The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

ကမ္ဘာကို ခြေဆန့်လာမယ့် တရုတ် ဆေးဝါး အသစ်များ

လတ်တလောမှာ ကင်ဆာဝေဒနာအတွက် ကီထရူဒါ (Keytruda) လို့ အမည်ရတဲ့ဆေး ဟာ စျေးကွက်မှာ ရောင်းအား အကောင်းဆုံး ဆေးတစ်မျိုးပါ။ ၂၀၁၄ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ပြီး အမေရိကန် ဆေးကုမ္ပဏီကြီး Merck က ဒီဆေးနဲ့ ဒေါ်လာ ၁၃၀ ဘီလီယံ ရောင်းချပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်း မှာတင် ၂၉.၅ ဘီလီယံ ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နောက်ထပ် ဆေးသစ် တစ်မျိုးကို စတင်စမ်းသပ်ခဲ့ရာမှာ အရင်က မရခဲ့ဖူးတဲ့ ရလဒ်ကောင်းတွေကို ရခဲ့ကြောင်း သိရှိရပါတယ်။  small cell ဆိုတဲ့ အဆုတ်ကင်ဆာ တစ်မျိုးရဲ့ နောက်ဆုံးအဆင့် ရောက်နေတဲ့ ကင်ဆာ ဝေဒနာရှင်များကို ကီထရူဒါဆေး ပေးမယ်ဆိုရင် ကင်ဆာလူနာတွေရဲ့ အသက်ကို ၅.၈ လလောက် […]

ကမ္ဘာကို ခြေဆန့်လာမယ့် တရုတ် ဆေးဝါး အသစ်များ Read More »

နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေး (Chinua Achebe) (၁၉၃၀-၂၀၁၃)

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကျော်အချိန်က အင်္ဂလိပ် စာတတ်ပေတတ်ပုဂ္ဂိုလ်များ၏ အမြင်၌ အင်္ဂလိပ်ဘာသာစကားသည် အင်္ဂလိပ်အတွေး နှင့် စိတ်ကူးစိတ်သန်းများ ကိုသာလျှင် ဖော်ကျူးနိုင် သည်ဟု ယူဆခဲ့ကြသည်။ ၂၁ ရာစုအမြင် နှင့် ငဲ့စောင်း ကြည့်လိုက်သောအခါ ထိုအမြင်က မည်သို့ မျှလက်ခံ နိုင်ဖွယ်မရှိ။ နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေးက သူ၏နာမည်ကျော်ဝတ္ထု Things Fall Apart (1958) ကို သူ့မိခင်ဘာသာစကားဖြစ်သည့် အစ်ဂ်ဘို (Igbo) နှင့် မရေးဘဲ အင်္ဂလိပ် ဘာသာနှင့်ရေးသားခဲ့ခြင်းမှာ ယင်းအမြင်ကို တစ်စိတ်တစ်ဒေသ ချေဖျက်ချင်သော ကြောင့်ဖြစ်သည်။ သူသုံးစွဲခဲ့သည့် အင်္ဂလိပ်ဘာသာက သာမန် ရေးရိုးရေးစဉ် အင်္ဂလိပ်ဘာသာ စကားမဟုတ်ဘဲ နိုင်ဂျီးရီးယား လူမျိုး တစ်ယောက်ပြောနေသည်ကို တစ်နိုင်ငံတည်းသားနိုင်ဂျီးရီးယား

နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေး (Chinua Achebe) (၁၉၃၀-၂၀၁၃) Read More »

အမေဇုန်တောနက်ထဲက ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ

(ကိုလံဘတ်စ်မတိုင်မီ အမေဇုန်ဒေသတွင် လူဦးရေ ထူထပ်စွာ နေထိုင်ခဲ့ကြောင်း ထင်ရှား)  ဘိုလီးဗီးယားမြောက်ပိုင်း၊ အမေဇုန်တောအစပ်မှာ လျားနိုစ် ဒီ မိုဆိုစ်လို့ခေါ်တဲ့ ဆာဗားနား  မြက်ခင်းပြင်ကြီး တစ်ခုရှိတယ်။ အဲဒီနေရာက ဘာစီလိုနာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်က သိပ္ပံပညာရှင် အမ်ဘာတို လွန်ဘာဒိုအတွက် အလွန်အရေးပါတဲ့နေရာတစ်ခုပေါ့။  ဥရောပသားတွေ မရောက်ခင်က အမေဇုန်မြစ်ဝှမ်းက မြေဆီလွှာဟာ လူအများကြီးကို ထောက်ပံ့ မပေးနိုင်ဘူး လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒေါက်တာ လွန်ဘာဒိုက သူတို့ ထင်တာတွေ မှားကြောင်းကို သက်သေပြဖို့ ကြိုးစားနေတာပါ ကိုလံဘတ်စ်မတိုင်ခင် အမေဇုန်တောဟာ လူသူကင်းမဲ့ပြီး သဘာဝအတိုင်းပဲ ရှိခဲ့တယ်ဆိုတဲ့ အယူအဆက မကြာသေးခင် နှစ်တွေမှာ ပြောင်းလဲလာခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေက လူတွေနေခဲ့တဲ့ အထောက်အထားတွေ အများကြီးကို  ရှာဖွေတွေ့ခဲ့ကြတယ်။

အမေဇုန်တောနက်ထဲက ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ Read More »

ဘာကြောင့် တို့တွေ ဝိတ်မကျသလဲ

ဒီခေါင်းစဉ်ကို ရုတ်တရက် ကြည့်ရင် စိတ်ပိုင်းဖြတ်နိုင်မှု စွမ်းအားနဲ့ ပတ်သက်တဲ့ ပုဂ္ဂလိကဆိုင်ရာ ပြဿနာလို့ ထင်ရတယ်။ ဒါပေမယ့် နယ်ပယ် အသီးအသီးက ကျွမ်းကျင်သူတွေကတော့ နောက်တစ်မျိုး မြင်ကြတယ်။ ကိုယ်အလေးချိန်ကျစေတဲ့ ထုတ်ကုန်တွေရဲ့ ကမ္ဘာ့ဈေးကွက်တန်ဖိုးဟာ ပေါင် ဘီလျံ ရာနဲ့ချီပြီး ရှိနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြကြတယ်။ လူတွေ ဝိတ်ချနေတာ ရပ်လိုက်ရင် အဲဒီကုမ္ပဏီကြီးတွေ စီးပွားရေး အကျိုးအမြတ် ရှိတော့မှာ မဟုတ်ဘူး။ ဝိတ်ချသင့် တယ်လို့ ထင်မိတာရယ် တကယ်လို့သာ ဝိတ်မကျတာကို ကျရှုံးမှုတစ်ခုလို့ ခံစား ရတာရယ်ဟာ သူတို့ ကြော်ငြာတွေရဲ့ သက်ရောက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်နေမလား။  လူအများစုဟာ ကိုယ့်ကိုယ်ကို အဝလွန်နေတယ်လို့ မြင်တဲ့အတွက် စိတ်ဆင်းရဲရတယ်။ အဲဒါထက် ဝိတ်ချတာ မအောင်မြင်လို့ဆိုပြီး နှစ်ဆတိုးကာ စိတ်ညစ်ကြရပြန်တယ်။

ဘာကြောင့် တို့တွေ ဝိတ်မကျသလဲ Read More »

ပြတင်းပေါက်

အခုအချိန်အထိ အိမ်ရာ အတည်တကျ မရှိသေးတဲ့ သံသရာခရီးသည် ကိုယ့်အတွက်တော့ ကိုယ်လက်ရှိ နေတဲ့ နေရာကို ကိုယ့်အိမ်လို့ သတ်မှတ်နေရချိန်မှာ နေရာအသစ်တစ်ခုမှာ အိမ်အသစ် တစ်ခုကို ရှာရပြီဆိုရင် ကိုယ်ပထမဆုံး တောင်းဆိုတာက ပြတင်းပေါက် များများပါတဲ့၊ အလင်းရောင် များများရတဲ့ အိမ်ဖြစ်ဖို့ပါပဲ။   ပြတင်းပေါက်လို့ ပြောလိုက်တာနဲ့ ဘာကို ပြောတယ်ဆိုတာ လူတိုင်းနီးပါး သိကြမှာပါ။ မျက်စိထဲမှာလဲ ပြတင်းပေါက် ပုံလေးတွေကို တန်းမြင်ကြမှာပါပဲ။ တံခါးပေါက်ကတော့ အဓိပ္ပာယ် နောက်တစ်မျိုးပေါ့။ အခု ပြောချင်တာက ပြတင်းပေါက် အကြောင်းပါ။  ပြတင်းပေါက်ဆိုတဲ့ စကားလုံး ရိုးရိုးကိုမှ ထပ်ပြီး ချဲ့လိုက်ရင် သစ်သားပြတင်းပေါက်၊ မှန်ပြတင်းပေါက်၊ ထရံကာ ပြတင်းပေါက်၊ အုတ်တံတိုင်းကြားက သံတိုင်တွေနဲ့ ပြတင်းပေါက်၊ ခြင်လုံဇကာတပ်ထားတဲ့ ပြတင်းပေါက်၊ မှန်အနောက်တွေ ကာထားတဲ့

ပြတင်းပေါက် Read More »

Single Story ကို ယုံနေတုန်းပဲလား

ဇာတ်လမ်းတွေက အများကြီး အရေးပါပါတယ်။ တခါတလေမှာ ကျိုးပဲ့သွားတဲ့ ဂုဏ်သိက္ခာတွေကို ပြန်ဆယ်ဖို့အတွက်ဖြစ်နိုင်သလို၊ တခါတလေမှာလည်း သူများကိုရှင်းထုတ်ဖို့၊ အပုပ်ချဖို့အတွက် ဇာတ်လမ်းတွေက အရေးပါတဲ့ နေရာကနေ အသုံးတော်ခံကြပါတယ်။   အဲဒီဇာတ်လမ်းတွေထဲမှာမှ Single Story လို့ပြောကြတဲ့ တစ်ပုဒ်ထည်းသော ဇာတ်လမ်း လို့ပဲခေါ်ခေါ်၊ တစ်ပုဒ်တည်း သော ပုံပြင်လို့ပဲပြောပြော ပြောကြတဲ့ Single Story ကတော့ လူမှု ပတ်ဝန်းကျင်အတွက် များစွာအန္တရာယ်ရှိပါတယ်။ ဒါက လူတစ်ယောက်၊ နေရာတစ်ခု ဒါမှမဟုတ် အကြောင်းအရာ တစ်ခု အကြောင်းကို တဖက်သတ်အမြင်၊ ရှုထောင့်တခုတည်းက ကြည့်တဲ့အမြင်ကို ရည်ညွှန်းပါတယ်။   ကျွန်တော်ကိုယ်တိုင်က ၁၉၈၈ ဝန်းကျင်တဝိုက်မှာ မွေးခဲ့တာကြောင့် ဒီ Single Story ရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ငယ်ငယ်ကဆိုရင် အခုခေတ်လိုမျိုး

Single Story ကို ယုံနေတုန်းပဲလား Read More »

အင်္ဂလန် ဘောလုံးကွင်းတွေထဲကို ရမ်းကားသူတွေ ပြန်လာကြပြီ

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အာဆင်နယ်နဲ့ ဝက်စ်ဟမ်း ဘောလုံးပြိုင်ပွဲဟာ အကြိတ်အနယ် ဖြစ်ပါလိမ့်မယ်။ လက်ရှိ အနိုင်အရှုံး ရလဒ်တွေ အရဆိုရင် အာဆင်နယ်ဖက်က အလေးသာ ပါတယ်။ ဂန်းနားတွေက ဒုတိယနေရာက ဦးဆောင်နေပြီး ဟမ်းမားတွေက ၁၆ နေရာ တန်းဆင်းဇုံ နားမှာ ဝဲလည်လည် ဖြစ်နေတာပါ။ တကယ့် အဆုံးအဖြတ်ကတော့ ကွင်းထဲမှာပါ။ နိုဝင်ဘာလတုန်းက ဒီနှစ်သင်း တွေ့ဆုံခဲ့ကြတုန်းက ပွဲကြည့်စင်ပေါ်မှာ ဒီအသင်းတွေရဲ့ ပရိသတ်တွေ ရန်ဖြစ်ခဲ့ကြပါတယ်။ ဒီ ကလပ် အသင်းနှစ်သင်းဟာ သူတို့ရဲ့ ပရိသတ်တွေ အဖမ်းခံခဲ့ရတာ၊ ဘောလုံးပွဲတွေကို မလာစေဖို့ ပိတ်ပင် တားမြစ်ခံခဲ့ရတဲ့ အပြစ် အများဆုံး ငါးသင်းထဲမှာ ပါပါတယ်။ မနှစ် ဘောလုံးရာသီမှာ ဒီနှစ်သင်းက ၈၅ ယောက် အဖမ်းခဲ့ခဲ့ရပြီး

အင်္ဂလန် ဘောလုံးကွင်းတွေထဲကို ရမ်းကားသူတွေ ပြန်လာကြပြီ Read More »

ဟောလိဝုဒ်ရဲ့ အကြီးဆုံးပွဲ

မြန်မာရုပ်ရှင် အကယ်ဒမီ ပေးပွဲကြီးလဲ ဖေဖော်ဝါရီလထဲက ပြီးသွားခဲ့သလို ဟောလိဝုဒ်က Biggest night လို့ တင်စားကြတဲ့ ၉၇ ကြိမ်မြောက် အကယ်ဒမီ ပေးပွဲကြီးလဲ မတ်လ နှစ် ရက်နေ့ (ကျွန်တော်တို့ အာရှဖက်မှာတော့ မတ်လ သုံးရက်နေ့ မနက်စောစော) မှာ ပြီးသွားပါပြီ။ အားလုံးက ခေါ်သလို အော်စကာပေးပွဲလို့ ဘာလို့ ခေါ်မှန်း မသိခဲ့ပါဘူး။ သူတို့ရဲ့ official name ကလဲ အကယ်ဒမီဆု Academy Award of Merit ပါပဲ။ ဒီဆုကို Academy of Motion Picture Arts and Sciences လို့ခေါ်တဲ့ အဖွဲ့က ချီးမြှင့်တာပါ ။ ဒီအဖွဲ့ကြီးကို ၁၉၂၇ ခုနှစ်က

ဟောလိဝုဒ်ရဲ့ အကြီးဆုံးပွဲ Read More »

ဇလန်းစကီးက တောင်းပန်သင့်တယ် (မာကို ယူဘီယို)

Aftermath လို့ခေါ်တဲ့ ကိစ္စတစ်ခု ကြီးကြီးကျယ်ကျယ် ဖြစ်ပီးတဲ့နောက်မှာ နောက်ဆက်တွဲတွေ ရှိတတ်ပါတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်တဲ့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ညမှာ CNN သတင်းထောက် ကိတ်လန် ကောလင်းစ် (Kaitlan Collins) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ယူဘီယို (Marco Rubio) တို့ တွေ့ဆုံမေးမြန်ခန်း CNN က ထုတ်လွှင့်သွားခဲ့ပါတယ်။ Interview အပြည့်အစုံပါ။ CNN။       ။ ဒီည ကျွန်မတို့ CNN သတင်းဌာနကနေ တွေ့ဆုံမေးမြန်းမယ့်သူကတော့ အခု စတူဒီယိုထဲကို ရောက်နေပြီဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကို ယူဘီယိုဖြစ်ပါတယ်။ ဝန်ကြီး ယူဘီယိုရှင့် အခုလို ကျွန်မတို့ဆီ လာရောက်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ သမ္မတ

ဇလန်းစကီးက တောင်းပန်သင့်တယ် (မာကို ယူဘီယို) Read More »

စက်ရုပ် ဗေဒင်

“Transiting Pluto Semi sextile Natal Uranus in Capricorn”. ဒီစကားစုက ကိုစတား (Co-Star) လို့ခေါ်တဲ့ ဖုန်းတွေပေါ်မှာ သုံးလို့ရတဲ့ နက္ခတ်ဗေဒင် အက်ပ်ကို တစ်ယောက်ယောက်က ငါအလုပ်ပိုကြိုးစားဖို့ လိုမလားလို့ အင်္ဂလိပ်လို မေးလိုက်တဲ့ အခါနဲ့ ပြန်လာတဲ့ အဖြေပါ။ ဆိုလိုရင်းကတော့ ပလူတိုဂြိုလ်ရဲ့ တည်နေရာက ယူရေးနပ်စ်ဂြိုဟ်ခွင်ထဲကျနေတဲ့အတွက် လမ်းသစ်တွေ ဖောက်ပါ။ မလိုအပ်ဘဲ လုပ်နေကျ အလုပ်တွေပေါ်က မျှော်လင့်ချက်တွေ လျှော့ထားဖို့လိုမယ်။ ကိုယ့်အရည်အချင်းသစ်တွေကို ရဲရဲကြီး ထုတ်သုံးပြီး လမ်းဟောင်းတွေဆီကနေ ခွဲထွက်လိုက်ပါလို့ ဆိုလိုပါတယ်။ မေးတဲ့လူက ဒါကိုအဟုတ်ကြီး မှတ်ပြီး “ဗေဒင်က ဂြိုဟ်တွေ အပြောင်းအလဲရှိလို့ မင်းခိုင်းတာတွေ မလုပ်နိုင်ဘူး လမ်းသစ်တွေ ဖောက်ဖို့ လိုမယ်လို့ ငါလုပ်ချင်တာဘဲ လုပ်မယ်” လို့များ

စက်ရုပ် ဗေဒင် Read More »