The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

အတိတ်ကို အတိတ်မှာ မထားခဲ့ချင်တဲ့ အင်ဒိုနီးရှား သမ္မတ

၁၉၉၇ ခုနှစ်တွင် အာရှ၏ ဘဏ္ဍာရေး အကျပ်အတည်းကြီး အင်ဒိုနီးရှားကို ရိုက်ခတ်လာသောအခါ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အင်ဒိုနီးရှားကို ဘဏ္ဍာရေး အကူအညီ ထုတ်ပေးခဲ့သည်။ ထို IMF ထုတ်ချေးငွေကြောင့် အင်ဒိုနီးရှား ငွေကြေးအကျပ်အတည်းမှ လျင်မြန်စွာ ကျော်လွှားနိုင်ခဲ့သည်။ တကယ်တော့လည်း အင်ဒိုနီးရှားကို ၁၉၆၇ ကတည်းက အုပ်ချုပ်လာခဲ့သော အာဏာရှင် ဆူဟာတိုသည် နိုင်ငံစီးပွားရေးကို စီမံလုပ်ဆောင်ရန် အရည်အချင်း ပြည့်ဝသော အမေရိကန် တက္ကသိုလ်ကျောင်းထွက် ပညာရှင်များကို ခန့်ထား၍ ၎င်းတို့၏ အကြံဉာဏ်အတိုင်း ဆောင်ရွက်ခဲ့ရာ အင်ဒိုနီးရှားသည် အနှစ် ၃၀ အတွင်း လျင်မြန်စွာ တောက်လျှောက် စီးပွားရေး တိုးတက် ဖွံ့ဖြိုး လာခဲ့သည်။ ထိုနှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း အာဏာရှင် […]

အတိတ်ကို အတိတ်မှာ မထားခဲ့ချင်တဲ့ အင်ဒိုနီးရှား သမ္မတ Read More »

ဦးခေါင်းတစ်လုံး၏ မျက်နှာ နှစ်ဖက်လေလား၊ လက်တွေ့ကျ မူဝါဒလေလား

အစိုးရတပ်ဖွဲ့တွေ အနေနဲ့ မကြာသေးခင်က ဆီးရီးယားနိုင်ငံ အနှံ့အပြားမှာ အရုဏ်တက် စီးနင်းတိုက်ခိုက်မှုတွေ တစ်ခုပြီးတစ်ခု ဆိုသလို လုပ်လာတဲ့အတွက် ဘယ်သူ့ကို ဦးတည်ဆောင်ရွက်နေသလဲဆိုတာကို မေးခွန်း ထုတ်ရမလို ဖြစ်လာပါတယ်။ ဆီးရီးယားနိုင်ငံ အနောက်ဘက်မှာရှိတဲ့ ဟုမ်းစ် (Homs) မြို့မှာ မျက်နှာဖုံးတွေ တပ်ထားတဲ့ သေနတ်သမားတွေ သယ်ဆောင်လာတဲ့ အမိုးဖွင့် ထရပ်ကား ငယ်တန်းကြီးဟာ ခရစ်ယာန်တွေ နေထိုင်တဲ့ အပိုင်းကို ဒရောသောပါး ရုတ်ရုတ်သဲသဲ ဝင်လာပါတယ်။ ဒီကားပေါ်မှာ ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ “အစ္စလာမ် နိုင်ငံတော်” (Islamic State – IS) ရဲ့ အဖွဲ့ဝင် ၇၀ ကျော်ကို ဖမ်းဆီးထားပါတယ်။ အာမက် အယ်ရှာရာ (Ahmed al-Sharaa) နဲ့ သူ့အပေါ်

ဦးခေါင်းတစ်လုံး၏ မျက်နှာ နှစ်ဖက်လေလား၊ လက်တွေ့ကျ မူဝါဒလေလား Read More »

ကိုလက်စထရောကျစေဖို့ ဘာတွေစားရမှာလဲ

ကိုလက်စထရောကျဖို့ဆိုရင် သတ်သတ်လွတ်စားတာ၊ အစေ့အဆန်တွေနဲ့ ပဲပုပ်ပဲတွေက ကောင်းတယ်ဆိုပဲ ဘဝမှာ အချိန်တစ်ချိန်ရောက်လာပါလိမ့်မယ်။ အထူးသဖြင့် သက်လတ်ပိုင်း အရွယ်တစ်ခုခုမှာပေါ့။ ဆရာဝန်က သူ့ရဲ့ မျက်မှန်ပေါ်ကနေ ကျော်ကြည့်ပြီးတော့ “ခင်ဗျားရဲ့ သွေးထဲမှာ ကိုလက်စထရောတွေ များနေတယ်” လို့ ပြောလာလိမ့်မယ်။ အမိန့်တစ်ခုချလိုက်သလို၊ ခြိမ်းခြောက်သလိုလိုနဲ့။ အမှန်ကတော့ စားမြဲသွားမြဲ လုပ်မြဲလုပ် မနေတော့ဘဲ ကျန်းမာရေးအတွက် တစ်ခုခု အကြီးကြီးပြောင်းဖို့ လိုအပ်နေတယ်ဆိုတဲ့ သတိပေးချက် တစ်ခုပါ။ ဆရာဝန်ပြောတဲ့ ကိုလက်စထရောဆိုတာ အင်္ဂလိပ်လို Low Density Lipoprotein – LDL လို့ခေါ်တဲ့ မကောင်းတဲ့ အဆီများ များနေတာကို ဆိုလိုတာပါ။ ဒီလို LDL တွေများနေပြီဆိုရင် သွေးကြောပိတ်တာတွေ ဖြစ်နိုင်တယ်၊ အဲဒါကနေ သွေးကြောထဲကို သွေးစီးဆင်းမှုနည်းလာပြီး နှလုံးရောဂါနဲ့ လေဖြတ်တာတွေအထိ

ကိုလက်စထရောကျစေဖို့ ဘာတွေစားရမှာလဲ Read More »

စီမံခန့်ခွဲမှုပညာ

စီမံခန့်ခွဲမှုဆိုတာ ပညာရပ်တစ်ခုလား။ စီမံခန့်ခွဲမှုအလုပ်လုပ်ဖို့အတွက် အတတ်ပညာတစ်ရပ်ရယ်လို့ သီးသန့် လိုအပ်မှု ရှိသလား။ ဒီမေးခွန်းမျိုးတောင် မေးသင့်တယ်ထင်ပါရဲ့။ လူနာတွေကိုဆေးကုသတယ်ဆိုတဲ့အလုပ်ဟာ ဆရာဝန်တွေ၊ သမားတော်တွေရဲ့အလုပ်ဖြစ်ပါတယ်လို့ ပြောလိုက်ရင် ဘယ့်နှယ်စကားမျိုးကိုများအထူးတဆန်းလုပ်ပြီး ဆိုလိုက်ပါလိမ့်ဆိုပြီး အံ့အဲဘနန်း စူးစမ်း အကဲခတ်တဲ့ အကြည့်မျိုးတွေနဲ့ ကြည့်ကြမှာပါ။ အိုးအိမ်တိုက်တာတွေဆောက်လုပ်တယ်၊ လမ်းတံတား အဆောက်အအုံတွေ ဆောက်လုပ်တယ်ဆိုတာ အင်ဂျင်နီယာတွေ၊ ဗိသုကာတွေရဲ့အလုပ်ဖြစ်ပါတယ်လို့ ဆိုလိုက်ပြန်ရင်လည်း ထိုနည်း လည်းကောင်းပဲဖြစ်မှာပါပဲ။ ဒီလူ့နှယ်၊ မထူးတာကိုအဆန်းလုပ်၊ ရှင်းနေတာကို ရှုပ်အောင်လုပ်ပြီး အရည်မရအဖတ်မရ ပြောတတ်ပလေတယ်ဆိုပြီး တမဲ့တရွဲ့ချီးမွမ်းထောမနာပြုကြမှာပါ။ တကယ့်တကယ်တမ်းကျတော့ အခုအချိန်မှာသာအထူးတဆန်းဖြစ်နေတာပါ။ ရောဂါဝေဒနာရယ်လို့ ဖြစ်လာရင် ဆရာဝန်တွေ၊ သမားတော်တွေနဲ့ကုမှ နည်းမှန်လမ်းမှန်ပျောက်ကင်းနိုင်မယ့်အကြောင်း၊ အိုးအိမ် တိုက်တာရယ်လို့ ဆောက်တော့မယ်ဆိုရင် ဗိသုကာတွေ၊ အင်ဂျင်နီယာတွေနဲ့ဆောက်မှ ခိုင်ခံ့လှပမှုအတွက် အာမခံချက် ပေးနိုင်မယ့် အကြောင်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သတင်းစကားလက်ဆင့်ကမ်းခဲ့ကြရတာက

စီမံခန့်ခွဲမှုပညာ Read More »

ဖောင်းပွလာတဲ့ အိတ်ချ်အာ

အိတ်ချ်အာ ဌာနကို အေအိုင်က ထိန်းချုပ်နိုင်မလား အိတ်ချ်အာ ဆိုတာ အင်္ဂလိပ်စကား Human Resources – ဝန်ထမ်းရေးရာ လို့ခေါ်ကြတဲ့ ဌာနကို အတိုကောက် – HR ကို ဆိုလိုပါတယ်။ HR လို့အစဥ်အဆက် ခေါ်လာနေရာကနေ အခုနောက်ပိုင်းတော့ people management လို့လည်း ခေါ်ရဲ့ အချို့ နေရာ ဌာနတွေမှာ people and culture လို့လည်း ခေါ်ကြပြန်ပါတယ်။ ဒါက အရေး မကြီးပါဘူး သုံးသပ်ချက်များအရ လုပ်ငန်းကြီးကြီး တွေမှာ အိတ်ချ်အာ ဌာနက တဖြည်းဖြည်းနဲ့ ဖောင်းပွကြီးထွားလာပါတယ်တဲ့။ ဒီလိုဖြစ်လာတာဟာ သူတို့ လုပ်ငန်း ကဏ္ဍတွေ ကလည်း ရှုပ်ထွေးလာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံက

ဖောင်းပွလာတဲ့ အိတ်ချ်အာ Read More »

ရာမြွန် သို့မဟုတ် ကိုရီးယား ခေါက်ဆွဲပြုတ် စပ်စပ်

K-Pop အောင်မြင်တာနဲ့အမျှ ရာမြွန်ခေါက်ဆွဲရောင်းအား တစ်ကမ္ဘာလုံး တက်လာနေ ကမ္ဘာကျော် ဂီတကြယ်ပွင့် အဆိုတော်တိုင်းမှာ ဖျော်ဖြေပွဲမစခင် လုပ်လေ့ရှိတဲ့ အလေ့အထလေးတွေ ရှိပါတယ်။ ဘီယွန်စေး (Beyoncé) က နှိပ်နယ်ပေးတဲ့ကုလားထိုင်မှာ ထိုင်ပါတယ်။ ဆယ်လီနာ ဂိုမက်ဇ် (Selena Gomez) က သံလွင်ဆီတစ်ဇွန်းကို မျိုချပါတယ်။ ဟန့်တာ/အိတ်စ် (HUNTR/X) အဖွဲ့ဝင်တွေဖြစ်တဲ့ ရူမီ (Rumi)၊ မီရာ (Mira) နဲ့ ဇိုဝီ (Zoey) တို့ကတော့ ရာမြွန် (ramyeon) ခေါက်ဆွဲပြုတ် စားပါတယ်။ HUNTR/X ဆိုတာ တကယ်ရှိတဲ့ အဖွဲ့တော့ မဟုတ်ပါဘူး။ ‘KPop Demon Hunters’ လို့ခေါ်တဲ့ ကာတွန်းကား (Animated Film) ထဲက စိတ်ကူးနဲ့ ဖန်တီးထားတဲ့ K-Pop

ရာမြွန် သို့မဟုတ် ကိုရီးယား ခေါက်ဆွဲပြုတ် စပ်စပ် Read More »

အာဂအမေ

(၁) ဆရာမကြီး ဒေါ်မြင့်မြင့်ခင်နှင့် သူ့တစ်ဦးတည်းသောသားကိုမြင့်ဇံတို့ဆက်ဆံရေးက စိတ်ဝင်စားဖို့  ကောင်းသည်။ မာမီကြီးကသားကွယ်ရာမှာကိုမြင့်ဇံဘယ်လိုတော်ကြောင်း၊ ဘယ်လိုစာဖတ်ကြောင်း၊ ဖတ်ထားသမျှဘယ်ပုံမှတ်မိကြောင်း မကြာမကြာပြောတတ်သည်။ ဒီအချိန်မှာ မာမီ့မျက်နှာက သားချစ်စိတ်နှင့်နူးညံ့နေသည်။ သို့ပေမဲ့ သားအမိချင်း မျက်နှာချင်း ဆိုင်လိုက်လို့ကတော့ သို့ကလိုမဟုတ်  တော့ပြီ။ ဒီသားအမိက အကြောင်းအရာတစ်ခုခုစပြောလိုက်ကတည်းက ခွန်းကြီးခွန်းငယ် အပြန်အလှန်ပြောကြတော့တာ။ စစချင်းတော့ ပုံမှန်အသံပါပဲ။ နောက်ပိုင်းကျတော့ အမေရော သားပါ အသံ volume တက်လာသည်။ နှစ်ဦးစလုံးက ဘာအကြောင်းအရာကိုမဆို တတ်သိနားလည်သူတွေ။ ပြီးတော့ နှစ်ဦးစလုံးကငြင်းရတာခုံရတာ ဝါသနာထုံသူတွေ။ မာမီကြီးက ငြင်းခုံရတာကို ဉာဏ်ကစားခြင်း တစ်မျိုး (Intellectual exercise) ဟုလက်ခံထားသူ။ ကိုမြင့်ဇံက ရှေ့နေ / ဥပဒေပညာရှင်။ မန္တလေးကို သားအမိနှစ်ဦးလာလည်စဉ်တုန်းက ကြုံရတာတစ်ခုကို မှတ်မိနေသည်။  မာမီက အရင်လာပြီး ကိုမြင့်ဇံက

အာဂအမေ Read More »

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး

၂၀၁၈ ခုနှစ်က စာတမ်းဖတ်ပွဲတစ်ခုတွင် သိပ္ပံဝတ္ထု စာရေးဆရာ လျူစီရှင်း (Liu CiXin) ကို စာပေပညာရှင် ပါမောက္ခ ဂျွန်ပလော့ က စကားပြန် ပူဝမ်နှင့်အတူ မေးမြန်း ပြောဆိုသည်များကို ဆီလျော်အောင် ဘာသာပြန် ထားခြင်း ဖြစ်သည်။ လျူစီရှင်းမှာ Hugo Award အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည့် ကမ္ဘာကျော် “ကြယ်သုံးစင်းပုစ္ဆာ (The Three-body Problem)” သုံးအုပ်တွဲဝတ္ထုများအပြင် အခြား သိပ္ပံဝတ္ထုတို၊ ဝတ္ထုရှည် များစွာကို ရေးသားခဲ့သူလည်း ဖြစ်သည်။ သိပ္ပံဝတ္ထုများအတွက် ပေးသော Hugo Award ကို အာရှသားများထဲမှ ပထမဆုံးရရှိသူလည်း ဖြစ်၏။ သူ၏ ဝတ္ထုလတ်တစ်ပုဒ်ဖြစ်သော “ခရီးသွားကမ္ဘာမြေ (The Wondering Earth)” ကို ရုပ်ရှင်ကားကြီးအဖြစ်

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး Read More »

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ

“ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသည့်အတိုင်း မျက်မှောက်ခေတ် ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်တို့၏ ကြိုးပမ်း ဆောင်ရွက် ချက်အစုစုတို့ကို မှတ်တမ်းတင်ပြုစုရန် ကျွန်တော်တို့တွင်တာဝန်ရှိ့သည် မှတ်တမ်းပြုသင့်သည် ပြုထိုက်သည်ဟုလည်း ယူဆ မိသည်။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်သည်ကိုမလုပ်မိလျင် နောင်ရာစုနစ်တခေတ် နောင်လာနောင်သားများ အတွက် ပိုမို၍ပင် အလှမ်းကွာဝေးနေပေလိမ့်မည်။ ယနေ့ ကျွန်တော်တို့ကြုံတွေ့နေရသည့် အခက်အခဲမျိုးထက် အဆ ပေါင်းများစွာ ကြီးထွား လာလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့ လက်ထက် လက်လှမ်းမီသမျှ ပန်းချီ ပန်းပု ဗိသုကာ ပညာရှင်တို့၏ အတ္ထုပ္ပတ္တိကို ပြည့်စုံသည်ဟု မဆိုသာသော်လည်း စာပေအဆောက်အအုံအဖြစ် ကျန်ရစ်စေရန် ရေးသားပြုစုခဲ့ပါသည်“ အထက်ပါ စကားစုကို ရေးသားခဲ့သူမှာ စာရေးသူ ညိုဝင်းရှင် (ခေါ်) ပန်းချီဆရာကြီး ဦးဉာဏ်ရှိန်ပင်ဖြစ်သည်။ ဆရာ၏ အနုပညာလောက အပေါ်ထားသည့်

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ Read More »

မှော်ရမ်းပွင့်ချိန်

ရုံးအားရက် တနင်္ဂနွေနေ့တစ်နေ့တွင် စာရေးရန် စိတ်ကူးစိတ်သန်း ထုတ်နေစဉ် အမေက စာအုပ်တစ်အုပ် လာပေးသည်။ အဖေ့စာအုပ်စင် ရှင်းလင်းရာမှ တွေ့လာပုံရသည်။ အဖေသာ သက်ရှိထင်ရှားရှိသေးလျှင် အသက်တစ်ရာ‌ကျော်ရော့မည်။ စာအုပ်မှာ သားရေဖုံး မှတ်တမ်းစာအုပ် ဖြစ်သည်။ ဟောင်းနွမ်းလှပြီ။ အပြင်က သားရေဖုံးအကောင်းစားဖြစ်၍သာ စာအုပ်အဖြစ် တည်တံ့ နေသည်။ စာအုပ်ကို လှန်လှောကြည့်သောအခါ အတွင်း စာရွက်များမှာ အထိပင် ကောင်းကောင်း မခံချင်။ ဆွေးမြည့်နေပြီ။ အချို့နေရာများတွင် ပိုးဖောက်ရာတွေ ပြည့်နေ၏။ အဖေ့လက်ရေးလက်သားမှာ ရှင်းလင်းပီသ၍ ဝိုင်းစက်လှပသည်။ သို့ရာတွင် မင်အရောင်မှာ မှေးမှိန် ဖျော့တော့နေပြီ။ အတော်ပင် အားယူ၍ ဖတ်ရ၏။ ပိုးဖောက်ရာများသော စာမျက်နှာများမှာ လုံးစေ့ပတ်စေ့ ဖတ်မရ တော့။ ရှေ့နောက်ဆက်စပ်၍သာ ဖတ်ရ၏။ ဖတ်ရင်းဖတ်ရင်းမှာပင် မဂ္ဂဇင်း အချို့၌

မှော်ရမ်းပွင့်ချိန် Read More »