The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

စစ်ပြင်နေရတဲ့ ဥရောပ

ဥရောပသမဂ္ဂရဲ့ ရုံးစိုက်ရာ မြို့လည်းဖြစ်တဲ့ အပြင်နေတိုး (NATO) ခေါ်  မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ရဲ့ တည်ရှိတဲ့အပြင်  နိုင်ငံတကာ မြို့တော်တစ်ခုဖြစ်တဲ့ ဘရပ်ဆဲလ်မြို့ရဲ့ အမည်စာလုံးတွေကို  လက်နှိပ်စက်ရိုက်မယ်ဆိုရင်တောင်  မျက်စိနောက်စရာ ကောင်းသလို  စစ်ပွဲဆင်နွှဲတော့မယ့် ပြင်ဆင်နေတဲ့ မြို့တစ်မြို့သဖွယ်လည်း ခံစားရပါတယ်။ စက်တင်ဘာ (၁၀) ရက်နေ့က  ပြည်ထောင်စု  အခြေအနေပြ မိန့်ခွန်း တစ်ရပ်ကို  ပြောခဲ့ရာမှာတော့  ဥရောပသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့နဲ့  အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင် (European  Commission) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ  အာဆူလာ ဘွန် ဒါလေယန်က ဥရောပဟာ စစ်ပွဲ ဆင်နွှဲနေရပြီလို့  ပြောခဲ့ပါတယ်။ အင်အားအပေါ် အခြေခံတဲ့  ကမ္ဘာကြီးရဲ့ ပုံစံအသစ် တစ်ခုအတွက် စစ်ကြောင်းတွေကို ယခုပဲ ရေးဆွဲ ပြီးခဲ့ပါပြီလို့ ပြောခဲ့တယ်။ […]

စစ်ပြင်နေရတဲ့ ဥရောပ Read More »

ကြပ်ကြပ်သတိထား နိုင်ဂျီးရီးယား

“ကျွန်တော်တို့ နိုင်ငံကို ကျူးကျော်သိမ်းပိုက်ဖို့ အမေရိကန်သမ္မတက စဉ်းစားနေတယ် ကြားရတော့ ကျွန်တော်တို့ ရှော့ခ် ရသွားတယ်” နိုင်ဂျီးရီးယားရီးယားသမ္မတ ဘိုလာတီနူဘူရဲ့ ပြောရေးဆိုခွင့်ရှိသူ က  CNN သတင်းဌာနကို ပြောခဲ့တာပါ။ ရလည်း ရလောက်ပါပေတယ်။ အာဖရိကမှာ လူဦးရေအများဆုံး နိုင်ငံ ဟာ သူ့ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ အမေရိကန်နိုင်ငံကြီးကို ဘာခြိမ်းခြောက်မှုမျိုးမှ မလုပ်ခဲ့ပါဘူး။ နိုင်ဂျီးရီးယားသားတွေက ထရမ့်ကို အကြီးအကျယ်ထောက်ခံသူတွေပါ။ ဒီနှစ် စစ်တမ်းတစ်ခုမှာ ၇၉ % သော နိုင်ဂျီးရီးယားတွေက ထရမ့်ဟာ ကမ္ဘာ့အရေးမှာ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်လို့ ယုံကြည် ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ပြူး သုတေသနဌာနက နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ စစ်တမ်းကောက်ရာမှာ ရရှိတဲ့ အကြီးဆုံး ထောက်ခံမှုပါ။ ဒါပေမဲ့ ထရမ့်က သိနေတယ်။

ကြပ်ကြပ်သတိထား နိုင်ဂျီးရီးယား Read More »

ဘယ်ကလာလို့ ဘယ်ကိုသွားမလဲ AI

ဒေတာစင်တာ (Data Center) ကြီးများ လွှမ်းမိုးလာခြင်း အမေရိကန်မြို့အတော်များများကနေ ဘယ်ဘက်ကိုပဲသွားသွား မကြာခင်မှာ ဒေတာစင်တာ (Data Center) တစ်ခုဆီကို ရောက်လာပါလိမ့်မယ်။ အဲဒီ ဒေတာစင်တာတွေက အဖြူရောင်သေတ္တာကြီးတွေနဲ့တူပြီး မီးစက်တွေနဲ့ ထောင်ဝင်းလို ခြံစည်းရိုးတွေနဲ့ ဝန်းရံထားလေ့ရှိပါတယ်။ ဉာဏ်ရည်တု (AI – အေအိုင်) ထုတ်လုပ်ဖို့ အတွက် ဒေတာစင်တာ တွေဟာ အမေရိကန်ရဲ့ စက်ရုံအသစ်တွေ ဖြစ်လာနေပါတယ်။ ဒီစင်တာတွေမှာ အချက်အလက်တွေကို စားသုံးကာ ဉာဏ်ရည်တု (AI) ကို ထုတ်လုပ်ပေးပါတယ်။ AI Data Center ဆိုတာက Artificial Intelligence (AI) နည်းပညာအတွက် အထူးပြုလုပ်ထားတဲ့ ကွန်ပျူတာ စနစ်ကြီးတွေ ထားရှိရာ နေရာ (အဆောက်အအုံ) ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ

ဘယ်ကလာလို့ ဘယ်ကိုသွားမလဲ AI Read More »

အနာဂတ်မှာ ဉာဏ်ရည်တု အေအိုင်က လူသားတွေနေရာကို အပြည့်အဝ အစားထိုးနိုင်မှာလား

အေအိုင်က လူသားတွေနေရာ အပြည့်အဝ အစားထိုးတာဖြစ်မလားဆိုတဲ့ မေးခွန်းအပေါ် သုံးသပ်ချက်ကို မဖော်ပြခင် လူသား ဝန်ထမ်းတွေနေရာကို အေအိုင် အစားထိုး အသုံးပြုနိုင်ခဲ့တဲ့ နာမည်ကျော် ကုမ္ပဏီကြီးတွေထဲကမှ ကုမ္ပဏီ ငါးခု အကြောင်း ကနဦး အနေနဲ့ ဖော်ပြပါရစေ။ Amazon ကမ္ဘာ့နာမည်အကြီးဆုံး အွန်လိုင်းဈေးဝယ်နိုင်တဲ့ ဝက်ဘ်ဆိုက် (website) အပါအဝင် ဈေးကွက် စီးပွားရေးနဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်းတွေပါ လုပ်ဆောင်နေတဲ့ အမေဇုံကုမ္ပဏီရဲ့ စီအီးအို အန်ဒီဂျာစီ (CEO Andy Jassy) က အေအိုင်ကို ကုမ္ပဏီ လုပ်ငန်းတွေမှာ အသုံးချခဲ့ခြင်းက ထိရောက်မှု ရှိခဲ့တာကြောင့် “ဝန်ထမ်းအင်အား လျှော့ချရန်အစီအစဉ်ရှိကြောင်း” ကုမ္ပဏီ အတွင်း ကြေညာခဲ့အပြီး ၂၀၂၅ ခုနှစ်‌ အောက်တိုဘာလမှာ ဝန်ထမ်း အယောက်

အနာဂတ်မှာ ဉာဏ်ရည်တု အေအိုင်က လူသားတွေနေရာကို အပြည့်အဝ အစားထိုးနိုင်မှာလား Read More »

ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် အေအိုင်

AI က အတိတ်က ထွက်ပေါ်လာခဲ့တဲ့ နည်းပညာများနည်းတူ တန်းတူညီမျှ‌တဲ့ ယှဉ်ပြိုင်ခွင့်ကို ပေးပါတယ် အီလီတန်ဒေ (Elly Ntonde) က ယူဂန္ဓာနိုင်ငံ ဘူဒွန်ဒို (Budondo) ရွာမှာ ဓာတုဗေဒ စာမေးပွဲ ဖြေဆိုဖို့ စာကျက်နေပါတယ်။ ဒီရွာလေးက လမ်းတွေမှာ ပလက်ဖောင်းများ မရှိပါဘူး။ ရေပိုက်လိုင်းတွေလည်း မရှိပါဘူး။ မီးကတော့ လာတစ်လှည့် ပျက်တစ်လှည့်ပါ။ ဒါပေမဲ့ အသက် ၁၈ နှစ်အရွယ် အီလီတန်ဒေ က သတ္တုတွေ အက်ဆစ်နဲ့ ဘယ်လို ဓာတ်ပြုလဲ သိရှိဖို့ လေ့လာတဲ့အခါ ကမ္ဘာ့ အဆင့်မြင့်ဆုံး ဆရာတစ်ယောက်က လက်နဲ့ သုံးလေးချက် တို့လိုက်တာနဲ့ ရောက်လာပါတယ်။ သူက ဈေးဆိုင်လေးဆီ လမ်းလျှောက်သွားပြီး အင်တာနက် ဒေတာ ၁၀၀ မီဂါဘိုက်

ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် အေအိုင် Read More »

မြန်မာ့ရှေးရိုးစဉ်လာ လက်ဖက်စားသုံးခြင်းဓလေ့နှင့် လက်ဖက်ယဉ်ကျေးမှု

နိဒါန်း လက်ဖက်သည် အနံ့ပါသော အရွက်တစ်မျိုးဖြစ်သည်။ လက်ဖက်ယဉ်ကျေးမှု စတင် ထွန်းကားခဲ့ သည်မှာ အာရှတိုက်မှဖြစ်သည်။ တရုတ်နိုင်ငံတွင် လက်ဖက်ခြောက် (အခါးခြောက်) ယဉ်ကျေးမှု ထွန်းကား ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် လက်ဖက်ခြောက် (အချိုခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ ကမ္ဘာပေါ်ရှိ လက်ဖက် ယဉ်ကျေးမှုများအနက် မြန်မာနိုင်ငံရှိ လက်ဖက် ယဉ်ကျေးမှုမှာ ထူးခြားသည်။ မြန်မာ့ရိုးရာ လက်ဖက်ယဉ်ကျေးမှုတွင် လက်ဖက်ကို လက်ဖက်စိုနှင့် လက်ဖက်ခြောက်အဖြစ် သုံးသည်ကို တွေ့နိုင်သည်။ လက်ဖက်စားခြင်းဓလေ့သည် မြန်မာတို့၏ရိုးရာယဉ်ကျေးမှု ရှေးထုံးစဉ်လာ တစ်ရပ်ပင် ဖြစ်ပါသည်။ “လက်ဖက်”ဟုဆိုလျှင် မြန်မာလူမျိုး တို့သည် “လက်ဖက်စို”ဟု နားလည်ကြလေသည်။ မြန်မာပြည်တွင် လက်ဖက်အစို နှင့် လက်ဖက်​ခြောက် နှစ်မျိုး လုံးကို အသုံးပြု လျက်ရှိသည်။ အထူးသဖြင့် လက်ဖက်စိုမှာ ရိုးရာအလိုက်ပွဲဝင်သော

မြန်မာ့ရှေးရိုးစဉ်လာ လက်ဖက်စားသုံးခြင်းဓလေ့နှင့် လက်ဖက်ယဉ်ကျေးမှု Read More »

အဲလ်ဖရက်နိုဘယ်ရဲ့ဒုတိယအမှား

တလောက နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် ရစ်ချက်ဖိုင်းမင် (Richard Feynman) ၏ “Surely You’re Joking, Mr. Feynman!” (ဧပြီ၊ ၁၉၈၉။ Bantam trade edition) ဖတ်ရသည်။ မြန်မာပြည်မှာ ဆရာကိုတာကြောင့် လူသိများလာတဲ့ ရူပဗေဒပညာရှင်။ ယင်းစာအုပ်ထဲမှ Alfred Nobel’s Other Mistake ဆိုသည့်အခန်းကို ကောက်နုတ်ပြန်ဆိုပါသည်။ (၁) ကျွန်တော့်သူငယ်ချင်း မက်ဆင်းစ်က “အဲလ်ဖရက်နိုဘယ်၏ ဒုတိယအမှား” ဟု အမည်ပေးထားသည့် စာအုပ်တစ်အုပ်ရေးဖို့ တစ်ချိန်က ကြံစည်ခဲ့ဖူးသည်။ နိုဘယ်ဆု ကြေညာသည့် ရာသီရောက်လာတိုင်း ဘယ်သူများရလေမလဲဟု နှစ်အတော်ကြာကြာ ကျွန်တော် စောင့်ကြည့် ခဲ့ဖူးသည်။ အဲသည်နောက်ပိုင်း နိုဘယ်ရာသီ ရောက်ပြီ၊ မရောက်ပြီ ကျွန်တော်အာရုံမထားမိတော့ပြီ။ ထို့ကြောင့် တစ်မနက်ခင်း စောစောစီးစီး

အဲလ်ဖရက်နိုဘယ်ရဲ့ဒုတိယအမှား Read More »

အရောင်ကမ္ဘာထဲမှ အရောင်များသို့

တစ်နေ့ တစ်နေ့ စာဖတ်ဖြစ်ဖို့အတွက် စာအုပ်ရှာရသည်က ရွှေရှာရသည်ထက်ဆိုးသည်။ “သူငယ်ချင်းများက မင်းမှာ ဒီလောက် စာအုပ်အများကြီးရှိနေတာကို ကုန်အောင်ပဲဖတ်စမ်းပါဦး” ဟု ဆိုကြသည်။ သူတို့မသိသည်က ဖတ်ချင် သည့်စိတ်နှင့် ဖတ်မည့် စာအုပ်တို့မင်္ဂလာပွဲမကျင်းပနိုင်ဘဲ ဖတ်၍မဖြစ်ဆိုသည်ကိုပင်။ စာအုပ်ကများသော်လည်း ကိုယ်သူကို့ချစ်သည့်စိတ်မဖြစ်လာပဲ ဘယ်လိုမှဖတ်၍မဖြစ်ပေ။ ထိုအပြင်လက်ရှိတောင့်တနေသည့်ဆန္ဒအတွက် ရေတစ်ခွက်လိုဖြစ်ဖို့လည်းလိုပေသည်။ ကိုယ့်တွင်ရှိသည်က စာအုပ်အဟောင်းများကများသည်။ အာသံ နိုင်မော်ကွန်းတို့၊ နတ်သျှင်နောင်ရတုတို့၊ ဦးပုညမေတ္တာစာတို့ကို အကြောင်းကိစ္စအထူးအထွေမရှိပဲနှင့် သွားပြန်ဖတ်ဖို့ရာအ တွက်အတော်လေးပင်ခက်ခဲသည်။ ဤနေရာတွင် ဆရာမောင်သာနိုး ကို အားကျမိသည်။ ဆရာက “ကျွန်တော်က နတ်သျှင်နောင် ရတုတွေကို မကြာမကြာပြန်ဖတ်တယ်”ဟု ဆိုခဲ့ဖူးသည်ကိုပင်။ ယနေ့ခေတ် ယနေ့ အခြေအနေနှင့် မကိုက်ညီသည့် အပြင် နတ်သျှင်နောင်တို့ခေတ်ကို အချိန်ယန္တရား နောက်ပြန်ဆွဲ၍ ခံစားရမည်ကို ကျွန်တော့်အတွက် အတော်လေး ခက်ခဲသည့်ကိစ္စတရပ်ဟုပင်ဆိုရပေမည်။ စာတစ်ပုဒ်အတွက်

အရောင်ကမ္ဘာထဲမှ အရောင်များသို့ Read More »

အချစ်အလွမ်း နှစ်တစ်သန်း

ဤတောင်တန်းမှ လှမ်း၍မျှော်လျှင် သစ်ပင်တောအုပ်တို့ ဝေဝေဆာ ဆာ၊ အင်းအိုင်ချောင်းမြောင်းတို့ ထွေးရောယှက်တင်၊ ရေတသွင်သွင် စီးဆင်း နေသော မြစ်ကြီးတစ်စင်းက ကွေ့ဝန်းရစ်ခွေ။ ထိုတောထိုတောင် ထိုဒေသသို့ အဝေးကသာ လွမ်းရသည်။ နယ်စိမ်းပယ်စိမ်းမို့ မသွားရဲ။ ပြောရလျှင် အုပ်စု နှင့်သာ လှုပ်ရှားတတ်သူများမို့ သင်းကွဲအဖြစ်မခံနိုင်။ သင်းကွဲတစ်ယောက် ၏ ရပ်တည်မှုသည် ရေရှည်မခိုင်မြဲချေ။ အုပ်စုတစ်စုနှင့်တစ်စု ထိပ်တိုက်ရင် ဆိုင်တိုက်ပွဲများ ဖြစ်လေ့ဖြစ်ထရှိသည်။ အုပ်စုတိုက်ပွဲ အတွင်း ကြေမွသွားမည့် ပန်းလေးတစ်ပွင့်ကို တစ်ဖက်အုပ်စုက မကြုံဖူးမြဲ ထူးကဲစွာ ကရုဏာဖြင့် ရှင်သန်ခွင့်ပေးခဲ့သည်။ ဖြောင့်ဖြောင့်ဖြူးဖြူး ရှင်သန်ခွင့်တော့မဟုတ် အုပ်စု အတွင်း မလုပ်ချင်သော အလုပ်များကို လူးသာအနေဖြင့် ဒိုင်ခံလုပ်ရသည်။ အန္တရာယ်ကြီးသော ကျား၊ ကျားသစ်နှင့် တောကောင်ကြီးကြီးတွေကို ရှေ့မှ အသေခံ တိုက်ခိုက်ရသည်။

အချစ်အလွမ်း နှစ်တစ်သန်း Read More »

ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင်

“မိုးမာယာတွေက တိမ်ပလီတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ရွာယောင်ဟန်ပျိုးပေမယ့် မိုးကတော့ တစ်ပေါက် နှစ်ပေါက်တောင် အားနာပါးနာ ကျမလာပါဘူး၊ ရွာမယ်ဆိုရင်လည်း မိုးပြေးကလေး ရယ်သွမ်းသွေးသလို အပြေးအလွှား မစို့မပို့ ရွာမပြေးပါနဲ့၊ ချစ်မိုးကြီးသွန်းဖြိုးလို့ရွာ တစ်မိုးလုံး အိပြီးပြိုကျ လိုက်စမ်းပါ” တိမ်မည်းညိုလေးတွေ တစ်လိပ်ပြီးတစ်လိပ် ပြေးလွှား နေသည့် မိုးကောင်းကင်နောက်ခံ ဖြင့် ပြဇာတ်မင်းသား ဝင်းသူ၏ အာဝဇ္ဇန်းရွှင်ရွှင်၊ အလင်္ကာမြောက်သော အပြောအဆိုက ပွဲကြည့်ပရိသတ်ကြီးကို ဖမ်းစားထားသည်။ ငယ်ကလည်း ငယ် ရုပ်ရည်လေးကလည်း သနားကမားမို့ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဇာတ်ရုပ် နှင့်လည်း လိုက်ဖက်လှသည်။ “စင်ပေါ်မှာ စကားပြောကောင်းသလောက် စင်အောက် မှာတော့ စကားနည်းလိုက်တာနော်၊ မေးနိုင်လွန်းမှ တစ် ခွန်းထက် နှစ်ခွန်းမပိုဘူး၊ စာအုပ်နဲ့မျက်နှာ ခွာတယ်လို့လည်း မရှိဘူး” မင်းသမီး မရွှေကြည်

ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင် Read More »