့ အမွေဆက်ခံသူက မားဒေါ့ရဲ့ သားသမီးခြောက်ယောက်အထဲက တတိယအကြီးဆုံးဖြစ်သူ လက်ကလဲန် မားဒေါ့ပဲဖြစ်ပါတယ်။ လက်ကလဲန်ဟာ ဒေါ်လာ ၄၂ ဘီလီယံ တန်ဖိုးရှိတဲ့ ဖောက်စ် နဲ့ နယူးစ်ကော့စ်

မားဒေါ့ မိသားစုအမွေ ဆက်ခံသူ Read More »

ဩစကာဝိုင်း၏ “ဘုရင်ကိုချစ်မိလို့”

“ဩစကာဝိုင်းနှင့် ဦးချန်ထွန်း” အမည်နှင့်ဆောင်းပါးတစ်စောင်ကို ၁၉၈၂ ခု စက်တင်ဘာစန္ဒာရုပ်စုံမဂ္ဂဇင်းမှာ ဆရာတိုက်စိုးရေးဖူးသည်။ ဆရာ၏ “စာရေးစားပွဲပေါ်က ပုံရိပ်များ” ဆောင်းပါးပေါင်းချုပ်ထဲ ယင်းဆောင်းပါးကို ထည့်သွင်းပုံနှိပ်ထား သည်။ (၂၀၀၅ ဩဂုတ်၊ စာအုပ်စျေး) ဩစကာဝိုင်းကွယ်လွန်ပြီးနှစ်ပေါင်း ၂၀ ကျော်သည့်တိုင် တစ်ကြိမ်တစ်ခါမျှပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးသည့်ပြဇာတ်တစ်ပုဒ်အကြောင်းရေးထားတဲ့ဆောင်းပါးဖြစ်သည်။ ဒီပြဇာတ်က ဗမာပြဇာတ်ဟုအမည်တပ်ထားသော်လည်း တကယ်ကရခိုင်နောက်ခံပြဇာတ်၊ ဇာတ်လမ်းကိုပြောပြသူက ရခိုင်အမျိုးသားဦးချန်ထွန်း။ ဩစကာဝိုင်းကွယ်လွန်ပြီး ကာလအတန်ကြာမှ ဒီပြဇာတ်စာမူကိုပုံနှိပ်ခွင့်ပြုခဲ့သူကလည်း ဦးချန်ထွန်း၏ဇနီးသည် အိုင်းရစ်လူမျိုးဝတ္ထုရေးဆရာမ။ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာ ဩစကာဝိုင်းလို ပုဂ္ဂိုလ်ကျော်က အာရှအရှေ့ဖျား မြန်မာနိုင်ငံက ရခိုင်ဘုရင် တစ်ပါးရဲ့ အချစ်ဇာတ်လမ်းကို ပြဇာတ်အဖြစ် ရေးဖွဲ့တယ် ဆိုတာစိတ်ဝင်စားဖို့မကောင်းပေဘူးလားဗျာ။ ဩစကာဝိုင်း (၁၈၅၄-၁၉၀၀) နှင့် ဦးချန်ထွန်း / ဦးချန်ထွန်းဇနီးတို့ ဘယ်လိုဆက်စပ်ပတ်သက်ခဲ့ပါလိမ့်။ ဒီပြဇာတ်ကို သူသက်ရှိထင်ရှားရှိစဉ်က ပုံနှိပ်ထုတ်ဝေခြင်းမရှိဘဲ ဘာ့ကြောင့်သူသေမှပုံနှိပ်ခဲ့ပါလိမ့်။ ဆရာတိုက်စိုးဆောင်းပါး၌

ဩစကာဝိုင်း၏ “ဘုရင်ကိုချစ်မိလို့” Read More »