တစ်ကိုယ်ကောင်းဆန်သင့် မဆန်သင့်
တစ်ကိုယ်ကောင်းဆန်ခြင်းဟာ စာရိတ္တပိုင်းအရ စဉ်းစားစရာဖြစ်ကြောင်း ငယ်စဉ်ကတည်းက ကျွန်တော်တို့ သင်ခဲ့ ရပါတယ်။ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက် ကြိုးစားတာက လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက် အကျိုးရှိကြောင်း ဒီနေ့ခေတ် ဘောဂဗေဒ သဘောတရားက ဆိုပါတယ်။ ကိုယ့်အတွက် ကိုယ်စဉ်းစားပြီး ချဉ်းကပ် တာက လူမှုကောင်းကျိုးချမ်းသာ အသားတင်တိုးလာဖို့ကို တကယ်ပဲ ပဉ္စလက်ဆန်ဆန် ဖြစ်စေသလား။ ဒါမှမဟုတ် ကိုယ်ကျိုးကြည့်ဖို့ရယ်၊ အကျိုးအမြတ်အများဆုံးရဖို့ရယ်အတွက် ပြောပေးသလိုဖြစ်နေတဲ့ စီးပွားရေး ပညာကို ကျွန်တော်တို့ သတိထားသင့်သလား။ ဒီမေးခွန်းဟာ ဘောဂဗေဒပညာရပ်ဆိုင်ရာ ငြင်းခုံပွဲတွေရဲ့ ဗဟိုချက် ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘောဂဗေဒဖခင်ကြီး အဒမ်စမစ် (၁၇၂၃-၉၀)1 နဲ့ စတာက အသင့်လျော်ဆုံးပါပဲ။ သူ့ရဲ့ နိုင်ငံများ၏ ဓနဥစ္စာ (၁၇၇၆) ဆိုတဲ့ နာမည်ကျော် […]
တစ်ကိုယ်ကောင်းဆန်သင့် မဆန်သင့် Read More »








