DRAGON ခံတွင်း DONALD ဆင်း
၂၀၂၅ ခုနှစ်ထဲမှာ အသံအကျယ်ဆုံးက သမ္မတ ဒေါ်နယ်ထရမ့်ပါ။ သမ္မတ ဒီကရီ အမိန့်တွေကို အတွဲလိုက် ထုတ်ပြန်ပြီး သူ့ရဲ့ ပစ်မှတ်တွေကို တစ်ခုပြီးတစ်ခု ပစ်ခဲ့ပါတယ်။ အီလွန်မတ်စ်က်ရဲ့ အကူအညီနဲ့ ပြည်ထောင်စု အုပ်ချုပ်ရေး ယန္တရားကြီးကို ဖြိုခွဲဖို့ လုပ်ခဲ့ပါတယ်။ “Liberation Day” မှာ ကုန်သွယ်ခွန် စည်းမျဉ်းတွေ ပြန်ဆွဲခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း ငြိမ်းချမ်းရေးတွေ ဖြစ်စေသလို စစ်ပွဲတွေနဲ့လည်း ခြိမ်းခြောက် ခဲ့ပါတယ်။ ဒါပေမဲ့လည်း အကျိုးအမြတ်အရဆုံးသူက တရုတ်သမ္မတ ရှီကျင်းဖျင် ဖြစ်သွားပါတယ်။ ဒီနှစ်ထဲမှာ ထရမ့်က ကုန်သွယ်ခွန်ကို လက်နက် အဖြစ် အသုံးချပြီး တိုးလျှိုးလာအောင် ကြိုးစားခဲ့တာကို တရုတ်ဘက်က ကောင်းကောင်းခုခံနိုင်ခဲ့ပါတယ်။ အသာစီးရသွားတဲ့ ရှီက အမေရိကန်ဟာ ဘယ်လောက်အထိ သူ့ရဲ့ မူဝါဒတွေအပေါ် မှီခိုနေရကြောင်း […]
DRAGON ခံတွင်း DONALD ဆင်း Read More »









