တိုက်တန်းနစ် ကုလသမဂ္ဂ
ဤဆောင်းပါးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၂၀၀၇ မှ ၂၀၁၆ အထိ တာဝန် ထမ်းဆောင် ခဲ့သည့်ဘန်ကီမွန်းနှင့် UNDP အကြီးအကဲအဖြစ် ၂၀၀၉ မှ ၂၀၁၇ အထိ ထမ်းဆောင်ခဲ့သည့် ဟယ်လင်ကလာ့ခ် တို့ ရေးသားသည့်ဆောင်းပါးဖြစ်သည်။ ဘန်ကီမွန်းနှင့် ဟယ်လင် ကလာ့ခ် တို့သည် တောင်အာဖရိက လူမည်းသမ္မတ နယ်လ်ဆင် မန်ဒဲလား တည်ထောင်ခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရသူအများအပြား ပါဝင်သည့် The Elders အဖွဲ့ဝင်များ ဖြစ်ကြသည်။ ~ ~ ~ ~ ~ ~ ~ ~ ၁၉၆၂ခုနှစ်တွင် အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ကျူးဘားတို့အကြား ဝက်ပင်လယ်အော်အရေး အခင်းကိုအောင်မြင်စွာ စေ့စပ်ဖြေရှင်းပေးခဲ့သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်အလုပ်ဆိုတာ တကယ်တော့ ကမ္ဘာ့ရုံးစာရေးကြီးအလုပ်ပါ ဟု ပြောခဲ့ဖူးသည်။ နိုင်ငံခေါင်းဆောင်များကို ပြောနိုင် ဆိုနိုင် အကြံပြုနိုင်သော်လည်း လိုက်ကိုလိုက်နာရမည် ဟူသည့် သြဇာအာဏာ မရှိခြင်းကို ဆိုလိုပုံရပါသည်။ လက်ရှိ ကာလတွင်မည်သည့် အရေးအခင်းကိုမှ မဖြေရှင်းနိုင်သူ အန်တိုနီယို ဂူတားရက် လက်ထက်မှာတော့ ဆနွင်းမကင်းတွေ (စိုးရိမ်မကင်း) ပဲ ဖုတ်နေသည်ဟု လှောင်ပြောင် ကြသည်။ ဒေါ်နယ်ထရမ့်က (WHO) မှ ထွက်လိုက် ပြီးနောက်တွင် ကုလသမဂ္ဂမှလည်း ထွက်မည်လားဟု ထင်မြင်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေ အတွင်းရေးမှူး ချုပ် ဒက် ဟမ်းမားရှိုးက “ကုလသမဂ္ဂကို ဖွဲ့စည်းတာ (နိုင်ငံအားလုံး) နတ်ပြည်တက်ဖို့ မဟုတ်ပါဘူး။ ငရဲပြည်မကျဖို့ပါ” ဟု ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ဤသီတင်းပတ်မှာပင် စာချုပ်ကြီးကို လက်မှတ်ထိုးခဲ့ကြသည်။ အမေရိကန် သမ္မတ ထရူးမင်းက စာချုပ်ကြီး၏ တန်ဖိုးမှာ အဖွဲ့ဝင်နိုင်ငံများက မည်မျှ လိုက်နာ ကျင့်သုံးကြမည်ဟူ သည့် စိတ်ဆန္ဒပေါ်တွင်မူတည်ကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကိုယ်ကျင့် တရားနဲ့ စရိုက် လက္ခဏာတွေ အပေါ် ဒီအလုပ်ကြီးက တောင်းဆိုမှု တွေ အရမ်းများမှာပဲ” ဟု သူကဆိုသည်။ ဤအချက်မှာ ၁၉၄၅ခုနှစ်တုန်းက ပိုမိုထင်ရှားမည် ဖြစ်သော်လည်း ယနေ့အခါတွင်မူ နိုင်ငံ ပေါင်းစုံပါဝင် သည့်အဖွဲ့ကြီး ကောင်းစွာလည်ပတ်ရန် မည်သည့်အရာများလိုအပ်သည်နှင့် မည်သည့် အတွက် လိုအပ်သည်တို့ကို ကမ္ဘာကြီးကမေ့သွားလေပြီ။ စစ်ပွဲအစား ငြိမ်းချမ်းရေးကို ရွေးခဲ့ သည်ကတော့ ထင်ရှားသည်။ သို့ရာတွင် ငြိမ်းချမ်း ရေး ကို ထိန်းသိမ်းရန်အတွက် သဘောတူညီချက်ရရန် ကမ္ဘာစစ် ကြီးနှစ်ခု၏ ကြောက်မက်ဖွယ်တို့ကို ဖြတ်ကျော်ခဲ့ ရသည်။ ကမ္ဘာကြီးသည် အထိန်း အကွပ်မဲ့ အာဏာ၊ မကြုံဖူး သည့် ပဋိပက္ခများ၊ စီးပွားရေး ကပ်၊ ရောဂါများ၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲ မွဲတေမှု များပြည့်နေသည့် အန္တရာယ်တွင်း ထဲသို့ စစ်ပြီးခေတ်တွင် ပိုမိုကောင်းမွန်ကျယ်ပြန့်သည့် ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးနှင့် လူ့အခွင့် အရေး အပေါ်လေးစားလိုက်နာမှုရှိသည့် ကမ္ဘာကြီးကို အတူတကွ တည်ဆောက်ရန် ၎င်းတို့၏ စိတ်ခွန် အားများကို နိုင်ငံအများကအနည်းနှင့်အများ ပါဝင်စိုက်ထုတ်ခဲ့ကြသည်။ ပြီးပြည့်စုံမှု မရှိသေး […]
တိုက်တန်းနစ် ကုလသမဂ္ဂ Read More »









